တစ္ခ်ိန္က 90s’ kids မိန္းကေလးတိုင္း ခြက္ရွ္ခဲ့ၾကတဲ့ ေတာင္ကိုရီးယားရဲ႕ နာမည္အႀကီးဆံုး မင္းသား ေဘေယာင္ဂၽြန္း

“ျမင့္ျမတ္ႏွလံုးသား ပိုင္ရွင္” (The Legend) ထဲက ဆံပင္အရွည္ေလးနဲ႔ ပံုကို ေႂကြဆင္းခဲ့ရသူပါ.. 

ေဟမာန္ေဆာင္းရဲ႕ ခ်စ္သံစဥ္၊ ဟိုတယ္ခ်စ္သူ စတဲ့ တစ္ခ်ိန္က အရမ္းနာမည္ႀကီးခဲ့တဲ့ ကိုရီးယား ဒရာမာေတြကို သတိရၾကေသးရဲ႕လား ေယာင္းတို႔ေရ? မေမ့သင့္ပါဘူးေနာ္…90s’ kids တို႔ မွန္ရင္ေပါ့

အက္ဒ္မင္ကေတာ့ လံုးဝမေမ့ဘူး။ ဘာလို႔လဲဆိုေတာ့ အဲဒီဇာတ္လမ္းေတြထဲက မင္းသား ေဘေယာင္ဂၽြန္းက အက္ဒ္မင့္ ငယ္ခ်စ္ဦး crushျဖစ္ခဲ့တာကိုး.. <3 <3

တျခားမင္းသားေတြနဲ႔ မတူဘဲ သူ႔ဆီမွာ handsomeျဖစ္တာေရာ cute ျဖစ္တာပါ ႏွစ္ခုလံုးေတြ႕ရတဲ့၊ ဆံရွည္ေလးနဲ႔ဆို မိန္းမေခ်ာလည္း ေခ်ာတဲ့ အိုပါး (အမွန္ေတာ့ အာဂ်ဴးရွိပါ 😀 )  ရဲ႕ အေၾကာင္းကို ေျပာရမယ္ဆိုရင္ေတာ့…

၁၉၇၂ ခုႏွစ္၊ ဩဂုတ္ ၂၉မွာ ေမြးဖြားခဲ့တာမို႔ ခုဆို သူက အသက္၄၆ႏွစ္ေတာင္ ရွိပါၿပီ ။ အိုပါးရဲ႕ နကၡတ္က Virgo ျဖစ္ၿပီး အိုေသြးပါတဲ့။ သူ ငယ္ငယ္တုန္းက တိုက္ကြမ္ဒိုကို ရူးသြပ္ခဲ့ၿပီး တစ္ႀကိမ္ကဆို အကန္ခံလိုက္ရလို႔ မ်က္လံုးမွာ ဒဏ္ရာ ျပင္းျပင္းထန္ထန္ ရဖူးပါတယ္။ သူဟာ ေရကူးရတာ၊ ႏွင္းေလၽွာစီးရတာ၊ ဘိုးလင္းပစ္ရတာလည္း ႀကိဳက္သလို ငါးမၽွားရတာလည္း ႀကိဳက္သူပါ။

၂၀၀၀ခုႏွစ္မွာ ေဘေယာင္ဂၽြန္းဟာ Sungkyunkwan တကၠသိုလ္မွာ ရုပ္ရွင္၊ TV နဲ႔ ဘက္စံုမီဒီယာ ကို တက္ေရာက္သင္ယူခဲ့ၿပီး သိပ္မၾကာခင္မွာပဲ တကၠသိုလ္ကေန ထြက္ခဲ့ပါတယ္။ အေၾကာင္းရင္းကေတာ့ သူ႔ရဲ႕ အႏုပညာလုပ္ငန္းကို ေကာင္းေကာင္းအာရံုစိုက္ၿပီးပဲ လုပ္ခ်င္လို႔ပါတဲ့။

ေဘေယာင္ဂၽြန္းက ၁၉၉၄ခုႏွစ္မွာ အႏုပညာအလုပ္ေတြ စလုပ္ခဲ့တာမို႔ အထိုက္အေလ်ာက္ေအာင္ျမင္ခဲ့ေပမဲ့ ကမၻာက သိသြားတဲ့အထိ အႀကီးအက်ယ္ ေအာင္ျမင္သြားေစတဲ့ ဇာတ္လမ္းကေတာ့ Winter Sonata ( ေဟမာန္ေဆာင္းရဲ႕ ခ်စ္သံစဥ္) ပါပဲ။

