ချစ်သူတွေဖြစ်နေပါပြီလို့ အတည်ပြုလိုက်တဲ့ So Ji Sub နဲ့ Cho Eun Jung








Stella (For Her Myanmar)

<<< Unicode >>>

အသည်းတွေကွဲကြေနေပါပြီ… T.T

Oh My Venus ကားထဲက မင်းသားချော So Ji Sub ကတော့ အသက် (၄၂) နှစ်မှ လူပျိုကြီးဘဝက ကျွတ်ပြီထင်ပါရဲ့ ယောင်းတို့ရေ။ အသက် (၁၇) နှစ်လောက်ကွာတဲ့ announcer Cho Eun Jung နဲ့ တွဲခုတ်နေတယ်လို့ အတည်ပြုလိုက်ပါပြီ။ အသက်လေးဆယ်မှ ဘဝစတယ်ဆိုတာကို သက်သေပြလိုက်သလိုပါပဲ။

Related article >>> FA တွေကို ယောက်ျားယူချင်စိတ် ပေါက်အောင် လုပ်သွားတဲ့ လင်းရိကျိုး (သို့) တရုတ်မင်းသားချော Xu Kai Cheng အကြောင်း တစ်စေ့တစောင်း

So Ji Sub က သူ့ရဲ့ဇာတ်ကားသစ် “Be With You” ကို ပရိုမိုးရှင်းဆင်းဖို့ Cho Eun Jung ပါဝင်တဲ့ SBS show ကို ပါဝင်လိုက်ရင်း တွေ့ဆုံခဲ့တာပါ။ အဲ့ကတည်းက သူတို့နှစ်ယောက်ဟာ သူငယ်ချင်းတွေအဖြစ်ကနေ တစ်ဆင့်တက်ပြီး ချစ်သူတွေဖြစ်သွားခဲ့တာလို့ ဆိုပါတယ်။

Related article >>> ချစ်သူတွေပါလို့ ပရိသတ်ကိုအတည်ပြုပေးလိုက်တဲ့ ကိုရီးယားအနုပညာရှင်စုံတွဲ (၃) တွဲ

Cho Eun Jung ရဲ့ သွက်သွက်လက်လက်အပြုအမူလေးတွေနဲ့ စိတ်ထားလေးကို သဘောကျတယ်လို့ So Ji Sub ကပြောခဲ့ပြီးတော့ Cho Eun Jung ကတော့ အရင်တည်းက So Ji Sub ရဲ့ ပရိသတ်ပါလို့ ထုတ်ဖော်ပြောပြခဲ့ပါတယ်။

အသစ်စက်စက်စုံတွဲလေးအတွက် congratulations ပါနော်။ ယောင်းတို့ကော ဒီအတွဲလေးကို ဘယ်လိုမြင်ကြလဲ?

Stella (For Her Myanmar)

No Comments Yet

Comments are closed