က်န္းက်န္းမာမာနဲ႔ သားေတာ္ေလးကို ေမြးဖြားလိုက္တဲ့ မီဂန္မာကယ္လ္

ဘယ္သူနဲ႔ တူမလဲ မသိ… <3

“တနလၤာေန႔ မနက္ပိုင္းတည္းက ေမြးခန္းဝင္သြားတဲ့ ၾကင္ယာေတာ္ မီဂန္မာကယ္လ္ဟာ တနလၤာေန႔ ညေနပိုင္းမွာေတာ့ သားေတာ္ေလးတစ္ပါးကို က်န္းက်န္းမာမာေမြးဖြားခဲ့ပါၿပီ” လို႔ Sussexၿမိဳ႕စား ျဖစ္တဲ့ မင္းသားဟယ္ရီက လူထုကို ခုေလးတင္ ေၾကညာလိုက္ပါတယ္။

မင္းသားဟယ္ရီဟာ ေမြးခန္း စဝင္ခ်ိန္က စၿပီး ေမြးဖြားခ်ိန္အထိ မီဂန္နားမွာ ရွိေနခဲ့ပါတယ္။ ကိုယ္ဝန္ေဆာင္ခ်ိန္တစ္ေလၽွာက္လံုး ဆုမြန္ေကာင္းေတာင္းေပးခဲ့တဲ့ ျပည္သူေတြကို ေက်းဇူးတင္ေၾကာင္း ေျပာခဲ့ပါတယ္။

ဒီကေလးဟာ မီဂန္နဲ႔ ဟယ္ရီရဲ႕ ပထမဆံုး ရင္ေသြး ျဖစ္ၿပီး ၇ေပါင္နဲ႔ သံုးေအာင္စရွိကာ အေမေကာ ကေလးေကာ က်န္းက်န္းမာမာရွိပါတယ္လို႔ ဆိုပါတယ္။ ကေလးနာမည္ကိုေတာ့ ႏွစ္ေယာက္လံုးက ခုထိ မစဥ္းစားရေသးပါဘူးတဲ့။

Related Article >>> မီဂန္မာကယ္လ္နဲ႔ သူ(မ)အေမၾကားကဆက္ဆံေရး

သားေတာ္ေလးကို ညေန ၅ နာရီ ၂၆ မိနစ္မွာ ေမြးဖြားခဲ့ၿပီး ေလာေလာဆယ္မွာေတာ့ ဘုရင္မႀကီး အပါအဝင္ ေတာ္ဝင္မိသားစုဝင္ေတြအားလံုးက စိတ္လႈပ္ရွားေနၾကပါတယ္ ။ အထူးသျဖင့္ မီဂန္ရဲ႕ မိခင္ ျဖစ္သူ ဒိုရီယာ ရက္ဂ္လန္း ကေတာ့ ေျမးဦးေလးမို႔ အေတာ္ေလး အခ်စ္ေတြ ပိုၿပီး အတိုင္းထက္ အလြန္ ေပ်ာ္ေနတယ္လို႔ ဆ္ိုပါတယ္။

ဟယ္ရီနဲ႔ မီဂန္က ေမြးဖြားခဲ့တဲ့ မင္းသားေလးဟာ ခုႏွစ္ေယာက္ေျမာက္ ထီးနန္းဆက္ခံရမယ့္ သူ ျဖစ္ၿပီး သူ႔ေရွ႕မွာ အဘိုးျဖစ္သူ ခ်ားလ္စ္၊ ဦးရီးေတာ္ျဖစ္သူ ဝီလ်ံ နဲ႔ ဝီလ်ံရဲ႕ ကေလး သံုးေယာက္၊ ဖခင္ျဖစ္သူ ဟယ္ရီတို႔ ရွိပါတယ္။ မင္းသားေလးဟာ ဘုရင္မႀကီး အဲလိဇဘက္ရဲ႕ ရွစ္ေယာက္ေျမာက္ ျမစ္ကေလး လည္း ျဖစ္ပါတယ္။

ကေလးငယ္ဟာ သတ္မွတ္ထားတဲ့ ေမြးခ်ိန္ထက္ ေနာက္က်သြားတာမို႔ ကေလးအေျခအေနနဲ႔ ပတ္သတ္ၿပီး ျမင္ေတြ႕ႏိုင္ေအာင္ ေနာက္၂ရက္အတြင္း ေၾကညာခ်က္ ထပ္ထုတ္ေပးပါမယ္လို႔ ဆိုခဲ့ပါတယ္။

အက္ဒ္မင္ကေတာ့ ကေလးေလးက မီဂန္နဲ႔ ပဲ  တူမလား ဟယ္ရီနဲ႔ တူမလား သိခ်င္ေနပါၿပီေနာ္….

