၂၀၁၉ Met Gala က အစျပဳတဲ့ နာမည္ေက်ာ္ေတြၾကားက တိတ္တိတ္ပုန္းစစ္ပြဲေတြ

ဟယ္.. ဘယ္လိုေတြေတာင္လား!!

ႏွစ္စဥ္ႏွစ္တိုင္း ဒိတ္ဒိတ္ႀကဲက်င္းပေနက်ျဖစ္တဲ့ Met Gala ပြဲႀကီးကေတာ့ တစ္ေန႔ကပဲ ေအာင္ေအာင္ျမင္ၿပီးဆံုးသြားပါၿပီ။ အဲ … ဒီမွာ မၿပီးဘဲ က်န္ေနေသးတာကေတာ့ Met Gala ကို တက္ေရာက္ခဲ့တဲ့ နာမည္ေက်ာ္ေတြၾကားက အျပန္အလွန္စစ္ပြဲေတြပါပဲ။ ဘယ္သူေတြ ဘာေတြျဖစ္ေနၾကတာလဲဆိုေတာ့ …

Lindsay Lohan Vs Zendaya

အေမရိကန္အဆိုေတာ္မေလး Zendaya ကေတာ့ ဒီႏွစ္ Met Gala မွာ စင္ဒရဲလားေလးလိုဝတ္ၿပီး ပြဲတက္လာတာပါ။ ျဖစ္ခ်င္ေတာ့ Zendaya ရဲ႕ ဝတ္စံုပံုစံက ၂၀၁၆ ခုႏွစ္တုန္းက သရုပ္ေဆာင္ Clare Danes ဝတ္ခဲ့တဲ့ပံုစံနဲ႔ ဆင္တူယိုးမွားလိုျဖစ္ေနပါတယ္။

ဒါကို တို႔မ်ားရဲ႕မမ Lindsay က Zendaya ရဲ႕ Instagram post ေအာက္မွာ Clare Danes ကို mention ေခၚၿပီး သူ(မ)ဝတ္ခဲ့တာေလာက္မလွပါဘူးဆိုတဲ့ သေဘာနဲ႔ေျပာဆိုခဲ့ပါသတဲ့။ (LiLo ကေတာ့ ျပႆနာကို မီးထြန္းရွာလိုက္ျပန္ပါၿပီရွင္) ဒီလိုေျပာခဲ့တဲ့အတြက္ Lindsay တစ္ေယာက္ လတ္တေလာမွာ ေဝဖန္မႈေတြခံေနရတယ္လို႔လည္း သိရပါတယ္။

Related Article >>> Met Gala 2019 ကို တက္ေရာက္လာတဲ့ ေဟာလိဝုဒ္အႏုပညာရွင္ေတြရဲ႕ အလန္းစားဖက္ရွင္အဆန္းမ်ား

J-Lo Vs Katy Perry

Jennifer Lopez နဲ႔ Katy Perry တို႔ကေတာ့ Met Gala afterparty မွာ အေျခအေနတင္းမာေနတယ္လို႔ ၾကားရပါတယ္။

Afterparty မွာ ဟမ္ဘာဂါလို ဝတ္လာတဲ့ Katy Perry နဲ႔ သန္႔စင္ခန္းမွာ ဆံုတဲ့အခါ J-Lo က အဖတ္မလုပ္တဲ့ ဗီြဒီယိုက အြန္လိုင္းမွာ ပ်ံ႕ႏွ႔ံေနပါတယ္။ ဒီနာမည္ႀကီးႏွစ္ေယာက္ၾကားမွာ ဘာေတြအခဲမေၾကတာရွိလဲဆိုတာကေတာ့ သူတို႔သာလွ်င္သိႏိုင္မွာပါ။

စိတ္ဝင္စားစရာေကာင္းတာတစ္ခုက နာမည္ႀကီး YouTube ဘေလာ့ဂါတစ္ေယာက္ Met Gala ပြဲမွာ ဆြဲထုတ္ခံလိုက္ရတယ္ဆိုၿပီး သတင္းေတြ တက္လာတာပါ။ ဟုတ္.. မဟုတ္ ဆိုတာကေတာ့…

Stella (For Her Myanmar)

References : Allure , AOL

<<< Unicode >>>

ဟယ်.. ဘယ်လိုတွေတောင်လား!!

