ဒိတ္တင္လုပ္ေနၾကပါတယ္လို႔ သတင္းေတြ ထြက္လာတဲ့ Kang Daniel နဲ႔ Jihyo

အသည္းကြဲဖို႔အတြက္ ႀကိဳျပင္ဆင္ၿပီးသား… T.T

ၾကားၿပီးၾကၿပီလား ေယာင္းတို႔ေရ.. Kang Daniel နဲ႔ Twice ရဲ႕ Jihyo တို႔ ခ်စ္သူေတြ ျဖစ္ေနၾကပါၿပီတဲ့..

ဒီသတင္းကိုေတာ့ Dispatch က အရင္ ေဖာ္ထုတ္လိုက္တာပါ။ ၾသဂုတ္လ ၁ရက္ေန႔က Hannam-dong မွာ Jihyo နဲ႔ Daniel တို႔ ဒိတ္ေနၾကတာကို ေတြ႕ခဲ့ၾကရၿပီး တကယ္တမ္း သူတို႔တြဲေနတာ ႏွစ္စကတည္းက ျဖစ္လိမ့္မယ္လို႔ ဆိုပါတယ္။ သူတို႔ဟာ Daniel ရဲ႕ အိမ္မွာ ခ်ိန္းေတြ႕ခဲ့ၾကတာ ျဖစ္ၿပီး အဲဒီေနရာအထိ Jihyo က သူ(မ)ကားကို ကိုယ္တိုင္ေမာင္းခဲ့တာလို႔ ဆိုပါတယ္။

ႏွစ္ေယာက္လံုးနဲ႔ ရင္းႏွီးတဲ့သူ တစ္ေယာက္ရဲ႕ အေျပာအရေတာ့ Daniel နဲ႔ ရင္းႏွီးတဲ့ Idol (စီနီယာ) တစ္ေယာက္က မိတ္ဆက္ေပးလို႔ ႏွစ္ေယာက္သား ရင္းႏွီးခဲ့ၾကတာ ျဖစ္ၿပီး တစ္ပတ္ကို တစ္ေခါက္ေလာက္ေတာ့ ႏွစ္ေယာက္သား ေတြ႕ျဖစ္ၾကတယ္လို႔ ဆိုျပန္ပါတယ္။

Related Article >>> ဘယ္ေတာ့ ၾကည့္ၾကည့္မရိုးတဲ့ ကိုရီးယားရုပ္ရွင္ဇာတ္လမ္းတြဲ(၃)ခု

Twice ရဲ႕ World Tour အတြက္ ကိုရီးယားက Jihyo မထြက္ေသးခင္ တစ္ရက္နဲ႔ ျပန္လာၿပီး ေနာက္ရက္ေတြမွာ အတူတူ ရွိခဲ့ၾကသလို Kang Daniel ရဲ႕ Solo Debut Showcase လုပ္ခဲ့တဲ့ ဇူလိုင္ ၂၅ မွာလည္း သူတို႔ႏွစ္ေယာက္ အတူတူ ရွိခဲ့ၾကတယ္လုိ႔ ေဖာ္ျပထားပါတယ္ ေယာင္းတို႔ေရ…

Dispatch က ဒီသတင္းေတြ တက္လာတုန္းကေတာ့ ေၾသာ္.. ဒီလိုပဲ ေကာလဟာလေတြ ေနမွာပါလို႔ ေတြးခဲ့ေပမဲ့ ခုေတာ့ JYP Entertainment ကေရာ Daniel ရဲ႕ KONNECT ကပါ ဒီသတင္းကို အတည္ျပဳလိုက္ပါၿပီေနာ္..

သူတို႔အတြဲေလးကို ေယာင္းတို႔ေရာ ဘယ္လို ျမင္ၾကလဲ?

References : Soompi , All Kpop

<<< Unicode >>>

အသည်းကွဲဖို့အတွက် ကြိုပြင်ဆင်ပြီးသား… T.T

ကြားပြီးကြပြီလား ယောင်းတို့ရေ.. Kang Daniel နဲ့ Twice ရဲ့ Jihyo တို့ ချစ်သူတွေ ဖြစ်နေကြပါပြီတဲ့..

ဒီသတင်းကိုတော့ Dispatch က အရင် ဖော်ထုတ်လိုက်တာပါ။ သြဂုတ်လ ၁ရက်နေ့က Hannam-dong မှာ Jihyo နဲ့ Daniel တို့ ဒိတ်နေကြတာကို တွေ့ခဲ့ကြရပြီး တကယ်တမ်း သူတို့တွဲနေတာ နှစ်စကတည်းက ဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။ သူတို့ဟာ Daniel ရဲ့ အိမ်မှာ ချိန်းတွေ့ခဲ့ကြတာ ဖြစ်ပြီး အဲဒီနေရာအထိ Jihyo က သူ(မ)ကားကို ကိုယ်တိုင်မောင်းခဲ့တာလို့ ဆိုပါတယ်။

နှစ်ယောက်လုံးနဲ့ ရင်းနှီးတဲ့သူ တစ်ယောက်ရဲ့ အပြောအရတော့ Daniel နဲ့ ရင်းနှီးတဲ့ Idol (စီနီယာ) တစ်ယောက်က မိတ်ဆက်ပေးလို့ နှစ်ယောက်သား ရင်းနှီးခဲ့ကြတာ ဖြစ်ပြီး တစ်ပတ်ကို တစ်ခေါက်လောက်တော့ နှစ်ယောက်သား တွေ့ဖြစ်ကြတယ်လို့ ဆိုပြန်ပါတယ်။

Related Article >>> ဘယ်တော့ ကြည့်ကြည့်မရိုးတဲ့ ကိုရီးယားရုပ်ရှင်ဇာတ်လမ်းတွဲ(၃)ခု

Twice ရဲ့ World Tour အတွက် ကိုရီးယားက Jihyo မထွက်သေးခင် တစ်ရက်နဲ့ ပြန်လာပြီး နောက်ရက်တွေမှာ အတူတူ ရှိခဲ့ကြသလို Kang Daniel ရဲ့ Solo Debut Showcase လုပ်ခဲ့တဲ့ ဇူလိုင် ၂၅ မှာလည်း သူတို့နှစ်ယောက် အတူတူ ရှိခဲ့ကြတယ်လို့ ဖော်ပြထားပါတယ် ယောင်းတို့ရေ…

Dispatch က ဒီသတင်းတွေ တက်လာတုန်းကတော့ သြော်.. ဒီလိုပဲ ကောလဟာလတွေ နေမှာပါလို့ တွေးခဲ့ပေမဲ့ ခုတော့ JYP Entertainment ကရော Daniel ရဲ့ KONNECT ကပါ ဒီသတင်းကို အတည်ပြုလိုက်ပါပြီနော်..

သူတို့အတွဲလေးကို ယောင်းတို့ရော ဘယ်လို မြင်ကြလဲ?

References : Soompi , All Kpop

No Comments Yet

Leave a Reply

Your email address will not be published.