၂၀၁၈ ခုႏွစ္ အကယ္ဒမီထူးခၽြန္ဆုေပးပြဲက အမ်ိဳးသမီးအႏုပညာရွင္ေတြရဲ႕ အမိုက္စားဖက္ရွင္ပံုရိပ္မ်ား အပိုင္း (၂)

အကယ္ဒမီဖက္ရွင္ အပိုင္း (၂)ကို ေမွ်ာ္ေနသူေတြအတြက္

ေယာင္းတို႔ေရ … အကယ္ဒမီ ခါေတာ္မီဖက္ရွင္ေလး အပိုင္း (၁) ေရးေပးထားၿပီးၿပီဆိုေတာ့ အခုအပိုင္း (၂) လာၿပီေနာ္။ အပိုင္း (၂) မွာလည္း ဘယ္အႏုပညာရွင္ေတြက ဘယ္ဒီဇိုင္းနာေတြဖန္တီးထားတဲ့ ဝတ္စံုအမိုက္စားေတြကို အလွဆံုးဝတ္ဆင္ထားလဲဆိုတာ Stella နဲ႔တူတူၾကည့္လိုက္ၾကရေအာင္ … အပိုင္း (၁) ကို မဖတ္ရေသးရင္ေတာ့ ဒီလင့္ခ္ေလးကို ႏွိပ္ၿပီးဖတ္လို႔ရတယ္ေနာ္။

မိုးေဟကို

ဒီႏွစ္အတြက္ မိုးရဲ႕အကယ္ဒမီပြဲတက္ဝတ္စံုကို ဒီဇိုင္းနာၿဖိဳးကိုက ဖန္တီးေပးထားပါတယ္။ မိတ္ကပ္ကိုေတာ့ ေမဦး (Magic)က ျပင္ဆင္ေပးထားၿပီး She Shines က လက္ဝတ္ရတနာဆင္ျမန္းေပးထားပါတယ္။ ဓာတ္ပံုရိုက္ကူးေပးထားတာကေတာ့ Life Photography ပါ။

Related article >>> အရြယ္တင္ႏုပ်ိဳေစတဲ့ ေကာ္လဂ်င္ဓာတ္ကို ျမွင့္တင္ေပးမယ့္ အစားအစာ (၅) မ်ိဳး

ေအးဝတ္ရည္ေသာင္း

မေအးေသာင္းလို႔ ပရိသတ္ေတြ ခ်စ္စႏိုးေခၚၾကတဲ့ ေအးဝတ္ရည္ေသာင္းက ဒီႏွစ္အကယ္ဒမီမွာ ဆန္ခါတင္စာရင္းဝင္သူတစ္ေယာက္ပါ။ မေအးေသာင္းရဲ႕ ေရႊေရာင္ဝတ္စံုကို ဖန္တီးခ်ဳပ္လုပ္ေပးသူကေတာ့ ဒီဇိုင္းနာ မင္းသက္စံျဖစ္ၿပီး မိတ္ကပ္ေမဦးက မိတ္ကပ္လိမ္းျခယ္ေပးထားပါတယ္။ လက္ဝတ္ရတနာကို ဇြဲထက္စိန္ေရႊရတနာက ဆင္ျမန္းေပးထားၿပီး ကိုေအာင္ေဇာ္ (Love Space) က ဓာတ္ပံုရိုက္ကူးေပးထားပါတယ္။

Related article >>> ဖက္ရွင္က်ေနဖို႔ အိတ္နဲ႔ဖိနပ္က အေရာင္တူေနမွကို ျဖစ္မွာလား?

ေအးျမတ္သူ

အမ်ိဳးသမီးဇာတ္ပို႔ဆုရွင္ မျမတ္ေလးကေတာ့ ဒီဇိုင္းနာမိုးကုတ္ေပါက္ေပါက္ရဲ႕ ဝတ္စံုနဲ႔ ပြဲတက္လာတာပါ။ မိတ္ကပ္လိမ္းျခယ္ေပးထားတာကေတာ့ မိတ္ကပ္ညီညီေမာင္ျဖစ္ၿပီး လက္ဝတ္ရတနာကို She Shines က ဆင္ျမန္းေပးထားပါတယ္။ ဓာတ္ပံုရိုက္ကူးေပးတာက SHANE Photography ပါတဲ့။

Related article >>> အသက္ (၂၅) ေက်ာ္လာရင္ ရွိကိုရွိသင့္တဲ့ အမ်ိဳးသမီး အဝတ္အစားအသံုးအေဆာင္ (၈) မ်ိဳး