နှစ်စဉ်နှစ်တိုင်း ဒိတ်ဒိတ်ကြဲကျင်းပနေကျဖြစ်တဲ့ Met Gala ပွဲကြီးကတော့ တစ်နေ့ကပဲ အောင်အောင်မြင်ပြီးဆုံးသွားပါပြီ။ အဲ … ဒီမှာ မပြီးဘဲ ကျန်နေသေးတာကတော့ Met Gala ကို တက်ရောက်ခဲ့တဲ့ နာမည်ကျော်တွေကြားက အပြန်အလှန်စစ်ပွဲတွေပါပဲ။ ဘယ်သူတွေ ဘာတွေဖြစ်နေကြတာလဲဆိုတော့ …

Lindsay Lohan Vs Zendaya

အမေရိကန်အဆိုတော်မလေး Zendaya ကတော့ ဒီနှစ် Met Gala မှာ စင်ဒရဲလားလေးလိုဝတ်ပြီး ပွဲတက်လာတာပါ။ ဖြစ်ချင်တော့ Zendaya ရဲ့ ဝတ်စုံပုံစံက ၂၀၁၆ ခုနှစ်တုန်းက သရုပ်ဆောင် Clare Danes ဝတ်ခဲ့တဲ့ပုံစံနဲ့ ဆင်တူယိုးမှားလိုဖြစ်နေပါတယ်။

ဒါကို တို့များရဲ့မမ Lindsay က Zendaya ရဲ့ Instagram post အောက်မှာ Clare Danes ကို mention ခေါ်ပြီး သူ(မ)ဝတ်ခဲ့တာလောက်မလှပါဘူးဆိုတဲ့ သဘောနဲ့ပြောဆိုခဲ့ပါသတဲ့။ (LiLo ကတော့ ပြဿနာကို မီးထွန်းရှာလိုက်ပြန်ပါပြီရှင်) ဒီလိုပြောခဲ့တဲ့အတွက် Lindsay တစ်ယောက် လတ်တလောမှာ ဝေဖန်မှုတွေခံနေရတယ်လို့လည်း သိရပါတယ်။

Related Article >>> Met Gala 2019 ကို တက်ရောက်လာတဲ့ ဟောလိဝုဒ်အနုပညာရှင်တွေရဲ့ အလန်းစားဖက်ရှင်အဆန်းများ

J-Lo Vs Katy Perry

Jennifer Lopez နဲ့ Katy Perry တို့ကတော့ Met Gala afterparty မှာ အခြေအနေတင်းမာနေတယ်လို့ ကြားရပါတယ်။

Afterparty မှာ ဟမ်ဘာဂါလို ဝတ်လာတဲ့ Katy Perry နဲ့ သန့်စင်ခန်းမှာ ဆုံတဲ့အခါ J-Lo က အဖတ်မလုပ်တဲ့ ဗွီဒီယိုက အွန်လိုင်းမှာ ပျံ့နှံ့နေပါတယ်။ ဒီနာမည်ကြီးနှစ်ယောက်ကြားမှာ ဘာတွေအခဲမကြေတာရှိလဲဆိုတာကတော့ သူတို့သာလျှင်သိနိုင်မှာပါ။

စိတ်ဝင်စားစရာကောင်းတာတစ်ခုက နာမည်ကြီး YouTube ဘလော့ဂါတစ်ယောက် Met Gala ပွဲမှာ ဆွဲထုတ်ခံလိုက်ရတယ်ဆိုပြီး သတင်းတွေ တက်လာတာပါ။ ဟုတ်.. မဟုတ် ဆိုတာကတော့…

Stella (For Her Myanmar)

References : Allure , AOL

No Comments Yet

Comments are closed