Celebrity News

မိတ္ကပ္မပါလည္း ပကတိအတိုင္းေလး လွတဲ့ ေဘာလိဝုဒ္ မင္းသမီး (၇) ေယာက္

ကိုယ္ႀကိဳက္တဲ့သူမ်ား ပါမလား ၾကည့္ၾကည့္ေနာ္…

ဒီေခတ္ႀကီးမွာ ဘယ္အရာကမွ မယံုရဘူးေလေနာ္.. မိတ္ကပ္အစြမ္းကလည္း အံ့မခန္းဆိုေတာ့ကာ ကိုယ္က လွတယ္ထင္ခဲ့ေပမဲ့ မိတ္ကပ္ဖ်က္လိုက္ေတာ့မွ ဟာခနဲ ျဖစ္သြားခဲ့ရတဲ့ အျဖစ္ေပါင္းကလည္း မနည္းမဟုတ္လား… အထူးသျဖင့္ မင္းသား၊ မင္းသမီးေတြဆို ပိုဆိုးတာေပါ့ေနာ္… မိတ္ကပ္ေျပာင္းရင္ ေျပာင္းသလို ရုပ္ပါ လိုက္ေျပာင္းေတာ့ တကယ့္တကယ္ မိတ္ကပ္မပါတဲ့အခါေရာ ျမင္ေနက်လို လွႏိုင္ဦးမလား စဥ္းစားစရာပါပဲ:D  မိတ္ကပ္ လိမ္းထားတဲ့ ရုပ္နဲ႕ မ်က္ႏွာေျပာင္ ယွဥ္တြဲထားတဲ့ တကယ့္ပံု ျမင္ရမွပဲ ေၾသာ္.. သူက ပကတိ ေခ်ာလွပါလား ဆိုၿပီး စိတ္ကို ဒံုးဒံုးခ်ယံုရမလိုလို ဟီးဟီး…

အဲဒီလို စပရိုက္ေတြတိုက္ေနက် မင္းသား၊ မင္းသမီးေတြထဲကမွ ေဘာလိဝုဒ္ မင္းသမီးေတြ ဘက္ တစ္ခ်က္သြားၾကည့္ၾကရေအာင္ေနာ္…

၁။ Deepika Padukone

အခ်စ္ေလး ဒီပီကာကေတာ့ ဘာမွ မလိမ္းမျခယ္ဘဲ ပံုမွန္အတိုင္းေလး ေနရင္ေတာင္ ဆြဲေဆာင္မႈ ရွိေနပါတယ္ေနာ္။ မိတ္ကပ္လိမ္းထားတဲ့အခါ တစ္မ်ိဳးေလးလွၿပီး ဘာမွမလိမ္းထားေတာ့လည္း အဆင္ေျပေျပ၊ ၾကည္ၾကည္ရွင္းရွင္းေလး လွတာေပါ့လို႔…

၂။ Priyanka Chopra

ခ်ိဳပရာကေတာ့ အိႏၵိယမွာတင္ မကဘူး International ထိ ေက်ာ္ၾကားတဲ့သူေပါ့.. တစ္ကမၻာလံုးက ပရိသတ္ေတြရဲ႕ အသဲႏွလံုးကို အပိုင္သိမ္းထားတဲ့သူဆိုလည္း မမွားပါဘူး (သူ႕အသည္းႏွလံုးကိုေတာ့ Nick ကအပိုင္သိမ္းထား 😛 ) ။ မိတ္ကပ္ေတြ မပါတာေတာင္မွ နဂိုတိုင္းေလး လွေနတာမ်ိဳးေလး…

၃။ Alia Bhatt

သူေလးကေတာ့ မိတ္ကပ္ေတြ ဘာေတြ တစ္ခုမွ မလိမ္းျခယ္ထားတဲ့ မ်က္ႏွာေျပာင္ပံုေတြကို IG မွာ တင္ေလ့ရွိပါတယ္။ Highway ဇာတ္ကားထဲမွာဆိုရင္ သူ(မ)ရဲ႕ သဘာဝအလွေလးေတြကို ပရိသတ္ေတြက တဝႀကီး ခံစားလို႔ ရခဲ့တာေလ.. ပါးခ်ိဳင့္ေလးနဲ႔ ျပံဳးလိုက္ရင္ မိတ္ကပ္ ပါပါ၊မပါပါ ရင္သပ္ရႈေမာပါပဲေနာ္..

Related Article>>> ေဘာလိဝုဒ္သရုပ္ေဆာင္တို႔ရဲ႕ ဝိတ္ခ်နည္းမ်ား

၄။ Sonam Kapoor

ဒီမင္းသမီးကေတာ့ အျပံဳးအလွပိုင္ရွင္ ျဖစ္သလို ဖက္ရွင္ဘုရင္မလို႕လည္း တင္စားလို႕ ရပါတယ္။ မ်က္ႏွာေျပာင္နဲ႕ဆိုလည္း အားလံုးထဲမွာ အထင္သားလွေနၿပီး မိတ္ကပ္ေတြ ဘာေတြ ျခယ္သလိုက္မယ္ ဆိုရင္ေတာ့ wow ေပါ့။

၅။ Karishma Kapoor

ဒါကေတာ့ ေနာက္ထပ္ ဂႏၳဝင္အလွနဲ႔ Kapoor တစ္ေယာက္ေပါ့ 😀 မ်က္လံုးအေရာင္က အိႏၵိယမ်က္လံုးလို မ်က္ဆံနက္နက္ မလာဘဲ အေနာက္တိုင္းသားေတြလို မ်က္ဆံနဲ႕ အသားအေရာင္ ေဖ်ာ့ေတာ့ေတာ့ ရွိၿပီး မိသားစုထဲမွာ အထူးျခားဆံုးပါတဲ့။ မိတ္ကပ္ပါသည္ျဖစ္ေစ မပါသည္ျဖစ္ေစ ဘယ္လိုေနေန လွေနတာေတာ့ အံ့ၾသစရာ မဟုတ္ဘူး ထင္ပါရဲ႕ေနာ္…

၆။ Kareena Kapoor Khan

ဒီမင္းသမီးကိုေတာ့ ျမန္မာပရိသတ္ေတြ ေကာင္းေကာင္းႀကီး သိၾကမယ္ ထင္ပါတယ္။ ဟိုးအရင္ ၉၀ ေက်ာ္ကတည္းက နာမည္ႀကီးမင္းသမီးတစ္လက္ေပါ့။ Kapoor ကိုေတာ့ မိတ္ကပ္မလိမ္းတာေတာင္ နတ္သမီးေလးတစ္ပါးလို လွတယ္ဆိုၿပီး တင္စားၾကပါတယ္။ သူ႕ေခတ္သူ႕အခါတုန္းက ဖက္ရွင္ကြင္းေပါ့… ဒီၾကားထဲ  ေတာ္ေတာ္ေလး ဝသြားၿပီး ခုေနာက္ပိုင္းမွာေတာ့ ေယာဂေဆာ့ၿပီး က်န္းမာေစတဲ့ ဘဝေနထိုင္မႈ ပံုစံကို ျပန္ထိန္းထားပါတယ္တဲ့… ျပန္လွေနၿပီ ခုေတာ့ <3

၇။ Disha Patani

Kung Fu Yoga  နဲ႕ Ms Dhoni ထဲမွာ ပါတဲ့ မင္းသမီးေလး Disha ကေတာ့ လွပတဲ့ အျပံဳးပိုင္ရွင္ေလး ျဖစ္တာေၾကာင့္ သူ႕အျပံဳးေတြမွာ ေမ်ာသြားတဲ့သူ မ်ားပါတယ္။ မိတ္ကပ္မလိမ္းတာေတာင္မွ မိတ္ကပ္လိမ္းထားသေယာင္ ထင္ရတဲ့ သူေလးေပါ့…

ေယာင္းတို႕ေရာ ဒီထဲက ဘယ္မင္းသမီးကို အခ်စ္ဆံုးလဲ???

With love

Ei Mon (For Her Myanmar)

Reference: stylecraze, bollywoodstars

<<< Unicode >>>

ကိုယ်ကြိုက်တဲ့သူများ ပါမလား ကြည့်ကြည့်နော်…

ဒီခေတ်ကြီးမှာ ဘယ်အရာကမှ မယုံရဘူးလေနော်.. မိတ်ကပ်အစွမ်းကလည်း အံ့မခန်းဆိုတော့ကာ ကိုယ်က လှတယ်ထင်ခဲ့ပေမဲ့ မိတ်ကပ်ဖျက်လိုက်တော့မှ ဟာခနဲ ဖြစ်သွားခဲ့ရတဲ့ အဖြစ်ပေါင်းကလည်း မနည်းမဟုတ်လား… အထူးသဖြင့် မင်းသား၊ မင်းသမီးတွေဆို ပိုဆိုးတာပေါ့နော်… မိတ်ကပ်ပြောင်းရင် ပြောင်းသလို ရုပ်ပါ လိုက်ပြောင်းတော့ တကယ့်တကယ် မိတ်ကပ်မပါတဲ့အခါရော မြင်နေကျလို လှနိုင်ဦးမလား စဉ်းစားစရာပါပဲ:D မိတ်ကပ် လိမ်းထားတဲ့ ရုပ်နဲ့ မျက်နှာပြောင် ယှဉ်တွဲထားတဲ့ တကယ့်ပုံ မြင်ရမှပဲ သြော်.. သူက ပကတိ ချောလှပါလား ဆိုပြီး စိတ်ကို ဒုံးဒုံးချယုံရမလိုလို ဟီးဟီး…

အဲဒီလို စပရိုက်တွေတိုက်နေကျ မင်းသား၊ မင်းသမီးတွေထဲကမှ ဘောလိဝုဒ် မင်းသမီးတွေ ဘက် တစ်ချက်သွားကြည့်ကြရအောင်နော်…

၁။ Deepika Padukone

အချစ်လေး ဒီပီကာကတော့ ဘာမှ မလိမ်းမခြယ်ဘဲ ပုံမှန်အတိုင်းလေး နေရင်တောင် ဆွဲဆောင်မှု ရှိနေပါတယ်နော်။ မိတ်ကပ်လိမ်းထားတဲ့အခါ တစ်မျိုးလေးလှပြီး ဘာမှမလိမ်းထားတော့လည်း အဆင်ပြေပြေ၊ ကြည်ကြည်ရှင်းရှင်းလေး လှတာပေါ့လို့…

၂။ Priyanka Chopra

ချိုပရာကတော့ အိန္ဒိယမှာတင် မကဘူး International ထိ ကျော်ကြားတဲ့သူပေါ့.. တစ်ကမ္ဘာလုံးက ပရိသတ်တွေရဲ့ အသဲနှလုံးကို အပိုင်သိမ်းထားတဲ့သူဆိုလည်း မမှားပါဘူး (သူ့အသည်းနှလုံးကိုတော့ Nick ကအပိုင်သိမ်းထား 😛 ) ။ မိတ်ကပ်တွေ မပါတာတောင်မှ နဂိုတိုင်းလေး လှနေတာမျိုးလေး…

၃။ Alia Bhatt

သူလေးကတော့ မိတ်ကပ်တွေ ဘာတွေ တစ်ခုမှ မလိမ်းခြယ်ထားတဲ့ မျက်နှာပြောင်ပုံတွေကို IG မှာ တင်လေ့ရှိပါတယ်။ Highway ဇာတ်ကားထဲမှာဆိုရင် သူ(မ)ရဲ့ သဘာဝအလှလေးတွေကို ပရိသတ်တွေက တဝကြီး ခံစားလို့ ရခဲ့တာလေ.. ပါးချိုင့်လေးနဲ့ ပြုံးလိုက်ရင် မိတ်ကပ် ပါပါ၊မပါပါ ရင်သပ်ရှုမောပါပဲနော်..

Related Article>>> ဘောလိဝုဒ်သရုပ်ဆောင်တို့ရဲ့ ဝိတ်ချနည်းများ

၄။ Sonam Kapoor

ဒီမင်းသမီးကတော့ အပြုံးအလှပိုင်ရှင် ဖြစ်သလို ဖက်ရှင်ဘုရင်မလို့လည်း တင်စားလို့ ရပါတယ်။ မျက်နှာပြောင်နဲ့ဆိုလည်း အားလုံးထဲမှာ အထင်သားလှနေပြီး မိတ်ကပ်တွေ ဘာတွေ ခြယ်သလိုက်မယ် ဆိုရင်တော့ wow ပေါ့။

၅။ Karishma Kapoor

ဒါကတော့ နောက်ထပ် ဂန္ထဝင်အလှနဲ့ Kapoor တစ်ယောက်ပေါ့ 😀 မျက်လုံးအရောင်က အိန္ဒိယမျက်လုံးလို မျက်ဆံနက်နက် မလာဘဲ အနောက်တိုင်းသားတွေလို မျက်ဆံနဲ့ အသားအရောင် ဖျော့တော့တော့ ရှိပြီး မိသားစုထဲမှာ အထူးခြားဆုံးပါတဲ့။ မိတ်ကပ်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ ဘယ်လိုနေနေ လှနေတာတော့ အံ့သြစရာ မဟုတ်ဘူး ထင်ပါရဲ့နော်…

၆။ Kareena Kapoor Khan

ဒီမင်းသမီးကိုတော့ မြန်မာပရိသတ်တွေ ကောင်းကောင်းကြီး သိကြမယ် ထင်ပါတယ်။ ဟိုးအရင် ၉၀ ကျော်ကတည်းက နာမည်ကြီးမင်းသမီးတစ်လက်ပေါ့။ Kapoor ကိုတော့ မိတ်ကပ်မလိမ်းတာတောင် နတ်သမီးလေးတစ်ပါးလို လှတယ်ဆိုပြီး တင်စားကြပါတယ်။ သူ့ခေတ်သူ့အခါတုန်းက ဖက်ရှင်ကွင်းပေါ့… ဒီကြားထဲ တော်တော်လေး ဝသွားပြီး ခုနောက်ပိုင်းမှာတော့ ယောဂဆော့ပြီး ကျန်းမာစေတဲ့ ဘဝနေထိုင်မှု ပုံစံကို ပြန်ထိန်းထားပါတယ်တဲ့… ပြန်လှနေပြီ ခုတော့ <3

၇။ Disha Patani

Kung Fu Yoga နဲ့ Ms Dhoni ထဲမှာ ပါတဲ့ မင်းသမီးလေး Disha ကတော့ လှပတဲ့ အပြုံးပိုင်ရှင်လေး ဖြစ်တာကြောင့် သူ့အပြုံးတွေမှာ မျောသွားတဲ့သူ များပါတယ်။ မိတ်ကပ်မလိမ်းတာတောင်မှ မိတ်ကပ်လိမ်းထားသယောင် ထင်ရတဲ့ သူလေးပေါ့…

ယောင်းတို့ရော ဒီထဲက ဘယ်မင်းသမီးကို အချစ်ဆုံးလဲ???

With love

Ei Mon (For Her Myanmar)

Reference: stylecraze, bollywoodstars

Ei Mon
Ei Mon
For Her Myanmar ရဲ႕တက္သစ္စ ေဆာင္းပါးရွင္ အိမြန္ျဖစ္ပါတယ္။ စာေရးရတာ ဝါသနာ ပါပါတယ္။ ေဆာင္းပါးေတြကတစ္ဆင့္ စိတ္ကူးေလးေတြကို ေယာင္းတို႕ရဲ႕ ရင္ထဲအေရာက္ ပို႕ေပးခ်င္ပါတယ္။ အထူးအားသာတာကေတာ့ အႏုပညာရွင္သတင္းေတြပဲ ျဖစ္ပါတယ္။ အိမြန္ရဲ႕ လက္ရာေဆာင္းပါးေတြကို အားေပးမယ္မွတ္လား…….

Leave a Reply

Your email address will not be published. Required fields are marked *