Winter Sonataထဲက သူတို႔

အရမ္းနာမည္ႀကီးခဲ့တဲ့ ဒီဇာတ္လမ္းဟာ ႏိုင္ငံတကာကို ရိုက္ခတ္သြားတဲ့ ဒုတိယ ကိုရီးယားလႈိင္းလံုးအျဖစ္ သတ္မွတ္ခံခဲ့ရသလို ေဘေယာင္ဂၽြန္းတစ္ေယာက္ ဒီဇာတ္ကားအတြက္ ဂ်ပန္သြားတဲ့အခါ ဂ်ပန္ေလဆိပ္တစ္ခုလံုးဟာ သူ႔ပရိသတ္ေတြနဲ႔ ျပည့္လွ်ံသြားခဲ့ပါေသးတယ္။

အကယ္ဒမီဆုေပါင္းမ်ားစြာလည္း ရရွိခဲ့ၿပီး မ်ိဳးဆက္တစ္ဆက္ရဲ႕ အေတာ္ဆံုးအႏုပညာရွင္ အျဖစ္ အသိအမွတ္ျပဳခံခဲ့ရတဲ့ ေဘေယာင္ဂၽြန္းဟာ ၂၀၀၇ခုႏွစ္မွာ သရုပ္ေဆာင္အလုပ္ကေန အနားယူခဲ့ပါတယ္။ (ဒါေၾကာင့္ ေနာက္ပိုင္းမွာ သူ႔ကို သိပ္မေတြ႕ရေတာ့တာကိုး )

Related Article >>> မယံုၾကည္ႏိုင္ေလာက္ေအာင္ အံ့မခန္းႏုပ်ိဳေနတဲ့ ကိုရီးယားဆယ္လီမ်ား

ေဘေယာင္ဂၽြန္းသရုပ္ေဆာင္ခဲ့တဲ့ ဇာတ္လမ္းေကာင္းေတြကေတာ့ ၁၉၉၄မွာ Salut D’Amour, ၁၉၉၅မွာ Our Sunny Days of Youth နဲ႔ Sea Breeze, ၁၉၉၆ မွာ Papa, Colour “Blue” နဲ႔ First love, ၁၉၉၇ မွာ The Angel within, ၁၉၉၈ မွာ The Barefooted Youth, ၁၉၉၉ မွာ Did we really, ၂၀၀၁ မွာ Hotelier, ၂၀၀၂မွာ Winter Sonata, ၂၀၀၇မွာ The legend တို႔ပဲ ျဖစ္ပါတယ္ ( အိုပါးကို သတိရရင္ ရွာေဖြၿပီး ျပန္ၾကည့္ပါေလ 😛 )

ေဘေယာင္ဂၽြန္းဟာ ေတာင္ကိုရီးယားရဲ႕ ထိပ္တန္းမင္းသားတစ္ေယာက္ျဖစ္သလို ေအာင္ျမင္တဲ့ စာေရးဆရာနဲ႔ စီးပြားေရးလုပ္ငန္းရွင္လည္း ျဖစ္ပါတယ္။ ေဘေယာင္ဂၽြန္းဟာ သူ႔ရဲ႕ အႏုပညာအလုပ္ေတြကို ၿငီးေငြ႕လာတာမို႔ စာေရးဆရာ လုပ္ဖို႔ ဆံုးျဖတ္ခဲ့ပါတယ္။ ၂၀၀၄ခုႏွစ္မွာေတာ့ သူ႔ရဲ႕ ပထမဆံုး စာအုပ္ျဖစ္တဲ့ The Image: Volume 1 ကို ထုတ္ေဝခဲ့ပါတယ္။

ဒီပထမဆံုးစာအုပ္ဟာ အုပ္ေရ(၁)သန္းေက်ာ္ ေရာင္းခ်ရတဲ့အထိ ေအာင္ျမင္ခဲ့ပါတယ္။ ဒါ့အျပင္ ၂၀၀၅မွာ 100 days of Bae Yong Joon၊ ၂၀၀၇မွာ BYJ family book၊ ၂၀၀၉မွာ Journey in search of Korea’s beauty နဲ႔ ၂၀၁၂မွာေတာ့ Visit to Tokyoဆိုတဲ့ စာအုပ္ေတြကို ေရးသားခဲ့ပါတယ္။

