Knowledge Mom Tips

ေက်ာင္းစတက္မယ့္ သားသားမီးမီးေတြ ေက်ာင္းေနေပ်ာ္ေစဖို႔ နည္းလမ္း(၆)သြယ္

စာေတာ္ဖို႔က ေနာက္မွ ေယာင္းေရ.. ေက်ာင္းေနေပ်ာ္ဖို႔က ပိုအေရးႀကီးပါတယ္ေနာ္ 🤧

ေနာက္လဆိုရင္ ေက်ာင္းေတြျပန္ဖြင့္ေတာ့မွာဆိုေတာ့ သားသားမီးမီးေလးေတြအတြက္ လိုအပ္တဲ့ ေက်ာင္းသံုးပစၥည္းေတြ လိုက္ဝယ္ေပးေနရတာနဲ႔ ေမေမေတြ အလုပ္မ်ားေနၾကမွာပဲေနာ္။(၁)တန္း(၂)တန္းတက္ၿပီးသား ကေလးေတြအေနနဲ႔က ေက်ာင္းတက္ဖို႔အသားက်ၿပီးသားမို႔ ေက်ာင္းသုံးပစၥည္းေတြျဖည့္ဆည္းေပးရုံနဲ႔ အဆင္ေျပႏိုင္ေပမဲ့ ဒီႏွစ္မွ စာသင္ေက်ာင္းကို စတင္မိတ္ဆက္ရမယ့္ သားသားမီးမီးေတြ အတြက္က်ျပန္ေတာ့ ဒီေလာက္နဲ႔တင္ မျပည့္စုံေသးျပန္ပါဘူး ေယာင္းေရ…. ေက်ာင္းေပ်ာ္ေအာင္၊ ေက်ာင္းသြားရလို႔ တခ်ိန္လံုးငိုယိုဝမ္းနည္းေနသူ မျဖစ္ေအာင္ ထိန္းေက်ာင္းတတ္ဖု႔ိလည္း လိုအပ္ပါေသးတယ္ …

ဒီေတာ့ ေမေမေယာင္းတို႔ အေနနဲ႔ သားသားမီးမီးေတြ ေက်ာင္းေနေပ်ာ္ေအာင္ ဘယ္လိုလုပ္ေဆာင္ႏိုင္မလဲဆိုေတာ့….

Related Article >>> ကြာရွင္းၿပီးေနာက္ ကေလးေတြကို ႏွစ္ေယာက္တူတူအုပ္ထိန္းနည္း (၄) နည္း

(၁) ေက်ာင္းဖြင့္ခ်ိန္ကို စိတ္လႈပ္ရွားစရာျဖစ္ေအာင္ စီစဥ္ထားပါ။

ေက်ာင္းစတက္ရမယ္ ဆိုတဲ့စကားဟာ ကေလးေတြအတြက္ေတာ့ ေၾကာက္စရာေကာင္းႏိုင္ပါတယ္။ ဒါေၾကာင့္ ေက်ာင္းတက္ရတာကို ေၾကာက္စရာထက္ ေပ်ာ္စရာလို႔ ျမင္ေအာင္ ႀကိဳတင္စီစဥ္ထားရပါမယ္။

ဥပမာ ကေလးလိုခ်င္တဲ့ ဖိနပ္လွလွ၊ ထီးလွလွေလးေတြ၊ ကြန္ပါဘူး လွလွေလးေတြကို ကေလးနဲ႔ အတူသြားဝယ္ထားၿပီး ေက်ာင္းဖြင့္တဲ့ေန႔မွ ထုတ္ေပးတာမ်ိဳး လုပ္ေပးပါ။ ေနာက္ၿပီး ေက်ာင္းတက္ရတာ ေပ်ာ္ဖို႔ေကာင္းေၾကာင္းေရးထားတဲ့ ကေလးပံုျပင္ေလးေတြ၊ ကာတြန္းဇာတ္ေကာင္ေတြကို ကေလးနဲ႔ တူတူဖတ္ပါ။

ဒီနည္းနဲ႔ ေက်ာင္းစတက္မယ့္ ကေလးရဲ႕ ေၾကာက္စိတ္ကို ေလၽွာ့ခ်ေပးႏိုင္ၿပီး ကေလးက ေက်ာင္းတက္ရမယ့္ေန႔ကို စိတ္လႈပ္ရွားစြာ ေစာင့္ေမၽွာ္လာပါလိမ့္မယ္။

