Celebrity News

ေတလာဆြစ္ဖ္ အတြက္နဲ႔ ဂယက္ေတြ ထေနတဲ့ အေနာက္ႏိုင္ငံရဲ႕ ဂီတေလာက

ေယာင္းတို႔ကေရာ ဘယ္ဘက္ကလဲ?

ဒီ သပြတ္အူဇာတ္လမ္းရဲ႕ အစကေတာ့ မတ္မတ္ ေတလာရဲ႕ ထြက္ရွိၿပီးသား သီခ်င္းအယ္လ္ဘမ္ ေျခာက္ခ်ပ္စလံုးရဲ႕ မူပုိင္ခြင့္ေတြကို သူ(မ)ရဲ႕ ရန္သူေတာ္ႀကီး Scooter Braun က ဝယ္ယူလိုက္တာကေန စပါတယ္။ ေတလာ ဆယ္ေက်ာ္သက္အရြယ္က စာခ်ဳပ္ခ်ဳပ္ထားၿပီး အႏုပညာလမ္းေၾကာင္းေဖာက္ခြင့္ရခဲ့တဲ့ Big Machine Records ကုမၸဏီရဲ႕ CEO Scott ဆီကေန အယ္လ္ဘမ္ (၆) ခ်ပ္လံုးရဲ႕ မူပိုင္ခြင့္ကို Scooter က ဝယ္ယူသြားတာပါ။

ေတလာက အဆိုေတာ္ေပါက္စ ဘဝကေန ကမၻာေက်ာ္ျဖစ္တဲ့အထိ Big Machine Label နဲ႔ စာခ်ဳပ္ခဲ့ၿပီး ၂၀၁၈ ခုႏွစ္ ႏိုဝင္ဘာလမွာေတာ့ Universal Music Group နဲ႔ စာခ်ဳပ္အသစ္ ခ်ဳပ္ဆိုလိုက္တာ ျဖစ္ပါတယ္။ ခုခ်ိန္မွာေတာ့ Universal နဲ႔ စတင္လက္တြဲၿပီး Lover အယ္လ္ဘမ္ကိုလည္း မၾကာခင္မွာ ထြက္ရွိေတာ့မွာပါ။

Related Article >>> ေဟာလိဝုဒ္ကို တုန္လႈပ္ေစခဲ့တဲ့ အမ်ိဳးသမီးသတင္းေထာက္ႏွစ္ဦး Jodi Kantor and Megan Twohey

အသက္ ၁၅ ႏွစ္ အရြယ္မွာ ခ်ဳပ္ဆိုခဲ့မိတဲ့ စာခ်ဳပ္ေလးတစ္ခုေၾကာင့္ ကိုယ္ တစ္ဘဝလံုးလုပ္ခဲ့ရတဲ့ ဂီတေတြကို ေဒၚလာ သန္း (၃၀၀) နဲ႔ Scooter Braun က ပိုင္သြားတာမို႔ ေတလာက တအားေတြကို စိတ္ပ်က္သြားရတာပါ။ မူပိုင္ခြင့္ကို Scooter Braun က ပိုင္သြားရံုနဲ႔ ေတလာက ဘာလို႔ အဲဒီလုိေတြ ခံစားေနရတာလဲ၊ ဒီလိုပဲ ေရာင္းေနၾကတာပဲ မဟုတ္လားလို႔ ေမးခြန္း ထုတ္စရာ ျဖစ္လာရင္ေတာ့ ရာဇဝင္ကို ဒီလုိ ျပန္လွန္ၾကည့္ၾကရေအာင္…

Kim Kardashian နဲ႔ ေတလာ ေျပာထားတဲ့ ဖုန္းေကာလ္ အသံဖိုင္ရဲ႕ တစ္ပိုင္းတစ္စကို ျဖတ္ၿပီး အျပင္ကို ျဖန္႔ခဲ့တဲ့ အျဖစ္ၿပီးတဲ့ေနာက္ Kanye West ထုတ္လိုက္တဲ့ MV မွာ ေတလာမ်က္ႏွာနဲ႔ ကိုယ္လံုးတီး ပံုစံ ထည့္တာမ်ိဳး လုပ္ခဲ့ေတာ့ အဲဒီအခ်ိန္မွာတည္းက ေတလာက အေတာ္ႀကီး ေစာ္ကားခံရတယ္လို႔ ခံစားေနရပါၿပီ။ ဒီအခ်ိန္မွာ ဂ်က္စတင္ဘီဘာက Kanye West နဲ႔ Scooter ကို ဗီဒီယို call ေခၚထားတဲ့ ပံုႀကီးနဲ႔ caption မွာလည္း “Taylor Swift What up” ဆိုၿပီး ေကာက္တင္လိုက္တာမို႔ ဒီအျဖစ္ေတြ ျဖစ္တာေတာင္ သူ႕ကို ေလွာင္ရက္ၾကတယ္ဆိုၿပီး ေတလာ အရမ္းကို စိတ္ဆိုးခဲ့တာပါ။

