Celebrity News

ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မိန့်ခွန်းပြောကြားခဲ့တဲ့ BTS အဖွဲ့

Army လေးတွေ အားတက်စရာပေါ့

နယူးယော့ခ်မြို့မှာ ပြုလုပ်တဲ့ ၇၃ ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေ ညီလာခံမှာတော့  ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) အနေနဲ့ Generation Unlimited ဆိုတဲ့ campaign ကို စတင်မိတ်ဆက်ခဲ့ပါတယ်။

BTS အဖွဲ့ကတော့ ကမ္ဘာမှာ ကျော်ကြားတဲ့ ကေပေါ့ပ်အဖွဲ့တစ်ခု ဖြစ်ပြီး အင်စတာဂရမ်မှာ ဖော်လိုဝါ ဆယ်သန်းကျော်နဲ့ အခိုင်အမာရပ်တည်နေတာ ဖြစ်သလို ကုလသမဂ္ဂရဲ့ ရန်ပုံငွေမြှင့်တင်ရေးလှုပ်ရှားမှုမှာလည်း ပူးပေါင်းပါဝင်ခဲ့ဖူးပါတယ်။ ၂၀၁၇ မှာတော့ BTS က ကိုရီးယားနိုင်ငံဆိုင်ရာ UNICEF နဲ့ ပူးပေါင်းပြီး ကလေး သူငယ်အကြမ်းဖက်မှု ပပျောက်ရေးအတွက် #ENDviolence ကို ပါဝင်လှုပ်ရှားခဲ့ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလမှာတော့ BTS အဖွဲ့က UNICEF နဲ့ ပူးပေါင်းပြီး “Love Myself” ဆိုတဲ့ campaign ကို စတင်ခဲ့ပါတယ်။ အချစ်စစ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် ချစ်ခြင်းကနေ စတင်တယ်ဆိုတဲ့ ယုံကြည်ချက်ကို တည်ဆောက်ဖို့က BTS  leader ကြီး Kim Nam Joon ရဲ့ ခံယူချက်ပါတဲ့…

Related Article >>> ကန့်လန့်ကာနောက်ကွယ်က ကေပေါ့အဆိုတော်တို့ရဲ့ဘဝ

BTS အဖွဲ့ရဲ့ Love Yourself သီချင်းခွေထွက်ပြီး Love Myself campaign ကို မိတ်ဆက်ပြီးနောက်မှာတော့ တစ်ကမ္ဘာလုံးမှာရှိတဲ့ ပရိသတ်တွေဆီကနေ သူတို့ဘဝအခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ဖြတ်သန်းနေကြတယ်ဆိုတာနဲ့ ကိုယ်ကိုယ်တိုင်လည်း ချစ်တတ်အောင် သင်ယူနေပြီဆိုတဲ့ ရင်ဖွင့်စကားသံတွေကို ကြားလာရပါတယ်လို့ leader ကြီးက ဆိုပါတယ်။ ကိုယ့်ကိုယ်ကိုယ် ချစ်တတ်လာပြီဆိုရင်တော့ နောက်တစ်ဆင့်အနေနဲ့ ကိုယ့်စိတ်ကိုယ် သိအောင်လုပ်ပြီး ယုံကြည်ရာကို အကောင်အထည်ဖော်ပါ ဆိုပြီး ပြောကြားခဲ့ပါသေးတယ်။

ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မိန့်ခွန်းပြောခွင့်ရတဲ့ ပထမဆုံး ကေပေါ့ပ်အဖွဲ့ကတော့ BTS ပဲလို့ ဆိုရတော့မှာပေါ့.. အဖွဲ့ခေါင်းဆောင်ကတော့ ၃ မိနစ်စာမိန့်ခွန်းကို အဖွဲ့ဝင် ခြောက်ယောက် ခြံရံပြီး ပြောကြားခဲ့ပါတယ်နော်။ မိန့်ခွန်းထဲမှာလည်း သူ့ရဲ့ ဘဝဖြစ်ရပ်မှန်ကိုပါ ရင်ဖွင့်ခဲ့ပါသေးတယ်။ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ အနီးက အီဆန် ဆိုတဲ့ မြို့လေးတစ်မြို့မှာ မွေးဖွားပြီး ပျော်ရွှင်တဲ့ ကလေးဘဝကို ဖြတ်သန်းနေချိန် ကိုးနှစ်၊ ဆယ်နှစ် အရွယ်ရောက်တော့ သူ့အကြောင်း အခြားသူတွေ ဘယ်လိုတွေးမလဲဆိုတဲ့ အတွေးနဲ့ စတင် စိုးရိမ်ခဲ့မိတယ်လို့ ဆိုပါတယ်။

အခြားသူတွေရဲ့ အတွေးတွေမှာ နစ်မြှုပ်နေမယ့်အစား ကိုယ့်ရဲ့ ရင်တွင်းအသံကို နားထောင်လိုက်တဲ့အခါ ကယ်တင်ရာက ဂီတ ဖြစ်နေတယ်ဆိုတာ သိခဲ့ရပြီး ဂီတကပဲ Kim Nam Joon ဆိုတဲ့ နာမည်တစ်လုံးဖြစ်စေခဲ့တာပါလို့ ဆိုပါတယ်။

RM လို့လည်း လူသိများတဲ့ leader ကြီး Kim Nam Joon ကေပေါ့ပ်လောကထဲ ခြေချချိန်မှာ သူတို့အဖွဲ့တွေ ရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲတွေနဲ့ BTS အဖွဲ့ကနေ သူထွက်ပစ်ချင်လောက်အောင် ဖြစ်ခဲ့ရတဲ့ အချိန်တွေကိုလည်း ပြောပြခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ အသက် ၂၄ နှစ်အရွယ်နဲ့ အတောက်ပဆုံး ကြယ်တစ်ပွင့်ဖြစ်နိုင်တဲ့ထိ ကြိုးစားနိုင်ခဲ့တဲ့ အကြောင်းတွေကိုလည်း လူငယ်တွေအတွက် ဝေမျှခဲ့ပါတယ်။

မိန့်ခွန်းအပိတ်မှာတော့ BTS အဖွဲ့ရဲ့ ထွက်ရှိထားတဲ့ သီချင်း Love yourself နဲ့ ခပ်ဆင်ဆင် စာသားလေး ဖြစ်တဲ့ speak yourself ဆိုတာလေးနဲ့ အဆုံးသတ်ခဲ့ပါတယ်။

“ ဘယ်သူပဲ ဖြစ်ဖြစ်၊ ဘယ်ဒေသကပဲဖြစ်ဖြစ်  ၊ အသားအရောင် ၊ ကျား/မ ဘယ်လိုပဲ ကွာခြားပါစေ ရင်တွင်းခံစားချက်ကို နားလည် ဖွင့်ဟနိုင်သူတွေ ဖြစ်ကြပြီး ယုံကြည်ချက်အတိုင်း ရှင်သန်နိုင်ဖို့ လိုပါတယ်။ ကျွန်တော့်မှာလည်း အမှားတွေနဲ့ ကြောက်တဲ့ အရာတွေရှိပေမဲ့ ကျွန်တော်တတ်နိုင်သလောက် ကြိုးစားပြီး ကိုယ့်ကိုယ်ကိုယ် ထွေးပွေ့ခဲ့သလို ဖြည်းဖြည်းချင်း ချစ်တတ်လာအောင် သင်ယူနေပါတယ်”  ဆိုပြီး မိန့်ခွန်း အပိတ်မှာ ပြောကြားခဲ့ပါတယ်။

ကဲ… Army လေးတွေ ဂုဏ်ဆာလို့ ရပြီပေါ့… 😉

With love

Ei Mon (For Her Myanmar)

References : CNNUnicef

Ei Mon
Ei Mon
For Her Myanmar ရဲ့တက်သစ်စ ဆောင်းပါးရှင် အိမွန်ဖြစ်ပါတယ်။ စာရေးရတာ ဝါသနာ ပါပါတယ်။ ဆောင်းပါးတွေကတစ်ဆင့် စိတ်ကူးလေးတွေကို ယောင်းတို့ရဲ့ ရင်ထဲအရောက် ပို့ပေးချင်ပါတယ်။ အထူးအားသာတာကတော့ အနုပညာရှင်သတင်းတွေပဲ ဖြစ်ပါတယ်။ အိမွန်ရဲ့ လက်ရာဆောင်းပါးတွေကို အားပေးမယ်မှတ်လား…….

Leave a Reply

Your email address will not be published. Required fields are marked *