ဒီေနရာမွာ ေက်ာင္းနဲ႔ပတ္သက္ၿပီး ဆရာမေတြ ရိုက္တတ္ေၾကာင္း….. ၿငိမ္ၿငိမ္ေနရမယ္ျဖစ္ေၾကာင္း စတဲ့စကားေတြနဲ႔ အရင္ဆံုး မၿခိမ္းေျခာက္မိဖို႔ လိုပါတယ္။

(၂) ပထမဆံုး၂ပတ္ေလာက္ကို ေက်ာင္းမွာေနေပးပါ။

ေက်ာင္းစစတက္ခ်င္းရက္ေတြမွာ ေက်ာင္းပို႔ၿပီးတာနဲ႔ အိမ္ကို တန္းျပန္တာမ်ိဳးမလုပ္သင့့္ပါဘူး။ ေက်ာင္းနဲ႔ ေနသားမက်ေသးတဲ့အျပင္ အေပါင္းအသင္းမရေသးတဲ့ ကေလးအေနနဲ႔ ဝမ္းနည္းငိုယိုတာ၊ ေက်ာင္းမွာ ဂ်ီတိုက္တာမ်ိဳး ျဖစ္လာႏိုင္ၿပီး ေနာက္ရက္ေတြပါ ေက်ာင္းသြားဖို႔ ျငင္းဆန္လာႏိုင္ပါတယိ။

ဒါေၾကာင့္ ကေလးအေနနဲ႔ ေက်ာင္းမွာ က်င့္သားရလာတဲ့အထိ မိဘေတြက ကေလးျမင္သာတဲ့ ေနရာမွာ ေနၿပီး ေစာင့္ေပးရင္ ပိုေကာင္းပါတယ္။ ဒီနည္းနဲ႔ ေယာင္းတို႔ကေလးက စာသင္ခန္းပတ္ဝန္းက်င္မွာ ဘယ္လိုတံု႔ျပန္ျပဳမူလဲဆိုတာကိုပါ တစ္ခါတည္း ေလ့လာႏိုင္ပါတယ္။

(၃) ကေလးရဲ႕ အတန္းေဖာ္ ေတြ၊ သူတို႔ရဲ႕ မိသားစုေတြနဲ႔ မိတ္ဖြဲ႕ပါ။

ဒီနည္းလမ္းကေတာ့ ေယာင္းတို႔ကေလးကို ေက်ာင္းေပ်ာ္ၿပီး အေပါင္းအသင္းေတြမ်ားလာေစမယ့္ နည္းတစ္ခုပါ။ ကိုယ့္ကေလးကို ခင္လာဖို႔ တျခားကေလးေတြကို လက္ေဆာင္ပစၥည္းေပးတာ၊ မုန္႔ေကၽြးတာ၊ ပိတ္ရက္ေတြမွာ ကစားကြင္းေခၚသြားၿပီး အတူတူကစားႏိုင္ဖို႔ ဖန္တီးေပးတာမ်ိဳးကို လုပ္ေပးသင့္သလို မိဘေတြ အခ်င္းခ်င္းလည္း မိတ္ဖြဲ႕ထားသင့္ပါတယ္။ မိဘခ်င္း ရင္းႏွီးေနမွ ကိုယ့္ကေလးကို ကိုယ္မအားလပ္တဲ့ခ်ိန္ သူတို႔က ကူညီၾကည့္ရႉေပးႏိုင္မွာပါ။

