မတ်မတ်နာဂီနီ (သို့မဟုတ်) Claudia Kim အကြောင်း တစ်စေ့တစောင်း

အသက်နဲ့ အရပ်ကိုမေး :’)

မနေ့က Fantastic Beasts : The Crimes of Grindelwald ရဲ့ နောက်ဆုံးထွေလာ ထွက်လာတဲ့အချိန်မှာတော့ ရုပ်ရှင်ရဲ့ ရင်သပ်ရှုမောဖွယ် ရိုက်ချက်တွေနဲ့ ပရိသတ်ကို ဖမ်းစားထားတဲ့အပြင် အကြီးအကျယ် ဂယက်ရိုက်စေတဲ့ ဇာတ်ကောင်လည်း ပေါ်ထွက်လာခဲ့ပါတယ်။ အားလုံးက အခုမတ်မတ်ဆိုပြီး တဖွဖွ ဖြစ်နေကြတဲ့ နာဂီနီလေးပေါ့။ (အရင်ကတော့ မြွေမကြီးပေါ့လေ :P) တစ်ပြိုင်နက်တည်းမှာပဲ ရုပ်ရှင်ထွေလာနဲ့ အပြိုင် သရုပ်ဆောင်တွေရဲ့ ပရိုဂရမ်တစ်ခု ထွက်လာတဲ့အခါမှာ အားလုံး အသက်ရှူမှားခဲ့ရပါတော့တယ်…

ရုပ်ရှင်ထွေလာထဲမှာ ခရီးဒန့်စ်ရဲ့ နာဂီနီဆိုတဲ့ တိုးဖွဖွ အသံနဲ့အတူ အလှနတ်မိမယ်လေးက ရက်စက်နိုင်လွန်းသူ နာဂီနီအဖြစ် ပြောင်းလဲသွားတဲ့အချိန်မှာ အကုန် ပါးစပ်အဟောင်းသားဖြစ်ခဲ့ရသလို ထွေလာနဲ့ တစ်ပြိုင်နက် ထွက်လာတဲ့ သရုပ်ဆောင်တွေရဲ့ ပရိုဂရမ်တစ်ခုမှာလည်း Claudia Kim ကိုယ်တိုင်က သူ့ရဲ့ ဇာတ်ကောင်ဟာ နာဂီနီလို့ ဖွင့်ပြောလိုက်တာက အားလုံးကို ဝိုးသွားစေခဲ့တဲ့ အကွက်ပါပဲ… (အကွက်လေးတွေ လှတယ်နော်.. ဘရိုတို့ 😀 ) ဆိုတော့ သူ(မ) ရဲ့အကြောင်းကိုလည်း တော်တော်များများ စိတ်ဝင်စားနေကြမယ်လို့ ထင်ပါတယ်နော်။ ဒါကြောင့် အလိုက်တသိနဲ့ ရေးသားလိုက်ရပါတယ်။ (မဝင်စားလည်း အက်မင်က ဝင်စားလွန်းလို့ ရေးထည့်လိုက်ပြီ။)

မမကို ချစ်တယ် <3
ပခုံးရိုးနဲ့တင် ရိုက်သတ်သွားလိမ့်မယ်
ကိုရီးယားအနွယ်ဖွား မော်ဒယ်ပါတဲ့နော်

Related Article >>> Wonder Woman ဇာတ်ကောင်အတွက် Gal Gadot ဘာတွေလုပ်ခဲ့ရလဲ

သူ(မ) ရဲ့နာမည်ကတော့ ယောင်းတို့သိထားပြီးတဲ့အတိုင်း Claudia Kim ပါတဲ့။  တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ မွေးဖွားခဲ့ပြီး ကိုရီးယားနာမည်အရင်းကတော့ Kim Soo-hyun ပါတဲ့။ ဇန်နဝါရီလ (၂၅) ရက်နေ့ ၁၉၈၅ ကသူ(မ) ရဲ့မွေးနေ့မို့ အခုချိန်မှာ အသက် (၃၃) နှစ်ရှိနေပါပြီ။ (အမလေး ကိုယ့်ထက်တောင်နုနေသေးတယ် :’) အရပ်ကတော့ ၅ ပေ ၉ လက်မကျော်ရှိပြီး ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်းမော်ဒယ်သရုပ်ဆောင်လည်း ဖြစ်ပါတယ်။ (Korea-China Supermodel Contest ရဲ့ ၂၀၀၅ ခုနှစ်မှာ အနိုင်ရထားတာ အထင်တော့မသေးစေချင်။)