ဒါေၾကာင့္လည္း ေတလာက “Scott လက္ထဲမွာ မူပိုင္ခြင့္ေတြ ထားခဲ့ကတည္းက သူေရာင္းပစ္မယ္ဆိုတာ သိတယ္။ ဒါေပမဲ့ Scooter ကို ေရာင္းလိုက္မယ္လို႔ စိတ္ေတာင္ မကူးခဲ့ဘူး။ ခုေတာ့ Scooter လက္ထဲ ကၽြန္မရဲ႕ အႏုပညာေတြ အားလံုး ေရာက္သြားၿပီ။ ကၽြန္မကို ေစာ္ကားခဲ့တဲ့သူဆီေလ” ဆိုၿပီး ခံျပင္းမႈေတြနဲ႔ စာေရးၿပီး Tumblr မွာ တင္ခဲ့တာပါ။

 

ဒီမွာဆို ေတလာ ဘယ္ေလာက္ခံစားေနရလဲ သိသာပါတယ္။ “ဒါ ကၽြန္မ ဒုကၡအတိေရာက္ေနတုန္း Scooter Braun က ကၽြန္မကို Social Media ေပၚမွာ ေစာ္ကားခဲ့တာပါ။ ခုေတာ့ ကၽြန္မ တစ္ဘဝလံုး လုပ္ခဲ့တဲ့ ဂီတေတြကို သူပိုင္ေတာ့မယ္တဲ့” လို႔ တင္ခဲ့တာပါ။

ဒါေပမဲ့ ဂ်က္စတင္ဘီဘာက အဲဒီတုန္းက သူတင္ထားတဲ့ post ကို ဖ်က္ၿပီး Scooter နဲ႔ သူဟာ အလုပ္တြဲလုပ္ဖူးတာမို႔ ဒီေလာက္ႀကီးထိ တစ္ေယာက္နဲ႔ တစ္ေယာက္ အျမင္မေစာင္းသင့္ေၾကာင္း ေျပာခ်င္ရံုျဖစ္ၿပီး ေတလာ့ကို ဖဲ့မလို႔ ရြဲ႕မလို႔ ဆိုတဲ့ စိတ္မ်ိဳး လံုးဝ မရွိဘူးဆိုၿပီး ျပန္ရွင္းျပခဲ့ေပမဲ့ ေတလာ ဒီလိုေတြ လုပ္ေနတာဟာ လူေတြက Scooterကို လူမုန္းမ်ားေအာင္ တမင္လုပ္တာနဲ႔ တူေနလို႔ ခုလို မလုပ္သင့္ဘူးဆိုၿပီးလည္း ေျပာထားပါေသးတယ္။

Related Article >>> ဇာတ္ဝင္ခန္း တူတူတြဲရိုက္ဖို႕ ျငင္းဆိုၾကတဲ့ ေဟာလိဝုဒ္ အႏုပညာရွင္မ်ား

ဒီလိုမ်ိဳးေတြ ျဖစ္ေနခ်ိန္မွာ Hailey ကလည္း သူ႔ေယာက်္ား JB ရဲ႕ Tweet ေအာက္မွာ “gentleman” ဆိုၿပီး မန္႔လိုက္တဲ့အျပင္ JB ရဲ႕ အေမကလည္း ဘာလို႔သေဘာထားေတြ ကြဲေနရမွာလဲ။ ခ်စ္ျခင္းသည္သာ ေအာင္ျမင္ရာပါ ဆိုၿပီး တင္ခဲ့ပါေသးတယ္။ (မင္မင္ ဘာသာျပန္လိုက္တာ ျမန္မာေတြမ်ား အရမ္းဆန္သြားလား :3 )