Related Article >>> ကေလးရဲ႕ အသက္အရြယ္အလိုက္ အိမ္မႈကိစၥေလးေတြ တာဝန္ခြဲေပးၾကမယ္

(၄) ဆရာမကို ပြင့္ပြင့္လင္းလင္း ေဆြးေႏြးတိုင္ပင္ပါ။

ကေလးအေနနဲ႔ သူ႔ရဲ႕ ထူးျခားတဲ့ တခ်ိဳ႕ ပင္ကိုယ္အျပဳအမူေၾကာင့္ ဆရာမ စကားကို မနာခံဘူးဆိုၿပီး အတန္းထဲမွာ အရိုက္ခံရတာ၊ အျပစ္ဒဏ္ေပးခံရတာမ်ိဳး ရွိႏိုင္ပါတယ္။ ဒီလို အျပဳအမူ၊ စရိုက္ေတြရွိရင္ ဆရာမကို ႀကိဳေျပာျပထားပါ။ ကိုယ့္ကေလးရဲ႕ စရိုက္အေၾကာင္းကို ဆရာမထက္ ကိုယ္ကပဲ အသိဆံုးမဟုတ္လား။ ေနာက္ၿပီး ကေလးရဲ႕ စာသင္ခန္းတြင္း ျပႆနာေတြကို သိႏိုင္ဖို႔ ဆရာမနဲ႔ မၾကာခဏ ေတြ႕ဆံု ေဆြးေႏြးတိုင္ပင္ဖို႔လိုပါတယ္ ေယာင္းတို႔ေရ….

(၅) အညစ္ေၾကးစြန္႔နည္းကို အမွီခိုကင္းကင္းနဲ႔ လုပ္တတ္ေအာင္ အိမ္မွာတည္းက ေသခ်ာသင္ေပးထားပါ။

၈ႏွစ္ ၉ႏွစ္အရြယ္ ေရာက္ေနတာေတာင္ အိမ္သာမွာမသြားဘဲ ေဘာင္းဘီထဲမွာတင္ အေပါ့အေလးစြန္႔တတ္တဲ့ ကေလးမ်ိဳးေတြ ရွိပါတယ္။ ဒါဟာ အညစ္ေၾကးစြန္႔တာနဲ႔ ပတ္သက္ၿပီး တစ္ေယာက္တည္း လုပ္တတ္ေအာင္ သြန္သင္မထားဘဲ မိဘကပဲ အားလံုးကို ေနာက္ကလိုက္လုပ္ေပးေနလို႔ ျဖစ္လာတဲ့ အက်ိဳးဆက္ေတြပါ။

ဒီလိုေတြ ျဖစ္လာရင္ေတာ့ ကိုယ့္ကေလးဟာ စာသင္ခန္းထဲမွာ အမ်ား ႏွာေခါင္းရႈံ႕စရာ၊ စေနာက္စရာ ကေလးေလးအျဖစ္ သတ္မွတ္ခံရႏိုင္ပါတယ္။ ဒါေၾကာင့္ ကေလးကို ဆီး၊ဝမ္း သြားခ်င္ရင္ ေအာင့္မထားဘဲ ေက်ာင္းသန္႔စင္ခန္းကို စနစ္တက်နဲ႔ အမွီခိုကင္းကင္း သံုးတတ္ဖို႔ ေလ့က်င့္ထားေပးပါ။

(၆) ကေလး ေက်ာင္းက ျပန္လာတဲ့အခါ သူ႔ရဲ႕ တစ္ေန႔တာ ဇာတ္လမ္းကို အခ်ိန္ေပးၿပီး ၾကင္ၾကင္နာနာ ေမးျမန္းပါ။

ဒါဟာ ကေလးအေနနဲ႔ ေယာင္းတို႔ မျမင္ကြယ္ရာ  ေက်ာင္းမွာ ဘယ္လိုျပဳမူေနလဲ၊ ဘယ္လို စိတ္ပိုင္းဆိုင္ရာ နဲ႔ ရုပ္ပိုင္းဆိုင္ရာ ျပႆနာေတြကို ၾကံဳေနရလဲ၊ အႏိုင္က်င့္ခံေနရလား စတာေတြကို သိႏိုင္တဲ့ နည္းလမ္းပါ။

တခ်ိိဳ႕ကေလးေတြက စကားနည္းတာမို႔ ကိုယ္က ေသခ်ာ စ မေမးရင္ မေျပာျပဘဲ ျမံဳထားတတ္ၾကပါတယ္။ ေနာက္ၿပီး ဆရာမတစ္ေယာက္တည္းကလည္း ေက်ာင္းသားအားလံုးကို ေထာင့္ေစ့ေအာင္ ၾကည့္ႏိုင္မွာမဟုတ္ပါဘူး။

