Movie Review
၂၀၁၉ အတွင်း အသစ်ထွက်ရှိလာမည့် နိုင်ငံတကာဇာတ်ကားများ
1. Hellboy (ရုံတင်လ ဧပြီ)
3. Us (ရုံတင်လ မတ်)
1. Dumbo (ရုံတင်လ မတ်)
2. Aladdin (ရုံတင်လ မေ)
၎။ Animation ရုပ်ရှင်
Animation ရုပ်ရှင်
>> Unicode >>>
2019 Planner ထဲမှာ ကိုယ်ကြည့်ချင်တဲ့ ရုပ်ရှင်ပြမယ့်ရက်တွေ ထည့်ထားလိုက်နိုင်ဖို့
2019 ရောက်ပြီဆိုတာနဲ့ အတွေးထဲကို အရင်ဆုံးဝင်လာတဲ့အတွေးက ငါမျှော်လင့်နေတဲ့ ရုပ်ရှင်တွေကြည့်ရတော့မယ်ကွ ဆိုတဲ့ အတွေးပဲလေ။ ဒီခံစားချက်ကို ရုပ်ရှင်ချစ်သူတွေအချင်းချင်းပဲ နားလည်နိုင်မယ်ထင်တယ်နော်။
ဒီတော့လည်း အက်ဒ်မင်က ဘဝတူ ရုပ်ရှင်ချစ်သူယောင်းလေးတို့အတွက် ၂၀၁၉ မှာ ထွက်လာမယ့် ရုပ်ရှင်ကားကောင်းတွေကို စာရင်းပြုစုပြီးမျှဝေပေးမယ်လေ။ ထွက်လာမယ့် ဇာတ်ကားကောင်းတွေကလည်း များတော့ အကောင်းဆုံးတွေထဲက အကောင်းဆုံးလေးတွေကို ဇာတ်ကားအမျိုးအစားအလိုက်ပြောပြပေးမယ်နော်။
၁။ စူပါဟီးရိုးဇာတ်လမ်းတွေ
သတင်းတွေအရ ၂၀၁၉ ဟာ သမိုင်းမှာ စူပါဟီးရိုးရုပ်ရှင်တွေအများဆုံးထွက်လာမယ့်နှစ်လို့ ဆိုကြပါတယ်။ ဒီနှစ်အတွက် ထွက်လာမယ့် ရုပ်ရှင်တွေက
စူပါဟီးရိုးဇာတ်လမ်းတွေ
1. Hellboy (ရုံတင်လ ဧပြီ)
2. Glass (ရုံတင်လ ဇန်နဝါရီ)
3. X-Men: Dark Phoenix (ရုံတင်လ ဇွန်)
4. Captain Marvel (ရုံတင်လ မတ်)
5. Shazam! (ရုံတင်လ ဧပြီ 2019)
6. The Avengers 4 / Avengers: Endgame (ရုံတင်လ ဧပြီ)
7. Spider-Man: Far From Home (ရုံတင်လ ဇူလိုင်)
8. New Mutants (ရုံတင်လ သြဂုတ်)
9. Joker (ရုံတင်လ အောက်တိုဘာ)
စူပါဟီးရိုးဇာတ်လမ်းတိုင်းကလည်း ဇာတ်လမ်းကောင်းတွေပဲဆိုတော့ ပျော်စရာကြီးပေါ့နော်။
၂။ သရဲ နဲ့ သည်းထိတ်ရင်ဖိုရုပ်ရှင်
ဒီနှစ်ထဲမှာ ထွက်လာမယ့် သည်းထိတ်ရင်ဖိုရုပ်ရှင်တွေကလည်း တကယ့်ကိုအများကြီးပါ။ ဒီတော့ နာမည်အကြီးဆုံး နဲ့ အကောင်းဆုံးဖြစ်မယ်ထင်တဲ့ ဇာတ်ကားတွေကိုပဲ ရွေးချယ်ပြီးပြပေးမယ်နော်။
သရဲ နဲ့ သည်းထိတ်ရင်ဖိုရုပ်ရှင်
1. Escape Room (ရုံတင်လ ဧပြီ)
2. The Turning (ရုံတင်လ ဖေဖော်ဝါရီ)
3. Us (ရုံတင်လ မတ်)
4. Pet Sematary (ရုံတင်လ မေ )
5. Annabelle 3 (ရုံတင်လ မတ်)
6. Child’s Play (ရုံတင်လ ဇွန်)
7. Scary Stories to Tell in the Dark (ရုံတင်လ အောက်တိုဘာ)
8. It: Chapter 2 (ရုံတင်လ စက်တင်ဘာ)
ဒီနှစ် သည်းထိတ်ရင်ဖို ရုပ်ရှင်တွေထဲမှာ နာမည်ကြီးရုပ်ရှင်တွေရဲ့ အဆက်တွေ၊ အရင်က နာမည်ကြီးကားတွေကို ပြန်ဆန်းသစ်ထားတာတွေ တော်တော်များများကြည့်ရမှာမို့ စိတ်ဝင်စားစရာပါ။
Related Article >>> လက်မလွှတ်သင့်တဲ့ ၂၀၁၈ ရဲ့ ဆုရဇာတ်ကားကောင်း များ
၃။ Disney Live Actions ရုပ်ရှင်
Disney ရဲ့ တစ်ချိန်ကနာမည်ကြီးကာတွန်းရုပ်ရှင်တွေကို ထုတ်လုပ်ခဲ့ရာမှာ လူကြိုက်များခဲ့တာမို့ နှစ်စဉ်ဆက်လက်ရိုက်ကူးလျက်ရှိပါတယ်။ နောက်လာမယ့် ရုပ်ရှင်တွေကတော့
Disney Live Actions ရုပ်ရှင်
1. Dumbo (ရုံတင်လ မတ်)
2. Aladdin (ရုံတင်လ မေ)
3. The Lion King (ရုံတင်လ ဇူလိုင်) တို့ပါတဲ့။
၄။ Animation ရုပ်ရှင်
Animation ဇာတ်ကားတွေက ကလေးတွေအတွက်လို့ ဘယ်သူပြောလဲ အသက်ဘယ်လောက်ကြီးကြီးကြည့်မှာပဲ ဆိုသူတွေအတွက် ၂၀၁၉ ရဲ့ Animation ရုပ်ရှင်တွေက ..
Animation ရုပ်ရှင်
1. Frozen 2 (ရုံတင်လ နိုဝင်ဘာ)
2. How to Train Your Dragon: The Hidden World (ရုံတင်လ ဇန်နဝါရီ)
3. The Lego Movie 2: The Second Part (ရုံတင်လ ဖေဖော်ဝါရီ)
4. The Secret Life of Pets 2 (ရုံတင်လ ဇွန်)
5. Toy Story 4 (ရုံတင်လ ဇွန်) တို့ဖြစ်ပါတယ်။
Related Article >>> ၂၀၁၈ အတွက် IMDb ကရွေးချယ်ထားတဲ့ အကောင်းဆုံး ရုပ်ရှင်ကား (၅) ကား
၅။ အခြား နာမည်ကြီးကားများ
နောက်ထပ် လူကြိုက်များမယ့် ၂၀၁၉ ရုံတင်ကားကောင်းတွေကတော့.
လူကြိုက်များမယ့် ရုပ်ရှင်များ
1. Men in Black: International (ရုံတင်လ ဇွန်)
2. John Wick: Chapter 3 (ရုံတင်လ မေ)
3. Godzilla: King of the Monsters (ရုံတင်လ မေ)
4. Little Women (ရုံတင်လ ဒီဇင်ဘာ)
5. Rambo 5: Last Blood (ရုံတင်ရက် မသေချာသေး)
6. Pokémon Detective Pikachu (ရုံတင်လ မေ) တွေပဲ ဖြစ်ပါတယ်။
ဒီလောက်ဆိုရင် ၂၀၁၉ မှာ ကြည့်ရမယ့် ရုပ်ရှင်ဇာတ်လမ်းတွေ တော်တော်စုံပါပြီနော်။ ဒီဇာတ်ကားတွေအားလုံးက ကားကောင်းတွေပဲဆိုတော့ နိုင်ငံတကာမှာ ရုံတင်သလိုပဲ မြန်မာပြည်မှာလည်း ရုံတင်ပါစေလို့ ဆုတောင်းရမှာပါပဲ။
၂၀၁၉ မှာ ယောင်းတို့ ပျော်ရွှင်ကြပါစေနော်။
Sugar Cane (For Her Myanmar)
References : imdbscreenrant
Sugar Cane
Sugar Cane
က်ြန္မက Sugar Cane ပါ။ မကြံပင်ပေါ့။ စာဖတ်ခြင်းကို ရူးသွပ်သလို စာရေးခြင်းကို ခုံမင်လှသူပါ ။ ယောင်းတို့ အတွက် လိုအပ်သမျှ သုတ/ ရသ အစုံကို For Her Myanmar ကနေ မျှဝေပေးသွားမယ်နော်။
Leave a Reply
Your email address will not be published. Required fields are marked *