ခရစ္(စ)တီးနားခီ

ခရစ္(စ)တီးနားခီဆိုတာနဲ႔ ရုပ္ရွင္ပရိသတ္ေတြကို ႏိုင္ငံတကာတန္းဝင္ ရုပ္ရွင္ဇာတ္ကားေတြ ခ်ျပေနတဲ့ ဒါရိုက္တာတစ္ေယာက္မွန္းသိၾကမယ္ထင္ပါတယ္ေနာ္။ ရိုးရိုးရွင္းရွင္းနဲ႔ မ်က္စိေအးေစတဲ့ ခရစ္(စ)တီးနားရဲ႕ ဝတ္စံုေလးကေတာ့ ဒီဇိုင္းနာေကာင္းျမတ္ရဲ႕ လက္ရာေလးပါပဲ။ မိတ္ကပ္နဲ႔ဆံပင္ကို ထိုင္းလူမ်ိဳး မိတ္ကပ္ပညာရွင္ေတြျဖစ္တဲ့ Pronmaysa Suapichaya နဲ႔ Aekkachai Ton Bunmi တို႔က အသီးသီးတာဝန္ယူထားပါတယ္။ ဓာတ္ပံုကိုေတာ့ Mauk Kham Wah ကရိုက္ကူးေပးထားတာပါ။

Related article >>> အသက္ (၂၀) ဝန္းက်င္မွာ အမ်ိဳးသမီးတိုင္းလိုလိုလုပ္မိတတ္တဲ့ ဖက္ရွင္အမွား (၇) ခု

သက္မြန္ျမင့္

ျပည္သူ႔အခ်စ္ေတာ္ ခ်င္းတိုင္းရင္းသူေလး အကယ္ဒမီသက္မြန္ျမင့္ကေတာ့ ဒီဇိုင္းနာမပံု႔ (My Favourite) ရဲ႕ ဝတ္စံုေလးနဲ႔ တစ္သားေမြးတစ္ေသြးလွပါပဲ ေယာင္းတို႔ေရ … မိတ္ကပ္ကို Hello က မခိုင္နဲ႔မခ်ိဳက လိမ္းျခယ္ေပးထားၿပီး လက္ဝတ္ရတနာကို ဇြဲထက္စိန္ေရႊရတနာဆိုင္က ဆင္ျမန္းေပးထားတာပါ။ ေခတ္ဆန္းယဥ္ပိုးထည္နဲ႔ ယဥ္သူထိုက္ပိုးထည္တို႔ကလည္း အက်ႌနဲ႔ခ်ိတ္အတြက္ အသီးသီးအားျဖည့္ေပးထားပါေသးတယ္။ ဓာတ္ပံုရိုက္ကူးေပးထားသူကေတာ့ ကိုေအာင္ေဇာ္ (Love Space) ျဖစ္ပါတယ္။

မယ္လိုဒီ

မယ္လိုဒီရဲ႕ ပြဲတက္ဝတ္စံုေလးကလည္း ဒီဇိုင္းနာမိုးကုတ္ေပါက္ေပါက္ရဲ႕ လက္ရာပါ။ မိတ္ကပ္ရဲရဲနဲ႔ ဇြဲထက္စိန္ေရႊရတနာဆိုင္က မိတ္ကပ္နဲ႔ လက္ဝတ္ရတနာကို အသီးသီးတာဝန္ယူထားပါတယ္။ ဓာတ္ပံုကိုေတာ့ SHANE Photography ကရိုက္ကူးေပးထားတာပါ။

ဝင့္ယမံုႏိုင္

ေနာက္ထပ္ ဒီဇိုင္းနာမိုးကုတ္ေပါက္ေပါက္ရဲ႕ ဝတ္စံုေလးနဲ႔ ပြဲတက္လာသူကေတာ့ ဝင့္ယမံုႏိုင္ပဲျဖစ္ပါတယ္။ လက္ဝတ္ရတနာကို စိန္နန္းေတာ္က ဆင္ျမန္းေပးထားတာျဖစ္ၿပီး ဆံပင္နဲ႔မိတ္ကပ္ကေတာ့ လီလီအုန္း (Pop Soul) ရဲ႕ လက္ရာပါ။ ဓာတ္ပံုကလည္း SHANE Photography ရဲ႕ ရိုက္ခ်က္ပါပဲ။

ကဲ…ေယာင္းတို႔ေရ။ အပိုင္း (၂) ဖတ္ၿပီးရင္ေတာ့ အကယ္ဒမီဖက္ရွင္ေတြကို ျပည့္ျပည့္စံုစံုေတြ႔ႏိုင္ၿပီေပါ့ေနာ္။ ဒီႏွစ္အကယ္ဒမီဖက္ရွင္ေတြက အကုန္လံုးလိုလိုလွေနၾကေတာ့ Stella ကေတာ့ အကုန္လံုးကို ႀကိဳက္ေနေတာ့တာပါပဲ။ ေယာင္းတို႔ရဲ႕ အႀကိဳက္ဆံုးဝတ္စံုကေကာ ဘယ္အႏုပညာရွင္ရဲ႕ ဝတ္စံုလဲဆိုတာ ေကာမန္႔မွာ ေျပာေပးခဲ့ၾကဦး …

Photo credit to original uploaders.