ဒါေၾကာင့္ မိဘေတြအေနနဲ႔ ကေလးရဲ႕ ေက်ာင္းတြင္းကိစၥအျဖာျဖာကို ေက်ာင္းက ျပန္လာတိုင္း ဂရုတစိုက္ အၿမဲေမးျမန္းေနဖို႔လိုပါတယ္။ ကေလးရဲ႕ အဆင္မေျပမႈေတြကို သိမွ နည္းလမ္း ရွာလို႔ရမွာ မဟုတ္ပါလား…

ဒီအခ်က္ေလးေတြသိထားမယ္ဆိုရင္ေတာ့ သားသားမီးမီးေတြ ေက်ာင္းနဲ႔စတင္ထိေတြ႕ခ်ိန္မွာ အဆင္ေျပပါ့မလားဆုိၿပီး ေတြးပူေနစရာမလိုေတာ့ဘူးေပါ့ေနာ္…ေယာင္းတို႔သားသားမီးမီးေတြ အားလုံး ေက်ာင္းေနေပ်ာ္ၿပီး စာေတာ္ၾကပါေစ…

By
Mia (For Her Myanmar)
Reference links: kidspot , health.harvard

<<<Unicode>>>

ာတော်ဖို့က နောက်မှ ယောင်းရေ.. ကျောင်းနေပျော်ဖို့က ပိုအရေးကြီးပါတယ်နော် 🤧

နောက်လဆိုရင် ကျောင်းတွေပြန်ဖွင့်တော့မှာဆိုတော့ သားသားမီးမီးလေးတွေအတွက် လိုအပ်တဲ့ ကျောင်းသုံးပစ္စည်းတွေ လိုက်ဝယ်ပေးနေရတာနဲ့ မေမေတွေ အလုပ်များနေကြမှာပဲနော်။(၁)တန်း(၂)တန်းတက်ပြီးသား ကလေးတွေအနေနဲ့က ကျောင်းတက်ဖို့အသားကျပြီးသားမို့ ကျောင်းသုံးပစ္စည်းတွေဖြည့်ဆည်းပေးရုံနဲ့ အဆင်ပြေနိုင်ပေမဲ့ ဒီနှစ်မှ စာသင်ကျောင်းကို စတင်မိတ်ဆက်ရမယ့် သားသားမီးမီးတွေ အတွက်ကျပြန်တော့ ဒီလောက်နဲ့တင် မပြည့်စုံသေးပြန်ပါဘူး ယောင်းရေ…. ကျောင်းပျော်အောင်၊ ကျောင်းသွားရလို့ တချိန်လုံးငိုယိုဝမ်းနည်းနေသူ မဖြစ်အောင် ထိန်းကျောင်းတတ်ဖု့ိလည်း လိုအပ်ပါသေးတယ် …

ဒီတော့ မေမေယောင်းတို့ အနေနဲ့ သားသားမီးမီးတွေ ကျောင်းနေပျော်အောင် ဘယ်လိုလုပ်ဆောင်နိုင်မလဲဆိုတော့….

Related Article >>> ကွာရှင်းပြီးနောက် ကလေးတွေကို နှစ်ယောက်တူတူအုပ်ထိန်းနည်း (၄) နည်း

(၁) ကျောင်းဖွင့်ချိန်ကို စိတ်လှုပ်ရှားစရာဖြစ်အောင် စီစဉ်ထားပါ။

ကျောင်းစတက်ရမယ် ဆိုတဲ့စကားဟာ ကလေးတွေအတွက်တော့ ကြောက်စရာကောင်းနိုင်ပါတယ်။ ဒါကြောင့် ကျောင်းတက်ရတာကို ကြောက်စရာထက် ပျော်စရာလို့ မြင်အောင် ကြိုတင်စီစဉ်ထားရပါမယ်။

ဥပမာ ကလေးလိုချင်တဲ့ ဖိနပ်လှလှ၊ ထီးလှလှလေးတွေ၊ ကွန်ပါဘူး လှလှလေးတွေကို ကလေးနဲ့ အတူသွားဝယ်ထားပြီး ကျောင်းဖွင့်တဲ့နေ့မှ ထုတ်ပေးတာမျိုး လုပ်ပေးပါ။ နောက်ပြီး ကျောင်းတက်ရတာ ပျော်ဖို့ကောင်းကြောင်းရေးထားတဲ့ ကလေးပုံပြင်လေးတွေ၊ ကာတွန်းဇာတ်ကောင်တွေကို ကလေးနဲ့ တူတူဖတ်ပါ။

