အများစိတ်ဝင်စားနေကြတဲ့ ဆူဇီနဲ့ လီဒေါင်ဝပ်တို့ ပြတ်စဲတဲ့သတင်း

ဦးနဲ့ခေးတို့ ပြတ်သွားရတဲ့ အကြောင်းအရင်းက ဒီလိုပါတဲ့ ယောင်းတို့ရေ …

ကိုရီးယားအဆိုတော်နဲ့ မင်းသမီးဆူဇီနဲ့ မင်းသားလီဒေါင်ဝပ်တို့ရဲ့လေးလကျော်ကြာခဲ့တဲ့ ချစ်သူသက်တမ်းဟာ အဆုံးသတ်သွားပြီဖြစ်ကြောင်း အတည်ပြုထုတ်ပြန်လိုက်ပြီ ဖြစ်ပါတယ်။ ဒီသတင်းကို ဇူလိုင်လနှစ်ရက်နေ့မှာပဲ နှစ်ယောက်စလုံးရဲ့အေဂျင်စီတွေကနေ အတည်ပြုထားပြီးပြီဖြစ်ပါတယ်။ သူတို့နှစ်ယောက် ပြတ်စဲရတဲ့အကြောင်းအရင်းကိုတော့ နှစ်ယောက်စလုံးဟာ ရုပ်ရှင်ရိုက်ရက်တွေ၊ အလုပ်အချိန်ဇယားတွေနဲ့ ပြည့်နေတာကြောင့် တစ်ဦးကို တစ်ဦးတွေ့ဆုံဖို့ အချိန်တွေ မပေးနိုင်ကြတာကြောင့် ဖြစ်ပါသတဲ့။ အခုလို ပြတ်စဲသွားကြပေမယ့် သူတို့ဟာ ခင်မင်ရင်းနှီးတဲ့ ဆက်ဆံရေးဆက်ရှိနေဦးမှာပါလို့ ဆူဇီရဲ့ JYP အင်တာတိန်းမန့် အေဂျင်စီက ထုတ်ပြန်ထားပါတယ်။ လီဒေါင်ဝပ်ရဲ့ အေဂျင်စီဖြစ်တဲ့ King Kong ကတော့ “သူတို့နှစ်ယောက်ပြတ်စဲသွားတာမှန်ပါတယ်။ သူတို့တွေဟာ ကိုယ့်လမ်းကိုယ်ပဲဆက်လျှောက်ကြမှာပါ” လို့ထုတ်ပြန်ထားပါတယ်။

Related Article>>> ဂျက်စတင်ဘီဘာနဲ့ ပတ်သက်ခဲ့ဖူးတဲ့ ဆယ်လီမမများ

ရေစက်ကုန်ကြပြီပဲဆိုရမလား ..

သူတို့နှစ်ယောက်ရဲ့ အချစ်ရေးကိုပြီးခဲ့တဲ့ ၂၀၁၈ မတ်လထဲမှာပဲ အတည်ပြုပြောကြားခဲ့တာဖြစ်ပြီး အတည်ပြုသတင်းထုတ်ပြန်ချက်မှာတော့ သူတို့နှစ်ဦးဟာ တစ်ဦးကို တစ်ဦး နားလည်မှုယူတဲ့ အဆင့်မှာပဲ ရှိနေသေးတယ်လို့ နှစ်ဘက်အေဂျင်စီတွေက မှတ်ချက်ပေးခဲ့ပါတယ်။ သူတို့လက်တွဲခဲ့တဲ့ ကာလထဲမှာတော့ သူတို့နှစ်ယောက်ရဲ့ကွာခြားတဲ့ အသက်အရွယ်ကြောင့် ဦးနဲ့ သမီးဇာတ်လမ်းလို့ သူတို့ကိုချစ်ကြတဲ့ ပရိသတ်တွေက ချစ်စနိုးပြောဆိုကြပါတယ်။ ဆူဇီဟာ လီဒေါင်ဝပ်နဲ့ မချစ်ကြိုက်ခင်က မင်းသားလီမင်ဟိုနဲ့ တွဲခုတ်ခဲ့ဖူးပြီး လီမင်ဟိုနဲ့ လမ်းခွဲပြီးလပိုင်းအကြာမှာပဲ လီဒေါင်ဝပ်နဲ့ ချစ်ကြိုက်ခဲ့တာပါ။ ဆူဇီဟာ ပြတ်လိုက် တွဲလိုက်သတင်းတွေ မကြာခဏထွက်တတ်လို့လည်း အမေရိကန်အဆိုတော်မလေး တေလာဆွတ်ဖ်နဲ့ နှိုင်းယှဉ်ကြတာတွေ ရှိပါတယ်။

လက်ရှိမှာတော့ နှစ်ဦးသားဟာ ရိုက်လက်စ ဒရာမာ ဇာတ်လမ်းတွဲတွေအတွက် အားထုတ်နေကြပြီး သူတို့ရဲ့စိတ်မကောင်းစရာအဖြစ်အပျက်အတွက် လုပ်ဖော်ကိုင်ဖက်သရုပ်ဆောင်တွေက သူတို့ကိုအားပေးနေကြပါသတဲ့။

Sugar Cane (For Her Myanmar)

References – koreaboo, Koreaboo

No Comments Yet

Comments are closed