ထိုးထြင္းဉာဏ္ေကာင္းတဲ့ ေဘေယာင္ဂၽြန္းဟာ ဘယ္အလုပ္မဆို ေအာင္ျမင္ေအာင္ လုပ္တတ္သူလို႔ ဆိုရမွာပါ။ သူဟာ Key East အမည္ရွိတဲ့ စီမံခန္႔ခြဲမႈေအဂ်င္စီရဲ႕ ဥကၠဌျဖစ္သလို စားေသာက္ဆိုင္လုပ္ငန္း ပိုင္ရွင္လည္း ျဖစ္ပါတယ္။

Related Article >>> ေအာင္ျမင္လြန္းတာေၾကာင့္ တစ္ခ်ိန္က ေျမာက္ကိုရီးယားေတြျပန္ေပးဆြဲတာ ခံခဲ့ရတဲ့ မင္းသမီးႀကီး ခၽြဲအြန္ဟီး

ခုဆို သူ႔ရဲ႕ စားေသာက္ဆိုင္ကို ဂ်ပန္အထိ တိုးခ်ဲ ့ ဖြင့္လွစ္ထားတယ္လို႔ သိရပါတယ္။ ေဘေယာင္ဂၽြန္းရဲ႕ လက္ရွိ အသားတင္ ႂကြယ္ဝပိုင္ဆိုင္မႈက ေဒၚလာ၁၃၅သန္းေလာက္ ရွိပါတယ္။ သူ႕ရဲ႕ Instagram account ကေတာ့ yongjoon_bae ပါ။

တစ္သက္လံုး လူပ်ိဳႀကီး လုပ္ေတာ့မွာလားလို႔ အထင္ခံေနရတဲ့ ေဘေယာင္ဂၽြန္းဟာ အသက္ ၄၃ႏွစ္မွာမွ သူ႔ထက္ ၁၄ႏွစ္ငယ္တဲ့ မင္းသမီးေလး ပက္ဆူဂ်င္းနဲ႔ အိမ္ေထာင္ျပဳခဲ့လို႔ အေစာပိုင္းကာလမွာ ေဝဖန္ခံခဲ့ရပါေသးတယ္။

ရိုလိုက္္ တာေနာ္

ဒါေပမဲ့ ခုေတာ့လည္း သားေလးတစ္ေယာက္ သမီးေလးတစ္ေယာက္ရၿပီး ေပ်ာ္စရာဘဝေလး ျဖစ္ေနပါၿပီ။

သတင္းေတြအရဆို အိုပါးဟာ သူ႔ ဇနီးေခ်ာေလးကို သိပ္ခ်စ္ပါသတဲ့။

ဒါ သူတို႔ အိမ္ေထာင္သက္ ၂ ႏွစ္ျပည့္ အထိမ္းအမွတ္မွာ Instagramေပၚ တင္ထားတဲ့ ပံုေလး

ကဲကဲ…. အိုပါးနဲ႔ ျပတ္သြားတဲ့ ေရစက္ကို အိုပါးရဲ႕ သားနဲ႔မွ ျပန္ဆက္စို႔လား ေယာင္းတို႔ေရ

By
Mia (For Her Myanmar)
Reference links: Asianwiki.com channel-korea.com

<<< Unicode >>>

ဟေမာန်ဆောင်းရဲ့ ချစ်သံစဉ်၊ ဟိုတယ်ချစ်သူ စတဲ့ တစ်ချိန်က အရမ်းနာမည်ကြီးခဲ့တဲ့ ကိုရီးယား ဒရာမာတွေကို သတိရကြသေးရဲ့လား ယောင်းတို့ရေ? မမေ့သင့်ပါဘူးနော်…90s’ kids တို့ မှန်ရင်ပေါ့

အက်ဒ်မင်ကတော့ လုံးဝမမေ့ဘူး။ ဘာလို့လဲဆိုတော့ အဲဒီဇာတ်လမ်းတွေထဲက မင်းသား ဘေယောင်ဂျွန်းက အက်ဒ်မင့် ငယ်ချစ်ဦး crushဖြစ်ခဲ့တာကိုး.. <3 <3

တခြားမင်းသားတွေနဲ့ မတူဘဲ သူ့ဆီမှာ handsomeဖြစ်တာရော cute ဖြစ်တာပါ နှစ်ခုလုံးတွေ့ရတဲ့၊ ဆံရှည်လေးနဲ့ဆို မိန်းမချောလည်း ချောတဲ့ အိုပါး (အမှန်တော့ အာဂျူးရှိပါ 😀 )  ရဲ့ အကြောင်းကို ပြောရမယ်ဆိုရင်တော့…

၁၉၇၂ ခုနှစ်၊ ဩဂုတ် ၂၉မှာ မွေးဖွားခဲ့တာမို့ ခုဆို သူက အသက်၄၆နှစ်တောင် ရှိပါပြီ ။ အိုပါးရဲ့ နက္ခတ်က Virgo ဖြစ်ပြီး အိုသွေးပါတဲ့။ သူ ငယ်ငယ်တုန်းက တိုက်ကွမ်ဒိုကို ရူးသွပ်ခဲ့ပြီး တစ်ကြိမ်ကဆို အကန်ခံလိုက်ရလို့ မျက်လုံးမှာ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရဖူးပါတယ်။ သူဟာ ရေကူးရတာ၊ နှင်းလျှောစီးရတာ၊ ဘိုးလင်းပစ်ရတာလည်း ကြိုက်သလို ငါးမျှားရတာလည်း ကြိုက်သူပါ။

၂၀၀၀ခုနှစ်မှာ ဘေယောင်ဂျွန်းဟာ Sungkyunkwan တက္ကသိုလ်မှာ ရုပ်ရှင်၊ TV နဲ့ ဘက်စုံမီဒီယာ ကို တက်ရောက်သင်ယူခဲ့ပြီး သိပ်မကြာခင်မှာပဲ တက္ကသိုလ်ကနေ ထွက်ခဲ့ပါတယ်။ အကြောင်းရင်းကတော့ သူ့ရဲ့ အနုပညာလုပ်ငန်းကို ကောင်းကောင်းအာရုံစိုက်ပြီးပဲ လုပ်ချင်လို့ပါတဲ့။

ဘေယောင်ဂျွန်းက ၁၉၉၄ခုနှစ်မှာ အနုပညာအလုပ်တွေ စလုပ်ခဲ့တာမို့ အထိုက်အလျောက်အောင်မြင်ခဲ့ပေမဲ့ ကမ္ဘာက သိသွားတဲ့အထိ အကြီးအကျယ် အောင်မြင်သွားစေတဲ့ ဇာတ်လမ်းကတော့ Winter Sonata ( ဟေမာန်ဆောင်းရဲ့ ချစ်သံစဉ်) ပါပဲ။

Winter Sonataထဲက သူတို႔

အရမ်းနာမည်ကြီးခဲ့တဲ့ ဒီဇာတ်လမ်းဟာ နိုင်ငံတကာကို ရိုက်ခတ်သွားတဲ့ ဒုတိယ ကိုရီးယားလှိုင်းလုံးအဖြစ် သတ်မှတ်ခံခဲ့ရသလို ဘေယောင်ဂျွန်းတစ်ယောက် ဒီဇာတ်ကားအတွက် ဂျပန်သွားတဲ့အခါ ဂျပန်လေဆိပ်တစ်ခုလုံးဟာ သူ့ပရိသတ်တွေနဲ့ ပြည့်လျှံသွားခဲ့ပါသေးတယ်။

အကယ်ဒမီဆုပေါင်းများစွာလည်း ရရှိခဲ့ပြီး မျိုးဆက်တစ်ဆက်ရဲ့ အတော်ဆုံးအနုပညာရှင် အဖြစ် အသိအမှတ်ပြုခံခဲ့ရတဲ့ ဘေယောင်ဂျွန်းဟာ ၂၀၀၇ခုနှစ်မှာ သရုပ်ဆောင်အလုပ်ကနေ အနားယူခဲ့ပါတယ်။ (ဒါကြောင့် နောက်ပိုင်းမှာ သူ့ကို သိပ်မတွေ့ရတော့တာကိုး)

Related Article >>> မယုံကြည်နိုင်လောက်အောင် အံ့မခန်းနုပျိုနေတဲ့ ကိုရီးယားဆယ်လီများ

ဘေယောင်ဂျွန်းသရုပ်ဆောင်ခဲ့တဲ့ ဇာတ်လမ်းကောင်းတွေကတော့ ၁၉၉၄မှာ Salut D’Amour, ၁၉၉၅မှာ Our Sunny Days of Youth နဲ့ Sea Breeze, ၁၉၉၆ မှာ Papa, Colour “Blue” နဲ့ First love, ၁၉၉၇ မှာ The Angel within, ၁၉၉၈ မှာ The Barefooted Youth, ၁၉၉၉ မှာ Did we really, ၂၀၀၁ မှာ Hotelier, ၂၀၀၂မှာ Winter Sonata, ၂၀၀၇မှာ The legend တို့ပဲ ဖြစ်ပါတယ် ( အိုပါးကို သတိရရင် ရှာဖွေပြီး ပြန်ကြည့်ပါလေ 😛 )

ဘေယောင်ဂျွန်းဟာ တောင်ကိုရီးယားရဲ့ ထိပ်တန်းမင်းသားတစ်ယောက်ဖြစ်သလို အောင်မြင်တဲ့ စာရေးဆရာနဲ့ စီးပွားရေးလုပ်ငန်းရှင်လည်း ဖြစ်ပါတယ်။ ဘေယောင်ဂျွန်းဟာ သူ့ရဲ့ အနုပညာအလုပ်တွေကို ငြီးငွေ့လာတာမို့ စာရေးဆရာ လုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ၂၀၀၄ခုနှစ်မှာတော့ သူ့ရဲ့ ပထမဆုံး စာအုပ်ဖြစ်တဲ့ The Image: Volume 1 ကို ထုတ်ဝေခဲ့ပါတယ်။

ဒီပထမဆုံးစာအုပ်ဟာ အုပ်ရေ(၁)သန်းကျော် ရောင်းချရတဲ့အထိ အောင်မြင်ခဲ့ပါတယ်။ ဒါ့အပြင် ၂၀၀၅မှာ 100 days of Bae Yong Joon၊ ၂၀၀၇မှာ BYJ family book၊ ၂၀၀၉မှာ Journey in search of Korea’s beauty နဲ့ ၂၀၁၂မှာတော့ Visit to Tokyoဆိုတဲ့ စာအုပ်တွေကို ရေးသားခဲ့ပါတယ်။

ထိုးထွင်းဉာဏ်ကောင်းတဲ့ ဘေယောင်ဂျွန်းဟာ ဘယ်အလုပ်မဆို အောင်မြင်အောင် လုပ်တတ်သူလို့ ဆိုရမှာပါ။ သူဟာ Key East အမည်ရှိတဲ့ စီမံခန့်ခွဲမှုအေဂျင်စီရဲ့ ဥက္ကဌဖြစ်သလို စားသောက်ဆိုင်လုပ်ငန်း ပိုင်ရှင်လည်း ဖြစ်ပါတယ်။

Related Article >>> အောင်မြင်လွန်းတာကြောင့် တစ်ချိန်က မြောက်ကိုရီးယားတွေပြန်ပေးဆွဲတာ ခံခဲ့ရတဲ့ မင်းသမီးကြီး ချွဲအွန်ဟီး

ခုဆို သူ့ရဲ့ စားသောက်ဆိုင်ကို ဂျပန်အထိ တိုးချဲ့ ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။ ဘေယောင်ဂျွန်းရဲ့ လက်ရှိ အသားတင် ကြွယ်ဝပိုင်ဆိုင်မှုက ဒေါ်လာ၁၃၅သန်းလောက် ရှိပါတယ်။ သူ့ရဲ့ Instagram account ကတော့ yongjoon_bae ပါ။

တစ်သက်လုံး လူပျိုကြီး လုပ်တော့မှာလားလို့ အထင်ခံနေရတဲ့ ဘေယောင်ဂျွန်းဟာ အသက် ၄၃နှစ်မှာမှ သူ့ထက် ၁၄နှစ်ငယ်တဲ့ မင်းသမီးလေး ပက်ဆူဂျင်းနဲ့ အိမ်ထောင်ပြုခဲ့လို့ အစောပိုင်းကာလမှာ ဝေဖန်ခံခဲ့ရပါသေးတယ်။

ရိုလိုက် တာနော်

ဒါပေမဲ့ ခုတော့လည်း သားလေးတစ်ယောက် သမီးလေးတစ်ယောက်ရပြီး ပျော်စရာဘဝလေး ဖြစ်နေပါပြီ။

သတင်းတွေအရဆို အိုပါးဟာ သူ့ ဇနီးချောလေးကို သိပ်ချစ်ပါသတဲ့။

ဒါ သူတို့ အိမ်ထောင်သက် ၂ နှစ်ပြည့် အထိမ်းအမှတ်မှာ Instagramပေါ် တင်ထားတဲ့ ပုံလေး

ကဲကဲ…. အိုပါးနဲ့ ပြတ်သွားတဲ့ ရေစက်ကို အိုပါးရဲ့ သားနဲ့မှ ပြန်ဆက်စို့လား ယောင်းတို့ရေ

By
Mia (For Her Myanmar)
Reference links: Asianwiki.com channel-korea.com

No Comments Yet

Comments are closed