Celebrity News

ကမ္ဘာကျော်ဆယ်လီတို့ရဲ့ ငယ်ဘဝပုံရိပ်များ

ဘယ်လိုတောင် ချစ်စရာကောင်းရတာတုန်း…

ငယ်ငယ်တုန်းက ဓာတ်ပုံလေးတွေကြည့်ပြီး ကြည်နူးသလိုလို၊ ရယ်ချင်သလိုလိုဖြစ်မိတဲ့ အခိုက်အတန့်ကိုယောင်းတို့ကြုံဖူးမှာပါ။ လူတိုင်းလိုလိုပဲ ငယ်ရာကနေ၊ ကြီးလာကြတာဆိုတော့ ကလေးဘဝတုန်းက ပုံလေးတွေပြန်ကြည့်ရတာလည်း တစ်မျိုးပျော်စရာကောင်းပါတယ်။

လက်ရှိနာမည်ကြီးနေတဲ့ ဆယ်လီတွေလည်း လူတွေပဲမို့ သူတို့မှာလည်း ငယ်ဘဝ အမှတ်တရဓာတ်ပုံလေးတွေရှိပါတယ်။ ဆယ်လီတွေဆိုတာ ချောကြလှကြတာပဲမို့ သူတို့ငယ်ငယ်တုန်းကပုံလေးတွေကလည်း ချစ်စရာလေးတွေပါ။ ဘယ်သူတွေလဲဆိုတာတော့ကြည့်ကြည့်လိုက်နော်။

၁။ Gigi Hadid

စူပါမော်ဒယ်လ် Gigi ကတော့ အခုလည်း အရမ်းလှသလို ငယ်ငယ်ကလည်းအရမ်းချစ်စရာကောင်းတာပါ။

 

ဘယ်ဘက်ပုံကတော့ ညီမလေး Bella နဲ့ Gigi ဖြစ်ပါတယ်။ ညာဘက်ကတော့ သူငယ်ချင်းတစ်ယောက်နဲ့ Gigi ပါ။ ငယ်ငယ်ကတည်းက ပိုစ့်ပေးတာ အလန်းနော်။

၂။ တေလာဆွစ်ဖ်

တေလာဆွစ်ဖ် ပိစိလေးနဲ့ လက်ရှိ တေတေ

သူ့ပရိသတ်တွေ တေတေလို့ချစ်စနိုးခေါ်ကြတဲ့ ကလေးဘဝက တေလာဆွစ်ဖ်ပါ။ ကြည့်ပါဦး ချစ်ဖို့ကောင်းချက်။ ဒီကလေးမလေးကို ဘယ်သူကများ တစ်ချိန်မှာ အရမ်းဟော့ပြီး ကောင်လေးချောချောလေးတွေနဲ့ တွဲမယ့် အဆိုတော်မလေးဖြစ်လာမယ်လို့ ထင်မိမလဲ။

၃။ Ariana Grande

ချစ်စရာလေး <3

Ariana Grande လေးငယ်ငယ်တုန်းက ခရစ်စမတ်လက်ဆောင်တွေကြားမှာ ပျော်မြူးနေတဲ့ပုံလေးပါ။ တကယ်ကို ချစ်စရာကောင်းပါတယ်နော်။

၎။ Lady GaGa

Lady Gaga… ငယ်လေးတည်းက ပို့စ်ပေးကြမ်းတာ 😀

ကြည့်ပါဦး ချစ်ဖို့ကောင်းလိုက်တာ။ ကမ္ဘာကျော် အဆိုတော်ဘဝမှာ အလန်းစား ဖက်ရှင်တွေ၊ စတိုင်တွေနဲ့ နာမည်ကျော်တဲ့ လေဒီဂါဂါငယ်ငယ်ကတော့ သာမန်ချစ်စရာကောင်းတဲ့ ကလေးလေးပါပဲ။

Related Article >>> အပျိုရှုံးလောက်တဲ့ ခန္ဓာကိုယ်ပိုင်ရှင် ဆယ်လီ မေမေများ

၅။ Selena Gomez

ဆယ်လီနာလေး <3

ဆယ်လီနာ ကတော့ ငယ်ငယ်ကတည်းက ဒစ်စနေးရုပ်ရှင်တွေမှာ ကလေးသရုပ်ဆောင်ဖြစ်ခဲ့တာမို့ သူမရဲ့ငယ်ရုပ်လေးဟာ ပရိသတ်တွေနဲ့ မစိမ်းပါဘူး။ ဒီပုံလေးတွေကတော့ ဟိုးအရင် ဘေဘီပိစိဘက ပုံလေးတွေပါ။ ချစ်ဖို့ကောင်းချက်နော်…

