Movie Review

ဘယ္အခ်ိန္ၾကည့္ၾကည့္ တေသာေသာရယ္ေနေစရမယ့္ ဟာသရုပ္ရွင္ (၃) ကား

ရယ္လိုက္ရတာ ဖတ္ဖတ္ေမာပါပဲ

ေယာင္းတို႔ေရ … Stella ကေလ စိတ္ဖိစီးမႈ မ်ားလာတဲ့အခါမ်ိဳးေတြမွာ ရယ္ရတဲ့ ရုပ္ရွင္ေလးေတြ ၾကည့္ရတာသေဘာက်တယ္။ ဟာဒယရႊင္ေဆးတိုက္တဲ့ ရုပ္ရွင္ေတြေၾကာင့္ အေမာေတြေျပသြားသလိုပဲ။ အခု Stella ေျပာျပေပးမယ့္ ရုပ္ရွင္ေတြက ျပက္လံုးေတြနဲ႔အတင္းႀကီးရယ္ခိုင္းတာမ်ိဳးမဟုတ္ဘဲ ဇာတ္ေဆာင္ေတြရဲ႕ အမူအရာနဲ႔ ဇာတ္လမ္းအသြားအလာေတြကိုက ရယ္ေနရတဲ့ဇာတ္ကားေတြပါ။

Mrs Doubtfire

အသံတုသရုပ္ေဆာင္တစ္ေယာက္ျဖစ္တဲ့ လူေပ်ာ္ႀကီး Daniel က သူ႔ဇနီး Miranda နဲ႔ စိတ္သေဘာထားမတိုက္ဆိုင္မႈေတြေၾကာင့္ ကြာရွင္းလိုက္ရတဲ့အခါ ကေလးေတြကို အုပ္ထိန္းခြင့္လည္း ဆံုးရႈံးသြားပါတယ္။ ကေလးေတြနဲ႔မခြဲခ်င္တဲ့အခါ အစ္ကိုျဖစ္သူနဲ႔ ပူးေပါင္းၿပီး ကေလးထိန္းအဘြားႀကီး Mrs Doubtfire ေယာင္ေဆာင္ၿပီး သူ႔ဇနီးအိမ္မွာ အလုပ္လုပ္သြားလုပ္ပါေတာ့တယ္။ Daniel တစ္ေယာက္ ဘာေတြအလြဲလြဲအေခ်ာ္ေခ်ာ္လုပ္ဦးမွာလဲ၊ Miranda ကေကာ Daniel ဟန္ေဆာင္တာေတြကို ရိပ္မိသြားမွာလား၊ ကေလးေတြကို အုပ္ထိန္းခြင့္ေကာ ျပန္ရမွာလား စတာေတြကိုေတာ့ Mrs Doubtfire မွာ ဆက္ၾကည့္လိုက္ပါေနာ္။ (မာမီရွိန္းရဲ႕ မူရင္းကားလို႔ ဆိုရမွာေပါ့ ေယာင္းတို႔ရယ္..)

Related article >>> Netflix ကေန ထုတ္လႊင့္ျပသေနတဲ့ အေကာင္းဆံုးရုပ္သံဇာတ္လမ္းတြဲ (၄) ကား

White Chicks

FBI agent လူမည္းညီအစ္ကိုႏွစ္ေယာက္ဟာ ျပန္ေပးဆြဲသူေတြကို ေထာင္ဖမ္းဖို႔ ခ်မ္းသာတဲ့သူေဌးသမီးညီအစ္မႏွစ္ေယာက္ရဲ႕ ေဘာ္ဒီဂတ္သေဘာမ်ိဳးဟန္ေဆာင္ရပါတယ္။ အေၾကာင္းအမ်ိဳးမ်ိးေၾကာင့္ ညီအစ္မႏွစ္ေယာက္က မကူညီႏိုင္ေတာ့ဘူးလို႔ ေျပာတဲ့အခါ ေရြးခ်ယ္စရာမရွိတဲ့အဆံုး လူမည္းညီအစ္ကိုႏွစ္ေယာက္ကေန လူျဖဴညီအစ္မႏွစ္ေယာက္ေယာင္ေဆာင္ၿပီး ျပန္ေပးသမားေတြကို ဖမ္းဖို႔စီစဥ္ရပါေတာ့တယ္။ ေတာင့္ေတာင့္ေျဖာင့္ေျဖာင့္ အသားမည္းမည္းေယာက်ာ္းရင့္မာႀကီးေတြကေန ျဖဴျဖဴေဖြးေဖြးဖက္ရွင္က်က်ညီအစ္မႏွစ္ေယာက္အျဖစ္ ဟန္ေဆာင္ရတဲ့အခါ ဘယ္လိုလူေတြကို ဂ်င္းထည့္မလဲ၊ အနားကပ္လာတဲ့ဘဲေတြကို ဘယ္လိုပညာေပးမလဲ၊ ဘာေတြအလြဲလြဲအေခ်ာ္ေခ်ာ္ျဖစ္မလဲဆိုတာကေတာ့ White Chicks ကို ၾကည့္ရင္းသိရမွာပါ။

