အလှအပကို စည်းမကြပ်ရ

ဆယ်လီအကိတ်တွေရဲ့ Met Gala ဖက်ရှင်တွေကြည့်ခြင်းအားဖြင့် ဝတဲ့သူဆို ဘယ်လိုဝတ်၊ ပိန်တဲ့သူဆို ဘယ်ပုံဝတ်ဆိုတဲ့ စည်းကမ်းတွေဟာ အလကားပါလို့ တွေ့ရပါလိမ့်မယ်။

ယောင်းတို့ရေ ဒီရက်ပိုင်းအတွင်း Met Gala ဆိုတာကြီးကို တော်တော်ကြားနေကြရမယ် ထင်တယ်နော်။ အက်ဒမင်တွေ့သမျှမှာလဲ အဲ့ Met Gala အကြောင်းနဲ့ အဲ့ပွဲကို တက်လာတဲ့ ဆယ်လီတွေရဲ့ ဖက်ရှင်တွေ အကြောင်းချည်းပဲ။ ပွဲတက်သမျှ ဆယ်လီတွေဆိုတာကလဲ ဒိတ်ဒိတ်ကြဲတွေ၊ သူတို့ဝတ်လာသမျှ ဖက်ရှင်တွေကလဲ အလန်းတွေချည်းဆိုတော့ ဂလောက်တော့ သတင်းဖြစ်မှာပေါ့နော်။

ဒီနှစ်ပွဲကတော့ ဖက်ရှင်တွေက ပိုခမ်းနားတာမို့ ခါတိုင်းနှစ်တွေထက်ကို ပိုပြီးလူပြောသူပြော များကြတယ်။ အက်ဒမင်တို့တွေလဲ အလှဆုံးဝတ်စုံတွေ ရွေးလို့တင်ပြပြီးပြီဆိုတော့ကာ ဒီတစ်ခါတော့ အားလုံးထဲကမှ ပွဲတက်အကိတ်မမတွေရဲ့ ဖက်ရှင်တွေအကြောင်းကိုပဲ အက်ဒမင်ကပြောပြမယ်နော်။

Related article >>> အလှတရားတို့ မည်သည်

(၁) Nicki Minaj

၂၀၁၆တုန်းက ပြောင်ပြောင်လက်လက် ကွင်းတွေနဲ့ ခန္ဓာကိုယ်အလှကို အထင်းသားပြထားတဲ့ အနက်ရောင်ဝတ်စုံနဲ့
၂၀၁၇ရဲ့ ခြေထောက်တွေကို လှလှပပ ဦးစားပေးထားတဲ့ နှင်းဆီပွင့် အကြီးကြီးတွေနဲ့ဝတ်စုံ
၂၀၁၈မှာတော့ သတ္တိရှိရှိ အနီရဲရဲ နတ်ဆိုးဂါဝန်နဲ့ ခပ်ပွပွပုဝါ

(၂) Mindy Kaling

၂၀၁၆ ပုခုံးသားအိအိတွေ ဖော်ပြထားတဲ့ အဖြူရောင်ဂါဝန်ရှည်ကြီးနဲ့
၂၀၁၇မှာလဲ ပုခုံးသားတွေ ဖော်ထားတဲ့ ပြောင်ပြောင်လက်လက် နက်ပြာရောင် ဂါဝန်ရှည်ကို ရွေးခဲ့
၂၀၁၈မှာတော့ အဖြူကြိုက်ပုံရတဲ့ Mindy ရဲ့ အဖြူရောင် ခမ်းခမ်းနားနား ဂါဝန်ကြီး၊ လက်မောင်းထိရောက်တဲ့ လက်အိတ်နဲ့ တော်ဝင်သရဖူ

(၃) Ashley Graham

အက်ဒမင့်ဟီးရိုး Ashley ကတော့ ၂၀၁၆တုန်းကဆို သူ့ခန္ဓာကိုယ်အတွက် ပွဲတက်ချုပ်ပေးချင်တဲ့ ဒီဇိုင်နာမရှိလို့ ပွဲတောင်မတက်ခဲ့ဘူးတဲ့။ ဒီလောက်လှတဲ့လူကို မချုပ်ပေးချင်ဘူးဆိုတော့ ယူတို့က ဘာတွေလားပဲ။

၂၀၁၇မှာတော့ နာမည်ကြီးလာပြီမို့ ဒီဇိုင်နာတွေက အလုအယက် ချုပ်ပေးချင်လို့ ဖြစ်ကုန်ပြီ သူဝတ်လာတာလေးက အရမ်းလှတဲ့ ဖောင်းဖောင်းပွပွ ပန်းပွားလေးတွေနဲ့ ပုခုံးတစ်ဖက်စောင်း အဖြူအနီ ဂါဝန်လေး
ဒီနှစ် ၂၀၁၈ ကတော့ သူ့အသားအရောင်နဲ့ ဘယ်လိုတွေတောင်လိုက်တဲ့ ရှန်ပိန်ရောင် ပြောင်ပြောင်လက်လက် ဂါဝန်ရှည်လေးနဲ့ ခြေထောက်လေးတွေလဲ မေး…  လှရက်လိုက်တာ Ashley ရယ်

Related article >>> မမဝဝလှမှလှ

အက်ဒမင်ဆို သူတို့ကိုကြည့်ပြီး (ငမ်းပြီး) ကျန်း တို့တွေကို လှချင်တယ်ဆို ဒီလိုမဝတ်နဲ့၊ ဟိုလိုမဝတ်နဲ့ဆိုပြီး စည်းတွေကြပ်ထားတာ အသုံးမဝင်ပါလားလို့ တွေးမိသွားတယ်။ အကိတ်တွေကို ဝမှန်းလူသိအောင် အသားစိုင်တွေ ဖော်မဝတ်ရ၊ ကိုယ်လုံးကြီးသယောင်ထင်ရတဲ့ ပြောင်ပြောင်လက်လက် မဝတ်ရ၊ ပွပွဖောင်းဖောင်းပန်းတွေ၊ ရှုပ်ရှုပ်ယှက်ယှက်တွေဝတ်ရင် လူက၂ဆပိုကြီးသွားမယ်၊ အဖြူကတော့ အကိတ်တွေရဲ့ရန်သူဆိုတာတွေ ကြားဖူးနေတာ နားနဲ့မှမဆံ့။

ခုတော့ကြည့်ဦး သူတို့တွေဆို အကိတ်တွေ မဝတ်သင့်ဘူးဆိုတဲ့ ပုံစံမျိုးတွေ ဝတ်ထားပြီး လှပနေလိုက်ကြတာ။ တကယ်က လှဖို့ဆိုတာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိနဲ့ ရဲရဲဝံ့ဝံ့နေတတ်ဖို့က အရေးအကြီးဆုံးပဲဆိုတာ တကယ့်ကို သိသာမြင်သာနေတာပဲ။ ဒါကြောင့် သူများတွေပြောတာ နားယောင်နေတာထက် ကိုယ်ကိုယ်တိုင်  မကြိုက်ရင်မဝတ်၊ ကြိုက်ရင်ဝတ်ဆိုတဲ့ စည်းကမ်းက အကောင်းဆုံးပါပဲလို့။

Khine (For Her Myanmar)

Reference : Revelist

No Comments Yet

Comments are closed