ျမန္မာ့ရုပ္ရွင္ေလာကမွာ အကယ္ဒမီအမ်ားဆံုးရရွိထားတဲ့ အနုပညာရွင္(၆)ေယာက္

ခါေတာ္မီေလးပါေနာ္ 

ေယာင္းတို႕ေရ အကယ္ဒမီေပးပြဲႀကီးလည္း ေရာက္ေတာ့မယ္ဆိုေတာ့ အကယ္ဒမီသမိုင္းတစ္ေလွ်ာက္က အကယ္ဒမီေရႊစင္ရုပ္ထု အမ်ားဆုံးပိုင္ဆိုင္ခဲ့တဲ့ အနုပညာရွင္စာရင္းကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

အကယ္ဒမီ အကဲျဖတ္အဖြဲ႔ကို ၁၉၅၂ ခုႏွစ္မွာ စတင္ဖြဲ႔စည္းခဲ့ပါတယ္။ ၁၉၅၂ နဲ႔ ၁၉၅၃ အကယ္ဒမီမွာတုန္းကေတာ့ ဇာတ္ကားဆု(၃)ဆုနဲ႕ ပညာသည္ဆု(၂)ဆု ခ်ီးျမွင့္ခဲ့ျပီး ဇာတ္ကားပထမဆုကို ေရႊကိႏၷရီ႐ုပ္၊ ဒုတိယဆုကို ေငြေဒါင္းရုပ္၊ တတိယဆုကို ေၾကးျခေသၤ့ရုပ္ ခ်ီးျမွင့္ခဲ့ပါတယ္။ အေကာင္းဆုံးဇာတ္ေဆာင္ အမ်ိဳးသားနဲ႔ အမ်ိဳးသမီးေတြကိုေတာ့ ေရႊရင္ထိုး ခ်ီးျမွင့္ခဲ့ပါတယ္။ ေနာက္ပိုင္းမွာေတာ့ ဒါရိုက္တာဆု၊ ဓာတ္ပံုဆုစတဲ့ ဆုေတြကိုတိုးျမွင့္ခ်ီးျမွင့္ခဲ့ပါတယ္။ ၁၉၉၃ခုႏွစ္မွာေတာ့ ေရႊကိႏၷရီ႐ုပ္မွာတပ္ဆင္ထားတဲ့ ေငြၾကယ္ကို ေရႊသားစင္စစ္ၾကယ္နဲ႔ အစားထိုးေျပာင္းလဲခ်ီးျမွင့္ခဲ့ပါတယ္။

ျမန္မာ့အကယ္ဒမီထူးခြၽန္ဆုကို အႀကိမ္ေရအမ်ားဆံုးရရွိထားတဲ့ အႏုပညာရွင္ကေတာ့ သရုပ္ေဆာင္ညြန္႔ဝင္းျဖစ္ပါတယ္။ သူ႕ကိုသထံုၿမိဳ႕မွာ ၁၉ရက္ေန႔၊၃လပိုင္း၊၁၉၄၀မွာ  ေမြးဖြားခဲ့တာျဖစ္ပါတယ္။ ၁၉၆၃ မွာ ‘‘သတို႕သမီးအလိုရွိသည္’’ ဇာတ္ကားနဲ႕ ရုပ္ရွင္စရိုက္ခဲ့တဲ့ ဦးညြန္႔ဝင္းကို အကယ္ဒမီအမ်ားဆုံးဆုရွင္ျဖစ္လာေစခဲ့တဲ့ ရုပ္ရွင္ကားေလးေတြကေတာ့ ၁၉၆၈မွာ ဗန္တိုေလးနဲ႔သူဇာ၊ ၁၉၇၁ မွေတာ့ ခ်စ္သူဝိုင္းဝိုင္းလည္၊ ၁၉၈၃ မွာ တတိယအရြယ္၏ဒုတိယေဝဒနာ၊ ၁၉၉၃ မွာသီတာခုႏွစ္တန္၊ ၁၉၉၇မွာ သူ႕က်ြန္မခံၿပီ၊ ၂၀၀၂ မွာ ဆန္ေရ၊၂၀၀၄ မွာ လွ်ိဳ႕ဝွက္ေသာႏွင္း  တို႔ျဖစ္ပါတယ္။

Related article>>>သမိုင္းထဲက ကာတီယာနဲ႔ဆိုင္ယမ္(ထိုင္း)မင္းသားတို႔ ရဲ႕ ေၾကကြဲစရာအခ်စ္ဇာတ္လမ္း

ျမန္မာ့အကယ္ဒမီထူးခြၽန္ဆု ဒုတိယအမ်ားဆံုးရရွိထားတဲ့ အႏုပညာရွင္ကေတာ့  သရုပ္ေဆာင္ ရန္ေအာင္ျဖစ္ပါတယ္။  သူ႕ကိုေတာ့ ရန္ကုန္ၿမိဳ႕မွာ ၁၄ ရက္ေန႔ ၊ ၁၂လပိုင္း ၊ ၁၉၆၆ မွာ ေမြးဖြားခဲ့ၿပီး  မိသားစုထဲမွာအငယ္ဆံုးသားျဖစ္ပါတယ္။ ၁၉၉၁ခုႏွစ္မွာ မယ္သီတာလို မိန္းကေလး၊ ၁၉၉၅မွာ ပုဂံမွာသာတဲ့လ၊ ၁၉၉၆မွာ အလင္းေဖ်ာ့ေကာင္းကင္၊ ၁၉၉၈ မွာကေတာ့ ညမင္းသား၊၂၀၀၀ မွာတုန္းက ေမာဟမ်ဥ္းၿပိဳင္မ်ား၊ ၂၀၀၆ မွာ ဂုဏ္ရွိန္ျပင္းတဲ့ခ်စ္ျခင္းသိကၡာ စတဲ့ဇာတ္ကားမ်ားနဲ႔ အကယ္ဒမီဆုကို ၆ႀကိမ္ ရရွိခဲ့တဲ့ သရုပ္ေဆာင္တစ္ဦးျဖစ္ပါတယ္။ ရန္ေအာင္က အဆိုေရာ၊သရုပ္ေဆာင္အပိုင္းမွာပါ ထူးခြ်န္သူတစ္ေယာက္လည္းျဖစ္ပါတယ္ေနာ္။

ျမန္မာ့အကယ္ဒမီထူးခြၽန္ဆု တတိယအမ်ားဆံုး ရရွိထားတဲ့သူေတြကေတာ့ သရုပ္ေဆာင္ ျမင့္ျမင့္ခင္၊ သရုပ္ေဆာင္ေက်ာ္ဟိန္း၊ သရုပ္ေဆာင္ ေမသန္းနု၊ သရုပ္ေဆာင္ မို႔မို႔ျမင့္ေအာင္ တို႕ပဲျဖစ္ပါတယ္။

သရုပ္ေဆာင္ေဒၚျမင့္ျမင့္ခင္

ေဒၚျမင့္ျမင့္ခင္ကိုေတာ့ ၁၃ရက္ေန႔၊ ၈လပိုင္း၊ ၁၉၃၄ မွာ ေမြးဖြားခဲ့ပါတယ္။ ၁၉၄၉ခုႏွစ္မွာ  ပထမဆံုးဇာတ္ကားျဖစ္တဲ့ မာယာရွင္ အသံတိတ္ဇာတ္ကားမွာ စတင္သရုပ္ေဆာင္ခဲ့ပါတယ္။သူ(မ)က အသက္၁၄ ႏွစ္ထဲကရုပ္ရွင္မင္းသမီးျဖစ္လာခဲ့သူလည္းျဖစ္ပါတယ္။ သူ(မ)ကို အကယ္ဒမီဆုရရွိေစခဲ့တဲ့ ဇာတ္ကားေလးေတြကေတာ့ ၁၉၅၇ မွာ ခ်စ္ညီမ၊ ၁၉၅၈မွာ ေျဖေလ်ာ့ေခြ၊၁၉၇၃ မွာ မုန္းပါတယ္ေမာင့္ကို၊ ၁၉၈၀ မွာ မွတစ္ပါးအျခားမရွိ၊ ၁၉၉၆မွာ ျမင့္မိုရ္ေတာင္ဦးမကက်ဴးသား စတဲ့ ဇာတ္ကားမ်ားျဖစ္ပါတယ္။ သူ(မ)ကေတာ့အနုပညာရွင္တိုင္း အတုယူေလးစားရတဲ့ ဝါရင့္အနုပညာရွင္တစ္ဦးျဖစ္ပါတယ္။

သရုပ္ေဆာင္ ေက်ာ္ဟိန္း

ဦးေက်ာ္ဟိန္းကို ၁၉၄၇ ခုနွစ္၊ ၁လပိုင္း၊ ၁၄ရက္ေန႔မွာ ေမြးဖြားခဲ့ပါတယ္။ ၁၉၆၆မွာ အႏုပညာေလာကထဲ ဝင္လာၿပီး ရုပ္ရွင္ကားေကာင္းမ်ားစြာ ရိုက္ကူးခဲ့သူျဖစ္ပါတယ္။ အကယ္ဒမီကို ထိုက္ထိုက္တန္တန္ရရွိေစခဲ့တဲ့ သူ႕ရဲ႕ဇာတ္ကားေလးေတြကေတာ့ ၁၉၇၉ မွာ အကာကအခ်စ္အနွစ္ကေမတၱာ၊ ၁၉၈၂ မွာကေတာ့ မြန္းတည့္ခ်ိန္တြင္ေနဝင္သည္၊ ၁၉၈၉ မွာ ပန္းၿမဳိင္လယ္ကဥယ်ာဥ္မွဴး ၊ ၁၉၉၄ မွာ ေဝလည္းေမႊး ေႂကြလည္းေမႊး၊ ၂၀၀၃ မွာေတာ့ ေနကေမြးတဲ႔လ  ဆိုတဲ့ဇာတ္ကားေတြ ျဖစ္ပါတယ္။ ဦးေက်ာ္ဟိန္းက ၂၀၀၈ ခုႏွစ္မွာ ရဟန္းဝတ္ခဲ့ပါတယ္။ သူကအနုပညာအရည္ခ်င္းေတြျပည့္ဝတဲ့ သရုပ္ေဆာင္ေကာင္းတစ္ေယာက္ျဖစ္သလို ေအာင္ျမင္တဲ့ အဆိုေတာ္ တစ္ေယာက္လည္းျဖစ္ပါတယ္။

Related article>>>လူၾကားထဲ မေတာ္တေရာ္ အရွက္ကြဲခဲ့တဲ့ ဆယ္လီမမမ်ား

သရုပ္ေဆာင္ေမသန္းႏု

ေမသန္းႏုကို ၂၇ ရက္ေန႔၊၁လပိုင္း၊၁၉၆၁ ခုနွစ္မွာေမြးဖြားခဲ့ၿပီး နာမည္အရင္းကေတာ့ သန္းသန္းဆင့္ျဖစ္ပါတယ္။ သူ(မ)ပထမဆံုးရိုက္ခဲ့တဲ့ သၾကၤန္မိုးဇာတ္ကားကေတာ့ မသိတဲ့သူမရွိသေလာက္ျဖစ္ခဲ့သလို သၾကၤန္ေရာက္ေတာ့မယ္ဆိုတာနဲ႕ ဒီကားေလးကို မရိုးနိုင္ဘဲ ၾကည့္ေနၾကတဲ့သူေတြ အေျမာက္အျမားရွိေနတုန္းပါေနာ္။ သူ(မ)က ၁၉၉၂ မွာ မူပိုင္ခ်စ္သူ၊ ၁၉၉၅ မွာ ပုဂံမွာသာတဲ့လ၊ ၁၉၉၆မွာ အလင္းေဖ်ာ့ေကာင္းကင္၊ ၂၀၀၁ မွာ ခ်စ္ျခင္း၏အျခားမဲ့၌၊ ၂၀၀၂မွာ ငါသူတစ္ပါးေယာက်ာ္းမိန္းမ ဇာတ္ကားေတြနဲ႔ အကယ္ဒမီဆုေတြကို ရရွိခဲ့ပါတယ္။

သရုပ္ေဆာင္ မို႔မို႔ျမင့္ေအာင္

မို႔မို႔ျမင့္ေအာင္ကိုေတာ့ ေမလ၊၂၅ရက္ေန႔၊ ၁၉၆၂ မွာေမြဖြားခဲ့တာျဖစ္ပါတယ္။ သူ(မ)နာမည္အရင္းကေတာ့ မျမင့္ျမင့္ခိုင္ျဖစ္ပါတယ္။ သူ(မ) က ‘‘မြန္းတည့္ခိ်န္တြင္ ေနဝင္သည္’’ဇာတ္ကားနဲ႕ အႏုပညာေလာကထဲ ဝင္ေရာက္လာတာျဖစ္ပါတယ္။ သူ(မ)ကို အကယ္ဒမီ(၅)ဆုရွင္ထိ ျဖစ္လာေစခဲ့တဲ့ ရုပ္ရွင္ကားေတြကေတာ့့ ၁၉၈၄ မွာ ႏွလံုးသားၿမိဳ႕ေတာ္၊ ၁၉၈၉ မွာ ခပ္စမ္းစိမ္းေနပါ့မယ္၊ ၁၉၉၁ မွာ သမီးႏွင့္ အေမမ်ား၊ ၁၉၉၄မွာ မသုဓမၼစာရီ၊ ၂၀၀၈မွာ ျမင့္မိုရ္ထက္ကသရဖူ ဇာတ္ကားေတြနဲ႕ ရရွိခဲ့တာျဖစ္ပါတယ္။ သူ(မ) က ဝါရင့္အနုပညာရွင္တစ္ေယာက္ျဖစ္သလို အနုပညာေလာကထဲက လူတိုင္းအားက်ရတဲ့ မင္းသမီးတစ္ဦးျဖစ္ပါတယ္။

၆၇ ႀကိမ္ေျမာက္ ျမန္မာ့ရုပ္ရွင္ထူးခၽြန္ဆုေပးပြဲကိုေတာ့ ၂၃ရက္ေန႔၊ ၃လပိုင္း၊ ၂၀၁၉  ညေန ၃နာရီအခ်ိန္၊  The One Entertainment Park မွာ က်င္းပသြားမွာျဖစ္ပါတယ္။ ေယာင္းတို႔ခ်စ္တဲ့ အနုပညာရွင္ေတြထဲက  ဘယ္သူေတြဆုရရွိမလဲဆိုတာကို ေယာင္းတို႔ရင္ခုန္ေနေလာက္ၿပီထင္ပါတယ္။ ဒီညမွာ ဘယ္သူေတြအကယ္ဒမီရမလဲ ခန္႔မွန္းေပးၾကပါဦးေနာ္။

Phyu Thant ( For Her Myanmar)

ခါတော်မီလေးပါနော် 

အကယ်ဒမီ အကဲဖြတ်အဖွဲ့ကို ၁၉၅၂ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။ ၁၉၅၂ နဲ့ ၁၉၅၃ အကယ်ဒမီမှာတုန်းကတော့ ဇာတ်ကားဆု(၃)ဆုနဲ့ ပညာသည်ဆု(၂)ဆု ချီးမြှင့်ခဲ့ပြီး ဇာတ်ကားပထမဆုကို ရွှေကိန္နရီရုပ်၊ ဒုတိယဆုကို ငွဒေါင်းရုပ်၊ တတိယဆုကို ကြေးခြင်္သေ့ရုပ် ချီးမြှင့်ခဲ့ပါတယ်။ သရုပ်ဆောင် အမျိုးသားနဲ့ အမျိုးသမီးတွေကိုတော့ ရွှေရင်ထိုး ချီးမြှင့်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဒါရိုက်တာဆု၊ ဓာတ်ပုံဆုစတဲ့ ဆုတွေကိုတိုးမြှင့်ချီးမြှင့်ခဲ့ပါတယ်။ ၁၉၉၃ခုနှစ်မှာတော့ ရွှေကိန္နရီရုပ်မှာတပ်ဆင်ထားတဲ့ ငွေကြယ်ကို ရွှေအစစ်ကြယ်နဲ့ အစားထိုးပြောင်းလဲချီးမြှင့်ခဲ့ပါတယ်။

မြန်မာ့အကယ်ဒမီထူးချွန်ဆုကို အကြိမ်ရေအများဆုံးရရှိထားတဲ့ အနုပညာရှင်ကတော့ သရုပ်ဆောင်ညွန့်ဝင်းဖြစ်ပါတယ်။ သူ့ကိုသထုံမြို့မှာ ၁၉ရက်နေ့၊၃လပိုင်း၊၁၉၄၀မှာ  မွေးဖွားခဲ့တာဖြစ်ပါတယ်။ သူက ၁၉၆၃ မှာ ‘‘သတို့သမီးအလိုရှိသည်’’ ဇာတ်ကားနဲ့ ရုပ်ရှင်စရိုက်ခဲ့တာဖြစ်ပါတယ်။ ဦးညွန့်ဝင်းကို အကယ်ဒမီအများဆုံးဆုရှင်ဖြစ်လာစေခဲ့တဲ့ ရုပ်ရှင်ကားလေးတွေကတော့ ၁၉၆၈မှာ ဗန်တိုလေးနဲ့သူဇာ၊ ၁၉၇၁ မှတော့ ချစ်သူဝိုင်းဝိုင်းလည်၊ ၁၉၈၃ မှာ တတိယအရွယ်၏ဒုတိယဝေဒနာ၊ ၁၉၉၃ မှာသီတာခုနှစ်တန်၊ ၁၉၉၇မှာ သူကျွန်မခံပြီ၊ ၂၀၀၂ မှာ ဆန်ရေ၊၂၀၀၄ မှာ လျှို့ဝှက်သောနှင်း  တို့ဖြစ်ပါတယ်။

Related article>>>သမိုင်းထဲက ကာတီယာနဲ့ဆိုင်ယမ်(ထိုင်း)မင်းသားတို့ ရဲ့ ကြေကွဲစရာအချစ်ဇာတ်လမ်း

မြန်မာ့အကယ်ဒမီထူးချွန်ဆု ဒုတိယအများဆုံးရရှိထားတဲ့ အနုပညာရှင်ကတော့  သရုပ်ဆောင် ရန်အောင်ဖြစ်ပါတယ်။  သူ့ကိုတော့ ရန်ကုန်မြို့မှာ ၁၄ ရက်နေ့ ၊ ၁၂လပိုင်း ၊ ၁၉၆၆ မှာ မွေးဖွားခဲ့ပြီး  အငယ်ဆုံးသားဖြစ်ပါတယ်။ ၁၉၉၁ခုနှစ်မှာ မယ်သီတာလို မိန်းကလေး၊ ၁၉၉၅မှာ ပုဂံမှာသာတဲ့လ၊ ၁၉၉၆မှာ အလင်းဖျော့ကောင်းကင်၊ ၁၉၉၈ မှာကတော့ ညမင်းသား၊၂၀၀၀ မှာတုန်းက မောဟမျဉ်းပြိုင်များ၊ ၂၀၀၆ မှာ ဂုဏ်ရှိန်ပြင်းတဲ့ချစ်ခြင်းသိက္ခာ စတဲ့ဇာတ်ကားများနဲ့ အကယ်ဒမီဆုကို ၆ကြိမ် ရရှိခဲ့တဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။ ရန်အောင်က အဆိုရော၊သရုပ်ဆောင်အပိုင်းမှာပါ ထူးချွန်သူတစ်ယောက်လည်းဖြစ်ပါတယ်နော်။

မြန်မာ့အကယ်ဒမီထူးချွန်ဆု တတိယအများဆုံး ရရှိထားတဲ့သူတွေကတော့ သရုပ်ဆောင် မြင့်မြင့်ခင်၊ သရုပ်ဆောင်ကျော်ဟိန်း၊ သရုပ်ဆောင် မေသန်းနု၊ သရုပ်ဆောင် မို့မို့မြင့်အောင် ပဲတို့ဖြစ်ပါတယ်။

သရုပ်ဆောင်ဒေါ်မြင့်မြင့်ခင်

ဒေါ်မြင့်မြင့်ခင်ကိုတော့ ၁၃ရက်နေ့၊ ၈လပိုင်း၊ ၁၉၃၄ မှာ မွေးဖွားခဲ့ပါတယ်။ ၁၉၄၉ခုနှစ်မှာ  ပထမဆုံးဇာတ်ကားဖြစ်တဲ့ မာယာရှင် အသံတိတ်ဇာတ်ကားမှာ စတင်သရုပ်ဆောင်ခဲ့ပါတယ်။သူ(မ)က အသက်၁၄ နှစ်ထဲကရုပ်ရှင်မင်းသမီးဖြစ်လာခဲ့သူလည်းဖြစ်ပါတယ်။ သူ(မ)ကို အကယ်ဒမီဆုရရှိစေခဲ့တဲ့ ဇာတ်ကားလေးတွေကတော့ ၁၉၅၇ မှာ ချစ်ညီမ၊ ၁၉၅၈မှာ ဖြေလျော့ခွေ၊၁၉၇၃ မှာ မုန်းပါတယ်မောင့်ကို၊ ၁၉၈၀ မှာ မှတစ်ပါးအခြားမရှိ၊ ၁၉၉၆မှာ မြင့်မိုရ်တောင်ဦးမကကျူးသား စတဲ့ ဇာတ်ကားများဖြစ်ပါတယ်။ သူ(မ)ကတော့အနုပညာရှင်တိုင်း အတုယူလေးစားရတဲ့ ဝါရင့်အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။

သရုပ်ဆောင် ကျော်ဟိန်း

ဦးကျော်ဟိန်းကို ၁၉၄၇ ခုနှစ်၊ ၁လပိုင်း၊ ၁၄ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ ၁၉၆၆မှာ အနုပညာလောကထဲ ဝင်လာပြီး ရုပ်ရှင်ကားကောင်းများစွာ ရိုက်ကူးခဲ့သူဖြစ်ပါတယ်။ အကယ်ဒမီကို ထိုက်ထိုက်တန်တန်ရရှိစေခဲ့တဲ့ သူ့ရဲ့ဇာတ်ကားလေးတွေကတော့ ၁၉၇၉ မှာ အကာကအချစ်အနှစ်ကမေတ္တာ၊ ၁၉၈၂ မှာကတော့ မွန်းတည့်ချိန်တွင်နေဝင်သည်၊ ၁၉၈၉ မှာ ပန်းမြိုင်လယ်ကဥယျာဉ်မှုူး ၊ ၁၉၉၄ မှာ ဝေလည်းမွှေး ကြွေလည်းမွှေး၊ ၂၀၀၃ မှာတော့ နေကမွေးတဲ့လ  ဆိုတဲ့ဇာတ်ကားတွေ ဖြစ်ပါတယ်။ ဦးကျော်ဟိန်းက ၂၀၀၈ ခုနှစ်မှာ ရဟန်းဝတ်ခဲ့ပါတယ်။ သူကအနုပညာအရည်ချင်းတွေပြည့်ဝတဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်သလို အောင်မြင်တဲ့ အဆိုတော် တစ်ယောက်လည်းဖြစ်ပါတယ်။

