Breaking News

iKON အဖြဲ႔ကေန အဖြဲ႔ေခါင္းေဆာင္ ကင္ဟန္ဘင္း တစ္ေယာက္ မူးယစ္ေဆးဝါးအမႈေၾကာင့္ ႏႈတ္ဆက္ထြက္ခြာဟု သတင္းရရွိ

ပရိသတ္အခ်စ္ေတာ္ B.I တစ္ေယာက္ မူးယစ္ေဆးဝါး တရားမဝင္ ဝယ္ယူမႈေၾကာင့္ အဖြဲ႔ကေန ႏႈတ္ထြက္သြားၿပီဆိုတဲ့ သတင္းက ကမၻာအႏွံ႕က ပရိသတ္ေတြဆီ ဂယက္ရိုက္ကုန္ပါၿပီ။

>>> Zawgyi >>>

YG Entertainment ရဲ႕ ေနာက္ဆံုးေသာ boy group ကေတာ့ iKON အဖြဲ႔ပါပဲ။ ေနရာတစ္ခုရဖို႔ ခက္ခက္ခဲခဲ နဲ႔ အဆင့္ဆင့္ ေက်ာ္ျဖတ္ၿပီးမွ ပရိသတ္ အားေပးတဲ့ (၇) ေယာက္ တစ္ဖြဲ႕ ျဖစ္လာတာပါ။ ယုန္ေလးဆိုျပီး ခ်စ္ၾကတဲ့ bobby ( ကင္ဂ်ီဝန္ ) ၊ vocalist ႀကီး Jay (ကင္ဂ်င္ဟြမ္း) ၊ အသံေအးေအးေလးပိုင္ရွင္ song (song yunhyeong) ၊ DK လို႔လည္း ခ်စ္စႏိုးေခၚတဲ့ ကင္ေဒါင္ဟြတ္ခ္  ၊ အသံပါဝါအားေကာင္းတဲ့ ကူးဂၽြန္ဟိုးရယ္ ၊ Chan ရယ္ ၊ ေနာက္ဆံုးကေတာ့ အသဲေက်ာ္ ပဲေလွာ္ leader ၾကီး  B.I ရယ္ပါ။

iKON ကို အားေပးလာတဲ့ ပရိသတ္ေတြအတြက္ေတာ့ ေႏြလယ္ေခါင္ မိုးႀကိဳးမဟုတ္ဘဲ မိုးတြင္းၾကီး မိုးႀကိဳးပစ္သလို သတင္းဆိုးႀကီးက ဒီေန႔ပဲ ေရာက္လာတာပါ။ ပရိသတ္အခ်စ္ေတာ္ B.I တစ္ေယာက္ မူးယစ္ေဆးဝါး တရားမဝင္ ဝယ္ယူမႈေၾကာင့္ အဖြဲ႔ကေန ႏႈတ္ထြက္သြားၿပီဆိုတဲ့ သတင္းက ကမၻာအႏွံ႕က ပရိသတ္ေတြဆီ ဂယက္ရိုက္ကုန္ပါၿပီ။ ျမန္မာႏိုင္ငံက iKONic ေတြကလည္း B.I ဘက္က အျပည့္အဝကို ကာကြယ္ေထာက္ခံေပးထားပါတယ္။

Related Article>>> ဇြြန္လမွာ ေမြးဖြားၾကတဲ့ နာမည္ႀကီး ကိုရီးယားအႏုပညာရွင္မ်ား

ကိုရီးယားႏိုင္ငံရဲ႕ Dispatch ဆိုတဲ့ သတင္းမီဒီယာကေနၿပီး B.I က တရားမဝင္ မူးယစ္ေဆးဝါး ဝယ္ယူသံုးစြဲတာအျပင္ ရဲလက္က ေရွာင္ရွားေနတယ္ဆိုၿပီး စြပ္စြဲ ေရးသားခဲ့ပါတယ္။ ဒါေၾကာင့္ leader ႀကီးက သူ႕ရဲ႕ အင္စတာဂရမ္ အေကာင့္ကေနၿပီး ေတာင္းပန္စာတစ္ေစာင္ ခုလို ေရးတင္ခဲ့ပါတယ္။

ကၽြန္ေတာ္ ကင္ဟန္ဘင္ပါ။

ပထမဆံုး အေနနဲ႔ ကၽြန္ေတာ့္ရဲ႕ ဂုဏ္သိကၡာ က်ဆင္းေစတဲ့ လုပ္ရပ္ေၾကာင့္ ျပည္သူအမ်ားဆီက ေဝဖန္ခံရေအာင္ ျဖစ္ခဲ့တဲ့အတြက္ အႏူးအညြတ္ ေတာင္းပန္ပါတယ္။ ဘဝမွာ ခက္ခဲပင္ပန္းတဲ့ အခ်ိန္တိုင္း အရင္က တစ္ခါမွ စိတ္မဝင္စားဖူးတဲ့ အရာတစ္ခုခုေပၚမွာ မွီခိုၾကည့္ခ်င္လာတယ္။ ဒါေပမဲ့ အဲ့ဒါကိုပဲ ကၽြန္ေတာ္ ေၾကာက္မိသလို ဆက္ၿပီးေတာ့လည္း မလုပ္ရဲေတာ့ဘူး။

ကၽြန္ေတာ့္ ပရိသတ္ေတြနဲ႔ အဖြဲ႔ဝင္ေတြအားလံုးကို မ်က္ႏွာမျပဝံ့သလို ကၽြန္ေတာ့္ရဲ႕ အေျပာေၾကာင့္ ထိခိုက္နာက်င္သြားသူေတြ အကုန္လံုးကို ေတာင္းပန္ပါတယ္လို႔ ေျပာပါရေစ။

ကၽြန္ေတာ့္ရဲ႕ အမွားေပၚမွာ ျပန္လည္သံုးသပ္ၿပီး အဖြဲ႔ကေန ထြက္သြားဖို႔ အစီအစဥ္လည္း ဆြဲၿပီးပါၿပီ။

ေနာက္ဆံုးအေနနဲ႔ အဖြဲ႔ဝင္အားလံုးနဲ႔ ပရိသတ္ေတြ အကုန္လံုးကို ဦးညႊတ္ေတာင္းပန္ပါတယ္။” ဆိုၿပီး တင္ထားတာ ေတြ႕ရပါတယ္။

မီဒီယာက ေရးတင္တဲ့ သတင္းနဲ႕ B.I ရဲ႕ ႏႈတ္ထြက္စာ ျမင္ၿပီးခ်ိန္မွာေတာ့ YG ကလည္း အတည္ျပဳေပးလိုက္တယ္လို႔ သိရပါတယ္။ အသက္ (၁၂) ႏွစ္တည္းက YG trainee ျဖစ္ခဲ့တဲ့ B.I တစ္ေယာက္ ဒီလိုမ်ိဳး လုပ္ရပ္တစ္ခုေၾကာင့္ နာမည္ပ်က္ခံမွာ မဟုတ္ဘူး ဆိုတာ ပရိသတ္ေတြကေတာ့ ယံုၾကည္ထားၾကပါတယ္။

With love

Ei Mon (For Her Myanmar)

Reference: allkpop, Soompi, channelkorea

>> Unicode>>>

ပရိသတ်အချစ်တော် B.I တစ်ယောက် မူးယစ်ဆေးဝါး တရားမဝင် ဝယ်ယူမှုကြောင့် အဖွဲ့ကနေ နှုတ်ထွက်သွားပြီဆိုတဲ့ သတင်းက ကမ္ဘာအနှံ့က ပရိသတ်တွေဆီ ဂယက်ရိုက်ကုန်ပါပြီ။

YG Entertainment ရဲ့ နောက်ဆုံးသော boy group ကတော့ iKON အဖွဲ့ပါပဲ။ နေရာတစ်ခုရဖို့ ခက်ခက်ခဲခဲ နဲ့ အဆင့်ဆင့် ကျော်ဖြတ်ပြီးမှ ပရိသတ် အားပေးတဲ့ (၇) ယောက် တစ်ဖွဲ့ ဖြစ်လာတာပါ။ ယုန်လေးဆိုပြီး ချစ်ကြတဲ့ bobby ( ကင်ဂျီဝန် ) ၊ vocalist ကြီး Jay (ကင်ဂျင်ဟွမ်း) ၊ အသံအေးအေးလေးပိုင်ရှင် song (song yunhyeong) ၊ DK လို့လည်း ချစ်စနိုးခေါ်တဲ့ ကင်ဒေါင်ဟွတ်ခ်  ၊ အသံပါဝါအားကောင်းတဲ့ ကူးဂျွန်ဟိုးရယ် ၊ Chan ရယ် ၊ နောက်ဆုံးကတော့ အသဲကျော် ပဲလှော် leader ကြီး  B.I ရယ်ပါ။

iKON ကို အားပေးလာတဲ့ ပရိသတ်တွေအတွက်တော့ နွေလယ်ခေါင် မိုးကြိုးမဟုတ်ဘဲ မိုးတွင်းကြီး မိုးကြိုးပစ်သလို သတင်းဆိုးကြီးက ဒီနေ့ပဲ ရောက်လာတာပါ။ ပရိသတ်အချစ်တော် B.I တစ်ယောက် မူးယစ်ဆေးဝါး တရားမဝင် ဝယ်ယူမှုကြောင့် အဖွဲ့ကနေ နှုတ်ထွက်သွားပြီဆိုတဲ့ သတင်းက ကမ္ဘာအနှံ့က ပရိသတ်တွေဆီ ဂယက်ရိုက်ကုန်ပါပြီ။ မြန်မာနိုင်ငံက iKONic တွေကလည်း B.I ဘက်က အပြည့်အဝကို ကာကွယ်ထောက်ခံပေးထားပါတယ်။

Related Article>>> ဇွန်လမှာ မွေးဖွားကြတဲ့ နာမည်ကြီး ကိုရီးယားအနုပညာရှင်များ

ကိုရီးယားနိုင်ငံရဲ့ Dispatch ဆိုတဲ့ သတင်းမီဒီယာကနေပြီး B.I က တရားမဝင် မူးယစ်ဆေးဝါး ဝယ်ယူသုံးစွဲတာအပြင် ရဲလက်က ရှောင်ရှားနေတယ်ဆိုပြီး စွပ်စွဲ ရေးသားခဲ့ပါတယ်။ ဒါကြောင့် leader ကြီးက သူ့ရဲ့ အင်စတာဂရမ် အကောင့်ကနေပြီး တောင်းပန်စာတစ်စောင် ခုလို ရေးတင်ခဲ့ပါတယ်။

ကျွန်တော် ကင်ဟန်ဘင်ပါ။

ပထမဆုံး အနေနဲ့ ကျွန်တော့်ရဲ့ ဂုဏ်သိက္ခာ ကျဆင်းစေတဲ့ လုပ်ရပ်ကြောင့် ပြည်သူအများဆီက ဝေဖန်ခံရအောင် ဖြစ်ခဲ့တဲ့အတွက် အနူးအညွတ် တောင်းပန်ပါတယ်။ ဘဝမှာ ခက်ခဲပင်ပန်းတဲ့ အချိန်တိုင်း အရင်က တစ်ခါမှ စိတ်မဝင်စားဖူးတဲ့ အရာတစ်ခုခုပေါ်မှာ မှီခိုကြည့်ချင်လာတယ်။ ဒါပေမဲ့ အဲ့ဒါကိုပဲ ကျွန်တော် ကြောက်မိသလို ဆက်ပြီးတော့လည်း မလုပ်ရဲတော့ဘူး။

ကျွန်တော့် ပရိသတ်တွေနဲ့ အဖွဲ့ဝင်တွေအားလုံးကို မျက်နှာမပြဝံ့သလို ကျွန်တော့်ရဲ့ အပြောကြောင့် ထိခိုက်နာကျင်သွားသူတွေ အကုန်လုံးကို တောင်းပန်ပါတယ်လို့ ပြောပါရစေ။

ကျွန်တော့်ရဲ့ အမှားပေါ်မှာ ပြန်လည်သုံးသပ်ပြီး အဖွဲ့ကနေ ထွက်သွားဖို့ အစီအစဉ်လည်း ဆွဲပြီးပါပြီ။

နောက်ဆုံးအနေနဲ့ အဖွဲ့ဝင်အားလုံးနဲ့ ပရိသတ်တွေ အကုန်လုံးကို ဦးညွှတ်တောင်းပန်ပါတယ်။” ဆိုပြီး တင်ထားတာ တွေ့ရပါတယ်။

မီဒီယာက ရေးတင်တဲ့ သတင်းနဲ့ B.I ရဲ့ နှုတ်ထွက်စာ မြင်ပြီးချိန်မှာတော့ YG ကလည်း အတည်ပြုပေးလိုက်တယ်လို့ သိရပါတယ်။ အသက် (၁၂) နှစ်တည်းက YG trainee ဖြစ်ခဲ့တဲ့ B.I တစ်ယောက် ဒီလိုမျိုး လုပ်ရပ်တစ်ခုကြောင့် နာမည်ပျက်ခံမှာ မဟုတ်ဘူး ဆိုတာ ပရိသတ်တွေကတော့ ယုံကြည်ထားကြပါတယ်။

With love

Ei Mon (For Her Myanmar)

Reference: allkpop, Soompi, channelkorea

Ei Mon
Ei Mon
For Her Myanmar ရဲ႕တက္သစ္စ ေဆာင္းပါးရွင္ အိမြန္ျဖစ္ပါတယ္။ စာေရးရတာ ဝါသနာ ပါပါတယ္။ ေဆာင္းပါးေတြကတစ္ဆင့္ စိတ္ကူးေလးေတြကို ေယာင္းတို႕ရဲ႕ ရင္ထဲအေရာက္ ပို႕ေပးခ်င္ပါတယ္။ အထူးအားသာတာကေတာ့ အႏုပညာရွင္သတင္းေတြပဲ ျဖစ္ပါတယ္။ အိမြန္ရဲ႕ လက္ရာေဆာင္းပါးေတြကို အားေပးမယ္မွတ္လား…….

Leave a Reply

Your email address will not be published. Required fields are marked *