တောမီးလောင်မှုအတွင်း နေအိမ်ဆုံးရှုံးခဲ့ကြောင်း ဖွင့်ဟလာတဲ့ မိုင်လေဆိုင်းရပ်စ်
ဆိုတာပါပဲ။
<<< Unicode >>> 
အခြား ဆယ်လီ တွေပါ နေအိမ်ကနေ ထွက်ပြေးခဲ့ရတယ်ဆိုပဲ …..
အဆိုတော်၊ သရုပ်ဆောင် မိုင်လေ ဆိုင်းရပ်စ် က ကာလီဖိုးနီးယား တောမီးလောင်မှုမှာ သူ့ရဲ့ အိမ်ကြီးကို ဆုံးရှုံးခဲ့ကြောင်း ပြီးခဲ့တဲ့ တနင်္ဂနွေ၊ နိုဝင်ဘာလ ဆယ့်တစ်ရက်နေ့က တွစ်တာမှာ တင်ခဲ့ပါတယ်။
တွစ်တာမှာ မိုင်လေ တင်ခဲ့တဲ့ စာတွေကတော့ ..
“ကျွန်မတို့ နေထိုင်ရာ နေရာနားမှာ ဖြစ်ပွားခဲ့တဲ့ တောမီးလောင်မှုကြောင့် ဆုံးရှုံးမှုတွေ ကြုံတွေ့ခဲ့ရပါတယ်။ ကျွန်မကတော့ ကံကောင်းသူတွေထဲက တစ်ယောက်ပေါ့..  ကျွန်မရဲ့ တိရိစ္ဆာန်လေးတွေနဲ့ တန်ဖိုးထားရတဲ့အရာတွေ ဘေးကင်းကင်းရှိနေပါတယ်။ ဒီအချိန်မှာ အရေးကြီးတာကလည်း ဒါပါပဲ။ ကျွန်မအိမ်ကြီးကတော့ ပြိုလဲသွားပါပြီ။ ဒါပေမဲ့ ကျွန်မရဲ့ မိသားစုတွေနဲ့ မိတ်ဆွေတွေရဲ့အမှတ်တရကတော့ ခိုင်မာစွာကျန်ရှိနေတုန်းပါပဲ။ ကျန်ရှိသမျှအရာအားလုံးအတွက် ကျေးဇူးတင်ရပါတယ်။ မီးသတ်သမားတွေနဲ့ LA country Sheriff’s department ကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ လိုအပ်နေသူတွေအတွက် လှူဒါန်းလိုသူတွေဆက်သွယ်နိုင်မယ့် လိပ်စာတင်ပေးပါ့မယ်။ အားလုံးကို အရင်ကထက်ပိုချစ်ပါတယ်။”
ဆိုတာပါပဲ။
ပြီးခဲ့တဲ့ သောကြာနေ့က တောမီးကြောင့် ကာလီဖိုးနီးယားက ဒေသခံတော်တော်များများ ဒုက္ခရောက်ခဲ့ကြပြီး နေအိမ်တွေကို စွန့်ခွာထွက်ပြေးခဲ့ရပါတယ်။
Related Article >>> ပရိသတ်တွေကို အံ့အားသင့်စေခဲ့တဲ့ မြန်မာဆယ်လီ သတို့သမီးများ
အဲဒီထဲမှာ မိုင်လေဆိုင်းရပ် အပြင် လေဒီဂါဂါ၊ ကင်မ် နဲ့ ကလိုဝီ ကဒါရှီယန် အပါအဝင် အခြားဆယ်လီတွေ ပါဝင်ပါတယ်။
အားလုံးပဲ ဘေးကင်းကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Sugar Cane (For Her Myanmar)
References: etonline, metro
No Comments Yet
Comments are closed