Related article>>>လူကြားထဲ မတော်တရော် အရှက်ကွဲခဲ့တဲ့ ဆယ်လီမမများ

သရုပ်ဆောင်မေသန်းနု

မေသန်းနုကို ၂၇ ရက်နေ့၊၁လပိုင်း၊၁၉၆၁ ခုနှစ်မှာမွေးဖွားခဲ့ပြီး နာမည်အရင်းကတော့ သန်းသန်းဆင့်ဖြစ်ပါတယ်။ သူ(မ)ပထမဆုံးရိုက်ခဲ့တဲ့ သြင်္ကန်မိုးဇာတ်ကားကတော့ မသိတဲ့သူမရှိသလောက်ဖြစ်ခဲ့သလို သြင်္ကန်ရောက်တော့မယ်ဆိုတာနဲ့ ဒီကားလေးကို မရိုးနိုင်ဘဲ ကြည့်နေကြတဲ့သူတွေ အမြောက်အများရှိနေတုန်းပါနော်။ သူ(မ)က ၁၉၉၂ မှာ မူပိုင်ချစ်သူ၊ ၁၉၉၅ မှာ ပုဂံမှာသာတဲ့လ၊ ၁၉၉၆မှာ အလင်းဖျော့ကောင်းကင်၊ ၂၀၀၁ မှာ ချစ်ခြင်း၏အခြားမဲ့၌၊ ၂၀၀၂မှာ ငါသူတစ်ပါးယောကျာ်းမိန်းမ ဇာတ်ကားတွေနဲ့ အကယ်ဒမီဆုတွေကို ရရှိခဲ့ပါတယ်။

သရုပ်ဆောင် မို့မို့မြင့်အောင်

မို့မို့မြင့်အောင်ကိုတော့ မေလ၊၂၅ရက်နေ့၊ ၁၉၆၂ မှာမွေဖွားခဲ့တာဖြစ်ပါတယ်။ သူ(မ)နာမည်အရင်းကတော့ မမြင့်မြင့်ခိုင်ဖြစ်ပါတယ်။ သူ(မ) က ‘‘မွန်းတည့်ချိန်တွင် နေဝင်သည်’’ဇာတ်ကားနဲ့ အနုပညာလောကထဲ ဝင်ရောက်လာတာဖြစ်ပါတယ်။ သူ(မ)ကို အကယ်ဒမီ(၅)ဆုရှင်ထိ ဖြစ်လာစေခဲ့တဲ့ ရုပ်ရှင်ကားတွေကတော့ ၁၉၈၄ မှာ နှလုံးသားမြို့တော်၊ ၁၉၈၉ မှာ ခပ်စမ်းစိမ်းနေပါ့မယ်၊ ၁၉၉၁ မှာ သမီးနှင့် အမေများ၊ ၁၉၉၄မှာ မသုဓမ္မစာရီ၊ ၂၀၀၈မှာ မြင့်မိုရ်ထက်ကသရဖူ ဇာတ်ကားတွေနဲ့ ရရှိခဲ့တာဖြစ်ပါတယ်။ သူ(မ) က ဝါရင့်အနုပညာရှင်တစ်ယောက်ဖြစ်သလို အနုပညာလောကထဲက လူတိုင်းအားကျရတဲ့ မင်းသမီးတစ်ဦးဖြစ်ပါတယ်။

၆၇ ကြိမ်မြောက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကိုတော့ ၂၃ရက်နေ့၊ ၃လပိုင်း၊ ၂၀၁၉  ညနေ ၃နာရီအချိန်၊  The One Entertainment Park မှာ ကျင်းပသွားမှာဖြစ်ပါတယ်။ ယောင်းတို့ချစ်တဲ့ အနုပညာရှင်တွေထဲက  ဘယ်သူတွေဆုရရှိမလဲဆိုတာကို ယောင်းတို့ရင်ခုန်နေပြီလောက်ပြီထင်ပါတယ်။ စနေနေ့မှာ ဘယ်သူတွေအကယ်ဒမီရမလဲ ခန့်မှန်းပေးကြပါဦးနော်။

Phyu Thant ( For Her Myanmar)

No Comments Yet

Comments are closed