ဇာတ်ဝင်ခန်း တူတူတွဲရိုက်ဖို့ ငြင်းဆိုကြတဲ့ ဟောလိဝုဒ် အနုပညာရှင်များ

ဘယ်လိုတွေတောင် မတည့်ကြတာပါလိမ့်နော်..

ကိုယ်နဲ့ မတည့်တဲ့သူဆိုရင် အဲ့ဒီလူ ဘာကြီးပဲလုပ်လုပ် ကြည့်မရတာက ထုံးစံပဲလေနော်။ တစ်ခါတလေ အလုပ်ခွင်ထဲမှာတောင် ကိုယ်နဲ့မတည့်တဲ့ လုပ်ဖော်ကိုင်ဖက်ဆိုရင် ဝေးဝေးက ရှောင်ချင်ပေမဲ့ အလုပ်ခွင်မှာ ကလေးဆန်လို့ မရတာကြောင့် အောင့်အီးသည်းခံနေရတာမှ အများကြီးပဲ. ..ဟိဟိ။ ဟောလိဝုဒ် ကြယ်ပွင့်တွေမှာလည်း တစ်ယောက်ကို တစ်ယောက် ကြည့်မရလို့ ဇာတ်ဝင်ခန်းတူတူ တွဲမရိုက်ချင်တဲ့ အနုပညာရှင်တွေ ရှိပါသတဲ့။ သူတို့ဆီက ရုပ်ရှင် တစ်ကားမှာ မင်းသား ၊ မင်းသမီး အင်အား အများကြီး သုံးကြတယ်ဆိုတော့ တစ်ယောက်နဲ့ တစ်ယောက်ရှောင်ဖို့က လွယ်တော့ မလွယ်ဘူးရယ်။

ဘယ်လို အနုပညာရှင်တွေကများ တူတူတွဲမရိုက်ချင်ကြတာလဲ ကြည့်ကြမယ်နော်..

Dwayne Johnson နဲ့ Vin Diesel

The Fast and The Furious လုပ်ငန်းရဲ့ ရှစ်ခုမြောက် ရုပ်ရှင်ရိုက်ကူးတဲ့ အတွေ့အကြုံကို Johnson က သူ့ရဲ့ အင်စတာဂရမ်မှာ တင်လိုက်ပြီး သကာလ ၂၀၁၆ ခုနှစ် သတင်းခေါင်းစဉ်တစ်ခုမှာ The Rock (Dwayne Johnson)နဲ့ Vin Diesel တို့ကြား ရန်ငြိုးတွေ ရှိနေပါတယ်ဆိုပြီး ဖော်ပြခဲ့တာပါ။ The Rock က သူနဲ့ တွဲဖက်သရုပ်ဆောင်တဲ့ မင်းသမီးတွေက အဆင်ပြေပေမဲ့ နောင်တရမိတာကတော့ တွဲဖက်မင်းသားတွေကြောင့်လို့ ဆိုပါတယ်။ အချို့မင်းသားတွေက သူတို့ကိုယ်သူတို့ ဆရာကြီး စတိုင်ဖမ်းပြီး သူတို့လို မနေတဲ့လူတွေကို သတ္တိကြောင်တယ်လို့ ထင်ကြတယ်ဆိုပြီး မကျေနပ်ချက်ကို ရေးတင်ခဲ့တာပါ။

Johnson ရဲ့ စာထဲက မင်းသားဆိုသူက ဘယ်သူ့ကို ရည်ရွယ်လဲ ဆိုတာကတော့ The Fate of the Furious ရိုက်ကူးနေစဉ် အတောအတွင်း သူနဲ့ Diesel တို့ ဘယ် ဇာတ်ဝင်ခန်းမှ တူတူတွဲမရိုက်နိုင်ဘူးဆိုတာကို အတည်ပြုပြောကြားလိုက်တာကြောင့် ပိုသေချာသွားတာ ဖြစ်ပါတယ်။ နှစ်ဦးသား ရုပ်ရှင်ဖန်တီးရာနဲ့ တွဲဖက်သရုပ်ဆောင်တဲ့နေရာမှာ အခြေခံ သဘောတရား အမြင်ချင်း မတူဘူးဆိုတာ ကျွန်တော်နားလည်လိုက်ပါတယ်။ ကျွန်တော်တို့ နောက်ထပ်တူတူ တွဲရိုက်သည်ဖြစ်စေ တွဲမရိုက်သည်ဖြစ်စေ သူ့ကို အကောင်းဆုံး ဖြစ်ပါစေလို့ဆန္ဒပြုပါတယ်ဆိုပြီး ပြောခဲ့တာ ဖြစ်ပါတယ်။

သေချာတာတစ်ခုကတော့ သူတို့နှစ်ဦးတူတူ ပါဝင်တဲ့ ရုပ်ရှင်ကားတွေကို ကြည့်ရမှာ မဟုတ်တော့ဘူး ဆိုတာပါ။

Lena Headey နဲ့ Jerome Flynn

Game of Thrones ရုပ်ရှင်ဟာဆိုရင် ဇာတ်ကွက်တွေများသလို ဇာတ်ဆောင်တွေလည်း စွယ်စုံပါဝင်တာဖြစ်ပါတယ်။ ဒီလို ရုပ်ရှင်မျိုး ရိုက်ကူးနေတုန်း အချို့ မင်းသားတွေ တစ်ယောက်ကို တစ်ယောက် မျက်စိစပါးမွှေးစူးလည်း စူးချင်စရာပဲလေနော်။ Game of Thrones အပိုင်း ၃ မှာ ဇာတ်ဝင်ခန်းတိုတိုလေး တွဲရိုက်ပြီးနောက်ပိုင်း Cerise Lannister အဖြစ် သရုပ်ဆောင်ထားတဲ့ Lena Headey နဲ့ သူ့ရဲ့အစ်ကို သက်တော်စောင့် Bronn အဖြစ် သရုပ်ဆောင်တဲ့ Jerome Flynn တို့က နောက်ထပ်ဘယ်တော့မှ တူတူတွဲပြီး သရုပ်မဆောင်တော့ဘူး ဆိုတာပါ။

တယ်လီဂရပ်သတင်းဌာနရဲ့ ပြောစကားအရ Headey နဲ့ Flynn တို့က ၂၀၀၂ ခုနှစ်နောက်ပိုင်း ရိုက်ကွင်းမှာ တစ်ခန်းတည်းတူတူနားဖို့ ငြင်းဆန်တာက စတင်ပြီး နောက်ပိုင်းတဖြည်းဖြည်း ဇာတ်လမ်းတွဲ တူတူတွဲရိုက်ဖို့တောင် ငြင်းဆန်ခဲ့တဲ့ အထိပဲလို့ ဆိုပါတယ်။

Julianna Margulies နဲ့ Archie Panjabi

The Good Wife ရုပ်ရှင်ရဲ့ season နှစ်ခုလုံးမှာ Alicia နဲ့ Kalinda အဖြစ် အသီးသီးသရုပ်ဆောင်ခဲ့ကြတဲ့ သူတို့ နှစ်ဦးက Alicia ရဲ့ ခင်ပွန်းသည်နဲ့ Kalinda က တစ်ညအိပ်ခဲ့ဖူးတယ်ဆိုတဲ့ ဇာတ်ဝင်ခန်းကို ရိုက်နေတဲ့အထိ သူငယ်ချင်းကောင်းတွေပဲ ရှိပါသေးတယ်။ အဲဒီနောက်ပိုင်းမှာတော့ သူတို့နှစ်ဦးက ခပ်တန်းတန်းနေပြီး ဇာတ်ဝင်ခန်းတွေ အတူတူ တွဲမရိုက်တော့ပါဘူး။

ဇာတ်လမ်းတစ်ခုမှာ အခန်းတစ်နေရာ တူတူတွဲ သရုပ်ဆောင်လိုက်တာကက သူတို့နှစ်ဦး လုံးဝဇာတ်လမ်းတွဲ တူတူတွဲမရိုက်တော့တဲ့ အဓိက အကြောင်းရင်းဖြစ်တယ်လို့ ကောလဟာလတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

