Celebrity News

Running Man အဖြဲ႕ဝင္ေတြရဲ႕ က်န္းမာေရး အခက္အခဲေတြအေၾကာင္း ေျပာျပလာတဲ့ HaHa

ကုိယ္ေတြရယ္ေမာႏိုင္ဖို႔  သူတို႕အာ့ေလာက္ေတာင္ ေပးဆပ္ထားရတာပါလား 😭

ေတာင္ကိုရီးယားႏိုင္ငံ SBS ရုပ္သံလိုင္းရဲ႕ အေအာင္ျမင္ဆံုး Variety Show ကေတာ့ Running Man ပါ။ ကိုရီးယားစကား နားမလည္သူေတြေတာင္မွ အဖြဲ႕သားေတြရဲ႕ နာမည္ကို အလြတ္ရၿပီး ရယ္ရလြန္းလို႔ မနည္းအေတာသတ္ေနရတာ ျဖစ္ပါတယ္။ အရွိန္ရေနတဲ့ Running Man ကေန Gary (ဂယ္ရီ) တစ္ေယာက္ ထြက္သြားခ်ိန္မွာေတာ့ ပရိသတ္ေတြ ရင္ထဲ ဟာခနဲ ဟင္ခနဲပါ။ လက္ရွိအခ်ိန္မွာေတာ့ Running Man က အပိုင္း (၄၅၂) ပိုင္းထိ ရိုက္ကူးၿပီးစီးသြားၿပီ ျဖစ္ပါတယ္။

အိမြန္တို႔ကေတာ့ Running Man ရဲ႕ ဟာသေတြၾကည့္ရင္း ရယ္လိုက္ ေပ်ာ္လိုက္ စိတ္လႈပ္ရွားလိုက္ ျဖစ္ေနခ်ိန္မွာ တကယ္တမ္း ရိုက္ကြင္းေပၚက အဖြဲ႔သားေတြမွာေတာ့ အခက္အခဲ ဒုကၡမ်ားစြာ ၾကံဳေနခဲ့ရပါတယ္။ ေျပးလိုက္ လႊားလိုက္ မစားခ်င္တာေတြစားလိုက္ မသြားခ်င္တာေတြ သြားလိုက္နဲ႔ mission  ကို ထမ္းေဆာင္ရတယ္ဆိုတာ ဘယ္လြယ္မလဲေလေနာ္။

အပင္ပန္းခံ ရိုက္ကူးၿပီး ပရိသတ္ေတြကို ရယ္ေမာေပ်ာ္ရႊင္ေစမႈ ေနာက္ကြယ္က သူတို႔ရဲ႕ ဒုကၡေတြကိုေတာ့ Haha က YouTuber တစ္ဦးရဲ႕ အစားအစာအစီအစဥ္ကေန တစ္ဆင့္ ရင္ဖြင့္သြားခဲ့တာ ျဖစ္ပါတယ္။ Running Man ရိုက္ကူးေရးက ေပ်ာ္စရာ ေကာင္းတယ္မလားလို႔ ေမးလိုက္ခ်ိန္မွာေတာ့ Haha က အရိုးသားဆံုး ျပန္လည္ေျဖၾကားသြားခဲ့ပါတယ္။

Related Article>>>ေယာင္းတို႔ကို အားလပ္ခ်ိန္မွာ အပ်င္းေျပေစမ့ဲ ကိုရီးယားပ႐ိုဂရမ္ေလးေတြ

“ ပင္ပန္းခက္ခဲတဲ့ အခ်ိန္ေတြကေတာ့ အမ်ားႀကီးပဲ။ ဒီအေၾကာင္းအရာေတြကို ပရိသတ္ေတြဆီ ခ်ျပရတာ နည္းနည္းမိုက္မဲတယ္ ဆိုေပမဲ့ ကၽြန္ေတာ္ ေျပာမွကို ျဖစ္မယ္။ ရိုက္ကူးေရးေၾကာင့္ပဲ အဖြဲ႔ဝင္တိုင္းက ေက်ာရိုးထိခိုက္သြားတာခ်ည္းပဲ” ဆိုၿပီး အစခ်ီ ေျပာျပပါတယ္။

ဆက္လက္ၿပီးေတာ့လည္း “အကို ဂ်ံဳးဂု ၿပီးေတာ့ ေနာက္ထပ္ အကို ဂ်ယ္ေဆာ့ သူတို႔ႏွစ္ေယာက္လံုးက အရင္တည္းက ေက်ာရိုးထိခိုက္ထားတာ ဆိုေပမဲ့ ရိုက္ကူးေရး အဆံုးအထိ ၿပီးေအာင္ ေတာင့္ခံၾကတယ္။ ဂြမ္ဆူဆုိရင္ ရိုက္ကူးေရးၿပီးလို႔ အိမ္ျပန္သြားေရာ ေနာက္တစ္ေန႔ မနက္ အိပ္ရာထေတာ့ ေက်ာရိုးၾကားအဆစ္က ေနာက္ဘက္ကို ကၽြံထြက္ေနတာကို ခံစားမိတယ္။ သူ႔မန္ေနဂ်ာက သူ႔ကို ေဆးရံုပို႔ေပးလိုက္ရတယ္။ အဖြဲ႕ဝင္တိုင္းက တစ္ေယာက္မဟုတ္တစ္ေယာက္ ေက်ာရိုးခဲြစိတ္မႈေတြ လုပ္ထားရတာခ်ည္းပဲ” ဆိုၿပီး ေျပာျပပါတယ္။