Related article >>> LDRS ေတြ ခ်စ္သူကိုအလြမ္းေျဖရင္း ၾကည့္သင့္တဲ့ ရုပ္ရွင္(၃)ကား

Meet The Parents

အမ်ိဳးသားသူနာျပဳ Greg Focker က သူ႔ေကာင္မေလးကို လက္ထပ္ခြင့္မေတာင္းခင္ ေကာင္းမေလးမိဘေတြနဲ႔ေတြ႔ဖို႔ အိမ္လိုက္သြားတဲ့အခါမွာေတာ့ ေယာကၡထီးေလာင္းရဲ႕ ပညာေပးမႈေတြေအာက္မွာ ဒုကၡလွလွေတြ႔ပါေတာ့တယ္။ ေယာကၡထီးအဘိုးႀကီီးက ဘယ္လိုေတြပညာျပမွာလဲ၊ အူေၾကာင္ေၾကာင္ Greg နဲ႔ သူ႔ရဲ႕ေယာကၡထီးေလာင္းၾကားက ပဋိပကၡေတြက ေျပလည္ပါ့မလား၊ သူ႔ေကာင္မေလးနဲ႔ေကာ နီးစပ္ပါ့မလား ဆိုတာကေတာ့ Meet The Parents မွာ ၾကည့္ၿပီး အူတက္ေအာင္ရယ္ၾကတာေပါ့။

Related article >>> ၂၀၁၉ မွာ အသစ္ထြက္ရွိလာမယ့္ နာမည္ေက်ာ္ ထိတ္လန္႔သည္းဖိုသရဲကား (၃) ကား

ကဲ … ဒါကေတာ့ ေယာင္းတို႔ဒီတစ္ပတ္ပိတ္ရက္မွာ ၾကည့္လို႔ရမယ့္ ဟာသရုပ္ရွင္ (၃) ကားပါ။ နာမည္ႀကီးသရုပ္ေဆာင္ေတြ အမ်ားႀကီးပါတဲ့အျပင္ ဇာတ္လမ္းအသြားအလာကလည္း အရမ္းေကာင္းတာေၾကာင့္ ေယာင္းတို႔ေက်နပ္ၾကလိမ့္မယ္ထင္ပါတယ္။ ဒါဆိုေနာက္တစ္ပတ္မွ ရုပ္ရွင္ကားအသစ္ေလးေတြနဲ႔ ျပန္ေတြ႔ၾကစို႔ ….

Stella (For Her Myanmar)

<<< Unicode >>>

ရယ်လိုက်ရတာ ဖတ်ဖတ်မောပါပဲ

ယောင်းတို့ရေ … Stella ကလေ စိတ်ဖိစီးမှု များလာတဲ့အခါမျိုးတွေမှာ ရယ်ရတဲ့ ရုပ်ရှင်လေးတွေ ကြည့်ရတာသဘောကျတယ်။ ဟာဒယရွှင်ဆေးတိုက်တဲ့ ရုပ်ရှင်တွေကြောင့် အမောတွေပြေသွားသလိုပဲ။ အခု Stella ပြောပြပေးမယ့် ရုပ်ရှင်တွေက ပြက်လုံးတွေနဲ့အတင်းကြီးရယ်ခိုင်းတာမျိုးမဟုတ်ဘဲ ဇာတ်ဆောင်တွေရဲ့ အမူအရာနဲ့ ဇာတ်လမ်းအသွားအလာတွေကိုက ရယ်နေရတဲ့ဇာတ်ကားတွေပါ။

Mrs Doubtfire

အသံတုသရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ လူပျော်ကြီး Daniel က သူ့ဇနီး Miranda နဲ့ စိတ်သဘောထားမတိုက်ဆိုင်မှုတွေကြောင့် ကွာရှင်းလိုက်ရတဲ့အခါ ကလေးတွေကို အုပ်ထိန်းခွင့်လည်း ဆုံးရှုံးသွားပါတယ်။ ကလေးတွေနဲ့မခွဲချင်တဲ့အခါ အစ်ကိုဖြစ်သူနဲ့ ပူးပေါင်းပြီး ကလေးထိန်းအဘွားကြီး Mrs Doubtfire ယောင်ဆောင်ပြီး သူ့ဇနီးအိမ်မှာ အလုပ်လုပ်သွားလုပ်ပါတော့တယ်။ Daniel တစ်ယောက် ဘာတွေအလွဲလွဲအချော်ချော်လုပ်ဦးမှာလဲ၊ Miranda ကကော Daniel ဟန်ဆောင်တာတွေကို ရိပ်မိသွားမှာလား၊ ကလေးတွေကို အုပ်ထိန်းခွင့်ကော ပြန်ရမှာလား စတာတွေကိုတော့ Mrs Doubtfire မှာ ဆက်ကြည့်လိုက်ပါနော်။ (မာမီရှိန်းရဲ့ မူရင်းကားလို့ ဆိုရမှာပေါ့ ယောင်းတို့ရယ်..)

