FA တွေကို ယောက်ျားယူချင်စိတ် ပေါက်အောင် လုပ်သွားတဲ့ လင်းရိကျိုး (သို့) တရုတ်မင်းသားချော Xu Kai Cheng အကြောင်း တစ်စေ့တစောင်း
လတ်တလော ပရိသတ်တွေကြား ရေပန်းစားနေတဲ့ တရုတ်ဒရာမာ ဇာတ်လမ်းတွဲ Well Intended love (အချစ်ရဲ့ လှည့်ကွက်) ထဲက ဇာတ်ကောင် လင်းရိကျိုး (Boss Lin) တစ်ယောက် ကမ္ဘာမှာ အချစ်တတ်ဆုံး ယောက်ျားဆိုပြီး နာမည်ကြီးနေတာ ယောင်းတို့လည်း သိကြမယ် ထင်ပါရဲ့…
အဟမ်းနော်.. အဟမ်း <3 <3
With love
Ei Mon (For Her Myanmar)
<<< Unicode >>>
နှာခေါင်းကို တရုတ်ပြည် အလည်ခဏ ပို့ထားတယ်။ xD
လတ်တလော ပရိသတ်တွေကြား ရေပန်းစားနေတဲ့ တရုတ်ဒရာမာ ဇာတ်လမ်းတွဲ Well Intended love (အချစ်ရဲ့ လှည့်ကွက်) ထဲက ဇာတ်ကောင် လင်းရိကျိုး (Boss Lin) တစ်ယောက် ကမ္ဘာမှာ အချစ်တတ်ဆုံး ယောကျ်ားဆိုပြီး နာမည်ကြီးနေတာ ယောင်းတို့လည်း သိကြမယ် ထင်ပါရဲ့…
မင်းသမီး မျက်နှာ တစ်ချက်အညှိုးမခံဘဲ အလိုက်သိတတ်လွန်းတော့ မိန်းကလေး ပရိသတ်တွေ တဖြုတ်ဖြုတ်ကြွေကျကြတာလည်း ဆန်းတော့ မဆန်းတဲ့ ကိစ္စပါ။ တချို့ဆို ပြောကြသေးတယ်.. FA ဘဝနဲ့ သာယာနေတာ အကောင်း၊ ဒီဇာတ်ကားကြည့်မှပဲ ယောက်ျားယူချင်စိတ် ပေါက်သွားတော့တယ်တို့ ဘာတို့ 😀
Related Article >>> တစ်ချိန်က 90s’ kids မိန်းကလေးတိုင်း ခွက်ရှ်ခဲ့ကြတဲ့ တောင်ကိုရီးယားရဲ့ နာမည်အကြီးဆုံး မင်းသား ဘေယောင်ဂျွန်း
လင်းရိကျိုးကလည်း ချောချောလေးကိုး.. သူ့လိုယောက်ျားမျိုးရရင်တော့ ယူချင်တာပေါ့ ဟုတ်ဘူးလား :’P ကဲ..ဒါဆို.. လင်းရိကျိုးအဖြစ် အကုန်လုံးရဲ့ နှလုံးသားကို သိမ်းကြုံးယူသွားတဲ့ သရုပ်ဆောင်မင်းသားလေးအကြောင်းရော ယောင်းတို့ မသိချင်ကြဘူးလား? အက်ဒ်မင်တော့ ပြောပြချင်လွန်းလို့ ဒီဆောင်းပါးကို ရေးလိုက်ပါပြီရှင်..
သူ့နာမည်ကတော့ Xu Kai Cheng လို့ခေါ်ပါတယ်။
သူက ရှန်ဟိုင်းဇာတိဖြစ်ပြီး ၁၉၉၀ ခုနှစ် သြဂုတ်လမှာ မွေးတာဆိုတော့ အသက်က (၂၈) နှစ်ကျော် ပါပြီ။ ( ကောကောပေါ့ <3 )
တစ်ဦးတည်းသောသား ဖြစ်တဲ့ Xu က mama’s boy လေးလည်း ဖြစ်ပါတယ်။ (သားလိမ္မာလေး 😛 )
hanghai Theatre Academy က နေ ဘွဲ့ရပါတယ်။ အသက်၁၁ နှစ်တည်းက ဘဲလေး ကတတ်ပြီး ၂၀၀၇ မှာတော့ ရှန်ဟိုင်းအကယ်ဒမီကျောင်းရဲ့ ဘဲလေးအက ဘွဲ့ကြိုတန်းကို တက်ရောက်ခဲ့တာပါနော်… (ငယ်လေးကတည်းက တော်တာ… )
  • ရုပ်ရှင်လောကထဲကို စတင်ဝင်ရောက်လာတာကတော့ တီဗွီဒရာမာတစ်ခုဖြစ်တဲ့ Queen of SOP II နဲ့ပါ။
  • နောက်ပိုင်းမှာတော့ Moon River , I Cannot Hug You စတဲ့ ဇာတ်လမ်းတွဲတွေနဲ့ လူသိများ အောင်မြင်လာခဲ့ပါတယ်။
  • I Cannot Hug You : Touch Me – season 2 ကိုတော့  ၂၀၁၈ မှာ ထွက်ရှိခဲ့ပါတယ်။
  • ရာဇဝင်ကားဖြစ်တဲ့ I’m a pet at Dali Temple (ကြောင်ကလေးရဲ့ ချစ်ပုံပြင်) မှာ အဓိကမင်းသားအဖြစ် သရုပ်ဆောင်ထားပါတယ်။
  • နောက်ပြီး The Love KnotHis Excellency’s First Love မှာလည်း မင်းသမီးရဲ့ ရည်းစားဟောင်းနေရာက ပါဝင်ထားပါသေးတယ် ယောင်းတို့ရေ.. (သူ့ကို အဲဒီမှာ စသိတာ.. ကြုံတုန်းလေး ပြောရမယ်ဆို ဒီကားလေး ကြည့်ကြည့်ကြ ယောင်းတို့.. ကောင်းတယ် 😀 )
ဒါတွေအပြင် တခြားဇာတ်ကားတွေလည်း အများကြီး ရှိပါသေးတယ်နော်..
Related Article >>> ယောင်းယောင်းတို့ အသည်းစွဲ Meteor Garden-2018 (F4)က မင်းသားလေးတွေရဲ့အကြောင်း
ဖက်ရှင်နဲ့ ပတ်သက်လာရင် နာမည်ကြီး ဘရန်းဒ် တော်တော်များများကို ကိုယ်ပေါ်မှာ ဆင်ယင်ထားတတ်လို့ ဖက်ရှင်မော်ဒယ်လ် အဖြစ် လူသိများပါတယ်။ အားကစားလေ့လာလိုက်စားတော့ ဘော်ဒီကလည်း လန်ထွက်နေတာကိုး..
အဟမ်းနော်.. အဟမ်း <3 <3
တိရစ္ဆာန်လေးတွေကို ချစ်တတ်သူဖြစ်လို့ ခွေး ၊ ကြောင်နဲ့ မျောက်လေးတွေ မွေးထားပါသေးသတဲ့ ယောင်းတို့ရေ…
Instagram အကောင့်က Renton0808 ပါနော်..
သူတင်ထားတဲ့ ကြောင်လေး <3
ကဲ.. ဒီလောက်ဆို ကိုယ်တို့ မင်းသားချောလေးအကြောင်း တော်တော်လေး စုံသွားပါပြီ။ ယောင်းယောင်းတို့လည်း ဖတ်ပြီး ကျေနပ်ကြလိမ့်မယ် ထင်ပါတယ်နော်.. နောက်များမှ ပြန်ဆုံကြတာပေါ့..
References: gossipyang, chinesedrama.info
With love
Ei Mon (For Her Myanmar)
No Comments Yet
Comments are closed