ရိုက္ကူးေရးေၾကာင့္ ဒဏ္ျဖစ္သြားၿပီဆုိရင္ ျပန္လည္ ကုသမႈယူဖို႔ လိုအပ္ေပမဲ့ အဲ့ဒီဘက္ကို အခ်ိန္မေပးႏိုင္အားဘူးလို႔ ဆိုပါတယ္။ “ ကၽြန္ေတာ္တို႔ ရိုက္ကူးလာတာ ဆယ္ႏွစ္ေတာင္ တိုင္ခဲ့ၿပီ။ ရိုက္ကူးေရးလုပ္ရတာလည္း ေပ်ာ္ဖို႔ေကာင္းပါတယ္။ ဒါေပမဲ့ ကၽြန္ေတာ္တို႔ ရဲေဘာ္ရဲဘက္ေတြက ဒီလို ေဝဒနာေတြေတာ့ ခံစားရတယ္ဗ်။ ဒါေပမဲ့လည္း ကၽြန္ေတာ္တို႔ကေတာ့ အၿမဲတမ္း ခ်ီတက္ေနဦးမွာပါပဲ” ဆိုၿပီး Haha က ေျပာျပသြားတာပါ။

ျပံဳးေန ေပ်ာ္ေနတယ္ပဲ ထင္ရတဲ့ သူတို႔မွာ ေဝဒနာခံစားရလို႔ ဘယ္ေလာက္ေတာင္ ညည္းေနရလည္းဆိုတာ ကိုယ္ေတြကေတာ့ အခုမွပဲ နားလည္လိုက္ေတာ့တယ္။ ေက်းဇူးတင္မိသလို စိတ္မေကာင္းလည္းျဖစ္မိပါတယ္ Running Man အဖြဲ႔သားေတြေရ… Running Man ခ်စ္သူေယာင္းတို႔ေရာ ဒါကိုဖတ္လိုက္ရေတာ့ ဘယ္လိုခံစားသြားရလဲဆိုတာ ေဝမွ်ေပးခဲ့ပါဦးေနာ္…

Reference: allkpop, koreaboo

With love

Ei Mon (For Her Myanmar)

<<< Unicode >>>

ကိုယ်တွေရယ်မောနိုင်ဖို့  သူတို့အာ့လောက်တောင် ပေးဆပ်ထားရတာပါလား 😭

တောင်ကိုရီးယားနိုင်ငံ SBS ရုပ်သံလိုင်းရဲ့ အအောင်မြင်ဆုံး Variety Show ကတော့ Running Man ပါ။ ကိုရီးယားစကား နားမလည်သူတွေတောင်မှ အဖွဲ့သားတွေရဲ့ နာမည်ကို အလွတ်ရပြီး ရယ်ရလွန်းလို့ မနည်းအတောသတ်နေရတာ ဖြစ်ပါတယ်။ အရှိန်ရနေတဲ့ Running Man ကနေ Gary (ဂယ်ရီ) တစ်ယောက် ထွက်သွားချိန်မှာတော့ ပရိသတ်တွေ ရင်ထဲ ဟာခနဲ ဟင်ခနဲပါ။ လက်ရှိအချိန်မှာတော့ Running Man က အပိုင်း (၄၅၂) ပိုင်းထိ ရိုက်ကူးပြီးစီးသွားပြီ ဖြစ်ပါတယ်။

အိမွန်တို့ကတော့ Running Man ရဲ့ ဟာသတွေကြည့်ရင်း ရယ်လိုက် ပျော်လိုက် စိတ်လှုပ်ရှားလိုက် ဖြစ်နေချိန်မှာ တကယ်တမ်း ရိုက်ကွင်းပေါ်က အဖွဲ့သားတွေမှာတော့ အခက်အခဲ ဒုက္ခများစွာ ကြုံနေခဲ့ရပါတယ်။ ပြေးလိုက် လွှားလိုက် မစားချင်တာတွေစားလိုက် မသွားချင်တာတွေ သွားလိုက်နဲ့ mission  ကို ထမ်းဆောင်ရတယ်ဆိုတာ ဘယ်လွယ်မလဲလေနော်။

အပင်ပန်းခံ ရိုက်ကူးပြီး ပရိသတ်တွေကို ရယ်မောပျော်ရွှင်စေမှု နောက်ကွယ်က သူတို့ရဲ့ ဒုက္ခတွေကိုတော့ Haha က YouTuber တစ်ဦးရဲ့ အစားအစာအစီအစဉ်ကနေ တစ်ဆင့် ရင်ဖွင့်သွားခဲ့တာ ဖြစ်ပါတယ်။ Running Man ရိုက်ကူးရေးက ပျော်စရာ ကောင်းတယ်မလားလို့ မေးလိုက်ချိန်မှာတော့ Haha က အရိုးသားဆုံး ပြန်လည်ဖြေကြားသွားခဲ့ပါတယ်။