Related article >>> Netflix ကနေ ထုတ်လွှင့်ပြသနေတဲ့ အကောင်းဆုံးရုပ်သံဇာတ်လမ်းတွဲ (၄) ကား

White Chicks

FBI agent လူမည်းညီအစ်ကိုနှစ်ယောက်ဟာ ပြန်ပေးဆွဲသူတွေကို ထောင်ဖမ်းဖို့ ချမ်းသာတဲ့သူဌေးသမီးညီအစ်မနှစ်ယောက်ရဲ့ ဘော်ဒီဂတ်သဘောမျိုးဟန်ဆောင်ရပါတယ်။ အကြောင်းအမျိုးမျိးကြောင့် ညီအစ်မနှစ်ယောက်က မကူညီနိုင်တော့ဘူးလို့ ပြောတဲ့အခါ ရွေးချယ်စရာမရှိတဲ့အဆုံး လူမည်းညီအစ်ကိုနှစ်ယောက်ကနေ လူဖြူညီအစ်မနှစ်ယောက်ယောင်ဆောင်ပြီး ပြန်ပေးသမားတွေကို ဖမ်းဖို့စီစဉ်ရပါတော့တယ်။ တောင့်တောင့်ဖြောင့်ဖြောင့် အသားမည်းမည်းယောကျာ်းရင့်မာကြီးတွေကနေ ဖြူဖြူဖွေးဖွေးဖက်ရှင်ကျကျညီအစ်မနှစ်ယောက်အဖြစ် ဟန်ဆောင်ရတဲ့အခါ ဘယ်လိုလူတွေကို ဂျင်းထည့်မလဲ၊ အနားကပ်လာတဲ့ဘဲတွေကို ဘယ်လိုပညာပေးမလဲ၊ ဘာတွေအလွဲလွဲအချော်ချော်ဖြစ်မလဲဆိုတာကတော့ White Chicks ကို ကြည့်ရင်းသိရမှာပါ။

Related article >>> LDRS တွေ ချစ်သူကိုအလွမ်းဖြေရင်း ကြည့်သင့်တဲ့ ရုပ်ရှင်(၃)ကား

Meet The Parents

အမျိုးသားသူနာပြု Greg Focker က သူ့ကောင်မလေးကို လက်ထပ်ခွင့်မတောင်းခင် ကောင်းမလေးမိဘတွေနဲ့တွေ့ဖို့ အိမ်လိုက်သွားတဲ့အခါမှာတော့ ယောက္ခထီးလောင်းရဲ့ ပညာပေးမှုတွေအောက်မှာ ဒုက္ခလှလှတွေ့ပါတော့တယ်။ ယောက္ခထီးအဘိုးကြီးက ဘယ်လိုတွေပညာပြမှာလဲ၊ အူကြောင်ကြောင် Greg နဲ့ သူ့ရဲ့ယောက္ခထီးလောင်းကြားက ပဋိပက္ခတွေက ပြေလည်ပါ့မလား၊ သူ့ကောင်မလေးနဲ့ကော နီးစပ်ပါ့မလား ဆိုတာကတော့ Meet The Parents မှာ ကြည့်ပြီး အူတက်အောင်ရယ်ကြတာပေါ့။

Related article >>> ၂၀၁၉ မှာ အသစ်ထွက်ရှိလာမယ့် နာမည်ကျော် ထိတ်လန့်သည်းဖိုသရဲကား (၃) ကား

ကဲ … ဒါကတော့ ယောင်းတို့ဒီတစ်ပတ်ပိတ်ရက်မှာ ကြည့်လို့ရမယ့် ဟာသရုပ်ရှင် (၃) ကားပါ။ နာမည်ကြီးသရုပ်ဆောင်တွေ အများကြီးပါတဲ့အပြင် ဇာတ်လမ်းအသွားအလာကလည်း အရမ်းကောင်းတာကြောင့် ယောင်းတို့ကျေနပ်ကြလိမ့်မယ်ထင်ပါတယ်။ ဒါဆိုနောက်တစ်ပတ်မှ ရုပ်ရှင်ကားအသစ်လေးတွေနဲ့ ပြန်တွေ့ကြစို့ ….

Stella (For Her Myanmar)

Stella
Stella
Stella ကေတာ့ Fashion နဲ႕ Beauty ကို ဝါသနာပါလို႔ For Her Myanmar မွာ ေယာင္းေယာင္းတို႔အတြက္ beauty hacks ေတြ, fashion နဲ႕ပက္သက္တဲ့ အေၾကာင္းအရာမ်ိဳးစံုကို အဓိကေဝမွ်ေပးသြားမွာပါ။ သုတရသေတြကိုလည္း လက္လွမ္းမွီသေလာက္ ေရးေပးပါေသးတယ္။

Leave a Reply

Your email address will not be published. Required fields are marked *