Celebrity News News

Debut ၿပီးေနာက္မွာ ပထမဆံုး music show ဆုကို ရရွိႏိုင္ခဲ့ၿပီျဖစ္တဲ့ ASTRO

၁,၀၇၂ ရက္ဟာ အဖဲြ႕အတြက္ေရာ ပရိသတ္ေတြ အတြက္ပါ အခက္ခဲဆံုး ေန႔ရက္ေတြ ျဖစ္ခဲ႔တာပါ။ ပင္ပန္းသြားခဲ႔ၾကပါၿပီ…

ဇန္နဝါရီ ၂၉ ရက္ေန႔ကေတာ႔ ASTRO အတြက္ေရာ၊ သူ႔ရဲ႕ဖန္ေတြျဖစ္တဲ႔ AROHA ေတြအတြက္ စိတ္လႈပ္ရွားခဲ႔ရတဲ႔ ေန႔တစ္ေန႔ဆိုရင္ မမွားပါဘူးေနာ္။ ဘာလို႔လဲဆိုေတာ့ ASTRO ဟာ Debut ၿပီး ၁,၀၇၂ ရက္ၾကာအၿပီးမွာ အဖြဲ႕အတြက္ ပထမဆံုး ဆုကို The Show ကေန ဆြတ္ခူးရရွိလိုက္လို႔ပါပဲ။

Related Article >>> ကိုယ္​အႀကိဳက္​ဆံုး Idol ​​ေတြရဲ႕ comeback နီးလာတဲ့အခါ (kpopper မ်ားအတြက္​သာ)

The Show ဆိုတာကေတာ႔ ေတာင္ကိုရီးယားအေျခစိုက္ SBS MTV ရုပ္သံလိုင္းရဲ႕ တီဗီြပရိုဂရမ္တစ္ခု ျဖစ္ၿပီးေတာ႔ အပတ္စဥ္ အဂၤါေန႔တိုင္း ထုတ္လႊင့္ပါတယ္။ Kpop အိုင္ေဒါလ္ေတြက အေခြတစ္ေခြထြက္ၿပီးတိုင္း ကမ္းဘတ္ပရိုမိုးရွင္း (Comeback Promotion) ရွိရင္ The Show လို ျမဴးဇစ္ရႈိးေတြမွာ ပရိုမိုးရွင္းဆင္းေပးရၿပီးေတာ႔ ကမ္းဘတ္တိုက္ေနတဲ႔ တျခား အိုင္ေဒါလ္အဖဲြ႔ေတြနဲ႔ သူႏိုင္ကိုယ္ႏိုင္ ယွဥ္ၿပိဳင္ရတာပဲျဖစ္ပါတယ္။ အမွတ္ေတြကိုေတာ႔ Pre-score 90% (Digital 40% ၊ Music Video 20% ၊ အကဲျဖတ္အမွတ္ 15% ၊ အယ္လ္ဘမ္ေရာင္းခ်ရႏႈန္း 10% နဲ႔ Pre-voting 5%) နဲ႔ Live voting 10% အေပၚ မူတည္ၿပီး ေပးပါတယ္။

ဇန္နဝါရီ ၂၉ ရက္ေန႔၊ SBS MTV မွာ ထုတ္လႊင့္တဲ့ The Show မွာ ပထမေနရာအတြက္ ASTRO ၊ ATEEZ နဲ႔ Cosmic Girls တို႔က ဆန္ကာတင္ေရြးခ်ယ္ခံရၿပီးေတာ႔ စုစုေပါင္းအမွတ္ ၈,၁၇၉  မွတ္နဲ႔ အဲဒီအပတ္အတြက္ ပထမဆုရွင္ ျဖစ္သြားခဲ႔ပါတယ္။

