ဒုတိယေျမာက္ကိုယ္ဝန္ လြယ္ထားရၿပီ ျဖစ္ေၾကာင္း ေၾကညာလိုက္တဲ့ ကင္ထယ္ဟီး

သားသားေလးလား မီးမီးေလးလား

ေတာင္ကိုရီးယားမွာ အိမြန္အႀကိဳက္ဆံုး အလိုက္ဖက္ဆံုး ဆယ္လီစံုတြဲကေတာ့ ရိန္းနဲ႔ ကင္ထယ္ဟီးပါ။ တကယ္ကို ေနနဲ႔လ၊ ေရႊနဲ႔ျမ လိုက္ဖက္တဲ့ စံုတြဲေပါ့… ရိန္းဆိုတာကလည္း သူ႕မိန္းမကို ခ်စ္လိုက္တာမွ ထားစရာေနရာေတာင္မရွိ..

မိသားစုနဲ႔ ပတ္သက္တဲ့ အတြင္းေရးကို ရိန္းက အင္တာဗ်ဴးေတြမွာ ေျဖတာ ခပ္ရွားရွား ရယ္။ သမီးေလးေမြးတာေတာင္ ၂၀၁၇ ေအာက္တိုဘာမွာ ေမြးတယ္ဆိုတာေလာက္ပဲ သိလိုက္ရတာကလား.. အေဟာ..အခုေတာ့ ထယ္ဟီးမွာ ဒုတိယေျမာက္ ကိုယ္ဝန္ လြယ္ထားရျပန္ပါၿပီတဲ့။ ဒီတစ္ခါေတာ့ သားေလးျဖစ္မလား မီးမီးေလး ျဖစ္မလားဆိုတာ ရင္ခုန္ရမွာေပါ့..

ဒီသတင္းကိုေတာ့ ထယ္ဟီးရဲ႕ ေအဂ်င္စီကေနၿပီး ေဖေဖာ္ဝါရီ ၂၆ ရက္ေန႔မွာ  ေၾကညာေပးခဲ့တာပါ။ လာမယ့္ စက္တင္ဘာလေလာက္မွာ ေမြးမယ္လို႔လည္း ခန္႔မွန္းထားတယ္လို႔  သိရပါတယ္။ ထယ္ဟီးကေတာ့ ရိန္းနဲ႔ လက္ထပ္ၿပီးတည္းက အိမ္ေထာင္ရွင္မဘဝကို လံုးဝ ခံယူလိုက္သလား၊ ဘာလားပဲ.. ကားရိုက္တာဘာညာ သိပ္မေတြ႕ရေတာ့ဘူး…

Related Article>>>Selfie လွလွေလးနဲ႔ ပရိသတ္ကို ႏႈတ္ဆက္လိုက္တဲ႔ ေဘဘီေလးေမေမ Kim Tae Hee

ကိုယ္ေတြရဲ႕ အခ်စ္ ရိန္းကေတာ့ Uhm Bok Dong ဆိုတဲ့ ရုပ္ရွင္ကားကို ေနာက္ဆံုးရိုက္ကူးထားၿပီး ေဖေဖာ္ဝါရီ ၂၇ မွာ ရံုတင္ပါမယ္တဲ့။ အိမ္ေထာင္က်သြားလို႔ ရိန္းရဲ႕ သရုပ္ေဆာင္ အလုပ္ေတြ ဘာမွ မေျပာင္းလဲသြားေပမဲ့ ေျပာင္းလဲလိုက္တဲ့ စည္းမ်ဥ္းေလးတစ္ခုေတာ့ ရွိတယ္လို႔ သိရပါတယ္။ ဒါကေတာ့ ရိန္းတစ္ေယာက္ မိသားစုအတြင္းေရးကို မီဒီယာေတြဆီ စစ္စစ္ေပါက္ေပါက္ ေပးမသိျခင္းပါပဲ..

“ဒီေခတ္ႀကီးက ေၾကာက္ဖို႔ေကာင္းလာတယ္။ ကၽြန္ေတာ့္ကေလးကို ကၽြန္ေတာ္ခ်စ္သလို ပရိသတ္ေတြနဲ႔ လည္း ေပးေတြ႕ခ်င္ပါတယ္။ ဒါေပမဲ့ မိသားစုအေရးနဲ႔ အလုပ္ကို ခြဲျခားထားခ်င္တယ္။ ကၽြန္ေတာ့္ မိသားစု ထိခိုက္မွာကို မလိုလားဘူး။ ကၽြန္ေတာ့္ ကားရိုက္ေတြ ေရြးခ်ယ္မႈက မိသားစုအေပၚ သက္ေရာက္မႈ မရွိေစရဘူး။ ကၽြန္ေတာ့္ကို တိုက္ခိုက္တာေတြကို ခံႏိုင္ရည္ရွိခဲ့ေပမဲ့ ကၽြန္ေတာ့္ မိသားစုနဲ႔ ပတ္သက္လာရင္ေတာ့ ကၽြန္ေတာ္ သည္းခံႏိုင္မွာ မဟုတ္ပါဘူး”လို႔ ရိန္းက ဆိုခဲ့ဖူးပါတယ္.. ဘယ္ေလာက္ေတာင္ မိသားစုကို ခ်စ္လဲေမး..

ရိန္းက အႏုပညာအလုပ္ေတြ ဆက္သြားေနေပမဲ့ အဆိုေတာ္ အလုပ္ကိုေတာ့ ရပ္နားသြားမယ္လို႔ ခန္႔မွန္းရပါတယ္။  ၂၀၀၂ ခုႏွစ္က တစ္ကိုယ္ေတာ္ အေခြထြက္ရွိခဲ့ေပမဲ့လည္း ေနာက္ပိုင္း အဆိုေတာ္အျဖစ္ ေတြ႕ရဖို႔ လမ္းစသိပ္မျမင္ေတာ့ပါဘူး။

“စင္ေပၚမွာ အရင္ကလိုမ်ိဳး ခံစားခ်က္ မရွိေတာ့ဘူး။ ဒါေၾကာင့္လည္း သီခ်င္းေတြ မဆိုျဖစ္ေတာ့တာ။ စင္ေပၚမွာ သီခ်င္းဆိုၿပီး ကရတယ္ဆိုတာက အားကစားသမား တစ္ေယာက္နဲ႔ အလားသ႑ာန္တူတယ္။ လက္ရွိအခ်ိန္မွာေတာ့ ကၽြန္ေတာ္ရဲ႕ ခႏၶာကိုယ္က အသားမက်တဲ့အတြက္ ကျပေဖ်ာ္ေျဖတဲ့ အဆိုေတာ္အလုပ္ကို တျဖည္းျဖည္း လက္လႊတ္ဖို႔ ရွိပါတယ္” လို႔ ေျပာသြားပါတယ္။

ရိန္းက သူလုပ္သမွ် ေျပာသမွ် အရာတိုင္းက မိသားစုအေပၚ သက္ေရာက္မႈ ရွိသြားမွာ မလိုလားပါဘူးေနာ္။ ဒါေၾကာင့္လည္း ကင္ထယ္ဟီးကို ဘယ္ေလာက္ခ်စ္တယ္ ဆိုတာကို လူေတြသိေအာင္ ေၾကညာတာလည္း မလုပ္ပါဘူးတဲ့။ သူ႔မိန္းမကို သူဘယ္ေလာက္ထိ ခ်စ္တယ္ဆိုတာ ခ်စ္ဇနီးသိထားရင္ပဲ ေက်နပ္ပါၿပီတဲ့။

သူကသာ လူေတြသိေအာင္ မေၾကညာတာ… ပရိသတ္ေတြကေတာ့ သူ႕ရဲ႕ အမူအရာေတြကို ၾကည့္ၿပီး ဘယ္ေလာက္ခ်စ္တယ္ဆိုတာ မွန္းလို႔ ရေနၿပီးသား 😀 ဘာပဲျဖစ္ျဖစ္ သူတို႔ႏွစ္ေယာက္ရဲ႕ မိသားစုဘဝေလး ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေအးေအးခ်မ္းခ်မ္း ရွိေနတယ္ဆိုကတည္းက ပရိသတ္ေတြက ဝမ္းသာလို႔ေနပါၿပီလို႔..

With love

Ei Mon (For Her Myanmar)

Reference: soompi, koreaboo

<<< Unicode >>>

သားသားလေးလား မီးမီးလေးလား

တောင်ကိုရီးယားမှာ အိမွန်အကြိုက်ဆုံး အလိုက်ဖက်ဆုံး ဆယ်လီစုံတွဲကတော့ ရိန်းနဲ့ ကင်ထယ်ဟီးပါ။ တကယ်ကို နေနဲ့လ၊ ရွှေနဲ့မြ လိုက်ဖက်တဲ့ စုံတွဲပေါ့… ရိန်းဆိုတာကလည်း သူ့မိန်းမကို ချစ်လိုက်တာမှ ထားစရာနေရာတောင်မရှိ.. မိသားစုနဲ့ ပတ်သက်တဲ့ အတွင်းရေးကို ရိန်းက အင်တာဗျူးတွေမှာ ဖြေတာ ခပ်ရှားရှား ရယ်။

သမီးလေးမွေးတာတောင် ၂၀၁၇ အောက်တိုဘာမှာ မွေးတယ်ဆိုတာလောက်ပဲ သိလိုက်ရတာကလား.. အဟော..အခုတော့ ထယ်ဟီးမှာ ဒုတိယမြောက် ကိုယ်ဝန် လွယ်ထားရပြန်ပါပြီတဲ့။ ဒီတစ်ခါတော့ သားလေးဖြစ်မလား မီးမီးလေး ဖြစ်မလားဆိုတာ ရင်ခုန်ရမှာပေါ့..

ဒီသတင်းကိုတော့ ထယ်ဟီးရဲ့ အေဂျင်စီကနေပြီး ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ ကြေညာပေးခဲ့တာပါ။ လာမယ့် စက်တင်ဘာလလောက်မှာ မွေးမယ်လို့လည်း ခန့်မှန်းထားတယ်လို့ သိရပါတယ်။ ထယ်ဟီးကတော့ ရိန်းနဲ့ လက်ထပ်ပြီးတည်းက အိမ်ထောင်ရှင်မဘဝကို လုံးဝ ခံယူလိုက်သလား၊ ဘာလားပဲ.. ကားရိုက်တာဘာညာ သိပ်မတွေ့ရတော့ဘူး…

Related Article>>>Selfie လှလှလေးနဲ့ ပရိသတ်ကို နှုတ်ဆက်လိုက်တဲ့ ဘေဘီလေးမေမေ Kim Tae Hee

ကိုယ်တွေရဲ့ အချစ် ရိန်းကတော့ Uhm Bok Dong ဆိုတဲ့ ရုပ်ရှင်ကားကို နောက်ဆုံးရိုက်ကူးထားပြီး ဖေဖော်ဝါရီ ၂၇ မှာ ရုံတင်ပါမယ်တဲ့။ အိမ်ထောင်ကျသွားလို့ ရိန်းရဲ့ သရုပ်ဆောင် အလုပ်တွေ ဘာမှ မပြောင်းလဲသွားပေမဲ့ ပြောင်းလဲလိုက်တဲ့ စည်းမျဉ်းလေးတစ်ခုတော့ ရှိတယ်လို့ သိရပါတယ်။ ဒါကတော့ ရိန်းတစ်ယောက် မိသားစုအတွင်းရေးကို မီဒီယာတွေဆီ စစ်စစ်ပေါက်ပေါက် ပေးမသိခြင်းပါပဲ..

“ဒီခေတ်ကြီးက ကြောက်ဖို့ကောင်းလာတယ်။ ကျွန်တော့်ကလေးကို ကျွန်တော်ချစ်သလို ပရိသတ်တွေနဲ့ လည်း ပေးတွေ့ချင်ပါတယ်။ ဒါပေမဲ့ မိသားစုအရေးနဲ့ အလုပ်ကို ခွဲခြားထားချင်တယ်။ ကျွန်တော့် မိသားစု ထိခိုက်မှာကို မလိုလားဘူး။ ကျွန်တော့် ကားရိုက်တွေ ရွေးချယ်မှုက မိသားစုအပေါ် သက်ရောက်မှု မရှိစေရဘူး။ ကျွန်တော့်ကို တိုက်ခိုက်တာတွေကို ခံနိုင်ရည်ရှိခဲ့ပေမဲ့ ကျွန်တော့် မိသားစုနဲ့ ပတ်သက်လာရင်တော့ ကျွန်တော် သည်းခံနိုင်မှာ မဟုတ်ပါဘူး”လို့ ရိန်းက ဆိုခဲ့ဖူးပါတယ်.. ဘယ်လောက်တောင် မိသားစုကို ချစ်လဲမေး..

ရိန်းက အနုပညာအလုပ်တွေ ဆက်သွားနေပေမဲ့ အဆိုတော် အလုပ်ကိုတော့ ရပ်နားသွားမယ်လို့ ခန့်မှန်းရပါတယ်။ ၂၀၀၂ ခုနှစ်က တစ်ကိုယ်တော် အခွေထွက်ရှိခဲ့ပေမဲ့လည်း နောက်ပိုင်း အဆိုတော်အဖြစ် တွေ့ရဖို့ လမ်းစသိပ်မမြင်တော့ပါဘူး။

“စင်ပေါ်မှာ အရင်ကလိုမျိုး ခံစားချက် မရှိတော့ဘူး။ ဒါကြောင့်လည်း သီချင်းတွေ မဆိုဖြစ်တော့တာ။ စင်ပေါ်မှာ သီချင်းဆိုပြီး ကရတယ်ဆိုတာက အားကစားသမား တစ်ယောက်နဲ့ အလားသဏ္ဍာန်တူတယ်။ လက်ရှိအချိန်မှာတော့ ကျွန်တော်ရဲ့ ခန္ဓာကိုယ်က အသားမကျတဲ့အတွက် ကပြဖျော်ဖြေတဲ့ အဆိုတော်အလုပ်ကို တဖြည်းဖြည်း လက်လွှတ်ဖို့ ရှိပါတယ်” လို့ ပြောသွားပါတယ်။

ရိန်းက သူလုပ်သမျှ ပြောသမျှ အရာတိုင်းက မိသားစုအပေါ် သက်ရောက်မှု ရှိသွားမှာ မလိုလားပါဘူးနော်။ ဒါကြောင့်လည်း ကင်ထယ်ဟီးကို ဘယ်လောက်ချစ်တယ် ဆိုတာကို လူတွေသိအောင် ကြေညာတာလည်း မလုပ်ပါဘူးတဲ့။ သူ့မိန်းမကို သူဘယ်လောက်ထိ ချစ်တယ်ဆိုတာ ချစ်ဇနီးသိထားရင်ပဲ ကျေနပ်ပါပြီတဲ့။

သူကသာ လူတွေသိအောင် မကြေညာတာ… ပရိသတ်တွေကတော့ သူ့ရဲ့ အမူအရာတွေကို ကြည့်ပြီး ဘယ်လောက်ချစ်တယ်ဆိုတာ မှန်းလို့ ရနေပြီးသား 😀 ဘာပဲဖြစ်ဖြစ် သူတို့နှစ်ယောက်ရဲ့ မိသားစုဘဝလေး ပျော်ပျော်ရွှင်ရွှင်အေးအေးချမ်းချမ်း ရှိနေတယ်ဆိုကတည်းက ပရိသတ်တွေက ဝမ်းသာလို့နေပါပြီလို့..

With love

Ei Mon (For Her Myanmar)

Reference: soompi, koreaboo

No Comments Yet

Comments are closed