တိတ္တဆိတ္မဂၤလာပြဲက်င္းပခဲ့တဲ့ Game of Thrones မင္းသမီးေလး Sophie Turner နဲ႔ ေပါ့ပ္စတား Joe Jonas

ပရိသတ္ေတြအတြက္ စပရိုက္စ္တဲ့လား? အသည္းေတြေတာ့ ကြဲကုန္ပါၿပီေနာ္.. 

Game of Thrones မင္းသမီးေလး Sophie Turner နဲ႔ Jonas Brothers အဖြဲ႔ဝင္ Joe Jonas တို႔ လူမသိသူမသိ တိတ္တိတ္ေလးလက္ထပ္လိုက္တဲ့အေၾကာင္းက ပရိသတ္ေတာ္ေတာ္မ်ားမ်ားကို အုတ္ေအာ္ေသာင္းနင္းျဖစ္သြားေစပါတယ္။

Related article >>> ခ်စ္သူေတြပါလို႔ ပရိသတ္ကိုအတည္ျပဳေပးလိုက္တဲ့ ကိုရီးယားအႏုပညာရွင္စံုတြဲ (၃) တြဲ

သူတို႔ႏွစ္ေယာက္ဟာ ခ်စ္သူေတြျဖစ္ေနတာ အေတာ္ၾကာေနၿပီး ေစ့စပ္ထားတယ္လို႔ ၂၀၁၇ ခုႏွစ္ထဲကေၾကညာထားေပမဲ့ ဒီလိုရုတ္တရက္လက္ထပ္သြားမယ္လို႔ေတာ့ ဘယ္သူမွကို မထင္ထားတာပါ။ မဂၤလာပြဲကို ေမလ(၁)ရက္ေန႔ညက Las Vegas ၿမိဳ႕မွာ က်င္းပခဲ့တာပါ။

ပြဲတက္ေရာက္သူ ဧည့္ပရိသတ္ေတြထဲမွာ Joe ရဲ႕ ညီအစ္ကိုႏွစ္ေယာက္ျဖစ္တဲ့ Nick နဲ႔ Kevin လည္း အပါအဝင္ပါပဲ။ မၾကာေသးခင္ကမွ Nick နဲ႔ လက္ထပ္လိုက္တဲ့ Priyanka Chopra ကေတာ့ သတို႔သမီးအရံအျဖစ္ ကူညီေပးခဲ့ပါတယ္တဲ့။ နီးစပ္ရာအသိုင္းအဝိုင္းေတြ ေရွ႕ေမွာက္မွာ ကတိသစၥာတိုင္တည္ခဲ့ၾကၿပီး မီဒီယာေတြနဲ႔ ပရိသတ္ေတြကို လံုးဝအသိမေပးခဲ့ပါဘူး။

Related article >>> Park Bo Gum နဲ႕ Gong Yoo တို႕ကို အတူယွဥ္တြဲေတြ႕ရမယ့္ ကိုရီးယား ရုပ္ရွင္ “Seo Bok”

အေစာပိုင္းရက္ေတြတုန္းေတာင္မွ ႏွစ္ေယာက္သား ဇြန္လမွာ လက္ထပ္ေတာ့မယ္လို႔ သတင္းထြက္ထားရာကေန ျဗဳန္းစားႀကီး ပရိသတ္ကို စပရိုက္တိုက္သြားတဲ့ ဒီႏွစ္ေယာက္ရဲ႕ လက္ထပ္ပြဲက ႀကိဳတင္စီစဥ္ထားတာလား ရုတ္တရက္လားဆိုတာကိုေတာ့ မသိရေသးပါဘူး။

ကဲ … Stella ကေတာ့ Sophie Turner ေလးပါသြားလို႔ အသည္းေတြကြဲေၾကေနၿပီ။ ေယာင္းတို႔ေကာ ဒီၾကင္စဦးစံုတြဲေလးကို သေဘာတူၾကလား ?

Stella (For Her Myanmar)

References : BBC , Buzzfeed , Mirror

<<< Unicode >>>

ပရိသတ်တွေအတွက် စပရိုက်စ်တဲ့လား? အသည်းတွေတော့ ကွဲကုန်ပါပြီနော်.. 

Game of Thrones မင်းသမီးလေး Sophie Turner နဲ့ Jonas Brothers အဖွဲ့ဝင် Joe Jonas တို့ လူမသိသူမသိ တိတ်တိတ်လေးလက်ထပ်လိုက်တဲ့အကြောင်းက ပရိသတ်တော်တော်များများကို အုတ်အော်သောင်းနင်းဖြစ်သွားစေပါတယ်။

Related article >>> ချစ်သူတွေပါလို့ ပရိသတ်ကိုအတည်ပြုပေးလိုက်တဲ့ ကိုရီးယားအနုပညာရှင်စုံတွဲ (၃) တွဲ

သူတို့နှစ်ယောက်ဟာ ချစ်သူတွေဖြစ်နေတာ အတော်ကြာနေပြီး စေ့စပ်ထားတယ်လို့ ၂၀၁၇ ခုနှစ်ထဲကကြေညာထားပေမဲ့ ဒီလိုရုတ်တရက်လက်ထပ်သွားမယ်လို့တော့ ဘယ်သူမှကို မထင်ထားတာပါ။ မင်္ဂလာပွဲကို မေလ(၁)ရက်နေ့ညက Las Vegas မြို့မှာ ကျင်းပခဲ့တာပါ။

ပွဲတက်ရောက်သူ ဧည့်ပရိသတ်တွေထဲမှာ Joe ရဲ့ ညီအစ်ကိုနှစ်ယောက်ဖြစ်တဲ့ Nick နဲ့ Kevin လည်း အပါအဝင်ပါပဲ။ မကြာသေးခင်ကမှ Nick နဲ့ လက်ထပ်လိုက်တဲ့ Priyanka Chopra ကတော့ သတို့သမီးအရံအဖြစ် ကူညီပေးခဲ့ပါတယ်တဲ့။ နီးစပ်ရာအသိုင်းအဝိုင်းတွေ ရှေ့မှောက်မှာ ကတိသစ္စာတိုင်တည်ခဲ့ကြပြီး မီဒီယာတွေနဲ့ ပရိသတ်တွေကို လုံးဝအသိမပေးခဲ့ပါဘူး။

Related article >>> Park Bo Gum နဲ့ Gong Yoo တို့ကို အတူယှဉ်တွဲတွေ့ရမယ့် ကိုရီးယား ရုပ်ရှင် “Seo Bok”

အစောပိုင်းရက်တွေတုန်းတောင်မှ နှစ်ယောက်သား ဇွန်လမှာ လက်ထပ်တော့မယ်လို့ သတင်းထွက်ထားရာကနေ ဗြုန်းစားကြီး ပရိသတ်ကို စပရိုက်တိုက်သွားတဲ့ ဒီနှစ်ယောက်ရဲ့ လက်ထပ်ပွဲက ကြိုတင်စီစဉ်ထားတာလား ရုတ်တရက်လားဆိုတာကိုတော့ မသိရသေးပါဘူး။

ကဲ … Stella ကတော့ Sophie Turner လေးပါသွားလို့ အသည်းတွေကွဲကြေနေပြီ။ ယောင်းတို့ကော ဒီကြင်စဦးစုံတွဲလေးကို သဘောတူကြလား ?

Stella (For Her Myanmar)

References : BBC , Buzzfeed , Mirror

No Comments Yet

Comments are closed