ဒီနည်းနဲ့ ကျောင်းစတက်မယ့် ကလေးရဲ့ ကြောက်စိတ်ကို လျှော့ချပေးနိုင်ပြီး ကလေးက ကျောင်းတက်ရမယ့်နေ့ကို စိတ်လှုပ်ရှားစွာ စောင့်မျှော်လာပါလိမ့်မယ်။

ဒီနေရာမှာ ကျောင်းနဲ့ပတ်သတ်ပြီး ဆရာမတွေ ရိုက်တတ်ကြောင်း….. ငြိမ်ငြိမ်နေရမယ်ဖြစ်ကြောင်း စတဲ့စကားတွေနဲ့ အရင်ဆုံး မခြိမ်းခြောက်မိဖို့ လိုပါတယ်။

(၂) ပထမဆုံး၂ပတ်လောက်ကို ကျောင်းမှာနေပေးပါ။

ကျောင်းစစတက်ခြင်းရက်တွေမှာ ကျောင်းပို့ပြီးတာနဲ့ အိမ်ကို တန်းပြန်တာမျိုးမလုပ်သင့်ပါဘူး။ ကျောင်းနဲ့ နေသားမကျသေးတဲ့အပြင် အပေါင်းအသင်းမရသေးတဲ့ ကလေးအနေနဲ့ ဝမ်းနည်းငိုယိုတာ၊ ကျောင်းမှာ ဂျီတိုက်တာမျိုး ဖြစ်လာနိုင်ပြီး နောက်ရက်တွေပါ ကျောင်းသွားဖို့ ငြင်းဆန်လာနိုင်ပါတယိ။

ဒါကြောင့် ကလေးအနေနဲ့ ကျောင်းမှာ ကျင့်သားရလာတဲ့အထိ မိဘတွေက ကလေးမြင်သာတဲ့ နေရာမှာ နေပြီး စောင့်ပေးရင် ပိုကောင်းပါတယ်။ ဒီနည်းနဲ့ ယောင်းတို့ကလေးက စာသင်ခန်းပတ်ဝန်းကျင်မှာ ဘယ်လိုတုံ့ပြန်ပြုမူလဲဆိုတာကိုပါ တစ်ခါတည်း လေ့လာနိုင်ပါတယ်။

(၃) ကလေးရဲ့ အတန်းဖော် တွေ၊ သူတို့ရဲ့ မိသားစုတွေနဲ့ မိတ်ဖွဲ့ပါ။

ဒီနည်းလမ်းကတော့ ယောင်းတို့ကလေးကို ကျောင်းပျော်ပြီး အပေါင်းအသင်းတွေများလာစေမယ့် နည်းတစ်ခုပါ။ ကိုယ့်ကလေးကို ခင်လာဖို့ တခြားကလေးတွေကို လက်ဆောင်ပစ္စည်းပေးတာ၊ မုန့်ကျွေးတာ၊ ပိတ်ရက်တွေမှာ ကစားကွင်းခေါ်သွားပြီး အတူတူကစားနိုင်ဖို့ ဖန်တီးပေးတာမျိုးကို လုပ်ပေးသင့်သလို မိဘတွေ အချင်းချင်းလည်း မိတ်ဖွဲ့ထားသင့်ပါတယ်။ မိဘချင်း ရင်းနှီးနေမှ ကိုယ့်ကလေးကို ကိုယ်မအားလပ်တဲ့ချိန် သူတို့က ကူညီကြည့်ရှူပေးနိုင်မှာပါ။

Related Article >>> ကလေးရဲ့ အသက်အရွယ်အလိုက် အိမ်မှုကိစ္စလေးတွေ တာဝန်ခွဲပေးကြမယ်

(၄) ဆရာမကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတိုင်ပင်ပါ။

ကလေးအနေနဲ့ သူ့ရဲ့ ထူးခြားတဲ့ တချို့ ပင်ကိုယ်အပြုအမူကြောင့် ဆရာမ စကားကို မနာခံဘူးဆိုပြီး အတန်းထဲမှာ အရိုက်ခံရတာ၊ အပြစ်ဒဏ်ပေးခံရတာမျိုး ရှိနိုင်ပါတယ်။ ဒီလို အပြုအမူ၊ စရိုက်တွေရှိရင် ဆရာမကို ကြိုပြောပြထားပါ။ ကိုယ့်ကလေးရဲ့ စရိုက်အကြောင်းကို ဆရာမထက် ကိုယ်ကပဲ အသိဆုံးမဟုတ်လား။ နောက်ပြီး ကလေးရဲ့ စာသင်ခန်းတွင်း ပြဿနာတွေကို သိနိုင်ဖို့ ဆရာမနဲ့ မကြာခဏ တွေ့ဆုံ ဆွေးနွေးတိုင်ပင်ဖို့လိုပါတယ် ယောင်းတို့ရေ….