ဒါကတော့ သူမရဲ့သူငယ်ချင်းတစ်ယောက်နဲ့ အတူတွေ့ရတဲ့ ဆယ်လီနာပိစိလေးပါ။

၆။ Emma Stone

မအိုဆေးများ စားထားလား ထင်ရ

Lala Land ရုပ်ရှင်နဲ့ အော်စကာရခဲ့တဲ့ မင်းသမီး Emma Stone ရဲ့ဆယ်ကျော်သက် ပုံရိပ်လေးပေါ့။ မင်းသမီးဖြစ်ချင်လို့ ဆယ်ကျော်သက်ဘဝတည်းက ဟောလိဝုဒ်ကို ရောက်လာခဲ့တယ်လို့ သိရပါတယ်။ အောက်ကတော့ သူမကလေးဘဝကပုံဖြစ်ပါတယ်။

ငယ်ရုပ်လေးတောင် မပျောက်

၇။ Scarlett Johansson

ကြီးလာလေ၊ ပိုလှလာလေ .. ဒေါင်းမျိုးလေး <3

Avengers ပရိသတ်တွေကတော့ Black Widow လို့ပြေးမြင်မှာဖြစ်တဲ့ Scarlett Johansson ဆယ်ကျော်သက်ဘဝက ပုံရိပ်လေးတွေပါ။

ကလေးတုန်းကလည်း ဒီရုပ်လေးပဲ.. <3

၈။ Miley Cyrus

Hannah Montana ထဲမှာတော့ သူငယ်ငယ်လေးကို မြင်ဖူးခဲ့ကြမှာပါ

နာမည်ကျော်အဆိုတော် အချစ်ကြီးတဲ့ ကောင်မလေး၊ ခပ်ဆိုးဆိုးလေးဆိုပြီး သတ်မှတ်ခံခဲ့ရတဲ့ မိုင်လေဆိုင်းရပ်စ် တစ်ယောက်ငယ်စဉ်ကတော့ ဒီလိုလေးချစ်ဖို့ကောင်းခဲ့ပါတယ်။

၉။ Kendall Jenner

ငယ်လေးတည်းက စတိုင်လ်က အလန်း

ငယ်ငယ်က ဆံပင်ဒီဇိုင်းအလန်းနဲ့ မိုက်နေတဲ့ Kendallပါ။ အောက်ကပုံကတော့ သူ(မ)အမေနဲ့ဖြစ်ပြီး အဲဒီတုန်းကဗိုက်ထဲက ဘေဘီလေးက Kylie Jenner ဖြစ်သတဲ့။

မမွေးလာသေးတဲ့ Kylie နဲ့

၁၀။ The Kardashians

Kardashian မောင်နှမလေးတွေ..

အခုအချိန်မှာ အဟော့ဆုံးဖြစ်၊ လူစိတ်ဝင်စားအခံရဆုံးလည်းဖြစ်တဲ့ Kardashian မော်ဒယ်လ် ညီအစ်မလေးတွေငယ်စဉ်က မောင်နှမတွေ စုံစုံလင်လင်ရိုက်ထားတဲ့ပုံပါ။ အားလုံးကတော့ ငယ်ငယ်လေးတည်းက အချောလေးတွေပါပဲ။ ဘယ်ပုံက ဘယ်သူဖြစ်မလဲဆိုတာ မှန်းကြည့်နော်။

ဒါကတော့ ဆယ်လီတွေရဲ့ ငယ်စဉ်က ဓာတ်ပုံတွေပါကွယ်။ အားလုံးကတော့ တစ်ချိန်ကဖြူစင်ရိုးသားတဲ့ ချစ်စရာကေလေးငယ်လေးတွေပေါ့… ယောင်းတို့ငယ်ငယ်က ချစ်ဖို့ကောင်းတဲ့ပုံတွေလည်း အက်ဒ်မင့်ကိုပြဦးနော်။

Sugar Cane (For Her Myanmar)

References : glamourmagazinepinterest

Sugar Cane
Sugar Cane
ကျွန်မက Sugar Cane ပါ။ မကြံပင်ပေါ့။ စာဖတ်ခြင်းကို ရူးသွပ်သလို စာရေးခြင်းကို ခုံမင်လှသူပါ ။ ယောင်းတို့ အတွက် လိုအပ်သမျှ သုတ/ ရသ အစုံကို For Her Myanmar ကနေ မျှဝေပေးသွားမယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *