ရုတ်တရက်ကြွေလွင့်ခဲ့တဲ့ 100% Band ရဲ့ Leader ဖြစ်သူ Seo Min Woo

ကိုရီးယား ဂီတလောကရဲ့ ထွန်းတောက်နေတဲ့ကြယ်တစ်ပွင့်ဟာ အချိန်မတန်သေးမီမှာပဲ ချစ်ခင်ရတဲ့ မိသားစု နဲ့ ပရိသတ်တွေကို ခွဲခွာသွားခဲ့ပါပြီ

100% band ရဲ့ ခေါင်းဆောင် Seo Min Woo တစ်ယောက် မနေ့ညကပဲ ဆုံးပါးသွားပါပြီ။ မတ်လ ၂၅ရက် တနင်္ဂနွေညက သူ့ကို သူအိမ်အတွင်းမှာ နှလုံးခုန်ရပ်ပြီး သတိမေ့နေတာတွေ့ရှိခဲ့ရပြီး ဆေးရုံကိုအမြန်ဆုံးပို့ဆောင်ကာ အသက်ကယ်ဖို့ကြိုးစားခဲ့ပေမဲ့ မကယ်တင်နိုင်ခဲ့ပဲ ဆုံးပါးသွားတယ်လို့သိရပါတယ်။သူ့ရဲ့မိသားစုက အသုဘကိစ္စကို ထုံးတမ်းစဉ်လာအတိုင်းပဲ တိတ်တိတ်ဆိတ်ဆိတ်ကျင်းပသွားမယ်လို့ သိရပါတယ်။

Min Woo လို့ကျော်ကြားတဲ့ Seo Min Woo ဟာကွယ်လွန်ချိန်မှာ အသက် ၃၃ နှစ်ရှိပြီးပါပြီလို့ TOP မီဒီယာက သတင်းထုတ်ပြန်ရာမှာဖော်ပြထားပါတယ်။ ရုတ်တရက်နှလုံးခုန်ရပ်ပြီး သေဆုံးရခြင်းဟာ ဓာတ်လိုက်ခြင်း၊ မူးယစ်ဆေးအလွန်အကျွံသုံးစွဲခြင်း၊ သွေးထွက်လွန်ခြင်း၊ ရေနစ်ခြင်းတို့မှာ ဖြစ်ပေါ်တတ်ပေမဲ့ Seo Min Woo ဘာအကြောင်းအရင်းနဲ့သေဆုံးရတယ်ဆိုတာတော့ အတိအကျသတင်းမထုတ်ပြန်သေးပါဘူး။

RIP ပါ။

Related Article>>> Harry Styles က တကယ်ပဲ Bisexual လား

Min Woo သေဆုံးမှုကိုသတင်းထုတ်ပြန်အပြီး သူရဲ့ ပရိသတ်တွေက ဝမ်းနည်းကြောင်း Status တွေကို ဆိုရှယ်လ်မီဒီယာတွေပေါ်မှာ တင်ခဲ့ကြပါတယ်။

သူ့ပရိသတ်တွေရဲ့ ဝမ်းနည်းစကားတွေလည်း လူမှုကွန်ရက်တွေမှာ ပြန့်နှံ့လို့နေပါတယ်။ ဒီထဲက အချို့ကတော့…

Min Woo ဟာ ၁၉၉၈ ခုနှစ်ကတည်းက အနုပညာလုပ်ငန်းတွေကိုလုပ်ကိုင်ခဲ့သူဖြစ်ပြီး သရုပ်ဆောင်အဖြစ်လည်း ဇာတ်လမ်းတွဲတွေမှာ သရုပ်ဆောင်ခဲ့သူပါ။

ကြွေလွင့်သွားတဲ့ ကြယ်တစ်ပွင့် ငြိမ်းချမ်းရာမှာ နားခိုနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Sugar Cane(For Her Myanmar)

Reference – www.ibtimes.co.in, www.ibtimes.co.in

No Comments Yet

Comments are closed