Breaking News

လူမှုကွန်ရက်သုံးစွဲသူတွေကြားမှာ အရမ်းဟော့နေတဲ့ Snapchat ရဲ့ filter အသစ်စက်စက်








ငါငိုနေပါပြီ :’)


Stella (For Her Myanmar)

<<<Unicode>>>

 သူငယ်ချင်းတွေပါလိုက်စမ်းပြီး ခွီလိုက်ရတာဆိုတာ 😂

အခုရက်ပိုင်းအတွင်း လူမှုကွန်ရက်သုံးစွဲသူတွေကြားမှာ အသည်းအသန်ဟော့နေတဲ့ filter အသစ်ကို Snapchat က မိတ်ဆက်လိုက်ပါပြီ။ ဘာ filter လဲဆိုတော့ အမျိုးသားတွေကို မိန်းမချောတစ်ယောက်ပုံစံအဖြစ်ပြောင်းသွားစေပြီး အမျိုးသမီးတွေကိုတော့ ယောကျာ်းရင့်မာကြီးတစ်ယောက်ပုံစံပြောင်းသွားစေတဲ့ filter ပါ။ အရမ်းကို သေသပ်ပြီး တကယ်ကို gender ပြောင်းသွားသလိုရုပ်ထွက်တာကြောင့် လူမှုကွန်ရက်ပေါ်မှာ ဒါနဲ့မှ ဆယ်ဖီလ်မဆွဲဖူးရင် ခေတ်မမီတော့လောက်အောင် ဖြစ်နေပါပြီ။ ဘယ်လောက်ထိ ပြောင်းလဲသွားလဲဆိုတာတော့ အောက်မှာကြည့်လိုက်ပါ။

အယ်မလေး … ချောတာများ ကိုယ်တွေထက်တောင် ရုပ်ထွက်ကောင်းသေးတယ် :’)

ဒီမုတ်ဆိတ်မွေး ပါးသိုင်းမွေးတွေနဲ့လူကြီးကို နုနုထွတ်ထွတ်လေးဖြစ်အောင် ဘယ်လိုတောင် ပြောင်းလိုက်လဲ မေး …

Related article >>> ၂၀၁၉ မှာတစ်ပတ်ပြန်လည်ပြန်လာမယ့် ၉၀ ခုနှစ်က မိတ်ကပ် trend (၆) မျိုး

ကိုယ်တစ်ပိုင်းသာ ပါမနေရင် တရုတ်မချောချောလေးလို့ပဲ ထင်နေမှာ ဘုရားစူး

Related article >>> ဒီနှစ်ထဲမှာ ပြန်ခေတ်စားလာနိုင်တဲ့ ၉၀ ခုနှစ်ဝန်းကျင်က ဆံပင်ပုံစံ (၅) မျိုး

ငါငိုနေပါပြီ :’)

တွေ့တဲ့အတိုင်းပဲ တကယ်ကြီးကို ရုပ်ပြောင်းသွားတာ ဟုတ် ? Stella ကတော့ စမ်းကြည့်ပြီး ဝါးလုံးကွဲရယ်ပြီးပြီ။ ယောင်းတို့ကော ? စမ်းကြည့်ပြီးရင် ကောမန့်ပေးခဲ့ဖို့လည်း မမေ့နဲ့ဦးနော်။

Stella (For Her Myanmar)

Stella
Stella
Stella ကတော့ Fashion နဲ့ Beauty ကို ဝါသနာပါလို့ For Her Myanmar မှာ ယောင်းယောင်းတို့အတွက် beauty hacks တွေ, fashion နဲ့ပက်သက်တဲ့ အကြောင်းအရာမျိုးစုံကို အဓိကဝေမျှပေးသွားမှာပါ။ သုတရသတွေကိုလည်း လက်လှမ်းမှီသလောက် ရေးပေးပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *