Movie Review

သဘာဝတရားကို ဆန္႔က်င္ေနတဲ့ ျဖစ္စဥ္နဲ႔ လူေတြအေၾကာင္း စိတ္ဝင္စားစရာ ရိုက္ကူးထားတဲ့ ရုပ္ရွင္ (၂)ကား

ဘယ္လိုေၾကာင့္ ဒီအျဖစ္ေတြ ၾကံဳရတာပါလိမ့္… 

သတၱဝါေတြ ေမြးဖြားလာစမွာ ငယ္႐ြယ္ၾကတယ္၊ ႏုပ်ိဳၾကတယ္၊ ေနာက္ တျဖည္းျဖည္းႀကီးျပင္းလာၾကတယ္၊ အသက္အ႐ြယ္ရလာမယ္၊ တျဖည္းျဖည္း အိုမင္းလာၾကမယ္၊ ေနာက္ဆံုးမွာေတာ့ သတၱဝါအားလံုးသြားရာလမ္းျဖစ္တဲ့ ေသဆံုးျခင္းကို မလြဲမေသြခံစားၾကရမယ္။ ဒါေတြဟာ မေ႐ွာင္လႊဲႏိုင္တဲ့ သဘာဝျဖစ္စဥ္ႀကီးတစ္ရပ္ပါပဲ။ ဒါေပမဲ့ ဒီလုိ သဘာဝျဖစ္စဥ္ႀကီးေတြကေန ႁခြင္းခ်က္ရယ္လို႔ ခ်န္လွပ္ျခင္းကို ခံထားရသူေတြမ်ား ႐ွိေလမလား ?

လက္ေတြ႕ေလာကမွာ ႐ွိႏိုင္၊ မရွိႏိုင္ မေသခ်ာေပမဲ့ စိတ္ကူးယဥ္ေလာကထဲက သဘာဝတရားရဲ႕ လက္ေဆာင္ေတြကို ရ႐ွိထားသူေတြအေၾကာင္း ႐ိုက္ကူးထားတဲ့ ဇာတ္ကား (၂)ကား အေၾကာင္းကို ေယာင္းတို႔နဲ႔ မိတ္ဆက္ေပးပါရေစ။

Related Article >>> ေယာင္းကို မ်က္ရည္ျခဴမယ့္ အေကာင္းဆံုးရုပ္ရွင္ (၃) ကား

ပထမ႐ုပ္႐ွင္ကားအမည္က The Curious Case of Benjamin Button ပါတဲ့…

Benjamin ဟာ သူေ႒းႀကီးတစ္ေယာက္ရဲ႕ အေမြခံသားျဖစ္ေပမဲ့ ဖခင္ရဲ႕ ရက္စက္စြာစြန္႔ပစ္ျခင္းကို ခံထားရသူပါ။ အေၾကာင္းရင္းကေတာ့ သူခံစားေနရတဲ့ ရွားပါးတဲ့ ေရာဂါေၾကာင့္ပါ ေယာင္းတို႔ေရ…

သူ႔ေရာဂါေၾကာင့္ သူဟာ အိုမင္း႐ြတ္တြေနတဲ့ အဘိုးအိုႀကီးတစ္ေယာက္အေနနဲ႔ ေမြးဖြားလာပါတယ္။ ဒါေပမဲ့ အသက္တစ္ႏွစ္ႀကီးလာတုိင္း သူဟာ တစ္ႏွစ္စာ ငယ္႐ြယ္လာပါတယ္။ လူေတြဟာ ငယ္ရာကေန ႀကီးလာၾကေပမဲ့ သူကေတာ့ ႀကီးရာကေန ငယ္ လာသူတစ္ေယာက္ျဖစ္လာေတာ့တာေပါ့….

ဒီလုိ ႐ွားပါးလူသားျဖစ္တဲ့ Benjamin ဟာ ဘဝမွာ ဘယ္လုိ အခက္အခဲေတြနဲ႔ ႐ွင္သန္ရမွာလဲ ?

သူနဲ႔ သာမန္ မိန္းကေလးတစ္ေယာက္ သံေယာဇဥ္ ၿငိတြယ္လာတဲ့အခါမွာေရာ သူတို႔ ဘယ္လို တားဆီးမႈေတြႀကံဳရမွာလဲ ?

