၂၀၁၉ မှာ အရွယ်ရောက်လာတော့မယ့် အမျိုးသား Idol (၆) ယောက်



၁) Bae Jin Young

Bae Jin Young
Bae Jin Young



၂) The Boyz – Sunwoo

The Boyz - Sunwoo
The Boyz – Sunwoo


၃) NCT – Haechan

NCT - Haechan
NCT – Haechan


၎) SF9 – Chanhee

SF9 - Chanhee
SF9 – Chanhee



၅) Stray Kids – Han

stray kid han
stray kid han


၆) ASTRO – Yoon Sanha

astro sanha
astro sanha



Windy (For Her Myanmar)

Reference : All Kpop ,Soompi

<<< Unicode >>>

ဘယ်လိုတွေ ရင့်ကျက်ပြမလဲ စောင့်ကြည့်ရပြီလေ.. 

ကိုရီးယားမှာ အသက်ပြည့်တာ ဒါမှမဟုတ် အရွယ်ရောက်ပြီဆိုတာက တခြားနိုင်ငံတွေနဲ့ ယှဉ်ရင် နည်းနည်းလောက်တော့ ကွဲပြားနေမှာပါ။ ဘာလို့ဆို ကိုရီယားမှာက လက်ရှိအသက်ကိုမှ တစ်နှစ်ထပ်ပေါင်းထည့်ကြတယ်လေ။ ဆိုလိုတာက ကိုယ်က ၁၉ နှစ်ဆိုရင် (အမေ့ဗိုက်ထဲမှာ ရှိခဲ့တဲ့) ၁နှစ်ကို ပေါင်းထည့်ပြီး ၂၀ ပြည့်သွားတာမျိုးပေါ့။ ၂၀ ဆိုရင်တော့ ကိုရီးယားမှာက တရားဝင် အရွယ်ရောက်ပြီလို့ သတ်မှတ်ပါတယ်။ ဒါဆို ဒီနှစ်-၂၀၁၉မှာ အရွယ်ရောက်လာမယ့် အမျိုးသား Idol (၆) ယောက်ကို ယောင်းတို့အတွက် ဖော်ပြပေးမယ်နော်… ကြည့်ကြည့်ရအောင်…

၁) Bae Jin Young


Bae Jin Young

Jin Young လေးကို ၂၀၀၀ ပြည့်မှာ မွေးတယ်ဆိုတာ မယုံနိုင် ဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်။ ဒါပေမဲ့လည်း Jinyoung လေးကတော့ ဒီမေလမှာ ၁၉ နှစ် ပြည့်မှာပါတဲ့။ ကိုရီးယားအသက်နဲ့ဆိုရင် ၂၀ ဆိုတော့ လူကြီးဖြစ်သွားပါပြီနော်…

Related Article >>> Kpop Idolတို့ရဲ့ ပွဲဦးမထွက်ခင်က ဓာတ်ပုံများ

၂) The Boyz – Sunwoo


The Boyz – Sunwoo

Charli XCX ရဲ့ အံ့သားသင့်စရာ cover ပုံတွေကြောင့် The Boyz က ဒီနှစ်ရဲ့ hit ဖြစ်သွားတဲ့ အဖွဲ့တစ်ဖွဲ့ဆိုလည်း မမှားပါဘူးနော်။ The Boyz ရဲ့ Sunwoo ဟာဆိုရင် ဒီနှစ် ဧပရယ်မှာ ၁၉ နှစ်ပြည့်မှာပါတဲ့..

၃) NCT – Haechan


NCT – Haechan

၂၀၁၈ အကုန်ပိုင်းလောက်မှာ ဒဏ်ရာကြောင့်မို့ NCT ကနေ ခေတ္တအနားယူထားတဲ့ Haechan လေးက K-POP industry ကြီးကို ကျန်းကျန်းမာမာနဲ့ ပြန်လာဖို့ မျှော်လင့်ရပါတယ် ယောင်းတို့ရေ… Haechan လေးက လာမယ့် ဇွန်မှာ ၁၉ နှစ် ပြည့်မှာပါ။

၄) SF9 – Chanhee

SF9 – Chanhee

Chani လို့ ခေါ်ကြတဲ့ Chanhee လေးကတော့ အနုပညာလောကထဲကို ကလေးဘဝကတည်းက စတင်ဝင်ရောက်ခဲ့တာပါ။ TVXQ ရဲ့ Balloons သီချင်းမှာ Yoochun အငယ်လေးနေရာကနေ သရုပ်ဆောင်ပြီး ဒီလောကထဲကို စတင်ဝင်ရောက်လာတာပါ။ Chanhee လေးက လာတော့မယ့် ဇန်နဝါရီ ၁၇မှာ ၁၉ နှစ်ပြည့်ပါပြီတဲ့။

၅) Stray Kids – Han

stray kid han
stray kid han

တဖြည်းဖြည်းနဲ့ နာမည်ကြီးလာတဲ့ Stray Kids ကြောင့် Han ဟာလည်း ၂၀၁၉ ရဲ့ စောင့်ကြည့်ရမယ့် idol ထဲမှာ တစ်ယောက် အပါအဝင်ပါပဲနော်။ ကန်ရာသီဖွားလေး Han ကတော့ လာမယ့် စက်တင်ဘာမှာ ၁၉ နှစ်ပြည့်မှာပါတဲ့။

Related Article >>> ဆယ်စုနှစ်တစ်ခုတိုင် ကောင်မလေးတွေရဲ့ အသည်းနှလုံးကို ဖမ်းစားထားတဲ့ k-idol အဖွဲ့

၆) ASTRO – Yoon Sanha

astro sanha
astro sanha

အယ်ဂရိုတွေနဲ့ ချစ်ဖို့ကောင်းအောင် နေတတ်လွန်းတဲ့ ပရိသတ်တွေရဲ့ အသည်းကျော်လေး ASTRO ရဲ့ maknae လေး (အငယ်ဆုံးလေး) Sanha က လာမယ့် မတ်လမှာ ၁၉ နှစ်ပြည့်တော့မှာပါ။ လူကြီးဖြစ်ပြီမို့ နှမြောနေကြတဲ့ Sanha လေးကို ဇန်နဝါရီ ၁၆ရက်နေ့မှာ လာမယ့် comeback မှာ ဘယ်လို လူကြီးဆန်မယ့် mature ပုံစံတွေနဲ့ မြင်ရမလဲ စောင့်ကြည့်ရဦးမှာပေါ့လေ။

အခု ဖော်ပြပေးလိုက်တဲ့ idol တွေက တချို့ပဲမို့ မပါဘဲ ကျန်ခဲ့တာ ရှိရင်လည်း စိတ်မရှိကြပါနဲ့နော်…  K-idol တွေနဲ့ ပတ်သက်တဲ့ အကြောင်းလေးတွေ နောက်ကိုလည်း တင်ပေးဦးမှာမို့ စောင့်ကြည့်ပေးကြပါဦးလို့…

Windy (For Her Myanmar)

References : All Kpop ,Soompi

No Comments Yet

Comments are closed