ငယ်ဘဝတုန်းက New Jersey မှာ ၆ နှစ်လောက်သွားနေခဲ့ဖူးပါတယ်တဲ့။ Bobbi Brown မိတ်ကပ်ဘရန်းရဲ့ ကိုယ်စားပြုတစ်ယောက်လည်း ဖြစ်တယ်။ ကိုရီးယားရုပ်ရှင်တွေမှာလည်း ဝင်ရောက်သရုပ်ဆောင်ထားပြီး ၂၀၁၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ The Avengers : Age of Ultron မှာတော့ Dr.Helen Cho အနေနဲ့ ထပ်ပြီး ထိတွေ့ခွင့်ရခဲ့ပါတယ်။ တခြားဟောလိဝုဒ်အထိ ခြေဆန့်စေနိုင်ခဲ့တဲ့ ရုပ်ရှင်တွေကတော့ ‘Equals (2015), The Dark Tower (2017), Maro Polo Netflix Series (2014-2017)’ တို့ပဲဖြစ်ပါတယ်။

ခြေတံက အသက်ပဲ
၃၃ နှစ်နော် ( ထာင့်ကပ်ပြီး တစ်ခဏလောက်သေသွားချင်သွားတယ်)
ကဲ ခေးတွေဘေးဖယ် မမလာပြီ

Related Article >>> Gigi Hadid ရဲ့ တစ်နေ့တာ စားသောက်တဲ့ပုံစံနဲ့ လေ့ကျင့်ခန်း

သူ(မ) ကြိုက်နှစ်သက်တဲ့အရာတွေကို ဆက်သွားကြည့်ကြမယ်နော်။ အကြိုက်ဆုံး Marvel ရုပ်ရှင်တွေကတော့ – The First Iron Man series ပဲ ဖြစ်ပါတယ်။ သူ(မ)ရဲ့ အိုင်ဒေါတွေကတော့ Marion Cotillard နဲ့ Yunjin Kim  (Lost ရုပ်ရှင်ဇာတ်ကားမှ)တို့ဖြစ်ပြီး ဖြစ်နိုင်ရင် သူတို့နဲ့ အတူတွဲပြီး အလုပ်လုပ်ချင်ပါတယ်တဲ့။

သူ(မ) ရဲ့ အရွယ်တင်နုပျိုနေရတဲ့ အဓိကအကြောင်းအရင်းကတော့ ကျန်းမာရေးနဲ့ ညီညွတ်စွာ နေထိုင်စားသောက်တတ်တဲ့ သူ(မ) ရဲ့ lifestyle (ဘဝနေထိုင်မှု ပုံစံ)ကြောင့်ပါ။ အသီးအရွက်နဲ့ အသားငါးတွေကို သင့်တင့်မျှတစွာစားသုံးပြီး ကိုယ်လက်လှုပ်ရှားမှုနဲ့ လေ့ကျင့်ခန်းတွေကိုလည်း စနစ်တကျလုပ်တတ်သူပါ။ တိရစ္ဆာန်လေးတွေကို အရမ်းချစ်တတ်ပြီး နေ့စဉ်ဘဝကို ရိုးရှင်းစွာဖြတ်သန်းတတ်သူမို့ အားလုံးက မတ်မတ်ဆိုပြီး သည်းသည်းလှုပ်ချစ်နေကြတာ မဆန်းပါဘူးနော်။

မနက်စာပါတဲ့ (လုံးဝ သေချာတွက်ပြီး စားတာနော် သွားနောက်လို့တော့ မရဘူး)
Vegan ဘာဂါပါတဲ့
ဒါကတော့ နေ့လယ်စာ

ယောင်းယောင်းတို့တော့မသိဘူး။ အက်မင်ကတော့ မတ်မတ်နီလေးကို ကြွေလိုသေရပါတော့မယ်နော်။ အဓိကက မိန်းကလေးတွေ အားကစားလိုက်စားပြီး ထိန်းသိမ်းတတ်ရင် သဘောကျပါတယ်ဆိုမှ သူ့အစားအစာတွေကို သေချာပြင်ဆင်ပြီး စားသောက်တယ်ဆိုတာ သိလိုက်တော့ လုံးဝကို idol စစ်စစ်ပါပဲ။ နိုဝင်ဘာလ ရုပ်ရှင်တင်ရင်တော့ ရှေ့ဆုံးကနေပြေးပြီး သွားငမ်းတော့မှာပါနော်။ 

Hnin Ei Oo (For Her Myanmar)

References : imdbinterviewmagazine, wikipedia

No Comments Yet

Comments are closed