Margulies ကတော့ ဇာတ်လမ်းက အပိုင်းတိုတဲ့အတွက် ခွဲပြီးသရုပ်ဆောင်ခဲ့တာလို့ ဆိုပေမဲ့ Panjabi ကတော့ The Fall ဆိုတဲ့ ရုပ်သံရှိုးတစ်ခုမှာ ရိုက်ကူးနေရင်းနဲ့ နယူးယော့ခ်မှာ ဇာတ်လမ်းတွဲရိုက်ကူးဖို့ အဆင့်သင့်ဖြစ်နေပြီဆိုပြီး တင်ခဲ့တာဖြစ်ပါတယ်။

Related Article >>> မယုံကြည်နိုင်လောက်အောင် အံ့မခန်းနုပျိုနေတဲ့ ကိုရီးယားဆယ်လီများ

Channing Tatum နဲ့ Emma Watson

၂၀၁၃ ခုနှစ် ရုပ်ရှင် “This is the End” ရိုက်ကူးမှုမှာ ပါဝင်ခဲ့တဲ့ နာမည်ကြီး ဇာတ်ရံတစ်ယောက်ရဲ့ ပြောစကားအရ မင်းသမီး Emma က Channing Tatum အဝတ်ဗလာနဲ့ ကတဲ့ အခန်းရိုက်နေတာကို မြင်တဲ့အခါ ရိုက်ကွင်းက ထွက်သွားပြီး ဆက်လက်ရိုက်ကူးဖို့ ငြင်းဆန်ခဲ့တယ်လို့ သိရပါတယ်။ မင်းသား Tatum က ဒီလိုမျိုး အဝတ်ဗလာနဲ့ကလေ့ရှိတဲ့ မင်းသားတစ်လက်ဆိုတာကိုတော့ Emma က သိခဲ့ပေမဲ့ ဒီလိုမျိုး နဖူးတွေ့ ဒူးတွေ့မြင်ရတဲ့ အခါမှာတော့ ဇာတ်ဝင်ခန်း ၃ မိနစ်စာ ရိုက်နေတုန်း Tatum ရဲ့ အပြုအမူတွေက sexy အရမ်းဆန်တာကို စိတ်ပျက်ပြီး ဆက်မရိုက်တော့ဘူးလို့ သိရပါတယ်။ ဇာတ်ဝင်ခန်း တစ်ဝက်တပြတ်မှာ ဆက်မရိုက်တော့ဘဲ ထွက်သွားတဲ့ မင်းသမီး Emma ကို သဘောထားသေးသိမ်တဲ့ မင်းသမီးဆိုပြီး ဝေဖန်တာတွေလည်း ပေါ်ထွက်ခဲ့ပါတယ်။ သေချာတာကတော့ သူတို့နှစ်ဦး ဘယ်တော့မှ ပြန်တွဲမရိုက်တာ့ဘူး ဆိုတာပါ။

Julia Robert နဲ့ Nick Nolte

1994 ခုနှစ်ရုပ်ရှင် “I Love Trouble” မှာ ပါဝင်သရုပ်ဆောင်ထားတဲ့ Julia Robert နဲ့ Nick Nolte တို့က တစ်ယေက်ကို တစ်ယောက် သည်းမခံနိုင်ကြပါဘူးတဲ့။ ဂျူလီယာရောဘတ်က နစ်ခ်ရဲ့ ယောက်ျားမာန်ကို ဂရုမစိုက်ပြခဲ့သလို လှောင်ပြောင်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဂျူလီယာရောဘတ်ရဲ့ သဘောထားတွေကို စိတ်ပျက်မိသလို ထပ်ပြီး သည်းမခံနိုင်ဘူးလို့ နစ်ခ်က ဆိုပါတယ်။ ဂျူလီယာရောဘတ်ကလည်း နစ်ခ်က သဘောကောင်းပြီး ရည်မွန်ပေမဲ့ လုံးဝစိတ်ပျက်စရာပဲဆိုပြီး ပြန်ပြောခဲ့ပါတယ်။

With love,

Ei Mon (For Her Myanmar)

References : nikiswift, americaspotlight.com

No Comments Yet

Comments are closed