ဒီဇာတ္လမ္းကေန လူသားေတြအတြက္ ဘယ္လို သင္ခန္းစာေတြရႏုိင္မလဲ?

ဆိုတာေတြကိုေတာ့The Curious Case of Benjamin Button ရုပ္ရွင္မွာပဲ ၾကည့္လုိက္ပါေတာ့ ေယာင္းေရ..

Related Article >>> LDRS ေတြ ခ်စ္သူကိုအလြမ္းေျဖရင္း ၾကည့္သင့္တဲ့ ရုပ္ရွင္(၃)ကား

ဒုတိယေျမာက္ရုပ္ရွင္ကေတာ့ The Age of Adaline ပါ။

လူေတြကို ထာဝရႏုပ်ိဳလွပေနၿပီး အိုမင္းမလာတဲ့၊ မေသႏုိင္ေတာ့တဲ့ ဘဝမ်ိဳးရခ်င္လားလို႔ ေမးၾကည့္ရင္ ရခ်င္ပါတယ္လုိ႔ မဆုိင္းမတြေျဖတဲ့သူမ်ားပါလိမ့္မယ္။

Adaline ဟာ ဒီလို လူသားတိုင္းလိုခ်င္တဲ့ ဘဝမ်ိဳးရထားသူေလးပါ။

Adaline ဟာ နဂိုကေတာ့ သာမန္အမ်ိဳးသမီးတစ္ေယာက္ပါပဲ။ တစ္ရက္မွာေတာ့ Adaline တစ္ေယာက္ ကား မေတာ္တဆမႈျဖစ္ၿပီး ျမစ္ထဲကို ျပဳတ္က်သြားပါေတာ့တယ္။ ျမစ္ေရထဲမွာ မိုးႀကိဳးထိမွန္ခံရၿပီးေနာက္မွာေတာ့ ထူးျခားခ်က္ေတြ ျဖစ္ေပၚလာပါေတာ့တယ္…

သိပၸံသေဘာတရား တစ္ခုေၾကာင့္ (ဇာတ္ကားထဲမွာ ေသခ်ာ႐ွင္းျပထားလုိ႔ အတိအက် ေျပာေတာ့ဘူးေနာ္ 😛 ) Adeleline ရဲ႕ ဇီဝျဖစ္စဥ္ေတြရပ္တန္႔သြားၿပီး အ႐ြယ္ႀကီးရင့္မႈလည္းတန္႔သြားပါေတာ့တယ္။

ဒါကို Adaline ခ်က္ျခင္းသတိမထားမိေသးပါဘူး။ သူ ေမြးဖြားထားတဲ့ သမီးအ႐ြယ္ေရာက္လာလို႔ အေမ နဲ႔ သမီး တစ္႐ြယ္တည္းျဖစ္ေနတာေတာင္ သာမန္ႏုပ်ိဳတာလုိ႔ပဲ ထင္ေနပါတယ္။

ေနာက္ပိုင္းမွာ သူ႔ခႏၶာကိုယ္ရဲ႕ မူမမွန္မႈကို သူကိုယ္တုိင္သတိထားမိလာရပါတယ္။ အခ်ိန္ေတြအမ်ားႀကီးျဖတ္သန္းလာရၿပီး သမီးျဖစ္သူ အိုစာလာတဲ့အခ်ိန္ထိ Adaline က ႏုပ်ိဳေနဆဲျဖစ္လာပါေတာ့တယ္။

ဘယ္ေတာ့မွ မအိုမင္းဘဲ၊ မေသဆံုးႏုိင္ဘဲ ေနရတဲ့ဘဝဟာ ေပ်ာ္ဖို႔ေကာင္းမွာပဲလုိ႔ လူအမ်ားကထင္ၾကပါတယ္။ တကယ္ေပ်ာ္စရာေကာင္းပါ့မလားဆိုတာကိုေတာ့….

The Age of Adaline မွာပဲ ၾကည့္လုိက္ပါေတာ့ေနာ္…

ဒီလုိ ထူးျခားလူသားေတြအေၾကာင္း႐ုိက္ထားတဲ့႐ုပ္႐ွင္ေတြကို ၾကည့္ရတာ ေဖ်ာ္ေျဖမႈလည္းရသလုိ၊ ဘဝ သင္ခန္းစာေတြလည္း ရႏိုင္မွာပါ ေယာင္းေရ..

ကဲ.. ခုပဲ ၾကည့္လုိက္ေတာ့ေလ…

Sugar Cane (For Her Myanmar)

<<< Unicode >>>

ဘယ်လိုကြောင့် ဒီအဖြစ်တွေ ကြုံရတာပါလိမ့်… 

သတ္တဝါတွေ မွေးဖွားလာစမှာ ငယ်ရွယ်ကြတယ်၊ နုပျိုကြတယ်၊ နောက် တဖြည်းဖြည်းကြီးပြင်းလာကြတယ်၊ အသက်အရွယ်ရလာမယ်၊ တဖြည်းဖြည်း အိုမင်းလာကြမယ်၊ နောက်ဆုံးမှာတော့ သတ္တဝါအားလုံးသွားရာလမ်းဖြစ်တဲ့ သေဆုံးခြင်းကို မလွဲမသွေခံစားကြရမယ်။ ဒါတွေဟာ မရှောင်လွှဲနိုင်တဲ့ သဘာဝဖြစ်စဉ်ကြီးတစ်ရပ်ပါပဲ။ ဒါပေမဲ့ ဒီလို သဘာဝဖြစ်စဉ်ကြီးတွေကနေ ခြွင်းချက်ရယ်လို့ ချန်လှပ်ခြင်းကို ခံထားရသူတွေများ ရှိလေမလား ?

လက်တွေ့လောကမှာ ရှိနိုင်၊ မရှိနိုင် မသေချာပေမဲ့ စိတ်ကူးယဉ်လောကထဲက သဘာဝတရားရဲ့ လက်ဆောင်တွေကို ရရှိထားသူတွေအကြောင်း ရိုက်ကူးထားတဲ့ ဇာတ်ကား (၂)ကား အကြောင်းကို ယောင်းတို့နဲ့ မိတ်ဆက်ပေးပါရစေ။

Related Article >>> ယောင်းကို မျက်ရည်ခြူမယ့် အကောင်းဆုံးရုပ်ရှင် (၃) ကား

ပထမရုပ်ရှင်ကားအမည်က The Curious Case of Benjamin Button ပါတဲ့…

Benjamin ဟာ သူဋ္ဌေးကြီးတစ်ယောက်ရဲ့ အမွေခံသားဖြစ်ပေမဲ့ ဖခင်ရဲ့ ရက်စက်စွာစွန့်ပစ်ခြင်းကို ခံထားရသူပါ။ အကြောင်းရင်းကတော့ သူခံစားနေရတဲ့ ရှားပါးတဲ့ ရောဂါကြောင့်ပါ ယောင်းတို့ရေ…

သူ့ရောဂါကြောင့် သူဟာ အိုမင်းရွတ်တွနေတဲ့ အဘိုးအိုကြီးတစ်ယောက်အနေနဲ့ မွေးဖွားလာပါတယ်။ ဒါပေမဲ့ အသက်တစ်နှစ်ကြီးလာတိုင်း သူဟာ တစ်နှစ်စာ ငယ်ရွယ်လာပါတယ်။ လူတွေဟာ ငယ်ရာကနေ ကြီးလာကြပေမဲ့ သူကတော့ ကြီးရာကနေ ငယ် လာသူတစ်ယောက်ဖြစ်လာတော့တာပေါ့….

ဒီလို ရှားပါးလူသားဖြစ်တဲ့ Benjamin ဟာ ဘဝမှာ ဘယ်လို အခက်အခဲတွေနဲ့ ရှင်သန်ရမှာလဲ ?

သူနဲ့ သာမန် မိန်းကလေးတစ်ယောက် သံယောဇဉ် ငြိတွယ်လာတဲ့အခါမှာရော သူတို့ ဘယ်လို တားဆီးမှုတွေကြုံရမှာလဲ ?

ဒီဇာတ်လမ်းကနေ လူသားတွေအတွက် ဘယ်လို သင်ခန်းစာတွေရနိုင်မလဲ?

ဆိုတာတွေကိုတော့The Curious Case of Benjamin Button ရုပ်ရှင်မှာပဲ ကြည့်လိုက်ပါတော့ ယောင်းရေ..