Stella (For Her Myanmar)
<<< Unicode >>>

အကယ်ဒမီဖက်ရှင် အပိုင်း (၂)ကို မျှော်နေသူတွေအတွက်

ယောင်းတို့ရေ … အကယ်ဒမီ ခါတော်မီဖက်ရှင်လေး အပိုင်း (၁) ရေးပေးထားပြီးပြီဆိုတော့ အခုအပိုင်း (၂) လာပြီနော်။ အပိုင်း (၂) မှာလည်း ဘယ်အနုပညာရှင်တွေက ဘယ်ဒီဇိုင်းနာတွေဖန်တီးထားတဲ့ ဝတ်စုံအမိုက်စားတွေကို အလှဆုံးဝတ်ဆင်ထားလဲဆိုတာ Stella နဲ့တူတူကြည့်လိုက်ကြရအောင် … အပိုင်း (၁) ကို မဖတ်ရသေးရင်တော့ ဒီလင့်ခ်ေလးကို နှိပ်ပြီးဖတ်လို့ရတယ်နော်။

မိုးဟေကို

ဒီနှစ်အတွက် မိုးရဲ့အကယ်ဒမီပွဲတက်ဝတ်စုံကို ဒီဇိုင်းနာဖြိုးကိုက ဖန်တီးပေးထားပါတယ်။ မိတ်ကပ်ကိုတော့ မေဦး (Magic)က ပြင်ဆင်ပေးထားပြီး She Shines က လက်ဝတ်ရတနာဆင်မြန်းပေးထားပါတယ်။ ဓာတ်ပုံရိုက်ကူးပေးထားတာကတော့ Life Photography ပါ။

Related article >>> အရွယ်တင်နုပျိုစေတဲ့ ကော်လဂျင်ဓာတ်ကို မြှင့်တင်ပေးမယ့် အစားအစာ (၅) မျိုး

အေးဝတ်ရည်သောင်း

မအေးသောင်းလို့ ပရိသတ်တွေ ချစ်စနိုးခေါ်ကြတဲ့ အေးဝတ်ရည်သောင်းက ဒီနှစ်အကယ်ဒမီမှာ ဆန်ခါတင်စာရင်းဝင်သူတစ်ယောက်ပါ။ မအေးသောင်းရဲ့ ရွှေရောင်ဝတ်စုံကို ဖန်တီးချုပ်လုပ်ပေးသူကတော့ ဒီဇိုင်းနာ မင်းသက်စံဖြစ်ပြီး မိတ်ကပ်မေဦးက မိတ်ကပ်လိမ်းခြယ်ပေးထားပါတယ်။ လက်ဝတ်ရတနာကို ဇွဲထက်စိန်ရွှေရတနာက ဆင်မြန်းပေးထားပြီး ကိုအောင်ဇော် (Love Space) က ဓာတ်ပုံရိုက်ကူးပေးထားပါတယ်။

Related article >>> ဖက်ရှင်ကျနေဖို့ အိတ်နဲ့ဖိနပ်က အရောင်တူနေမှကို ဖြစ်မှာလား?

အေးမြတ်သူ

အမျိုးသမီးဇာတ်ပို့ဆုရှင် မမြတ်လေးကတော့ ဒီဇိုင်းနာမိုးကုတ်ပေါက်ပေါက်ရဲ့ ဝတ်စုံနဲ့ ပွဲတက်လာတာပါ။ မိတ်ကပ်လိမ်းခြယ်ပေးထားတာကတော့ မိတ်ကပ်ညီညီမောင်ဖြစ်ပြီး လက်ဝတ်ရတနာကို She Shines က ဆင်မြန်းပေးထားပါတယ်။ ဓာတ်ပုံရိုက်ကူးပေးတာက SHANE Photography ပါတဲ့။

Related article >>> အသက် (၂၅) ကျော်လာရင် ရှိကိုရှိသင့်တဲ့ အမျိုးသမီး အဝတ်အစားအသုံးအဆောင် (၈) မျိုး

