Celebrity News
Album ထွက်မလာသေးပေမဲ့ Ktown4u Chart List မှာ တစ်ပတ်တာ ရောင်းအားအကောင်းဆုံး နံပါတ်(၁) ဖြစ်နေတဲ့ Baekhyun ရဲ့ တစ်ကိုယ်တော်ခွေ
Related Article>>>ဒါလေးတွေပဲကြည့်ပြီးတော့ EXO မန်ဘာတွေထဲက ဘယ်သူလဲဆိုတာ ခန့်မှန်းနိုင်ကြလား?
Women of Tomorrow 2
With love
Ei Mon (For Her Myanmar)
<<< Unicode >>>
မအေးရီတို့ရေ…ဂုဏ်ဆာလို့မှ ကောင်းရဲ့လား 😛 
EXO  ရဲ့ ကြယ်ပွင့်လေး Baekhyun ရဲ့ ပထမဆုံး ပွဲဦးထွက် တစ်ကိုယ်တော် အယ်လ်ဘမ်လေး ထွက်မယ့်အကြောင်းတော့ အားလုံးသိပြီးကြပြီ ထင်ပါရဲ့… အယ်လ်ဘမ်နာမည်ကိုတော့City Lights လို့ ပေးထားပြီး  ( မြန်မာလိုဆိုရင် မြို့ပြအလင်းရောင်ပေါ့။ ဘယ်လိုတွေတောင် မိုက်နေမလဲ တအားသိချင်နေပါပြီနော် xD) လာမယ့် ဇူလိုင်လ (၁၀) ရက်နေ့မှာ ထွက်ရှိမှာပါ။
Baekhyun ရဲ့ IG (အင်စတာဂရမ်)ပေါ်က အင်္ကျီပွပွကြီးနဲ့ ကင်မရာကို နောက်ကျောပေးထားတဲ့ အဖြူအမည်းပုံ၊ Caption “coming soon” – မကြာမီလာမည်မျှော်ဆိုတာကလည်း မအေးရီတို့ကို ရင်မခုန်ခုန်အောင် ကျီစားသလိုလို…
ဒီထက် ပိုပြီး အံ့သြဖို့ကောင်းတာကတော့ ဇူလိုင်မှာ ထွက်မယ့် သီချင်းခွေကို ခုတည်းက Pre-order (ကြိုတင်မှာယူ) စနစ်နဲ့ မှာယူနေကြတာမို့ ခွေမထွက်လာသေးဘဲနဲ့ Ktown4u ရဲ့ Weekly Chartမှာ ရောင်းအားအကောင်းဆုံး နံပါတ် (၁) နေရာမှာ ဒီခွေရောက်ရှိနေပါပြီ။ ဒုတိယ နေရာမှာတော့ TVXQ ရဲ့ U-Know ရှိနေပြီး တတိယနေရာမှာတော့ Black Pink Photobook Limited Edition ရှိနေပါတယ်။
Related Article>>>ဒါလေးတွေပဲကြည့်ပြီးတော့ Exo မန်ဘာတွေထဲက ဘယ်သူလဲဆိုတာ ခန့်မှန်းနိုင်ကြလား?
Women of Tomorrow 2
ပွဲအကြောင်း အသေးစိတ်သိလိုပါက >> http://bit.ly/2WK7oFQ
Xiumin, D.O., Baekhyun, Chen, Kai, Sehun, Chanyeol, Suho နဲ့ Lay တို့ အားလုံးထဲမှာ Lay နဲ့ Chen ကပဲ တစ်ကိုယ်တော်ခွေ ထွက်ရှိခဲ့ပြီး Chen ကတော့ ပြီးခဲ့တဲ့ ဧပြီလကပဲ တစ်ကိုယ်တော် အခွေ ထွက်ထားတာပါ။ ခုတော့ ေကာ္ရီး ဘိုဘိုဟုအလှည့်ပေါ့လေ 😛
Chanyeol နဲ့ Sehun တို့ကလည်း လာမယ့် ဇူလိုင်ထဲမှာ နှစ်ယောက်သားပေါင်းပြီး အခွေထွက်ဖို့ စီစဉ်နေတာမို့ ဇူလိုင်လကတော့ EXO-L တွေ အတွက် ရင်ခုန်စိတ်လှုပ်ရှားစရာတွေနဲ့ ပြည့်နေမှာ အသေချာပါပဲ။ မုန့်ဖိုးလေးတွေ၊ ဘတ်ငွေလေးတွေလည်း စုထားပေါ့အေ 😛
With love
Ei Mon (For Her Myanmar)
References: metro.co.uk, KPOPtown4u
Ei Mon
Ei Mon
For Her Myanmar ရဲ့တက်သစ်စ ဆောင်းပါးရှင် အိမွန်ဖြစ်ပါတယ်။ စာရေးရတာ ဝါသနာ ပါပါတယ်။ ဆောင်းပါးတွေကတစ်ဆင့် စိတ်ကူးလေးတွေကို ယောင်းတို့ရဲ့ ရင်ထဲအရောက် ပို့ပေးချင်ပါတယ်။ အထူးအားသာတာကတော့ အနုပညာရှင်သတင်းတွေပဲ ဖြစ်ပါတယ်။ အိမွန်ရဲ့ လက်ရာဆောင်းပါးတွေကို အားပေးမယ်မှတ်လား…….
Leave a Reply
Your email address will not be published. Required fields are marked *