Celebrity News

ကိုယ့္ကိုယ္ကိုယ္ LGBT ျဖစ္ေၾကာင္း ေၾကညာခဲ့ၾကတဲ့ နာမည္ေက်ာ္ ဆယ္လီဘရစ္တီ (၈)ဦး

သူတို႔ကေတာ့ နာမည္က်မွာေတြ ေဝဖန္ခံရမွာေတြ မေၾကာက္ဘဲ အရွိအတိုင္း လက္ခံၿပီး ပြင့္ပြင့္လင္းလင္း ဝန္ခံလိုက္ၾကၿပီေနာ္…

အေနာက္ႏိုင္ငံေတြမွာရွိတဲ့ လူ႔အခြင့္အေရး စံႏႈန္းေတြက အေတာ္အတန္ ခိုင္မာတယ္ဆိုေပမဲ့ LGBT အခြင့္အေရးအတြက္ေတာ့ ရုန္းကန္ေနရတုန္းပါပဲ။ ဒါေၾကာင့္ come out (gay / bi ျဖစ္ေၾကာင္း လူထုကို ေၾကညာျခင္း) လုပ္ဖို႔ဆိုတာ သိပ္မလြယ္လွပါဘူး။

အထူးသျဖင့္ လူသိမ်ားတဲ့သူေတြ come outလုပ္တဲ့အခါ ပိုၿပီး ဖိအားေတြမ်ားမွာပါ။ ဒါေပမဲ့ အႏုပညာရွင္တစ္ခ်ိဳ႕ကေတာ့ ရဲရဲဝံ့ဝံ့နဲ႔ come out လုပ္သြားခဲ့ပါတယ္။ သူတို႔ေတြကေတာ့…

(1) Greyson Chance 

Youtubeမွာ အသံေအးေအးေလးနဲ႔ Cover song ေတြ ဆိုၿပီး နာမည္ႀကီးလာတဲ့ Sunshine and City lights အဆိုေတာ္ေလး Greyson Chanceကို ေယာင္းတို႔ သိၾကတယ္ဟုတ္? ခလိန္းဟာ ေဂးျဖစ္ေၾကာင္း ၿပီးခဲ့တဲ့ ၂၀၁၇မွာ ဖြင့္ဟခဲ့ပါတယ္။

Greyson Chanceဟာ သူ႔ရဲ႕ ကိုယ္ခႏၶာနဲ႔ ပတ္သက္ၿပီး စိတ္သက္ေတာင့္သက္သာျဖစ္ဖို႔၊ ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္မႈ ရွိဖို႔ ႀကိဳးစားေနရတာေၾကာင့္ အစပိုင္းကာလေတြမွာ ႏႈတ္ဆိတ္ေနခဲ့ပါတယ္။

ဒါေၾကာင့္ ခုလို လူသိရွင္ၾကားအသိေပးဖို႔ ႏွစ္ေတြအမ်ားႀကီး ၾကာခဲ့တာပါ။ အခုေတာ့ “ကၽြန္ေတာ့္ရဲ႕ ျဖစ္တည္မႈကို ဂုဏ္ယူေနပါၿပီ” လို႔ သူ႔ရဲ႕ instagram accountမွာ ေၾကျငာခဲ့ပါတယ္။

(2) Amandla Sternberg

 

The Hunger games, Everything everything တို႔နဲ႔ ေအာင္ျမင္ခဲ့တဲ့ မင္းသမီးေလး Amandla ဟာ gay ျဖစ္ေၾကာင္း ၂၀၁၈ ခုႏွစ္ ဇြန္လမွာ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။ သူ(မ)ဟာ ေဂးတစ္ေယာက္အေနနဲ႔ ႀကီးျပင္းလာရပံုေတြ လူမည္းအမ်ိဳးသမီးေတြထဲမွာ ေဂးေတြကို ကိုယ္စားျပဳမယ့္သူ မရွိေသးတာေတြကို Wonderland မဂၢဇင္းအတြက္ အင္တာဗ်ဴးမွာ ေျပာၾကားသြားခဲ့ပါ။ ကိုကိုေတြ အသည္းကြဲေအာင္ စပရိုက္ တိုက္ခ်တာေနာ္ :’)

(3) Ellen Degeneres

ပရိသတ္ေတြကို အၿမဲရယ္ေမာေအာင္ လုပ္ႏိုင္လို႔ အားလံုးက ခ်စ္ခင္ၾကတဲ့ The Ellen Show အစီအစဥ္တင္ဆက္သူ Ellen Degeneres ဟာလည္း ေဂးတစ္ဦးပါ။ သူ(မ)ဟာ ၁၉၉၇ခုႏွစ္မွာ ေဂးျဖစ္ေၾကာင္း ေၾကညာခဲ့ၿပီး သူ(မ)ရဲ႕ လိင္စိတ္တိမ္းညႊတ္မႈ အမွန္ကို Time Magazine ရဲ႕ မ်က္ႏွာဖံုးမွာ “Yep Im Gay” ဆိုတဲ့ စာလံုးႀကီးေတြနဲ႔ ဂုဏ္ယူစြာ ေဖာ္ျပခဲ့ပါတယ္။ Ellen မွာ ၂၀၀၈ခုႏွစ္မွာ ဩစေၾတးလ်/အေမရိကန္ မင္းသမီး Portia De Rossi နဲ႔ လက္ထပ္ခဲ့ၿပီး သိပ္ခ်စ္ၾကတဲ့ သူတို႔ႏွစ္ေယာက္ဟာ ခုဆို အိမ္ေထာင္သက္ ဆယ္ႏွစ္ျပည့္သြားပါၿပီ။

Related Article >>> နာမည္ႀကီးဖို႔ဆိုတာ အရည္အခ်င္းကအဓိကပါ

(4) Cara Delevingne

Paper Towns, Suicide Squad တို႔မွာ ပါဝင္သရုပ္ေဆာင္ခဲ့တဲ့ အဂၤလိပ္သရုပ္ေဆာင္ မတ္မတ္ Cara Delevingne ဟာ Sexual fluidity ရွိသူပါလို႔ Glamour magazine အတြက္ အင္တာဗ်ဴးမွာေျပာခဲ့ပါတယ္။

Cara ဟာ သူ(မ)ကိုယ္ သူ(မ) “Gay” လို႔ မသံုးႏႈန္းသလို လူေတြက သူ(မ)ကို Gay လို႔ တံဆိပ္ကပ္ၾကတာကိုလည္း မႀကိဳက္ပါဘူးတဲ့။ သူ(မ)ရဲ႕ လိင္စိတ္တိမ္းညႊတ္မႈဟာ Gay လည္း မဟုတ္၊ Straightလည္းမဟုတ္ဘဲ အၿမဲေျပာင္းလဲေနေၾကာင္း ေျပာခဲ့ပါတယ္။ ေယာက်ာ္းလည္း ႀကိဳက္သလို မိန္းမလည္း ႀကိဳက္ပါတယ္တဲ့  လက္ရွိမွာေတာ့ မတ္မတ္ရဲ႕ ခ်စ္သူဟာ အေမရိကန္ အဆိုေတာ္မေလး St.Vincent ျဖစ္ၿပီး အတူေနေနၾကတာ ၂ႏွစ္ေတာင္ ရွိသြားပါၿပီ။

(5) Sam Smith

အိုပါးကေတာ့ သူ ေဂးျဖစ္ေၾကာင္း ၂၀၁၄တုန္းက ထုတ္ေျပာခဲ့ပါတယ္။ (ထုတ္ေျပာၿပီးကတည္းက တစ္ေန႔တျခား စိတ္ႀကိဳက္ ပြင့္လာတာ ဘယ္သူမွ လိုက္မမွီေတာ့ဘူး🤣)

Sam Smith ရဲ႕ Lonely Hour Albumဟာဆိုရင္ သူ ေဂး ျဖစ္ေနတာေၾကာင့္ ဘယ္တုန္းကမွ ျပန္ႀကိဳက္တာ မခံခဲ့ရတဲ့ သူ႔အေၾကာင္းကို ဆိုထားတာပါ။ Sam Smith ဟာ Brandon Flynn နဲ႔ တြဲခဲ့ၿပီး ခုေတာ့ ျပတ္သြားပါၿပီ။

Related Article >>> ေမာ္ဒယ္ေလာကကို ေျပာင္းျပန္လွန္ပစ္ခဲ႔တဲ႔ မ်ိဳးရိုးဗီဇမူမမွန္တဲ႔ ေရာဂါရွင္ေမာ္ဒယ္မေလး Melanie Gaydos

(6) Jaden Smith

အေခ်ာေလးေတြ တစ္ေယာက္ၿပီး တစ္ေယာက္ တြဲခဲ့တဲ့ Jaden Smith ဟာ Tyler, The creatorနဲ႔ တြဲခုတ္ေနေၾကာင္း concertမွာ ရုတ္တရက္ ထုတ္ေျပာလိုက္ပါတယ္။

Jaden Smithရဲ႕ ဝတ္ပံုစားပံုေတြေၾကာင့္ Gay ျဖစ္ေၾကာင္း ေကာလဟာလေတြ ထြက္ေန ရာကေန ခုလို အတည္ျပဳလိုက္တာမို႔ ပရိသတ္ေတြကို အေတာ္ေလး အံ့အားသင့္ေစခဲ့ပါတယ္။ ( Kylie တစ္ေယာက္ ပုလင္းကြဲ ရွခဲ့တာေပါ့  )

(7) Jake Zyrus (Charice Pempengco)

အသံပါဝါ အားေကာင္းေကာင္းနဲ႔ Cover songေလးေတြ ဆိုရာကေန Gleeဇာတ္ကားအထိ ပါဝင္ခြင့္ရခဲ့တဲ့ Charice ဆိုတဲ့ ပါးေဖာင္းေဖာင္းေကာင္မေလး ကို မွတ္မိၾကလား ေယာင္းတို႔ေရ? ခုေတာ့ သူက မူလသြင္ျပင္ေတြ အားလံုးေပ်ာက္ၿပီး transgender တစ္ေယာက္ျဖစ္ေနပါၿပီ။ ( သူ႔နဂိုအသံေလးပါ ေပ်ာက္သြားတာေနာ္  ) သူ(မ)ဟာ လိင္တူခ်စ္သူ ျဖစ္ေၾကာင္း ၂၀၁၃ခုႏွစ္မွာ ထုတ္ေျပာလိုက္တာျဖစ္ၿပီး “က်ေတာ့္ စိတ္ဝိဉာဥ္က ေယာက်ာ္းေလးပါ” လို႔ ေျပာခဲ့ပါတယ္။

အခုေတာ့ Jake Zyrus ဆိုတဲ့ ေယာက်ာ္းေလး နာမည္ခံယူၿပီး အႏုပညာအလုပ္ေတြကို လုပ္ေနေပမဲ့ ေဂးျဖစ္ေၾကာင္း ဝန္ခံလိုက္မႈေၾကာင့္ အႏုပညာေလာကမွာ ရပ္တည္ရ အလြန္ခက္ခဲခဲ့ပါတယ္လို႔ ရင္ဖြင့္ခဲ့ပါတယ္။

(8) Daya

Chainsmokers ရဲ႕ Don’t let me down video မွာ ပါဝင္သီဆိုခဲ့တဲ့ အဆိုေတာ္မေလး Daya ဟာ bisexual ျဖစ္ေၾကာင္း ၿပီးခဲ့တဲ့ ေအာက္တိုဘာလက သူမရဲ႕ instagramမွာ ေၾကညာခဲ့ပါတယ္။

“ကၽြန္မခ်စ္တဲ့ ေကာင္မေလးဟာ ကၽြန္မကို တစ္ေန႔တျခား ေပ်ာ္ရႊင္ေအာင္ လုပ္ေပးလို႔ LGBTQ အသိုင္းအဝိုင္းရဲ႕ အဖြဲြ႕ဝင္တစ္ေယာက္ျဖစ္ရတာကို ဂုဏ္ယူမိပါတယ္” လို႔ ေျပာခဲ့ပါတယ္။

တကယ္ေတာ့ သူတို႔တင္မကဘဲ အျခားအျခားေသာ come out လုပ္ထားတဲ့ ဆယ္လီဘရစ္တီေတြ အမ်ားႀကီး ရွိေနပါေသးတယ္။ ေယာင္းတို႔ေရာ ဘယ္လိုျမင္ၾကလဲဟင္?

By

Mia (For Her Myanmar)

Reference links: pride more wonderwall out

<<< Unicode >>>

သူတို့ကတော့ နာမည်ကျမှာတွေ ဝေဖန်ခံရမှာတွေ မကြောက်ဘဲ အရှိအတိုင်း လက်ခံပြီး ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်ကြပြီနော်…

အနောက်နိုင်ငံတွေမှာရှိတဲ့ လူ့အခွင့်အရေး စံနှုန်းတွေက အတော်အတန် ခိုင်မာတယ်ဆိုပေမဲ့ LGBT အခွင့်အရေးအတွက်တော့ ရုန်းကန်နေရတုန်းပါပဲ။ ဒါကြောင့် come out (gay / bi ဖြစ်ကြောင်း လူထုကို ကြေညာခြင်း) လုပ်ဖို့ဆိုတာ သိပ်မလွယ်လှပါဘူး။

အထူးသဖြင့် လူသိများတဲ့သူတွေ come outလုပ်တဲ့အခါ ပိုပြီး ဖိအားတွေများမှာပါ။ ဒါပေမဲ့ အနုပညာရှင်တစ်ချို့ကတော့ ရဲရဲဝံ့ဝံ့နဲ့ come out လုပ်သွားခဲ့ပါတယ်။ သူတို့တွေကတော့…

(1) Greyson Chance

Youtubeမှာ အသံအေးအေးလေးနဲ့ Cover song တွေ ဆိုပြီး နာမည်ကြီးလာတဲ့ Sunshine and City lights အဆိုတော်လေး Greyson Chanceကို ယောင်းတို့ သိကြတယ်ဟုတ်? ခလိန်းဟာ ဂေးဖြစ်ကြောင်း ပြီးခဲ့တဲ့ ၂၀၁၇မှာ ဖွင့်ဟခဲ့ပါတယ်။

Greyson Chanceဟာ သူ့ရဲ့ ကိုယ်ခန္ဓာနဲ့ ပတ်သက်ပြီး စိတ်သက်တောင့်သက်သာဖြစ်ဖို့၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိဖို့ ကြိုးစားနေရတာကြောင့် အစပိုင်းကာလတွေမှာ နှုတ်ဆိတ်နေခဲ့ပါတယ်။

ဒါကြောင့် ခုလို လူသိရှင်ကြားအသိပေးဖို့ နှစ်တွေအများကြီး ကြာခဲ့တာပါ။ အခုတော့ “ကျွန်တော့်ရဲ့ ဖြစ်တည်မှုကို ဂုဏ်ယူနေပါပြီ” လို့ သူ့ရဲ့ instagram accountမှာ ကြေငြာခဲ့ပါတယ်။

(2) Amandla Sternberg

 

The Hunger games, Everything everything တို့နဲ့ အောင်မြင်ခဲ့တဲ့ မင်းသမီးလေး Amandla ဟာ gay ဖြစ်ကြောင်း ၂၀၁၈ ခုနှစ် ဇွန်လမှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ သူ(မ)ဟာ ဂေးတစ်ယောက်အနေနဲ့ ကြီးပြင်းလာရပုံတွေ လူမည်းအမျိုးသမီးတွေထဲမှာ ဂေးတွေကို ကိုယ်စားပြုမယ့်သူ မရှိသေးတာတွေကို Wonderland မဂ္ဂဇင်းအတွက် အင်တာဗျူးမှာ ပြောကြားသွားခဲ့ပါ။ ကိုကိုတွေ အသည်းကွဲအောင် စပရိုက် တိုက်ချတာနော် :’)

