ခ်စ္သူေတြပါလို႔ ပရိသတ္ကိုအတည္ျပဳေပးလိုက္တဲ့ ကိုရီးယားအႏုပညာရွင္စံုတြဲ (၃) တြဲ

မင္မင္ႀကိတ္သေဘာတူတဲ့ အတြဲေလးပါတယ္ေတာ့

ေယာင္းတို႔ေတာ့ မသိဘူး။ Stella ကေတာ့ ကိုရီးယားဒရာမာေတြၾကည့္ရင္း မင္းသားနဲ႔မင္းသမီးက အရမ္းအတြဲညီေနၿပီဆိုရင္ အျပင္မွာပါ dating news ထြက္လာေစခ်င္တာအရမ္းပဲ။ ဇြတ္ေကာ အတင္းေကာ သေဘာေတြတူေနတာ။ အခု ေျပာျပေပးမွာကလည္း ရိုက္ကြင္းမွာ တူတူသရုပ္ေဆာင္ရင္း ခ်စ္ႀကိဳးသြယ္ခဲ့ၿပီး မၾကာေသးခင္ကမွ သူတို႔ရဲ႕ relationship ကို ပရိသတ္ေရွ႕မွာ ခ်ျပခဲ့တဲ့ ကိုရီးယားအႏုပညာရွင္ေတြအေၾကာင္းပဲျဖစ္ပါတယ္။

Jung So Min & Lee Joon

Jung So Min နဲ႔ Lee Joon ကေတာ့ “My Father Is Strange” ဆိုတဲ့ ဒရာမာဇာတ္ကားရိုက္ကြင္းေပၚမွာ ေတြ႔ဆံုခဲ့ၾကၿပီး ခ်စ္သူေတြျဖစ္ခဲ့တာပါ။ ဒီႏွစ္မွ ခ်စ္သူျဖစ္ေၾကာင္းကို ခ်ျပခဲ့ေပမဲ့ တြဲေနခဲ့တာေတာ့ ၂၀၁၇ ကတည္းကပါတဲ့။

Related article >>> ယာဥ္မေတာ္တဆမႈေၾကာင့္ ေသလုေမ်ာပါးျဖစ္ခဲ့ၾကတဲ့ Cele မ်ား

Hyuna & E’Dawn

Hyuna လို႔ဆိုလိုက္တာနဲ႔ ေကေပါ့ေလာကရဲ႕ ထိတ္ထိတ္ႀကဲ အဆိုေတာ္မေလးမွန္းသိၾကမွာပါ။ Hyuna နဲ႔ E’Dawn ဟာ Cube Entertainment လက္ေအာက္က အႏုပညာရွင္ႏွစ္ေယာက္ျဖစ္ၿပီး Triple H ဆိုတဲ့ သံုးေယာက္အဖြဲ႔ရဲ႕ မန္ဘာေတြအေနနဲ႔ အႏုပညာလႈပ္ရွားမႈေတြလုပ္ေနပါေသးတယ္။ ကိုရီးယားေကေပါ့ေလာကမွာေတာ့ သူတို႔ႏွစ္ေယာက္ဟာ အားက်စရာအေကာင္းဆံုးစံုတြဲျဖစ္ေနပါတယ္ ေယာင္းေရ။

Lee Kwang Soo & Lee Sun Bin

“Running Man” ပရိသတ္တိုင္းရဲ႕ အသည္းေက်ာ္ပဲေလွာ္ Lee Kwang Soo က သူနဲ႔အတူတူ ရိုက္ကြင္းမွာ တြဲဖက္သရုပ္ေဆာင္ခဲ့တဲ့ Lee Sun Bin နဲ႔ အတြဲခုတ္ေနေၾကာင္းကို ဒီႏွစ္စမွာတင္ အတည္ျပဳခဲ့ပါတယ္။ သူတို႔ႏွစ္ေယာက္ဟာ တစ္ေယာက္ကိုတစ္ေယာက္ မိတ္ေဆြသူငယ္ခ်င္းေတြနဲ႔ မိတ္ဆက္ေပးေလးရွိၿပီး သည္းသည္းလႈပ္ခ်စ္ၾကတယ္လို႔ သိရပါတယ္။

Related article >>> Park Min Young နဲ႔ Kim Jae Wook တို႔ရဲ႕ မၾကာခင္ထြက္ရွိေတာ့မယ့္ ဒရာမာဇာတ္လမ္းတြဲအသစ္ “Her Private Life”

ကဲ … ဒါေတြကေတာ့ ခ်စ္သူေတြျဖစ္ေနေၾကာင္း ဒီႏွစ္ထဲမွာတင္ ေလာေလာလတ္လတ္အတည္ျပဳသြားခဲ့တဲ့ ကိုရီးယားအႏုပညာရွင္စံုတြဲ (၄) တြဲပါ။ အကုန္လံုးက ေနနဲ႔လ ေရႊနဲ႔ျမလို လိုက္ဖက္ညီလြန္းတာမို႔ ေယာင္းတို႔လည္း သေဘာတူၾကတယ္ ဟုတ္ ?

Stella (For Her Myanmar)

<<<Unicode>>>

မင်မင်ကြိတ်သဘောတူတဲ့ အတွဲလေးပါတယ်တော့

ယောင်းတို့တော့ မသိဘူး။ Stella ကတော့ ကိုရီးယားဒရာမာတွေကြည့်ရင်း မင်းသားနဲ့မင်းသမီးက အရမ်းအတွဲညီနေပြီဆိုရင် အပြင်မှာပါ dating news ထွက်လာစေချင်တာအရမ်းပဲ။ ဇွတ်ကော အတင်းကော သဘောတွေတူနေတာ။ အခု ပြောပြပေးမှာကလည်း ရိုက်ကွင်းမှာ တူတူသရုပ်ဆောင်ရင်း ချစ်ကြိုးသွယ်ခဲ့ပြီး မကြာသေးခင်ကမှ သူတို့ရဲ့ relationship ကို ပရိသတ်ရှေ့မှာ ချပြခဲ့တဲ့ ကိုရီးယားအနုပညာရှင်တွေအကြောင်းပဲဖြစ်ပါတယ်။

Jung So Min & Lee Joon

Jung So Min နဲ့ Lee Joon ကတော့ “My Father Is Strange” ဆိုတဲ့ ဒရမ်မာဇာတ်ကားရိုက်ကွင်းပေါ်မှာ တွေ့ဆုံခဲ့ကြပြီး ချစ်သူတွေဖြစ်ခဲ့တာပါ။ ဒီနှစ်မှ ချစ်သူဖြစ်ကြောင်းကို ချပြခဲ့ပေမဲ့ တွဲနေခဲ့တာတော့ ၂၀၁၇ ကတည်းကပါတဲ့။

Related article >>> ယာဉ်မတော်တဆမှုကြောင့် သေလုမျောပါးဖြစ်ခဲ့ကြတဲ့ Cele များ

Hyuna & E’Dawn

Hyuna လို့ဆိုလိုက်တာနဲ့ ကေပေါ့လောကရဲ့ ထိတ်ထိတ်ကြဲ အဆိုတော်မလေးမှန်းသိကြမှာပါ။ Hyuna နဲ့ E’Dawn ဟာ Cube Entertainment လက်အောက်က အနုပညာရှင်နှစ်ယောက်ဖြစ်ပြီး Triple H ဆိုတဲ့ သုံးယောက်အဖွဲ့ရဲ့ မန်ဘာတွေအနေနဲ့ အနုပညာလှုပ်ရှားမှုတွေလုပ်နေပါသေးတယ်။ ကိုရီးယားကေပေါ့လောကမှာတော့ သူတို့နှစ်ယောက်ဟာ အားကျစရာအကောင်းဆုံးစုံတွဲဖြစ်နေပါတယ် ယောင်းရေ။

Lee Kwang Soo & Lee Sun Bin

“Running Man” ပရိသတ်တိုင်းရဲ့ အသည်းကျော်ပဲလှော် Lee Kwang Soo က သူနဲ့အတူတူ ရိုက်ကွင်းမှာ တွဲဖက်သရုပ်ဆောင်ခဲ့တဲ့ Lee Sun Bin နဲ့ အတွဲခုတ်နေကြောင်းကို ဒီနှစ်စမှာတင် အတည်ပြုခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် မိတ်ဆွေသူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးလေးရှိပြီး သည်းသည်းလှုပ်ချစ်ကြတယ်လို့ သိရပါတယ်။

Related article >>> Park Min Young နဲ့ Kim Jae Wook တို့ရဲ့ မကြာခင်ထွက်ရှိတော့မယ့် ဒရာမာဇာတ်လမ်းတွဲအသစ် “Her Private Life”

ကဲ … ဒါတွေကတော့ ချစ်သူတွေဖြစ်နေကြောင်း ဒီနှစ်ထဲမှာတင် လောလောလတ်လတ်အတည်ပြုသွားခဲ့တဲ့ ကိုရီးယားအနုပညာရှင်စုံတွဲ (၄) တွဲပါ။ အကုန်လုံးက နေနဲ့လ ရွှေနဲ့မြလို လိုက်ဖက်ညီလွန်းတာမို့ ယောင်းတို့လည်း သဘောတူကြတယ် ဟုတ် ?

Stella (For Her Myanmar)

No Comments Yet

Comments are closed