ထပ်ဆင့်အကယ်ဒမီ အိန္ဒြာကျော်ဇင်ရဲ့ ခေတ်မီလတ်ဆတ်နေဆဲ ဖက်ရှင်ပုံရိပ်များ




 


 



 



 

 



Stella (For Her Myanmar)

<<< Unicode >>>

အသက်ကြီးဦးမှာလားကွယ်လို့ပဲ မေးချင်တယ်

ယောင်းတို့ရေ … သိကြတဲ့အတိုင်း အိန္ဒြာကျော်ဇင်ဆိုတာ မြန်မာနိုင်ငံရဲ့အောင်မြင်ဆဲ အောင်မြင်မြဲ ထိပ်တန်းမင်းသမီးတစ်လက်ပါ။

အိန္ဒြာကျော်ဇင် အနုပညာလောကထဲ ဝင်လာခါစက Stella ဆို မွေးတောင်မမွေးသေးဘူး။ ဒါပေမဲ့ လက်ရှိအချိန်ထိ အိန္ဒြာကျော်ဇင်ဆိုတာနဲ့ အကုန်လုံးသိတဲ့အထိ ဝက်ဝက်ကွဲအောင်မြင်နေတုန်းပါပဲ။

 

အူဝဲလို့ အားလုံးကချစ်စနိုးခေါ်ကြတဲ့သူ(မ)ဟာ ၁၉၉၆ ခုနှစ်မှာ Miss Christmas ပြိုင်ပွဲနဲ့ Miss Cokkine ပြိုင်ပွဲတွေမှာ ပထမဆုတွေ သိမ်းပိုက်ခဲ့ပြီး အနုပညာလောကထဲ စတင်ဝင်ရောက်လာတာဖြစ်ပါတယ်။

 

နောက်ပြီး တရုတ်နိုင်ငံ ရွှေကြက်ဖနိုင်ငံတကာရုပ်ရှင်ပွဲတော်ကို ဖိတ်ကြားခြင်းခံရတဲ့ ပထမဆုံးမြန်မာအမျိုးသမီးတစ်ယောက်ပါ။

Related article >>> ဘယ်သွားသွားတင့်တယ်စေမယ့် မြန်မာဝတ်စုံဖက်ရှင်များ

 

၂၀၀၄ ခုနှစ်မှာတော့ “မျက်နှာများတဲ့ကောင်းကင်” ဇာတ်ကားကြီးနဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင် အကယ်ဒမီဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး ၂၀၁၇ ခုနှစ်မှာတော့ “ရင်ဘတ်ထဲကဓား” ဇာတ်ကားကြီးနဲ့ ထပ်ဆင့်အကယ်ဒမီဆု ရရှိခဲ့ပါသေးတယ်။

အနုပညာသက်တမ်းတစ်လျှောက်မှာ ပီပြင်တဲ့ သရုပ်ဆောင်ချက်တွေကြောင့် အောင်မြင်မှုတွေရရှိခဲ့တဲ့အပြင် ဖက်ရှင်ဘက်မှာလည်း အိန္ဒြာကျော်ဇင်ရယ်လို့ ဖြစ်လာကတည်းက ဒီနေ့ ဒီအချိန်ထိ ဖက်ရှင်ဘုရင်မအဖြစ်ရပ်တည်နေတဲ့ အူဝဲရဲ့ ဖက်ရှင်ပုံရိပ်လေးတွေကို ဝေမျှပေးလိုက်ပါတယ်နော်။

 

 

For Her Myanmar ရဲ့ ယောင်းလေးတွေထဲမှာရော အူဝဲပရိသတ်တွေရှိကြလား?

Photo credit to Eaindra Kyaw Zin facebook page

Stella (For Her Myanmar)

No Comments Yet

Comments are closed