Related Article>>>ယောင်းတို့ကို အားလပ်ချိန်မှာ အပျင်းပြေစေမဲ့ ကိုရီးယားပရိုဂရမ်လေးတွေ

“ ပင်ပန်းခက်ခဲတဲ့ အချိန်တွေကတော့ အများကြီးပဲ။ ဒီအကြောင်းအရာတွေကို ပရိသတ်တွေဆီ ချပြရတာ နည်းနည်းမိုက်မဲတယ် ဆိုပေမဲ့ ကျွန်တော် ပြောမှကို ဖြစ်မယ်။ ရိုက်ကူးရေးကြောင့်ပဲ အဖွဲ့ဝင်တိုင်းက ကျောရိုးထိခိုက်သွားတာချည်းပဲ” ဆိုပြီး အစချီ ပြောပြပါတယ်။

ဆက်လက်ပြီးတော့လည်း “အကို ဂျုံးဂု ပြီးတော့ နောက်ထပ် အကို ဂျယ်ဆော့ သူတို့နှစ်ယောက်လုံးက အရင်တည်းက ကျောရိုးထိခိုက်ထားတာ ဆိုပေမဲ့ ရိုက်ကူးရေး အဆုံးအထိ ပြီးအောင် တောင့်ခံကြတယ်။ ဂွမ်ဆူဆိုရင် ရိုက်ကူးရေးပြီးလို့ အိမ်ပြန်သွားရော နောက်တစ်နေ့ မနက် အိပ်ရာထတော့ ကျောရိုးကြားအဆစ်က နောက်ဘက်ကို ကျွံထွက်နေတာကို ခံစားမိတယ်။ သူ့မန်နေဂျာက သူ့ကို ဆေးရုံပို့ပေးလိုက်ရတယ်။ အဖွဲ့ဝင်တိုင်းက တစ်ယောက်မဟုတ်တစ်ယောက် ကျောရိုးခွဲစိတ်မှုတွေ လုပ်ထားရတာချည်းပဲ” ဆိုပြီး ပြောပြပါတယ်။

ရိုက်ကူးရေးကြောင့် ဒဏ်ဖြစ်သွားပြီဆိုရင် ပြန်လည် ကုသမှုယူဖို့ လိုအပ်ပေမဲ့ အဲ့ဒီဘက်ကို အချိန်မပေးနိုင်အားဘူးလို့ ဆိုပါတယ်။ “ ကျွန်တော်တို့ ရိုက်ကူးလာတာ ဆယ်နှစ်တောင် တိုင်ခဲ့ပြီ။ ရိုက်ကူးရေးလုပ်ရတာလည်း ပျော်ဖို့ကောင်းပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ရဲဘော်ရဲဘက်တွေက ဒီလို ဝေဒနာတွေတော့ ခံစားရတယ်ဗျ။ ဒါပေမဲ့လည်း ကျွန်တော်တို့ကတော့ အမြဲတမ်း ချီတက်နေဦးမှာပါပဲ” ဆိုပြီး Haha က ပြောပြသွားတာပါ။

ပြုံးနေ ပျော်နေတယ်ပဲ ထင်ရတဲ့ သူတို့မှာ ဝေဒနာခံစားရလို့ ဘယ်လောက်တောင် ညည်းနေရလည်းဆိုတာ ကိုယ်တွေကတော့ အခုမှပဲ နားလည်လိုက်တော့တယ်။ ကျေးဇူးတင်မိသလို စိတ်မကောင်းလည်းဖြစ်မိပါတယ် Running Man အဖွဲ့သားတွေရေ… Running Man ချစ်သူယောင်းတို့ရော ဒါကိုဖတ်လိုက်ရတော့ ဘယ်လိုခံစားသွားရလဲဆိုတာ ဝေမျှပေးခဲ့ပါဦးနော်…

Reference: allkpop, koreaboo

With love

Ei Mon (For Her Myanmar)

Ei Mon
Ei Mon
For Her Myanmar ရဲ႕တက္သစ္စ ေဆာင္းပါးရွင္ အိမြန္ျဖစ္ပါတယ္။ စာေရးရတာ ဝါသနာ ပါပါတယ္။ ေဆာင္းပါးေတြကတစ္ဆင့္ စိတ္ကူးေလးေတြကို ေယာင္းတို႕ရဲ႕ ရင္ထဲအေရာက္ ပို႕ေပးခ်င္ပါတယ္။ အထူးအားသာတာကေတာ့ အႏုပညာရွင္သတင္းေတြပဲ ျဖစ္ပါတယ္။ အိမြန္ရဲ႕ လက္ရာေဆာင္းပါးေတြကို အားေပးမယ္မွတ္လား…….

Leave a Reply

Your email address will not be published. Required fields are marked *