ကိုယ်ချစ်ရတဲ့ အနုပညာရှင်နဲ့ လက်ထပ်ခွင့်ရခဲ့တဲ့ အမျိုးသမီး (၁၀)ဦး

ကိုယ်လည်း အဲ့လိုဆိုလိုကတော့ ရူးပြီလေ…. 😀

ယောင်းတို့ဆယ်ကျော်သက်ဘဝမှာ ကိုယ်အကြိုက်ဆုံး ရုပ်ရှင်မင်းသား ဒါမှမဟုတ် အဆိုတော်တစ်ယောက်ယောက်နဲ့ လက်ထပ်ခွင့်ရခဲ့ရင် ဘယ်လိုများနေမလဲလို့ စိတ်ကူးယဉ်ဖူးကြလားဟင်။ ပုံပြင်အရမ်းဆန်နေတယ်ဆိုပေမယ့် လူတိုင်းမှာအနည်းဆုံးတော့ စိတ်ကူးယဉ်ခွင့်လေးရှိတယ်မလား။ နောက်ပြီးတော့ ကိုယ့်ရဲ့စိတ်ကူးယဉ်မှုဟာတစ်နေ့မှာ လက်တွေ့ဖြစ်မလားဘူးလို့ ဘယ်သူမှမပြောနိုင်ဘူးလေ။ ဘဝဆိုတာ မမျှော်လင့်တဲ့ အချိုးအကွေ့တွေ၊ တိုက်ဆိုင်ကြုံဆုံမှုတွေကလည်း အများသား…။

ကိုယ်ချစ်တဲ့ အနုပညာရှင်နဲ့ လက်ထပ်ခွင့်ရခဲ့တဲ့ မိန်းကလေးတွေ၊ ယောကျာ်းလေးတွေဆိုတာ ရုပ်ရှင်၊ဝတ္ထုတွေနဲ့ စိတ်ကူးယဉ်ကမ္ဘာထဲမှာရှိတာမဟုတ်ပါဘူး။ လက်တွေ့ဘဝတွေမှာလည်း ရှိခဲ့ပါတယ်။ ဒါကြောင့်မို့ သူတို့အားပေးတဲ့ အနုပညာရှင်တွေနဲ့ ဖူးစာဆုံကာရွှေလက်တွဲခဲ့ကြတဲ့ သူတွေအကြောင်းကို ရှာဖွေစုစည်းပြီး တင်ပြပေးလိုက်ပါတယ်နော်။

၁) မင်းသားချော Matt Damon ဟာ မိတ်ဆွေတွေနဲ့ ဘားတစ်ခုမှာထိုင်နေတုန်း သူရဲ့အနာဂတ်ဇနီးလောင်း ဖြစ်လာမယ့် Luciana Barroso ကို ရုတ်တရက်တွေ့လိုက်ရပြီး မြင်မြင်ခြင်းမေတ္တာသက်ဝင်ခဲ့ပါတယ်။ Luciana ဟာလည်း Matt Damon ရဲ့ ပရိသတ်တစ်ဦးဖြစ်တာကြောင့် သူ့ဘက်ကလက်ထပ်ခွင့်တောင်းခံတဲ့အခါ ချက်ခြင်းလက်ခံခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်မှာလက်ထပ်ခဲ့ပြီး သူတို့ရဲ့အိမ်ထောင်ရေးဟာ ဆယ်နှစ်ကျော်တာတောင် ရွှေလက်တွဲမြဲနေဆဲပါ။

Matt Damon နဲ့ သူ့ဇနီး

၂) John Travolta ရဲ့ ဇနီး Kelly Preston ဟာ ငယ်စဉ်ကတည်းက John ရဲ့ ပရိသတ်တစ်ဦးဖြစ်ပါတယ်။ သူမဟာ John ကိုလက်ထပ်ခွင့်ရခဲ့ရင်ဆိုပြီး မကြာခဏစိတ်ကူးယဉ်ခဲ့ပါသတဲ့။ သူမရဲ့အိပ်မက်တွေတကယ်ဖြစ်လာတယ်ဆိုရမှာပေါ့။ သူတို့နှစ်ဦးဟာ ၁၉၉၁ ခုနှစ်ထဲကလက်ထပ်ခဲ့ကြပြီး ယခုအခါမှာ အိမ်ထောင်သက် နှစ်နှစ်ဆယ်ကျော်နေပါပြီ။

John Travolta နဲ့ Kelly Preston

၃) Tom Cruise ရဲ့ ဇနီးဟောင်း Katie Holmes ဟာလည်း ငယ်စဉ်တည်းက တွမ်ရဲ့ ပရိသတ်ဖြစ်ပြီး Tom ရဲ့ဓါတ်ပုံတွေနဲ့တောင် သူမရဲ့အခန်းကို အလှဆင်ခဲ့သည်အထိ ရူးသွပ်ခဲ့သူပါ။ သူမအရွယ်ရောက်လာချိန်မှာတော့ တွမ်နဲ့တွေ့ဆုံခဲ့ရပြီး လက်ထပ်ခွင့်ရခဲ့ပါတယ်။

Tom Cruise and Katie Holmes

၎) အမေရိကန် အိုင်ဒေါ Star တစ်ဦးဖြစ်တဲ့ Ruben Studdard ဟာ သူ့ရဲ့ အော်တိုလက်မှတ်ကိုရရှိဖို့တန်းစီနေတဲ့ လူတန်းတွေထဲက တစ်ဦးဖြစ်တဲ့ Zuri ကိုမြင်မြင်ချင်းသဘောကျခဲ့ပါတယ်။ သူဘယ်လို လှုပ်ရှားလိုက်တယ်တော့ မသိပေမယ့် မကြာခင်မှာပဲသူတို့ အတူဒိတ်ခဲ့ကြပြီး နှစ်နှစ်အကြာမှာတော့ လက်ထပ်ခဲ့ကြပါတယ်။

Ruben Studdard & Zuri
 ၅) Beauty Saloon တစ်ခုမှာအလုပ်လုပ်တဲ့ အလှအပဆိုင်ရာကျွမ်းကျင်သူ Jillian Fink ဟာတစ်ရက်မှာ သူမရဲ့ Customer စာရင်းထဲမှာ နာမည်ကျော်မင်းသားတစ်ဦးဖြစ်တဲ့ Patrick Dempsey ရဲ့အမည်ကိုတွေ့လိုက်ရတော့ တစ်ယောက်ယောက်ကများနောက်ထားတာလားလို့ တအံ့တသြဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် သူမဟာ နာမည်ကျော်မင်းသားနဲ့ တစ်ကယ်ပဲတွေ့ဆုံခွင့်ရခဲ့သလို သူတို့ဟာ ချစ်သူတွေဖြစ်ခဲ့ကြကာ လက်ထပ်ခဲ့ကြပါတယ်။
Patrick Dempsey and wife

၆) Amber Rose ဟာ မော်ဒယ်လ်နဲ့ ဂီတပညာရှင်တစ်ဦးဖြစ်ပြီး နာမည်ကျော် Rapper တစ်ဦးဖြစ်တဲ့ Wiz Khalifa နဲ့တွေ့ဆုံချစ်ကြိုက်ကာ လက်ထပ်ခဲ့ကြပါတယ်။ Amber ဟာလည်း Wiz နဲ့မတွေ့ဆုံခင်ကတည်းက သူ့ရဲ့ ပရိသတ်တစ်ဦးပါတဲ့။

  1. Amber & Wiz

    ၇) လောစ့်အန်ဂျလိရဲ့ စားသောက်ဆိုင်တစ်ခုမှာ အချိန်ပိုင်းစားပွဲထိုးလုပ်တဲ့ အသက်ဆယ့်ကိုးနှစ်အရွယ် Alice Kim ဟာ တစ်နေ့မှာ သူမနှစ်သက်တဲ့ မင်းသားတစ်ဦးဖြစ်တဲ့ Nicolas Cage ဟာ သူမအလုပ်လုပ်တဲ့ဆိုင်မှာ လာရောက်စားသောက်နေတာကို တွေ့လိုက်ပါတယ်။ မင်းသား Nicolas ဟာလည်း သူမကို မြင်မြင်ချင်းစိတ်ဝင်စားခဲ့တာမို့ သူတို့ရင်းနှီးခဲ့ကြပြီး များမကြာခင်လက်ထပ်ခဲ့ကြပါတယ်။

    Nicolas & Alice

    ၈) Adam Shulman ဟာ နာမည်သိပ်မရှိတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပြီး Anne Hathaway ကတော့ နာမည်ကျော်မင်းသမီးတစ်ဦးဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ရုပ်ရှင်ပွဲတော်တစ်ခုမှာတွေ့ဆုံချစ်ကြိုက်ကာ လက်ထပ်ခဲ့ကြပါတယ်။

    Adam & Annie

    ၉) ကျောက်မျက်ရတနာပညာရှင် Jennifer Meyer ဟာရုပ်ရှင်ရိုက်ကွင်းတစ်ခုမှာ Toby Maguire (တစ်ချိန်က Spider Man မင်းသား) နဲ့တွေ့ဆုံကာ ချစ်ကြိုက်လက်ထပ်ခဲ့ကြပါတယ်။ ယနေ့အချိန်အထိတော့ သူတို့နှစ်ဦးရဲ့ အိမ်ထောင်ရေးဟာ ခွာပြဲလိုက် ပြန်တွဲလိုက်နဲ့ပါပဲ။

    Toby & Jennifer
  2. တစ်ချိန်က လျှမ်းလျှမ်းတောက်နာမည်ကျော်ခဲ့တဲ့ အဆိုတော် ရုပ်ရှင်မင်းသား Elvis Presley တစ်ယောက် သိပ်နာမည်မကြီးခင် အဆိုတော်ပေါက်စဘဝမှာထဲက သူ့ကိုအားပေးခဲ့တဲ့ အမျိုးသမီးပရိသတ်တစ်ဦးရှိပါတယ်။ သူကတော့ နောင်တစ်ချိန်မှာ Mrs. Presley ဖြစ်လာတဲ့ Priscilla ပါပဲ။
    Elvis & Priscilla

    သူတို့တွေကတော့ နာမည်ကျော်အနုပညာရှင် တွေနဲ့ ဆုံဆည်းခွင့်ရခဲ့တဲ့သူတွေပါပဲ။ နာမည်ကျော်တွေနဲ့ ဆုံးဆည်းခွင့်ရခဲ့တဲ့သူတွေမို့ သူတို့တွေဟာ ကံကောင်းတယ်လို့ဆိုရမှာပေါ့နော်။ တကယ်တော့ သူတို့တွေမှကံကောင်းတာမဟုတ်ပါဘူး။ ကိုယ့်အပေါ်မှာ စာနာနားလည်ပြီးကြင်နာတတ်တဲ့သူတွေနဲ့ ဆုံဆည်းခွင့်ရသူတိုင်းဟာ ကံကောင်းကြသူတွေပါပဲ။

ယောင်းတို့လည်း ကံကောင်းကြပါစေလို့ အက်ဒ်မင်ကဆုတောင်းပေးလိုက်ပါတယ်နော်။ <3

Sugar Cane (For Her Myanmar)

Reference : www.ranker.com, www.providr.com

No Comments Yet

Leave a Reply

Your email address will not be published.