ဇြြန္လမွာ ေမြးဖြားၾကတဲ့ နာမည္ႀကီး ကိုရီးယားအႏုပညာရွင္မ်ား

ဇြန္လေမြးေန႔ရွင္ေလးေတြကို မန္းရွင္းေခၚၿပီး ေဝမွ်ေပးလိုက္ပါဦး

>>> Zawgyi >>>

ေယာင္းတို႔ေရ.. ဒီလိုမိုးေတြ တၿဖိဳင္ၿဖိဳင္ရြာသြန္းတတ္တဲ့ ဇြန္လမွာ ဘယ္သူေမြးေန႔ေတြ ရွိၾကလဲဟင္ … က်န္တာေတြေတာ့ မေျပာတတ္ေပမဲ့ ဒီလမွာ ေမြးဖြားတဲ့ ေယာင္းတို႔ေတြကေတာ့ အႏုပညာပိုးရွိသူေတြလို႔ဆိုရင္ မွားမယ္မထင္ပါဘူးေနာ္…. ဘာလို႔လဲဆိုေတာ့ ဒီဇြန္လမွာေမြးဖြားတဲ့ နာမည္ႀကီး ကိုရီးယားအႏုပညာရွင္ေတြ အမ်ားႀကီးကို မင္မင္ရွာေဖြေတြ႕ရွိထားလို႔ပါ… ဒီေတာ့ ဘယ္ကိုရီးယား အႏုပညာရွင္ေတြက ေယာင္းတို႔နဲ႔ ေမြးလတူလဲဆိုတာကို မင္မင္နဲ႔အတူ ၾကည့္လိုက္ရေအာင္…

Lee Min Ho

F4 ကားထဲက ဆံပင္လႈိင္းတြန္႔ေလးနဲ႔ ေယာင္းတို႔အသည္းကို လႈပ္ခတ္ႏိုင္ခဲ့သလို City Hunter ဇာတ္လမ္းတြဲနဲ႔ ပရိသတ္အားေပးမႈကို ခိုင္ခိုင္မာမာရရွိထားတဲ့ ဂူဂၽြန္ၿဖိဳးလို႔ လူသိမ်ားတဲ့ Lee Min Ho ကေတာ့  ဇြန္္လ(၂၂)ရက္ေန႔မွာ (၃၂)ႏွစ္ျပည့္ေတာ့မွာ ျဖစ္ပါတယ္…

Related Article >>> Met Gala 2019 ကို တက္ေရာက္လာတဲ့ ေဟာလိဝုဒ္အႏုပညာရွင္ေတြရဲ႕ အလန္းစားဖက္ရွင္အဆန္းမ်ား

Kim Hyun Joong

Kim Hyun Joong ကေတာ့ F4 ဇာတ္လမ္းတြဲမွာပဲ Lee Min Ho နဲ႔အၿပိဳင္ ပါဝင္သရုပ္ေဆာင္ခဲ့တဲ့ ေယာင္းတို႔ ဂ်ီဟိုလို႔သိထားသူေလးပါ.. မင္မင္တို႔ ၂၀၀၈ ခုႏွစ္ေလာက္က  ႀကိဳက္ႏွစ္သက္ခဲ့တဲ့ SS501 အဖြဲ႔ဝင္တစ္ေယာက္လည္း ျဖစ္ပါတယ္။ ဂ်ီဟိုကေတာ့ ဇြန္လ(၆)ရက္ေန႔မွာ (၃၃)ႏွစ္ျပည့္ေတာ့မွာ ျဖစ္ပါတယ္…

Ha Ji-Won

Secret Garden ထဲက စတန္႔မေလးလို႔ ေျပာလိုက္ရင္ Ha Ji-Won ကို ေယာင္းတို႔မ်က္စိထဲ တန္းခနဲေျပးျမင္ၾကမွာပါ.. Ha Ji-Won ကလည္းဇြန္လရဲ့ ေမြးေန႔ရွင္ေလးတစ္ေယာက္ပါပဲ… သူ(မ)ဟာ ဇြန္လ(၂၁)ရက္ေန႔မွာ (၃၂)ႏွစ္ျပည့္ေတာ့မွာေတာ့ Lee Min Ho နဲ႔ အသက္သိပ္မကြာဘူးေပါ့ေနာ္….