(3) Ellen Degeneres

ပရိသတ်တွေကို အမြဲရယ်မောအောင် လုပ်နိုင်လို့ အားလုံးက ချစ်ခင်ကြတဲ့ The Ellen Show အစီအစဉ်တင်ဆက်သူ Ellen Degeneres ဟာလည်း ဂေးတစ်ဦးပါ။ သူ(မ)ဟာ ၁၉၉၇ခုနှစ်မှာ ဂေးဖြစ်ကြောင်း ကြေညာခဲ့ပြီး သူ(မ)ရဲ့ လိင်စိတ်တိမ်းညွှတ်မှု အမှန်ကို Time Magazine ရဲ့ မျက်နှာဖုံးမှာ “Yep Im Gay” ဆိုတဲ့ စာလုံးကြီးတွေနဲ့ ဂုဏ်ယူစွာ ဖော်ပြခဲ့ပါတယ်။ Ellen မှာ ၂၀၀၈ခုနှစ်မှာ ဩစတြေးလျ/အမေရိကန် မင်းသမီး Portia De Rossi နဲ့ လက်ထပ်ခဲ့ပြီး သိပ်ချစ်ကြတဲ့ သူတို့နှစ်ယောက်ဟာ ခုဆို အိမ်ထောင်သက် ဆယ်နှစ်ပြည့်သွားပါပြီ။

Related Article >>> နာမည်ကြီးဖို့ဆိုတာ အရည်အချင်းကအဓိကပါ

(4) Cara Delevingne

Paper Towns, Suicide Squad တို့မှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ အင်္ဂလိပ်သရုပ်ဆောင် မတ်မတ် Cara Delevingne ဟာ Sexual fluidity ရှိသူပါလို့ Glamour magazine အတွက် အင်တာဗျူးမှာပြောခဲ့ပါတယ်။

Cara ဟာ သူ(မ)ကိုယ် သူ(မ) “Gay” လို့ မသုံးနှုန်းသလို လူတွေက သူ(မ)ကို Gay လို့ တံဆိပ်ကပ်ကြတာကိုလည်း မကြိုက်ပါဘူးတဲ့။ သူ(မ)ရဲ့ လိင်စိတ်တိမ်းညွှတ်မှုဟာ Gay လည်း မဟုတ်၊ Straightလည်းမဟုတ်ဘဲ အမြဲပြောင်းလဲနေကြောင်း ပြောခဲ့ပါတယ်။ ယောကျာ်းလည်း ကြိုက်သလို မိန်းမလည်း ကြိုက်ပါတယ်တဲ့  လက်ရှိမှာတော့ မတ်မတ်ရဲ့ ချစ်သူဟာ အမေရိကန် အဆိုတော်မလေး St.Vincent ဖြစ်ပြီး အတူနေနေကြတာ ၂နှစ်တောင် ရှိသွားပါပြီ။

(5) Sam Smith

အိုပါးကတော့ သူ ဂေးဖြစ်ကြောင်း ၂၀၁၄တုန်းက ထုတ်ပြောခဲ့ပါတယ်။ (ထုတ်ပြောပြီးကတည်းက တစ်နေ့တခြား စိတ်ကြိုက် ပွင့်လာတာ ဘယ်သူမှ လိုက်မမှီတော့ဘူး🤣)

Sam Smith ရဲ့ Lonely Hour Albumဟာဆိုရင် သူ ဂေး ဖြစ်နေတာကြောင့် ဘယ်တုန်းကမှ ပြန်ကြိုက်တာ မခံခဲ့ရတဲ့ သူ့အကြောင်းကို ဆိုထားတာပါ။ Sam Smith ဟာ Brandon Flynn နဲ့ တွဲခဲ့ပြီး ခုတော့ ပြတ်သွားပါပြီ။
Related Article >>> မော်ဒယ်လောကကို ပြောင်းပြန်လှန်ပစ်ခဲ့တဲ့ မျိုးရိုးဗီဇမူမမှန်တဲ့ ရောဂါရှင်မော်ဒယ်မလေး Melanie Gaydos

(6) Jaden Smith

အချောလေးတွေ တစ်ယောက်ပြီး တစ်ယောက် တွဲခဲ့တဲ့ Jaden Smith ဟာ Tyler, The creatorနဲ့ တွဲခုတ်နေကြောင်း concertမှာ ရုတ်တရက် ထုတ်ပြောလိုက်ပါတယ်။