ခရစ်(စ)တီးနားခီ

ခရစ်(စ)တီးနားခီဆိုတာနဲ့ ရုပ်ရှင်ပရိသတ်တွေကို နိုင်ငံတကာတန်းဝင် ရုပ်ရှင်ဇာတ်ကားတွေ ချပြနေတဲ့ ဒါရိုက်တာတစ်ယောက်မှန်းသိကြမယ်ထင်ပါတယ်နော်။ ရိုးရိုးရှင်းရှင်းနဲ့ မျက်စိအေးစေတဲ့ ခရစ်(စ)တီးနားရဲ့ ဝတ်စုံလေးကတော့ ဒီဇိုင်းနာကောင်းမြတ်ရဲ့ လက်ရာလေးပါပဲ။ မိတ်ကပ်နဲ့ဆံပင်ကို ထိုင်းလူမျိုး မိတ်ကပ်ပညာရှင်တွေဖြစ်တဲ့ Pronmaysa Suapichaya နဲ့ Aekkachai Ton Bunmi တို့က အသီးသီးတာဝန်ယူထားပါတယ်။ ဓာတ်ပုံကိုတော့ Mauk Kham Wah ကရိုက်ကူးပေးထားတာပါ။

Related article >>> အသက် (၂၀) ဝန်းကျင်မှာ အမျိုးသမီးတိုင်းလိုလိုလုပ်မိတတ်တဲ့ ဖက်ရှင်အမှား (၇) ခု

သက်မွန်မြင့်

ပြည်သူ့အချစ်တော် ချင်းတိုင်းရင်းသူလေး အကယ်ဒမီသက်မွန်မြင့်ကတော့ ဒီဇိုင်းနာမပုံ့ (My Favourite) ရဲ့ ဝတ်စုံလေးနဲ့ တစ်သားမွေးတစ်သွေးလှပါပဲ ယောင်းတို့ရေ … မိတ်ကပ်ကို Hello က မခိုင်နဲ့မချိုက လိမ်းခြယ်ပေးထားပြီး လက်ဝတ်ရတနာကို ဇွဲထက်စိန်ရွှေရတနာဆိုင်က ဆင်မြန်းပေးထားတာပါ။ ခေတ်ဆန်းယဉ်ပိုးထည်နဲ့ ယဉ်သူထိုက်ပိုးထည်တို့ကလည်း အင်္ကျီနဲ့ချိတ်အတွက် အသီးသီးအားဖြည့်ပေးထားပါသေးတယ်။ ဓာတ်ပုံရိုက်ကူးပေးထားသူကတော့ ကိုအောင်ဇော် (Love Space) ဖြစ်ပါတယ်။

မယ်လိုဒီ

မယ်လိုဒီရဲ့ ပွဲတက်ဝတ်စုံလေးကလည်း ဒီဇိုင်းနာမိုးကုတ်ပေါက်ပေါက်ရဲ့ လက်ရာပါ။ မိတ်ကပ်ရဲရဲနဲ့ ဇွဲထက်စိန်ရွှေရတနာဆိုင်က မိတ်ကပ်နဲ့ လက်ဝတ်ရတနာကို အသီးသီးတာဝန်ယူထားပါတယ်။ ဓာတ်ပုံကိုတော့ SHANE Photography ကရိုက်ကူးပေးထားတာပါ။

ဝင့်ယမုံနိုင်

နောက်ထပ် ဒီဇိုင်းနာမိုးကုတ်ပေါက်ပေါက်ရဲ့ ဝတ်စုံလေးနဲ့ ပွဲတက်လာသူကတော့ ဝင့်ယမုံနိုင်ပဲဖြစ်ပါတယ်။ လက်ဝတ်ရတနာကို စိန်နန်းတော်က ဆင်မြန်းပေးထားတာဖြစ်ပြီး ဆံပင်နဲ့မိတ်ကပ်ကတော့ လီလီအုန်း (Pop Soul) ရဲ့ လက်ရာပါ။ ဓာတ်ပုံကလည်း SHANE Photography ရဲ့ ရိုက်ချက်ပါပဲ။

ကဲ…ယောင်းတို့ရေ။ အပိုင်း (၂) ဖတ်ပြီးရင်တော့ အကယ်ဒမီဖက်ရှင်တွေကို ပြည့်ပြည့်စုံစုံတွေ့နိုင်ပြီပေါ့နော်။ ဒီနှစ်အကယ်ဒမီဖက်ရှင်တွေက အကုန်လုံးလိုလိုလှနေကြတော့ Stella ကတော့ အကုန်လုံးကို ကြိုက်နေတော့တာပါပဲ။ ယောင်းတို့ရဲ့ အကြိုက်ဆုံးဝတ်စုံကကော ဘယ်အနုပညာရှင်ရဲ့ ဝတ်စုံလဲဆိုတာ ကောမန့်မှာ ပြောပေးခဲ့ကြဦး …

Photo credit to original uploaders.

Stella (For Her Myanmar)

No Comments Yet

Comments are closed