 

ဒီအခ်ိန္မွာ ေတလာဘက္ကေန ကူၿပီး ဂ်က္စတင္ဘီဘာကို ဝိုင္းေျပာေပးတဲ့သူဆိုလို႔ ေမာ္လ္ဒယ္ Cara Delevingne တစ္ေယာက္ပဲ ရွိပါတယ္။ Cara မန္႔လိုက္တာကိုက်ေတာ့ JB က ဖ်က္လိုက္တာမို႔ Cara ဟာ သူ႕ ကြန္မန္႔ကို Screenshot ရိုက္ၿပီး My Day မွာ တင္ခဲ့တာပါ။

စိတ္ဝင္စားစရာေကာင္းတာက အရင္ ေတလာ့ သူငယ္ခ်င္း အရင္းႀကီးျဖစ္တဲ့ Demi Lovato ကေတာ့ Scooter ဘက္က ျပန္ၿပီး တံု႔ျပန္ခဲ့ပါတယ္။ သူ ဒီေလာကထဲမွာ က်င္လည္ရင္း မေကာင္းတဲ့သူေတြနဲ႔ ၾကံဳခဲ့ရေပမဲ့ Scooter ကေတာ့ ဒီလိုလူမ်ိဳး မဟုတ္ေၾကာင္း၊ တျခားလူေတြကို ဆြဲမခ်သင့္ေၾကာင္း၊ အႏိုင္မက်င့္သင့္ေၾကာင္း နဲ႔ ကမာၻႀကီးမွာ အမုန္းေတြ ျပည့္ႏွက္ေနၿပီးသားမို႔ ေတာ္ေလာက္ၿပီဆိုတဲ့အေၾကာင္း တံု႔ျပန္ထားခဲ့ပါတယ္။

Selena Gomez ရဲ႕ ေမေမကေတာ့ ေတလာ့ဘက္ကေနၿပီး “ကိုယ္ဖန္တီးထားတဲ့ အႏုပညာလက္ရာေတြကို ကိုယ္ပိုင္ဆိုင္ခြင့္မရတာ ဝမ္းနည္းစရာပဲ” ရယ္လို႔ ေရးသား ရပ္တည္ေပးခဲ့ပါတယ္။

Ariana Grande နဲ႔ အျခားေသာ Scooter လက္ေအာက္က အႏုပညာရွင္ေတြကိုေတာ့ ဒီအေျခအေနကေန ေဝးေဝးေနဖို႔ ဘာမွမေျပာဖို႔ ဖိအားေတြ ေပးထားတယ္လို႔ Variety က ဆိုပါတယ္။ ဒါဆို Demi တို႔ JB တို႔ကိုက် ဘာလို႔ ေျပာခြင့္ေပးထားတာလဲဆိုတာ စဥ္းစားစရာပါပဲ။ Ari က Petition မွာ Sign ဝင္ထိုးထားလို႔ ေျပာခြင့္ပိတ္ထားတာလို႔လည္း ေျပာေနၾကပါတယ္။

ေနာက္ၿပီး ေတလာ့သတင္းကို ၾကားၿပီးတဲ့ေနာက္ Big Machine နဲ႔ လက္တြဲေနတဲ့ Delta Rae Country အဖြဲ႕ဟာ ခ်က္ခ်င္း ႏႈတ္ထြက္ခဲ့ပါတယ္တဲ့။

ေတလာဆြစ္ဖ္က မူပိုင္သီခ်င္းေခြေတြကို ျပန္ဆိုခြင့္ရေရးအတြက္ေတာ့ ေဟာလိဝုဒ္တင္မကဘူး တစ္ကမၻာလံုးက အႏုပညာရွင္ေတြကလည္း petition မွာ ဝင္ၿပီး Sign ေတြ ထိုးေနၾကပါၿပီ။ တကယ္လို႔ ေယာင္းေယာင္းတို႔ထဲမွာ Swifties ေလးေတြ ရွိခဲ့မယ္ဆိုရင္ ဒီလင့္ခ္ေလးမွာ သြားၿပီး Sign ထိုးလို႔ ရပါတယ္ေနာ္…

ဘယ္လိုေတြ ဆက္ျဖစ္မလဲဆိုတာကေတာ့ မၾကာမီ လာမည္ေမွ်ာ္ေပါ့ေနာ္။

With love

Ei Mon (For Her Myanmar)

Reference: bbc, koamnewsnow , usmagazine

<<< Unicode >>>

ယောင်းတို့ကရော ဘယ်ဘက်ကလဲ?

ဒီ သပွတ်အူဇာတ်လမ်းရဲ့ အစကတော့ မတ်မတ် တေလာရဲ့ ထွက်ရှိပြီးသား သီချင်းအယ်လ်ဘမ် ခြောက်ချပ်စလုံးရဲ့ မူပိုင်ခွင့်တွေကို သူ(မ)ရဲ့ ရန်သူတော်ကြီး Scooter Braun က ဝယ်ယူလိုက်တာကနေ စပါတယ်။ တေလာ ဆယ်ကျော်သက်အရွယ်က စာချုပ်ချုပ်ထားပြီး အနုပညာလမ်းကြောင်းဖောက်ခွင့်ရခဲ့တဲ့ Big Machine Records ကုမ္ပဏီရဲ့ CEO Scott ဆီကနေ အယ်လ်ဘမ် (၆) ချပ်လုံးရဲ့ မူပိုင်ခွင့်ကို Scooter က ဝယ်ယူသွားတာပါ။

တေလာက အဆိုတော်ပေါက်စ ဘဝကနေ ကမ္ဘာကျော်ဖြစ်တဲ့အထိ Big Machine Label နဲ့ စာချုပ်ခဲ့ပြီး ၂၀၁၈ ခုနှစ် နိုဝင်ဘာလမှာတော့ Universal Music Group နဲ့ စာချုပ်အသစ် ချုပ်ဆိုလိုက်တာ ဖြစ်ပါတယ်။ ခုချိန်မှာတော့ Universal နဲ့ စတင်လက်တွဲပြီး Lover အယ်လ်ဘမ်ကိုလည်း မကြာခင်မှာ ထွက်ရှိတော့မှာပါ။

Related Article >>> ဟောလိဝုဒ်ကို တုန်လှုပ်စေခဲ့တဲ့ အမျိုးသမီးသတင်းထောက်နှစ်ဦး Jodi Kantor and Megan Twohey

အသက် ၁၅ နှစ် အရွယ်မှာ ချုပ်ဆိုခဲ့မိတဲ့ စာချုပ်လေးတစ်ခုကြောင့် ကိုယ် တစ်ဘဝလုံးလုပ်ခဲ့ရတဲ့ ဂီတတွေကို ဒေါ်လာ သန်း (၃၀၀) နဲ့ Scooter Braun က ပိုင်သွားတာမို့ တေလာက တအားတွေကို စိတ်ပျက်သွားရတာပါ။ မူပိုင်ခွင့်ကို Scooter Braun က ပိုင်သွားရုံနဲ့ တေလာက ဘာလို့ အဲဒီလိုတွေ ခံစားနေရတာလဲ၊ ဒီလိုပဲ ရောင်းနေကြတာပဲ မဟုတ်လားလို့ မေးခွန်း ထုတ်စရာ ဖြစ်လာရင်တော့ ရာဇဝင်ကို ဒီလို ပြန်လှန်ကြည့်ကြရအောင်…

Kim Kardashian နဲ့ တေလာ ပြောထားတဲ့ ဖုန်းကောလ် အသံဖိုင်ရဲ့ တစ်ပိုင်းတစ်စကို ဖြတ်ပြီး အပြင်ကို ဖြန့်ခဲ့တဲ့ အဖြစ်ပြီးတဲ့နောက် Kanye West ထုတ်လိုက်တဲ့ MV မှာ တေလာမျက်နှာနဲ့ ကိုယ်လုံးတီး ပုံစံ ထည့်တာမျိုး လုပ်ခဲ့တော့ အဲဒီအချိန်မှာတည်းက တေလာက အတော်ကြီး စော်ကားခံရတယ်လို့ ခံစားနေရပါပြီ။ ဒီအချိန်မှာ ဂျက်စတင်ဘီဘာက Kanye West နဲ့ Scooter ကို ဗီဒီယို call ခေါ်ထားတဲ့ ပုံကြီးနဲ့ caption မှာလည်း “Taylor Swift What up” ဆိုပြီး ကောက်တင်လိုက်တာမို့ ဒီအဖြစ်တွေ ဖြစ်တာတောင် သူ့ကို လှောင်ရက်ကြတယ်ဆိုပြီး တေလာ အရမ်းကို စိတ်ဆိုးခဲ့တာပါ။