Related Article >>> LDRS တွေ ချစ်သူကိုအလွမ်းဖြေရင်း ကြည့်သင့်တဲ့ ရုပ်ရှင်(၃)ကား

ဒုတိယမြောက်ရုပ်ရှင်ကတော့ The Age of Adaline ပါ။

လူတွေကို ထာဝရနုပျိုလှပနေပြီး အိုမင်းမလာတဲ့၊ မသေနိုင်တော့တဲ့ ဘဝမျိုးရချင်လားလို့ မေးကြည့်ရင် ရချင်ပါတယ်လို့ မဆိုင်းမတွဖြေတဲ့သူများပါလိမ့်မယ်။

Adaline ဟာ ဒီလို လူသားတိုင်းလိုချင်တဲ့ ဘဝမျိုးရထားသူလေးပါ။

Adaline ဟာ နဂိုကတော့ သာမန်အမျိုးသမီးတစ်ယောက်ပါပဲ။ တစ်ရက်မှာတော့ Adaline တစ်ယောက် ကား မတော်တဆမှုဖြစ်ပြီး မြစ်ထဲကို ပြုတ်ကျသွားပါတော့တယ်။ မြစ်ရေထဲမှာ မိုးကြိုးထိမှန်ခံရပြီးနောက်မှာတော့ ထူးခြားချက်တွေ ဖြစ်ပေါ်လာပါတော့တယ်…

သိပ္ပံသဘောတရား တစ်ခုကြောင့် (ဇာတ်ကားထဲမှာ သေချာရှင်းပြထားလို့ အတိအကျ ပြောတော့ဘူးနော် 😛 ) Adeleline ရဲ့ ဇီဝဖြစ်စဉ်တွေရပ်တန့်သွားပြီး အရွယ်ကြီးရင့်မှုလည်းတန့်သွားပါတော့တယ်။

ဒါကို Adaline ချက်ခြင်းသတိမထားမိသေးပါဘူး။ သူ မွေးဖွားထားတဲ့ သမီးအရွယ်ရောက်လာလို့ အမေ နဲ့ သမီး တစ်ရွယ်တည်းဖြစ်နေတာတောင် သာမန်နုပျိုတာလို့ပဲ ထင်နေပါတယ်။

နောက်ပိုင်းမှာ သူ့ခန္ဓာကိုယ်ရဲ့ မူမမှန်မှုကို သူကိုယ်တိုင်သတိထားမိလာရပါတယ်။ အချိန်တွေအများကြီးဖြတ်သန်းလာရပြီး သမီးဖြစ်သူ အိုစာလာတဲ့အချိန်ထိ Adaline က နုပျိုနေဆဲဖြစ်လာပါတော့တယ်။

ဘယ်တော့မှ မအိုမင်းဘဲ၊ မသေဆုံးနိုင်ဘဲ နေရတဲ့ဘဝဟာ ပျော်ဖို့ကောင်းမှာပဲလို့ လူအများကထင်ကြပါတယ်။ တကယ်ပျော်စရာကောင်းပါ့မလားဆိုတာကိုတော့….

The Age of Adaline မှာပဲ ကြည့်လိုက်ပါတော့နော်…

ဒီလို ထူးခြားလူသားတွေအကြောင်းရိုက်ထားတဲ့ရုပ်ရှင်တွေကို ကြည့်ရတာ ဖျော်ဖြေမှုလည်းရသလို၊ ဘဝ သင်ခန်းစာတွေလည်း ရနိုင်မှာပါ ယောင်းရေ..

ကဲ.. ခုပဲ ကြည့်လိုက်တော့လေ…

Sugar Cane (For Her Myanmar)

Sugar Cane
Sugar Cane
က်ြန္မက Sugar Cane ပါ။ မႀကံပင္ေပါ့။ စာဖတ္ျခင္းကို ရူးသြပ္သလို စာေရးျခင္းကို ခံုမင္လွသူပါ ။ ေယာင္းတို႔ အတြက္ လိုအပ္သမ်ွ သုတ/ ရသ အစံုကို For Her Myanmar ကေန မ်ွေေဝေပးသြားမယ္ေနာ္။

Leave a Reply

Your email address will not be published. Required fields are marked *