သမီးရည္းစား၊ လင္မယားၾကားက ခ်စ္ျခင္းေမတၱာကို အျပည့္အဝ ေဖာ္က်ဴးျပထားတဲ့ ရုပ္ရွင္ကားေကာင္း (၃) ကား

ရုိတာေလးမွ ႀကိဳက္တယ္ဆိုတဲ့ ေယာင္းတို႔ မျဖစ္မေန ၾကည့္သင့္ေသာပါေနာ္..

ေယာင္းတို႔ေရ…ရုပ္ရွင္အညႊန္းေလးေတြ ျပန္ေျပာျပရမယ့္ အခ်ိန္ေလး ျပန္ေရာက္လာျပန္ပါၿပီ။ ဒီတစ္ပတ္မွာ Stella က ခ်စ္ျခင္းေမတၱာအေၾကာင္း ေဖာ္ညႊန္းထားတဲ့ ရုပ္ရွင္ေလးေတြကို ညႊန္းေပးမယ္လို႔ စဥ္းစားထားပါတယ္။ ဘယ္လိုရုပ္ရွင္ကားေကာင္းေလးေတြကို ညႊန္းေပးမွာလဲဆိုေတာ့…

Everything, Everything

၁၈-ႏွစ္အရြယ္ Maddy က အိမ္ျပင္ထြက္လို႔မရတဲ့ ေရာဂါဆန္းတစ္မ်ိဳးကို ခံစားေနရသူတစ္ေယာက္ပါ။ သူ(မ)ရဲ႕ ေဘးအိမ္ကို Olly ဆိုတဲ့ ေကာင္ေလးေရာက္လာတဲ့အခါမွာေတာ့ သူ(မ)ဘဝတစ္ခုလံုး ေျပာင္းလဲသြားပါေတာ့တယ္။ ျပတင္းေပါက္ကေန ေငးၾကည့္ရင္း၊ မက္ေဆ့ခ်္ပို႔ရင္းနဲ႔ပဲ ႏွစ္ေယာက္သား သံေယာဇဥ္တြယ္လာတဲ့အခါ အရာရာဆံုးရႈံးရမယ္ဆိုရင္ေတာင္ အရာရာကို စြန္႔လႊတ္မယ္ဆိုတဲ့အထိျဖစ္လာပါေတာ့တယ္။ သူတို႔ႏွစ္ေယာက္ၾကားမွာ ဘယ္လိုအဆင္မေျပမႈေတြ ျဖစ္လာမလဲ ၊ Maddy ကေကာ အိမ္ျပင္ထြက္ရင္ ဘာျဖစ္မွာလဲ စတာေတြကို “Everything, everything” မွာ ၾကည့္ရမွာပါ။

Related article >>> အရိုတစ္လိုင္းေယာင္းတို႔အတြက္ အေကာင္းဆံုးအခ်စ္ရုပ္ရွင္ကား (၃) ကား

Forever My Girl

Alex Roe က နာမည္ေက်ာ္ အဆိုေတာ္တစ္ေယာက္ပါ။ သူေအာင္ျမင္ၿပီး ၈ ႏွစ္ၾကာမွာ ေမြးရပ္ေျမကို ျပန္လာတဲ့အခါ ေအာင္ျမင္မႈအတြက္ သူခ်န္ထားရစ္ခဲ့တဲ့ ငယ္ခ်စ္ဦး Josie နဲ႔ ျပန္ဆံုေတြ႔ရပါေတာ့တယ္။ ျဖစ္ခ်င္ေတာ့ Josie မွာ ၈ ႏွစ္အရြယ္ သမီးေလးရွိေနၿပီး စံုစမ္းၾကည့္လိုက္မွ ကေလးက Alex ရဲ႕ ေသြးသားျဖစ္ေနတာပါ။ အဲဒီအခါမွာ Alex က သူတို႔ မိသားစုဆံုစည္းရဖို႔အတြက္ အစြမ္းကုန္ႀကိဳးစားပါေတာ့တယ္။ မိသားစုၾကားက ျပႆနာေလးေတြ၊ ဖခင္တစ္ေယာက္ရဲ႕ ခ်စ္ျခင္းေမတၱာေတြကို ဒီရုပ္ရွင္ကားေလးက ကြက္ကြက္ကြင္းကြင္း သရုပ္ေဖာ္ထားပါတယ္။