ဒါကြောင့်လည်း တေလာက “Scott လက်ထဲမှာ မူပိုင်ခွင့်တွေ ထားခဲ့ကတည်းက သူရောင်းပစ်မယ်ဆိုတာ သိတယ်။ ဒါပေမဲ့ Scooter ကို ရောင်းလိုက်မယ်လို့ စိတ်တောင် မကူးခဲ့ဘူး။ ခုတော့ Scooter လက်ထဲ ကျွန်မရဲ့ အနုပညာတွေ အားလုံး ရောက်သွားပြီ။ ကျွန်မကို စော်ကားခဲ့တဲ့သူဆီလေ” ဆိုပြီး ခံပြင်းမှုတွေနဲ့ စာရေးပြီး Tumblr မှာ တင်ခဲ့တာပါ။

 

ဒီမှာဆို တေလာ ဘယ်လောက်ခံစားနေရလဲ သိသာပါတယ်။ “ဒါ ကျွန်မ ဒုက္ခအတိရောက်နေတုန်း Scooter Braun က ကျွန်မကို Social Media ပေါ်မှာ စော်ကားခဲ့တာပါ။ ခုတော့ ကျွန်မ တစ်ဘဝလုံး လုပ်ခဲ့တဲ့ ဂီတတွေကို သူပိုင်တော့မယ်တဲ့” လို့ တင်ခဲ့တာပါ။

ဒါပေမဲ့ ဂျက်စတင်ဘီဘာက အဲဒီတုန်းက သူတင်ထားတဲ့ post ကို ဖျက်ပြီး Scooter နဲ့ သူဟာ အလုပ်တွဲလုပ်ဖူးတာမို့ ဒီလောက်ကြီးထိ တစ်ယောက်နဲ့ တစ်ယောက် အမြင်မစောင်းသင့်ကြောင်း ပြောချင်ရုံဖြစ်ပြီး တေလာ့ကို ဖဲ့မလို့ ရွဲ့မလို့ ဆိုတဲ့ စိတ်မျိုး လုံးဝ မရှိဘူးဆိုပြီး ပြန်ရှင်းပြခဲ့ပေမဲ့ တေလာ ဒီလိုတွေ လုပ်နေတာဟာ လူတွေက Scooterကို လူမုန်းများအောင် တမင်လုပ်တာနဲ့ တူနေလို့ ခုလို မလုပ်သင့်ဘူးဆိုပြီးလည်း ပြောထားပါသေးတယ်။

Related Article >>> ဇာတ်ဝင်ခန်း တူတူတွဲရိုက်ဖို့ ငြင်းဆိုကြတဲ့ ဟောလိဝုဒ် အနုပညာရှင်များ

ဒီလိုမျိုးတွေ ဖြစ်နေချိန်မှာ Hailey ကလည်း သူ့ယောကျ်ား JB ရဲ့ Tweet အောက်မှာ “gentleman” ဆိုပြီး မန့်လိုက်တဲ့အပြင် JB ရဲ့ အမေကလည်း ဘာလို့သဘောထားတွေ ကွဲနေရမှာလဲ။ ချစ်ခြင်းသည်သာ အောင်မြင်ရာပါ ဆိုပြီး တင်ခဲ့ပါသေးတယ်။ (မင်မင် ဘာသာပြန်လိုက်တာ မြန်မာတွေများ အရမ်းဆန်သွားလား :3 )

 

ဒီအချိန်မှာ တေလာဘက်ကနေ ကူပြီး ဂျက်စတင်ဘီဘာကို ဝိုင်းပြောပေးတဲ့သူဆိုလို့ မော်လ်ဒယ် Cara Delevingne တစ်ယောက်ပဲ ရှိပါတယ်။ Cara မန့်လိုက်တာကိုကျတော့ JB က ဖျက်လိုက်တာမို့ Cara ဟာ သူ့ ကွန်မန့်ကို Screenshot ရိုက်ပြီး My Day မှာ တင်ခဲ့တာပါ။

