နိုဝင်ဘာလအတွင်း လက်ထပ်ကြတော့မယ့် Deepika နဲ့ Ranveer

ရင်တွေ ခုန်နေပါပြီ :3

ဘောလီးဝုဒ် ပရိတ်သတ်တွေ အတွက် သတင်းကောင်းတစ်ခုတက်လာပါတယ်။ အဲ့ဒါကတော့ Padmaavat ထဲက အက်ဒ်မင်တို့ အချစ်တော်မင်းသမီးလေး Deepika Padukoneရဲ့ မင်္ဂလာသတင်းပါပဲ။

သတို့သားကတော့ တခြားမဟုတ်ပါဘူး။ Padmaavat ရဲ့ အလှမှာ ယစ်မူးသွားတဲ့ ဗီလိန်ဘုရင် အလာအူဒင် (Ranveer Singh) ပါပဲ။

မင်းသားနဲ့ မင်းသမီးဟာ သူတို့ မင်္ဂလာသတင်းကို လူမှုကွန်ရက်ပေါ်မှာ ခုလို ကြေညာခဲ့ပါတယ်။

deepika and ranveer

“နှစ်ဘက်မိဘတွေ ကောင်းချီးပေးမှုနဲ့ ကျွန်တော်၊ကျွန်မတို့ရဲ့ မင်္ဂလာပွဲကို နိုဝင်ဘာ ၁၄ရက်နဲ့ ၁၅ရက်မှာ ကျင်းပမှာပါ။ ကျွန်တော်တို့ စုံတွဲကို အများကြီး ချစ်ပေးကြလို့ ကျေးဇူးတင်ပါတယ်။

Related article >>> Pink ရဲ့သမီးလေး လက်ထပ်ချင်တဲ့သူ

ရှေ့ဆက်သွားမယ့် နှစ်ကိုယ်တူ ချစ်ခြင်းမေတ္တာနဲ့ သစ္စာတရား ခရီးလမ်းကိုလည်း ဖြောင့်ဖြောင့်ဖြူးဖြူး သွားနိုင်ဖို့ ဆက်လက်အားပေးကြပါဦးနော်” လို့ ချစ်စဖွယ်ရေးသားကြေညာခဲ့ပါတယ်။

deepika and ranveer
Deepika and Ranveer

မင်္ဂလာရက် သိရပေမယ့် လက်ထပ်ပွဲ နေရာကိုတော့ မပြောပြသေးပါဘူး။ မီဒီယာတချို့ကတော့ အီတလီမှာရှိတဲ့ Lake Como မှာ ကျင်းပမယ်လို့ သတင်းထွက်နေကြပြီး ပရိသတ်တချို့ကတော့ အိန္ဒိယမှာပဲ ဆောင်စေချင်ကြပါတယ်။

အခုချိန်မှာတော့ ခမ်းနားတဲ့ မင်္ဂလာပွဲကြီးအတွက် နှစ်ယောက်လုံး အင်မတန်အလုပ်ရှုပ်နေကြပါပြီတဲ့။ Deepika နဲ့ Ranveerဟာ အောင်မြင်တဲ့ ရုပ်ရှင်ကားကြီး ၃ကားမှာ အတူတူ သရုပ်ဆောင်ခဲ့ကြပါတယ်။ လက်ရှိမှာတော့ Deepika က ၃၂ နှစ်ရှိပြီ ဖြစ်ပြီး Ranveer Singh ကတော့ ၃၃နှစ်ရှိနေပါပြီ။

အက်ဒ်မင်ကတော့ မင်္ဂလာပွဲမှာ အလှကြီးလှနေမယ့် မင်းသမီးလေးကို တွေးရင်း အရမ်းတွေ စိတ်လှုပ်ရှားနေပါပြီ…Congratulations ပါလို့….

By

Mia (For Her Myanmar)

Reference links: social media, ndtv.com

Photo Credit : bollywoodhungama.com

No Comments Yet

Comments are closed