Related article >>> ေယာင္းကို မ်က္ရည္ျခဴမယ့္ အေကာင္းဆံုးရုပ္ရွင္ (၃) ကား

Irreplaceable You

သူ(မ)မွာ ကင္ဆာေရာဂါရွိေနၿပီဆိုတာ သိလိုက္ရၿပီးတဲ့ေနာက္မွာေတာ့ Abbie ဟာ သူ(မ)ရဲ႕ ငယ္ငယ္တည္းက သူငယ္ခ်င္းအရင္းႀကီး တစ္ျဖစ္လဲ ခင္ပြန္းေလာင္း Sam ကို တစ္ေယာက္တည္းထားခဲ့ဖို႔ စိတ္မခ်ေတာ့ပါဘူး။ ဒါနဲ႔ပဲ Sam အတြက္ အခ်စ္သစ္ရေရးစစ္ဆင္ေရးကို သူ(မ)သက္တမ္းမကုန္ခင္ ႀကိဳးစားပါေတာ့တယ္။ ခင္ပြန္းနဲ႔ဇနီးၾကားက အျပန္အလွန္ေမတၱာေတြနဲ႔ ရယ္ေမာစရာေလးေတြကို “Irreplaceable You” မွာေတြ႔ရမွာပါ။

Related article >>> ေယာင္းတို႕ေစာင့္ေမွ်ာ္ေနၾကတဲ့ ဒီတစ္ပတ္ Billboard မွာ ေဟာ့အျဖစ္ဆံုး သီခ်င္း (၁၀) ပုဒ္

ကဲ…ဒီေလာက္ဆိုရင္ ေယာင္းတို႔လည္း ဒီတစ္ပတ္မွာ ရုပ္ရွင္ကားေကာင္းေလးေတြ ၾကည့္စရာရၿပီေပါ့ေနာ္။ ေျပာျပေပးသြားတဲ့ ဒီရုပ္ရွင္ေလးေတြကို ေယာင္းသေဘာက်ႏွစ္သက္ေလာက္မယ္ထင္ပါတယ္။ ဒါဆိုေနာက္အပတ္မွ ျပန္ေတြ႔ၾကတာေပါ့…

Stella (For Her Myanmar)

<<< Unicode >>>

ရိုတာလေးမှ ကြိုက်တယ်ဆိုတဲ့ ယောင်းတို့ မဖြစ်မနေ ကြည့်သင့်သောပါနော်..

ယောင်းတို့ရေ…ရုပ်ရှင်အညွှန်းလေးတွေ ပြန်ပြောပြရမယ့် အချိန်လေး ပြန်ရောက်လာပြန်ပါပြီ။ ဒီတစ်ပတ်မှာ Stella က ချစ်ခြင်းမေတ္တာအကြောင်း ဖော်ညွှန်းထားတဲ့ ရုပ်ရှင်လေးတွေကို ညွှန်းပေးမယ်လို့ စဉ်းစားထားပါတယ်။ ဘယ်လို ရုပ်ရှင်ကားကောင်းလေးတွေကို ညွှန်းပေးမှာလဲဆိုတော့…

Everything, Everything

၁၈-နှစ်အရွယ် Maddy က အိမ်ပြင်ထွက်လို့မရတဲ့ ရောဂါဆန်းတစ်မျိုးကို ခံစားနေရသူတစ်ယောက်ပါ။ သူ(မ)ရဲ့ ဘေးအိမ်ကို Olly ဆိုတဲ့ ကောင်လေးရောက်လာတဲ့အခါမှာတော့ သူ(မ)ဘဝတစ်ခုလုံး ပြောင်းလဲသွားပါတော့တယ်။ ပြတင်းပေါက်ကနေ ငေးကြည့်ရင်း၊ မက်ဆေ့ချ်ပို့ရင်းနဲ့ပဲ နှစ်ယောက်သား သံယောဇဉ်တွယ်လာတဲ့အခါ အရာရာဆုံးရှုံးရမယ်ဆိုရင်တောင် အရာရာကို စွန့်လွှတ်မယ်ဆိုတဲ့အထိဖြစ်လာပါတော့တယ်။ သူတို့နှစ်ယောက်ကြားမှာ ဘယ်လိုအဆင်မပြေမှုတွေ ဖြစ်လာမလဲ ၊ Maddy ကကော အိမ်ပြင်ထွက်ရင် ဘာဖြစ်မှာလဲ စတာတွေကို “Everything, everything” မှာ ကြည့်ရမှာပါ။

Related article >>> အရိုတစ်လိုင်းယောင်းတို့အတွက် အကောင်းဆုံးအချစ်ရုပ်ရှင်ကား (၃) ကား

Forever My Girl

Alex Roe က နာမည်ကျော် အဆိုတော်တစ်ယောက်ပါ။ သူအောင်မြင်ပြီး ၈ နှစ်ကြာမှာ မွေးရပ်မြေကို ပြန်လာတဲ့အခါ အောင်မြင်မှုအတွက် သူချန်ထားရစ်ခဲ့တဲ့ ငယ်ချစ်ဦး Josie နဲ့ ပြန်ဆုံတွေ့ရပါတော့တယ်။ ဖြစ်ချင်တော့ Josie မှာ ၈ နှစ်အရွယ် သမီးလေးရှိနေပြီး စုံစမ်းကြည့်လိုက်မှ ကလေးက Alex ရဲ့ သွေးသားဖြစ်နေတာပါ။ အဲဒီအခါမှာ Alex က သူတို့ မိသားစုဆုံစည်းရဖို့အတွက် အစွမ်းကုန်ကြိုးစားပါတော့တယ်။ မိသားစုကြားက ပြဿနာလေးတွေ၊ ဖခင်တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာတွေကို ဒီရုပ်ရှင်ကားလေးက ကွက်ကွက်ကွင်းကွင်း သရုပ်ဖော်ထားပါတယ်။

Related article >>> ယောင်းကို မျက်ရည်ခြူမယ့် အကောင်းဆုံးရုပ်ရှင် (၃) ကား

Irreplaceable You

သူ(မ)မှာ ကင်ဆာရောဂါရှိနေပြီဆိုတာ သိလိုက်ရပြီးတဲ့နောက်မှာတော့ Abbie ဟာ သူ(မ)ရဲ့ ငယ်ငယ်တည်းက သူငယ်ချင်းအရင်းကြီး တစ်ဖြစ်လဲ ခင်ပွန်းလောင်း Sam ကို တစ်ယောက်တည်းထားခဲ့ဖို့ စိတ်မချတော့ပါဘူး။ ဒါနဲ့ပဲ Sam အတွက် အချစ်သစ်ရရေးစစ်ဆင်ရေးကို သူ(မ)သက်တမ်းမကုန်ခင် ကြိုးစားပါတော့တယ်။ ခင်ပွန်းနဲ့ဇနီးကြားက အပြန်အလှန်မေတ္တာတွေနဲ့ ရယ်မောစရာလေးတွေကို “Irreplaceable You” မှာတွေ့ရမှာပါ။

Related article >>> ယောင်းတို့စောင့်မျှော်နေကြတဲ့ ဒီတစ်ပတ် Billboard မှာ ဟော့အဖြစ်ဆုံး သီချင်း (၁၀) ပုဒ်

ကဲ…ဒီလောက်ဆိုရင် ယောင်းတို့လည်း ဒီတစ်ပတ်မှာ ရုပ်ရှင်ကားကောင်းလေးတွေ ကြည့်စရာရပြီပေါ့နော်။ ပြောပြပေးသွားတဲ့ ဒီရုပ်ရှင်လေးတွေကို ယောင်းသဘောကျနှစ်သက်လောက်မယ်ထင်ပါတယ်။ ဒါဆိုနောက်အပတ်မှ ပြန်တွေ့ကြတာပေါ့…

Stella (For Her Myanmar)

No Comments Yet

Comments are closed