Jaden Smithရဲ့ ဝတ်ပုံစားပုံတွေကြောင့် Gay ဖြစ်ကြောင်း ကောလဟာလတွေ ထွက်နေ ရာကနေ ခုလို အတည်ပြုလိုက်တာမို့ ပရိသတ်တွေကို အတော်လေး အံ့အားသင့်စေခဲ့ပါတယ်။ ( Kylie တစ်ယောက် ပုလင်းကွဲ ရှခဲ့တာပေါ့  )

(7) Jake Zyrus (Charice Pempengco)

အသံပါဝါ အားကောင်းကောင်းနဲ့ Cover songလေးတွေ ဆိုရာကနေ Gleeဇာတ်ကားအထိ ပါဝင်ခွင့်ရခဲ့တဲ့ Charice ဆိုတဲ့ ပါးဖောင်းဖောင်းကောင်မလေး ကို မှတ်မိကြလား ယောင်းတို့ရေ? ခုတော့ သူက မူလသွင်ပြင်တွေ အားလုံးပျောက်ပြီး transgender တစ်ယောက်ဖြစ်နေပါပြီ။ ( သူ့နဂိုအသံလေးပါ ပျောက်သွားတာနော်  ) သူ(မ)ဟာ လိင်တူချစ်သူ ဖြစ်ကြောင်း ၂၀၁၃ခုနှစ်မှာ ထုတ်ပြောလိုက်တာဖြစ်ပြီး “ကျတော့် စိတ်ဝိဉာဉ်က ယောကျာ်းလေးပါ” လို့ ပြောခဲ့ပါတယ်။

အခုတော့ Jake Zyrus ဆိုတဲ့ ယောကျာ်းလေး နာမည်ခံယူပြီး အနုပညာအလုပ်တွေကို လုပ်နေပေမဲ့ ဂေးဖြစ်ကြောင်း ဝန်ခံလိုက်မှုကြောင့် အနုပညာလောကမှာ ရပ်တည်ရ အလွန်ခက်ခဲခဲ့ပါတယ်လို့ ရင်ဖွင့်ခဲ့ပါတယ်။

(8) Daya

Chainsmokers ရဲ့ Don’t let me down video မှာ ပါဝင်သီဆိုခဲ့တဲ့ အဆိုတော်မလေး Daya ဟာ bisexual ဖြစ်ကြောင်း ပြီးခဲ့တဲ့ အောက်တိုဘာလက သူမရဲ့ instagramမှာ ကြေညာခဲ့ပါတယ်။

“ကျွန်မချစ်တဲ့ ကောင်မလေးဟာ ကျွန်မကို တစ်နေ့တခြား ပျော်ရွှင်အောင် လုပ်ပေးလို့ LGBTQ အသိုင်းအဝိုင်းရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်ရတာကို ဂုဏ်ယူမိပါတယ်” လို့ ပြောခဲ့ပါတယ်။

တကယ်တော့ သူတို့တင်မကဘဲ အခြားအခြားသော come out လုပ်ထားတဲ့ ဆယ်လီဘရစ်တီတွေ အများကြီး ရှိနေပါသေးတယ်။ ယောင်းတို့ရော ဘယ်လိုမြင်ကြလဲဟင်?

By

Mia (For Her Myanmar)

Reference links: pride more wonderwall out

Wathun
Wathun
နာမည္ရင္းေတြ ဘာေတြထက္ Potterhead တစ္ေယာက္ပါ။ အဲ့လို ေမွာ္ေလာကေတြ၊ အလွအပကလြဲၿပီး က်န္တဲ့အရာေတြ အားလံုးကို စိတ္ဝင္စားလို႔ ေဆာင္းပါးေတြထဲ ေမွာ္ေတြ၊ magical creatures ေတြပါလာရင္ေတာ့ တျခားသူမေတြးပါနဲ႔ ကၽြန္မပါပဲလို႔... :*

Leave a Reply

Your email address will not be published. Required fields are marked *