စိတ်ဝင်စားစရာကောင်းတာက အရင် တေလာ့ သူငယ်ချင်း အရင်းကြီးဖြစ်တဲ့ Demi Lovato ကတော့ Scooter ဘက်က ပြန်ပြီး တုံ့ပြန်ခဲ့ပါတယ်။ သူ ဒီလောကထဲမှာ ကျင်လည်ရင်း မကောင်းတဲ့သူတွေနဲ့ ကြုံခဲ့ရပေမဲ့ Scooter ကတော့ ဒီလိုလူမျိုး မဟုတ်ကြောင်း၊ တခြားလူတွေကို ဆွဲမချသင့်ကြောင်း၊ အနိုင်မကျင့်သင့်ကြောင်း နဲ့ ကမ္ဘာကြီးမှာ အမုန်းတွေ ပြည့်နှက်နေပြီးသားမို့ တော်လောက်ပြီဆိုတဲ့အကြောင်း တုံ့ပြန်ထားခဲ့ပါတယ်။

Selena Gomez ရဲ့ မေမေကတော့ တေလာ့ဘက်ကနေပြီး “ကိုယ်ဖန်တီးထားတဲ့ အနုပညာလက်ရာတွေကို ကိုယ်ပိုင်ဆိုင်ခွင့်မရတာ ဝမ်းနည်းစရာပဲ” ရယ်လို့ ရေးသား ရပ်တည်ပေးခဲ့ပါတယ်။

Ariana Grande နဲ့ အခြားသော Scooter လက်အောက်က အနုပညာရှင်တွေကိုတော့ ဒီအခြေအနေကနေ ဝေးဝေးနေဖို့ ဘာမှမပြောဖို့ ဖိအားတွေ ပေးထားတယ်လို့ Variety က ဆိုပါတယ်။ ဒါဆို Demi တို့ JB တို့ကိုကျ ဘာလို့ ပြောခွင့်ပေးထားတာလဲဆိုတာ စဉ်းစားစရာပါပဲ။ Ari က Petition မှာ Sign ဝင်ထိုးထားလို့ ပြောခွင့်ပိတ်ထားတာလို့လည်း ပြောနေကြပါတယ်။

နောက်ပြီး တေလာ့သတင်းကို ကြားပြီးတဲ့နောက် Big Machine နဲ့ လက်တွဲနေတဲ့ Delta Rae Country အဖွဲ့ဟာ ချက်ချင်း နှုတ်ထွက်ခဲ့ပါတယ်တဲ့။

တေလာဆွစ်ဖ်က မူပိုင်သီချင်းခွေတွေကို ပြန်ဆိုခွင့်ရရေးအတွက်တော့ ဟောလိဝုဒ်တင်မကဘူး တစ်ကမ္ဘာလုံးက အနုပညာရှင်တွေကလည်း petition မှာ ဝင်ပြီး Sign တွေ ထိုးနေကြပါပြီ။ တကယ်လို့ ယောင်းယောင်းတို့ထဲမှာ Swifties လေးတွေ ရှိခဲ့မယ်ဆိုရင် ဒီလင့်ခ်လေးမှာ သွားပြီး Sign ထိုးလို့ ရပါတယ်နော်…

ဘယ်လိုတွေ ဆက်ဖြစ်မလဲဆိုတာကတော့ မကြာမီ လာမည်မျှော်ပေါ့နော်။

With love

Ei Mon (For Her Myanmar)

Reference: bbc, koamnewsnow , usmagazine

Ei Mon
Ei Mon
For Her Myanmar ရဲ႕တက္သစ္စ ေဆာင္းပါးရွင္ အိမြန္ျဖစ္ပါတယ္။ စာေရးရတာ ဝါသနာ ပါပါတယ္။ ေဆာင္းပါးေတြကတစ္ဆင့္ စိတ္ကူးေလးေတြကို ေယာင္းတို႕ရဲ႕ ရင္ထဲအေရာက္ ပို႕ေပးခ်င္ပါတယ္။ အထူးအားသာတာကေတာ့ အႏုပညာရွင္သတင္းေတြပဲ ျဖစ္ပါတယ္။ အိမြန္ရဲ႕ လက္ရာေဆာင္းပါးေတြကို အားေပးမယ္မွတ္လား…….

Leave a Reply

Your email address will not be published. Required fields are marked *