ေက်းဇူးတင္စကားေျပာတဲ႔အခါမွာ အဖဲြ႔ရဲ႕ေခါင္းေဆာင္ JinJin က သူတို႔ရဲ႕ ဝန္ထမ္းေတြ၊ ပရိသတ္ေတြ၊ အားေပးမႈေတြအတြက္ ေက်းဇူးတင္စကား ေျပာသြားခဲ႔ၿပီးေတာ႔ Cha Eunwoo ကေတာ႔ ဒီအခ်ိန္ကို ေစာင့္ေနခဲ့တဲ႔ ပရိသတ္ေတြကို ေက်းဇူးတင္ေၾကာင္းနဲ႔ ေနာက္ကိုလည္း သူတို႔ရဲ႕ ပိုမိုေကာင္းမြန္တဲ႔ ပံုစံကိုပဲ ခ်ျပသြားမယ္ဆိုတဲ့အေၾကာင္းကို ေျပာသြားခဲ႔ပါတယ္။

Related Article >>> ဆယ္စုႏွစ္တစ္ခုတိုင္ ေကာင္မေလးေတြရဲ႕ အသည္းႏွလံုးကို ဖမ္းစားထားတဲ့ k-idol အဖြဲ႕

ေက်းဇူးတင္ စကားေျပာေနတဲ့ သူတို႔ရဲ႕ ပံုရိပ္ေတြကို ဒီမွာလည္း ၾကည့္လို႔ရပါတယ္။

ASTRO ရဲ႕ ပထမဆံုး ပထမဆုကို ရယူေပးခဲ႔တဲ႔ title song All Night ကို London Noise က ေရးဖဲြ႔ေပးခဲ႔ၿပီးေတာ့ သီခ်င္းအယ္လ္ဘမ္ All Night ဟာဆိုရင္ သူတို႔အဖြဲ႔ရဲ႕ ပထမဆံုး Full-length လည္း ျဖစ္ပါတယ္။

All Night music videoကိုလည္း ေယာင္းတို႔ ၾကည့္လို႔ရေအာင္ တစ္ခါတည္း ထည့္ေပးလိုက္ပါတယ္ေနာ္…

ၾကယ္ေလးေတြ ပိုၿပီးေအာင္ျမင္ပါေစလို႔လည္း ဆုေတာင္းေပးလုိက္ပါတယ္ေနာ္…..

References : Soompi , Koreaboo, All Kpop 

Windy (For Her Myanmar)

<<< Unicode >>>

၁,၀၇၂ ရက်ဟာ အဖွဲ့အတွက်ရော ပရိသတ်တွေ အတွက်ပါ အခက်ခဲဆုံး နေ့ရက်တွေ ဖြစ်ခဲ့တာပါ။ ပင်ပန်းသွားခဲ့ကြပါပြီ…

ဇန်နဝါရီ ၂၉ ရက်နေ့ကတော့ ASTRO အတွက်ရော၊ သူ့ရဲ့ဖန်တွေဖြစ်တဲ့ AROHA တွေအတွက် စိတ်လှုပ်ရှားခဲ့ရတဲ့ နေ့တစ်နေ့ဆိုရင် မမှားပါဘူးနော်။ ဘာလို့လဲဆိုတော့ ASTRO ဟာ Debut ပြီး ၁,၀၇၂ ရက်ကြာအပြီးမှာ အဖွဲ့အတွက် ပထမဆုံး ဆုကို The Show ကနေ ဆွတ်ခူးရရှိလိုက်လို့ပါပဲ။

Related Article >>> ကိုယ်အကြိုက်ဆုံး Idol တွေရဲ့ comeback နီးလာတဲ့အခါ (kpopper များအတွက်သာ)

The Show ဆိုတာကတော့ တောင်ကိုရီးယားအခြေစိုက် SBS MTV ရုပ်သံလိုင်းရဲ့ တီဗွီပရိုဂရမ်တစ်ခု ဖြစ်ပြီးတော့ အပတ်စဉ် အင်္ဂါနေ့တိုင်း ထုတ်လွှင့်ပါတယ်။ Kpop အိုင်ဒေါလ်တွေက အခွေတစ်ခွေထွက်ပြီးတိုင်း ကမ်းဘတ်ပရိုမိုးရှင်း (Comeback Promotion) ရှိရင် The Show လို မြူးဇစ်ရှိုးတွေမှာ ပရိုမိုးရှင်းဆင်းပေးရပြီးတော့ ကမ်းဘတ်တိုက်နေတဲ့ တခြား အိုင်ဒေါလ်အဖွဲ့တွေနဲ့ သူနိုင်ကိုယ်နိုင် ယှဉ်ပြိုင်ရတာပဲဖြစ်ပါတယ်။ အမှတ်တွေကိုတော့ Pre-score 90% (Digital 40% ၊ Music Video 20% ၊ အကဲဖြတ်အမှတ် 15% ၊ အယ်လ်ဘမ်ရောင်းချရနှုန်း 10% နဲ့ Pre-voting 5%) နဲ့ Live voting 10% အပေါ် မူတည်ပြီး ပေးပါတယ်။

ဇန်နဝါရီ ၂၉ ရက်နေ့၊ SBS MTV မှာ ထုတ်လွှင့်တဲ့ The Show မှာ ပထမနေရာအတွက် ASTRO ၊ ATEEZ နဲ့ Cosmic Girls တို့က ဆန်ကာတင်ရွေးချယ်ခံရပြီးတော့ စုစုပေါင်းအမှတ် ၈,၁၇၉  မှတ်နဲ့ အဲဒီအပတ်အတွက် ပထမဆုရှင် ဖြစ်သွားခဲ့ပါတယ်။

ကျေးဇူးတင်စကားပြောတဲ့အခါမှာ အဖွဲ့ရဲ့ခေါင်းဆောင် JinJin က သူတို့ရဲ့ ဝန်ထမ်းတွေ၊ ပရိသတ်တွေ၊ အားပေးမှုတွေအတွက် ကျေးဇူးတင်စကား ပြောသွားခဲ့ပြီးတော့ Cha Eunwoo ကတော့ ဒီအချိန်ကို စောင့်နေခဲ့တဲ့ ပရိသတ်တွေကို ကျေးဇူးတင်ကြောင်းနဲ့ နောက်ကိုလည်း သူတို့ရဲ့ ပိုမိုကောင်းမွန်တဲ့ ပုံစံကိုပဲ ချပြသွားမယ်ဆိုတဲ့အကြောင်းကို ပြောသွားခဲ့ပါတယ်။

Related Article >>> ဆယ်စုနှစ်တစ်ခုတိုင် ကောင်မလေးတွေရဲ့ အသည်းနှလုံးကို ဖမ်းစားထားတဲ့ k-idol အဖွဲ့

ကျေးဇူးတင် စကားပြောနေတဲ့ သူတို့ရဲ့ ပုံရိပ်တွေကို ဒီမှာလည်း ကြည့်လို့ရပါတယ်။

ASTRO ရဲ့ ပထမဆုံး ပထမဆုကို ရယူပေးခဲ့တဲ့ title song All Night ကို London Noise က ရေးဖွဲ့ပေးခဲ့ပြီးတော့ သီချင်းအယ်လ်ဘမ် All Night ဟာဆိုရင် သူတို့အဖွဲ့ရဲ့ ပထမဆုံး Full-length လည်း ဖြစ်ပါတယ်။

All Night music video

ကြယ်လေးတွေ ပိုပြီးအောင်မြင်ပါစေလို့လည်း ဆုတောင်းပေးလိုက်ပါတယ်နော်…..

References : Soompi , Koreaboo, All Kpop

Windy (For Her Myanmar)

Windy
Windy လို႔ ေခၚလို႔ရပါတယ္။ အသက္က ၂၂။For Her Myanmar မွာ အသစ္ဝင္လာတဲ႔ စာေရးသူပါ။ေပ႔ခ်္မွာ ရသစာေလးေတြ ေရးၿပီးတင္ေပးေနပါတယ္။ဝါသနာက စာဖတ္တာ။ စာဆိုရင္ ရသစာေတြအဖတ္မ်ားတယ္။ စာအုပ္နဲ႔ပတ္သတ္ရင္ ဒိုင္ခံေဆြးေႏြးေပးပါေသးတယ္

Leave a Reply

Your email address will not be published. Required fields are marked *