By
Mia (For Her Myanmar)
Reference links: bbc telegraph.co.uk , ABC News

<<< Unicode >>>

ဘယ်သူနဲ့ တူမလဲ မသိ… <3

“တနင်္လာနေ့ မနက်ပိုင်းတည်းက မွေးခန်းဝင်သွားတဲ့ ကြင်ယာတော် မီဂန်မာကယ်လ်ဟာ တနင်္လာနေ့ ညနေပိုင်းမှာတော့ သားတော်လေးတစ်ပါးကို ကျန်းကျန်းမာမာမွေးဖွားခဲ့ပါပြီ” လို့ Sussexမြို့စား ဖြစ်တဲ့ မင်းသားဟယ်ရီက လူထုကို ခုလေးတင် ကြေညာလိုက်ပါတယ်။

မင်းသားဟယ်ရီဟာ မွေးခန်း စဝင်ချိန်က စပြီး မွေးဖွားချိန်အထိ မီဂန်နားမှာ ရှိနေခဲ့ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်တစ်လျှောက်လုံး ဆုမွန်ကောင်းတောင်းပေးခဲ့တဲ့ ပြည်သူတွေကို ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။

ဒီကလေးဟာ မီဂန်နဲ့ ဟယ်ရီရဲ့ ပထမဆုံး ရင်သွေး ဖြစ်ပြီး ၇ပေါင်နဲ့ သုံးအောင်စရှိကာ အမေကော ကလေးကော ကျန်းကျန်းမာမာရှိပါတယ်လို့ ဆိုပါတယ်။ ကလေးနာမည်ကိုတော့ နှစ်ယောက်လုံးက ခုထိ မစဉ်းစားရသေးပါဘူးတဲ့။

Related Article >>> မီဂန်မာကယ်လ်နဲ့ သူ(မ)အမေကြားကဆက်ဆံရေး

သားတော်လေးကို ညနေ ၅ နာရီ ၂၆ မိနစ်မှာ မွေးဖွားခဲ့ပြီး လောလောဆယ်မှာတော့ ဘုရင်မကြီး အပါအဝင် တော်ဝင်မိသားစုဝင်တွေအားလုံးက စိတ်လှုပ်ရှားနေကြပါတယ် ။ အထူးသဖြင့် မီဂန်ရဲ့ မိခင် ဖြစ်သူ ဒိုရီယာ ရက်ဂ်လန်း ကတော့ မြေးဦးလေးမို့ အတော်လေး အချစ်တွေ ပိုပြီး အတိုင်းထက် အလွန် ပျော်နေတယ်လို့ ဆိုပါတယ်။

ဟယ်ရီနဲ့ မီဂန်က မွေးဖွားခဲ့တဲ့ မင်းသားလေးဟာ ခုနှစ်ယောက်မြောက် ထီးနန်းဆက်ခံရမယ့် သူ ဖြစ်ပြီး သူ့ရှေ့မှာ အဘိုးဖြစ်သူ ချားလ်စ်၊ ဦးရီးတော်ဖြစ်သူ ဝီလျံ နဲ့ ဝီလျံရဲ့ ကလေး သုံးယောက်၊ ဖခင်ဖြစ်သူ ဟယ်ရီတို့ ရှိပါတယ်။ မင်းသားလေးဟာ ဘုရင်မကြီး အဲလိဇဘက်ရဲ့ ရှစ်ယောက်မြောက် မြစ်ကလေး လည်း ဖြစ်ပါတယ်။

ကလေးငယ်ဟာ သတ်မှတ်ထားတဲ့ မွေးချိန်ထက် နောက်ကျသွားတာမို့ ကလေးအခြေအနေနဲ့ ပတ်သတ်ပြီး မြင်တွေ့နိုင်အောင် နောက်၂ရက်အတွင်း ကြေညာချက် ထပ်ထုတ်ပေးပါမယ်လို့ ဆိုခဲ့ပါတယ်။

အက်ဒ်မင်ကတော့ ကလေးလေးက မီဂန်နဲ့ ပဲ  တူမလား ဟယ်ရီနဲ့ တူမလား သိချင်နေပါပြီနော်….

By
Mia (For Her Myanmar)
Reference links: bbc telegraph.co.uk , ABC News

No Comments Yet

Comments are closed