Park Min Young နဲ႔ Kim Jae Wook တို႔ရဲ႕ မၾကာခင္ထြက္ရွိေတာ့မယ့္ ဒရာမာဇာတ္လမ္းတြဲအသစ္ “Her Private Life”

အတြင္းေရးမွဴးကင္နဲ႔ ဖာသာခၽြဲယြန္းတို႔ကို တစ္ကားထဲမွာ ေတြ႔ရေတာ့မယ္

ေယာင္းတို႔ေရ … မင္းသမီး Park Min Young ဆိုရင္ အတြင္းေရးမွဴးကင္မွန္း တန္းသိၾကမယ္ထင္ပါတယ္။ အတြင္းေရးမွဴးကင္နဲ႔ ဧည့္သည္မ်ား (Guests) ဇာတ္လမ္းတြဲထဲက ဖာသာခၽြဲယြန္းအျဖစ္သရုပ္ေဆာင္တဲ့ မင္းသားေခ်ာ Kim Jae Wook တို႔ရဲ႕ “Her Private Life” လို႔အမည္ရတဲ့ ဇာတ္ကားသစ္ဟာ ဧၿပီ (၁၀) ရက္ေန႔မွာ ထြက္ရွိမွာပါ။ ေလာေလာဆယ္ေတာ့ Stella က ဒီကားေလးမထြက္ေသးခင္မွာ ေယာင္းတို႔ကို ဇာတ္လမ္းအေၾကာင္းေလးနဲ႔ ပံုေလးေတြ နည္းနည္းအျမည္းေကၽြးမယ္ေလေနာ္ …

Related article >>> ၂၀၁၉ မွာစစ္မႈထမ္းကာလၿပီးဆံုးၿပီး ပရိသတ္ေတြဆီျပန္လာေတာ့မယ့္ မင္းသား(၁၀) ဦး

TvN က ထုတ္လႊင့္မယ့္ ဒီဇာတ္လမ္းတြဲမွာ Park Min Young က ျပတိုက္မွဴး Sung Duk Mi အျဖစ္သရုပ္ေဆာင္ထားၿပီး သူ(မ)ရဲ႕လွိဴ႕ဝွက္ခ်က္ကေတာ့ ကိုရီးယားအိုင္ေဒါေတြကို အရူးအမူးႀကိဳက္တဲ့ fan girl ျဖစ္ေနျခင္းပါပဲ။ Kim Jae Wook ကေတာ့ အထက္စီးဆန္ဆန္ ေဘာ့စ္ Ryan Gold အျဖစ္ ပါဝင္ထားတာပါ။

Related article >>> Bigbang အဖြဲ႕ဝင္ Seungri ဟာ ၂၀၁၄ေလာက္တည္းက ျပည့္တန္ဆာ လုပ္ငန္း လုပ္ကိုင္ေနခဲ့ဟု သတင္းထြက္ေပၚ

ဇာတ္လမ္းအရဆိုရင္ေတာ့ Sung Duk Mi နဲ႔ Ryan Gold ရဲ႕ ပထမဆံုးေတြ႔ဆံုျခင္းက ဘုနဲ႔ေဘာက္ျဖစ္မွာပါ။ tvN က ထုတ္ေဖာ္ျပလိုက္တဲ့ ပံုေတြအရေတာ့ သူတို႔ႏွစ္ေယာက္က ေလလံပြဲတစ္ခုမွာ အၿပိဳင္အဆိုင္ေလလံဆြဲေနတာကို ေတြ႔ရမွာပါ။

Related article >>> ၂၀၁၉ မွာ အရြယ္ေရာက္လာေတာ့မယ့္ အမ်ိဳးသား Idol (၆) ေယာက္

ေလလံတင္ေနတဲ့ပစၥည္းက အသည္းစြဲအိုင္ေဒါကို လက္ေဆာင္ေပးဖို႔ Sung Duk Mi အသည္းအသန္လိုခ်င္ေနတဲ့ ပစၥည္းလို႔ သိရပါတယ္။ ၾကည့္ရတာေတာ့ Ryan Gold က သူ(မ)ရဲ႕ အႀကံအစည္ေတြကို ဖ်က္လိုဖ်က္ဆီးလုပ္ေတာ့မယ့္ အေျခအေနမွာပါ။ ဘယ္သူေလလံႏိုင္မလဲဆိုတာကေတာ့ ေစာင့္ၾကည့္ရေတာ့မွာေပါ့။

Related article >>> တစ္ခ်ိန္က 90s’ kids မိန္းကေလးတိုင္း ခြက္ရွ္ခဲ့ၾကတဲ့ ေတာင္ကိုရီးယားရဲ႕ နာမည္အႀကီးဆံုး မင္းသား ေဘေယာင္ဂၽြန္း

အတြင္းလူတစ္ေယာက္ေျပာျပခ်က္အရဆိုရင္ေတာ့ ဒီဇာတ္လမ္းမွာ Park Min Young နဲ႔ Kim Jae Wook တို႔ရဲ႕ မတည့္အတူေနအလြဲေတြက ၾကည့္ရႈသူပရိသတ္ေတြကို ပြဲက်ေစမွာပါတဲ့။

ကဲ … ဒါဆိုရင္ေတာ့ မၾကာမီလာမည္ဆိုတဲ့ ဒီကားေလးကို Stella  နဲ႔ တူတူအားေပးလိုက္ၾကဦးစို႔ …

Stella (For Her Myanmar)

အတွင်းရေးမှူးကင်နဲ့ ဖာသာချွဲယွန်းတို့ကို တစ်ကားထဲမှာ တွေ့ရတော့မယ်

ယောင်းတို့ရေ … မင်းသမီး Park Min Young ဆိုရင် အတွင်းရေးမှူးကင်မှန်း တန်းသိကြမယ်ထင်ပါတယ်။ အတွင်းရေးမှူးကင်နဲ့ ဧည့်သည်များ (Guests) ဇာတ်လမ်းတွဲထဲက ဖာသာချွဲယွန်းအဖြစ်သရုပ်ဆောင်တဲ့ မင်းသားချော Kim Jae Wook တို့ရဲ့ “Her Private Life” လို့အမည်ရတဲ့ ဇာတ်ကားသစ်ဟာ ဧပြီ (၁၀) ရက်နေ့မှာ ထွက်ရှိမှာပါ။ လောလောဆယ်တော့ Stella က ဒီကားလေးမထွက်သေးခင်မှာ ယောင်းတို့ကို ဇာတ်လမ်းအကြောင်းလေးနဲ့ ပုံလေးတွေ နည်းနည်းအမြည်းကျွေးမယ်လေနော် …

Related article >>> ၂၀၁၉ မှာစစ်မှုထမ်းကာလပြီးဆုံးပြီး ပရိသတ်တွေဆီပြန်လာတော့မယ့် မင်းသား(၁၀) ဦး

TvN က ထုတ်လွှင့်မယ့် ဒီဇာတ်လမ်းတွဲမှာ Park Min Young က ပြတိုက်မှူး Sung Duk Mi အဖြစ်သရုပ်ဆောင်ထားပြီး သူ(မ)ရဲ့လှိူ့ဝှက်ချက်ကတော့ ကိုရီးယားအိုင်ဒေါတွေကို အရူးအမူးကြိုက်တဲ့ fan girl ဖြစ်နေခြင်းပါပဲ။ Kim Jae Wook ကတော့ အထက်စီးဆန်ဆန် ဘော့စ် Ryan Gold အဖြစ် ပါဝင်ထားတာပါ။

Related article >>> Bigbang အဖွဲ့ဝင် Seungri ဟာ ၂၀၁၄လောက်တည်းက ပြည့်တန်ဆာ လုပ်ငန်း လုပ်ကိုင်နေခဲ့ဟု သတင်းထွက်ပေါ်

ဇာတ်လမ်းအရဆိုရင်တော့ Sung Duk Mi နဲ့ Ryan Gold ရဲ့ ပထမဆုံးတွေ့ဆုံခြင်းက ဘုနဲ့ဘောက်ဖြစ်မှာပါ။ tvN က ထုတ်ဖော်ပြလိုက်တဲ့ ပုံတွေအရတော့ သူတို့နှစ်ယောက်က လေလံပွဲတစ်ခုမှာ အပြိုင်အဆိုင်လေလံဆွဲနေတာကို တွေ့ရမှာပါ။

Related article >>> ၂၀၁၉ မှာ အရွယ်ရောက်လာတော့မယ့် အမျိုးသား Idol (၆) ယောက်

လေလံတင်နေတဲ့ပစ္စည်းက အသည်းစွဲအိုင်ဒေါကို လက်ဆောင်ပေးဖို့ Sung Duk Mi အသည်းအသန်လိုချင်နေတဲ့ ပစ္စည်းလို့ သိရပါတယ်။ ကြည့်ရတာတော့ Ryan Gold က သူ(မ)ရဲ့ အကြံအစည်တွေကို ဖျက်လိုဖျက်ဆီးလုပ်တော့မယ့် အခြေအနေမှာပါ။ ဘယ်သူလေလံနိုင်မလဲဆိုတာကတော့ စောင့်ကြည့်ရတော့မှာပေါ့။

Related article >>> တစ်ချိန်က 90s’ kids မိန်းကလေးတိုင်း ခွက်ရှ်ခဲ့ကြတဲ့ တောင်ကိုရီးယားရဲ့ နာမည်အကြီးဆုံး မင်းသား ဘေယောင်ဂျွန်း

အတွင်းလူတစ်ယောက်ပြောပြချက်အရဆိုရင်တော့ ဒီဇာတ်လမ်းမှာ Park Min Young နဲ့ Kim Jae Wook တို့ရဲ့ မတည့်အတူနေအလွဲတွေက ကြည့်ရှုသူပရိသတ်တွေကို ပွဲကျစေမှာပါတဲ့။

ကဲ … ဒါဆိုရင်တော့ မကြာမီလာမည်ဆိုတဲ့ ဒီကားလေးကို Stella နဲ့ တူတူအားပေးလိုက်ကြဦးစို့ …

Stella (For Her Myanmar)

No Comments Yet

Comments are closed