Rain

Rain ဆိုရင္ေတာ့ ရွည္ရွည္ေဝးေဝး ရွင္းျပေနစရာမလိုဘဲ နာမည္ျမင္တာနဲ႔ ေယာင္းတို႔တန္းသိမယ့္ အႏုပညာရွင္တစ္ေယာက္ပါ.. သရုပ္ေဆာင္ရာမွာ ပီျပင္သလို သီခ်င္းဆိုရာမွာလည္း အင္မတန္ထူးခၽြန္တဲ့ Rain ကေတာ့ ဇြန္လ (၂၅)ရက္ေန႔မွာ (၃၇)ႏွစ္ျပည့္ေတာ့မွာပါ..(မထင္ရဘူးေနာ္ ေတာ္ေတာ္ႏုတာပဲ)

Yoon In-na

Goblin သရဲစုံတြဲထဲက မင္းသမီးေလးဆို ေယာင္းတုိ႔ ေကာင္းေကာင္းမွတ္မိၾကမွာပါ.. လတ္တေလာကမွ အၿပီးသတ္သြားခဲ့တဲ့ Touch Your Heart ဇာတ္ကားမွာလည္း ပရိသတ္အားေပးမႈ ရရွိထားတဲ့ Yoon In-na ကေတာ့ ဇြန္လ(၅)ရက္ေန႔မွာ (၃၇)ႏွစ္ျပည့္ေတာ့မွာ ျဖစ္ပါတယ္…

Related Article >>> FA ေတြကို ေယာက္်ားယူခ်င္စိတ္ ေပါက္ေအာင္ လုပ္သြားတဲ့ လင္းရိက်ိဳး (သို႔) တရုတ္မင္းသားေခ်ာ Xu Kai Cheng အေၾကာင္း တစ္ေစ့တေစာင္း

Jin-hee Ji

ဦးအရြယ္ကိုေရာက္ရွိေနၿပီဆိုတဲ့ မင္းသားေခ်ာ Jin-hee Ji  ကေတာ့ နန္းတြင္းကား ေတာ္ေတာ္မ်ားမ်ားမွာ မင္းႀကီးေနရာက ပါဝင္သရုပ္ေဆာင္ခဲ့သူပါ… သူကေတာ့ ဇြန္လ(၂၄)ရက္ေန႔မွာ (၄၈)ႏွစ္ျပည့္ေတာ့မွာ ျဖစ္ပါတယ္….

ေအာင္ျမင္ေက်ာ္ၾကားသူေတြက ဇြန္လမွာေမြးဖြားၾကသလား ထင္မွတ္ရေလာက္ေအာင္ နာမည္ႀကီးကိုရီးယား အႏုပညာရွင္ေတာ္ေတာ္မ်ားမ်ားက ဇြန္လမွာ ေမြးဖြားၾကတာကို  ေယာင္းတို႔ကိုယ္တိုင္ ေတြ႕ခဲ့ၿပီးပါၿပီေနာ္…. ေယာင္းတို႔နဲ႔ ေမြးလတင္မက ေမြးေန႔ပါ တိုက္ဆိုင္တာမ်ိဳးေတြ႕ရင္လည္း မင္မင္တို႔ကို ျပန္လည္ေဝမွ်ေပးခဲ့ၾကပါဦးေနာ္..

ခ်စ္ရတဲ့ မင္မင္

DiDi ( For Her Myanmar )

>>> Unicode >>> 

       ဇွန်လမွေးနေ့ရှင်လေးတွေကို မန်းရှင်းခေါ်ပြီး ဝေမျှပေးလိုက်ပါဦး

ယောင်းတို့ရေ.. ဒီလိုမိုးတွေ တဖြိုင်ဖြိုင်ရွာသွန်းတတ်တဲ့ ဇွန်လမှာ ဘယ်သူမွေးနေ့တွေ ရှိကြလဲဟင် … ကျန်တာတွေတော့ မပြောတတ်ပေမဲ့ ဒီလမှာ မွေးဖွားတဲ့ ယောင်းတို့တွေကတော့ အနုပညာပိုးရှိသူတွေလို့ဆိုရင် မှားမယ်မထင်ပါဘူးနော်…. ဘာလို့လဲဆိုတော့ ဒီဇွန်လမှာမွေးဖွားတဲ့ နာမည်ကြီး ကိုရီးယားအနုပညာရှင်တွေ အများကြီးကို မင်မင်ရှာဖွေတွေ့ရှိထားလို့ပါ… ဒီတော့ ဘယ်ကိုရီးယား အနုပညာရှင်တွေက ယောင်းတို့နဲ့ မွေးလတူလဲဆိုတာကို မင်မင်နဲ့အတူ ကြည့်လိုက်ရအောင်…

Lee Min Ho

F4 ကားထဲက ဆံပင်လှိုင်းတွန့်လေးနဲ့ ယောင်းတို့အသည်းကို လှုပ်ခတ်နိုင်ခဲ့သလို City Hunter ဇာတ်လမ်းတွဲနဲ့ ပရိသတ်အားပေးမှုကို ခိုင်ခိုင်မာမာရရှိထားတဲ့ ဂူဂျွန်ဖြိုးလို့ လူသိများတဲ့ Lee Min Ho ကတော့  ဇွန်လ(၂၂)ရက်နေ့မှာ (၃၂)နှစ်ပြည့်တော့မှာ ဖြစ်ပါတယ်…

Related Article >>> Met Gala 2019 ကို တက်ရောက်လာတဲ့ ဟောလိဝုဒ်အနုပညာရှင်တွေရဲ့ အလန်းစားဖက်ရှင်အဆန်းများ

Kim Hyun Joong

Kim Hyun Joong ကတော့ F4 ဇာတ်လမ်းတွဲမှာပဲ Lee Min Ho နဲ့အပြိုင် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ယောင်းတို့ ဂျီဟိုလို့သိထားသူလေးပါ.. မင်မင်တို့ ၂၀၀၈ ခုနှစ်လောက်က  ကြိုက်နှစ်သက်ခဲ့တဲ့ SS501 အဖွဲ့ဝင်တစ်ယောက်လည်း ဖြစ်ပါတယ်။ ဂျီဟိုကတော့ ဇွန်လ(၆)ရက်နေ့မှာ (၃၃)နှစ်ပြည့်တော့မှာ ဖြစ်ပါတယ်…

Ha Ji-Won

Secret Garden ထဲက စတန့်မလေးလို့ ပြောလိုက်ရင် Ha Ji-Won ကို ယောင်းတို့မျက်စိထဲ တန်းခနဲပြေးမြင်ကြမှာပါ.. Ha Ji-Won ကလည်းဇွန်လရဲ့ မွေးနေ့ရှင်လေးတစ်ယောက်ပါပဲ… သူ(မ)ဟာ ဇွန်လ(၂၁)ရက်နေ့မှာ (၃၂)နှစ်ပြည့်တော့မှာတော့ Lee Min Ho နဲ့ အသက်သိပ်မကွာဘူးပေါ့နော်….

Rain

Rain ဆိုရင်တော့ ရှည်ရှည်ဝေးဝေး ရှင်းပြနေစရာမလိုဘဲ နာမည်မြင်တာနဲ့ ယောင်းတို့တန်းသိမယ့် အနုပညာရှင်တစ်ယောက်ပါ.. သရုပ်ဆောင်ရာမှာ ပီပြင်သလို သီချင်းဆိုရာမှာလည်း အင်မတန်ထူးချွန်တဲ့ Rain ကတော့ ဇွန်လ (၂၅)ရက်နေ့မှာ (၃၇)နှစ်ပြည့်တော့မှာပါ..(မထင်ရဘူးနော် တော်တော်နုတာပဲ)

Yoon In-na

Goblin သရဲစုံတွဲထဲက မင်းသမီးလေးဆို ယောင်းတို့ ကောင်းကောင်းမှတ်မိကြမှာပါ.. လတ်တလောကမှ အပြီးသတ်သွားခဲ့တဲ့ Touch Your Heart ဇာတ်ကားမှာလည်း ပရိသတ်အားပေးမှု ရရှိထားတဲ့ Yoon In-na ကတော့ ဇွန်လ(၅)ရက်နေ့မှာ (၃၇)နှစ်ပြည့်တော့မှာ ဖြစ်ပါတယ်…

Related Article >>> FA တွေကို ယောက်ျားယူချင်စိတ် ပေါက်အောင် လုပ်သွားတဲ့ လင်းရိကျိုး (သို့) တရုတ်မင်းသားချော Xu Kai Cheng အကြောင်း တစ်စေ့တစောင်း

Jin-hee Ji

ဦးအရွယ်ကိုရောက်ရှိနေပြီဆိုတဲ့ မင်းသားချော Jin-hee Ji  ကတော့ နန်းတွင်းကား တော်တော်များများမှာ မင်းကြီးနေရာက ပါဝင်သရုပ်ဆောင်ခဲ့သူပါ… သူကတော့ ဇွန်လ(၂၄)ရက်နေ့မှာ (၄၈)နှစ်ပြည့်တော့မှာ ဖြစ်ပါတယ်….

အောင်မြင်ကျော်ကြားသူတွေက ဇွန်လမှာမွေးဖွားကြသလား ထင်မှတ်ရလောက်အောင် နာမည်ကြီးကိုရီးယား အနုပညာရှင်တော်တော်များများက ဇွန်လမှာ မွေးဖွားကြတာကို  ယောင်းတို့ကိုယ်တိုင် တွေ့ခဲ့ပြီးပါပြီနော်…. ယောင်းတို့နဲ့ မွေးလတင်မက မွေးနေ့ပါ တိုက်ဆိုင်တာမျိုးတွေ့ရင်လည်း မင်မင်တို့ကို ပြန်လည်ဝေမျှပေးခဲ့ကြပါဦးနော်..

ချစ်ရတဲ့ မင်မင်

DiDi ( For Her Myanmar )

No Comments Yet

Comments are closed