(၅) အညစ်ကြေးစွန့်နည်းကို အမှီခိုကင်းကင်းနဲ့ လုပ်တတ်အောင် အိမ်မှာတည်းက သေချာသင်ပေးထားပါ။

၈နှစ် ၉နှစ်အရွယ် ရောက်နေတာတောင် အိမ်သာမှာမသွားဘဲ ဘောင်းဘီထဲမှာတင် အပေါ့အလေးစွန့်တတ်တဲ့ ကလေးမျိုးတွေ ရှိပါတယ်။ ဒါဟာ အညစ်ကြေးစွန့်တာနဲ့ ပတ်သက်ပြီး တစ်ယောက်တည်း လုပ်တတ်အောင် သွန်သင်မထားဘဲ မိဘကပဲ အားလုံးကို နောက်ကလိုက်လုပ်ပေးနေလို့ ဖြစ်လာတဲ့ အကျိုးဆက်တွေပါ။

ဒီလိုတွေ ဖြစ်လာရင်တော့ ကိုယ့်ကလေးဟာ စာသင်ခန်းထဲမှာ အများ နှာခေါင်းရှုံ့စရာ၊ စနောက်စရာ ကလေးလေးအဖြစ် သတ်မှတ်ခံရနိုင်ပါတယ်။ ဒါကြောင့် ကလေးကို ဆီး၊ဝမ်း သွားချင်ရင် အောင့်မထားဘဲ ကျောင်းသန့်စင်ခန်းကို စနစ်တကျနဲ့ အမှီခိုကင်းကင်း သုံးတတ်ဖို့ လေ့ကျင့်ထားပေးပါ။

(၆) ကလေး ကျောင်းက ပြန်လာတဲ့အခါ သူ့ရဲ့ တစ်နေ့တာ ဇာတ်လမ်းကို အချိန်ပေးပြီး ကြင်ကြင်နာနာ မေးမြန်းပါ။

ဒါဟာ ကလေးအနေနဲ့ ယောင်းတို့ မမြင်ကွယ်ရာ  ကျောင်းမှာ ဘယ်လိုပြုမူနေလဲ၊ ဘယ်လို စိတ်ပိုင်းဆိုင်ရာ နဲ့ ရုပ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ကြုံနေရလဲ၊ အနိုင်ကျင့်ခံနေရလား စတာတွေကို သိနိုင်တဲ့ နည်းလမ်းပါ။

တချို့ကလေးတွေက စကားနည်းတာမို့ ကိုယ်က သေချာ စ မမေးရင် မပြောပြဘဲ မြုံထားတတ်ကြပါတယ်။ နောက်ပြီး ဆရာမတစ်ယောက်တည်းကလည်း ကျောင်းသားအားလုံးကို ထောင့်စေ့အောင် ကြည့်နိုင်မှာမဟုတ်ပါဘူး။

ဒါကြောင့် မိဘတွေအနေနဲ့ ကလေးရဲ့ ကျောင်းတွင်းကိစ္စအဖြာဖြာကို ကျောင်းက ပြန်လာတိုင်း ဂရုတစိုက် အမြဲမေးမြန်းနေဖို့လိုပါတယ်။ ကလေးရဲ့ အဆင်မပြေမှုတွေကို သိမှ နည်းလမ်း ရှာလို့ရမှာ မဟုတ်ပါလား…

ဒီအချက်လေးတွေသိထားမယ်ဆိုရင်တော့ သားသားမီးမီးတွေ ကျောင်းနဲ့စတင်ထိတွေ့ချိန်မှာ အဆင်ပြေပါ့မလားဆိုပြီး တွေးပူနေစရာမလိုတော့ဘူးပေါ့နော်…ယောင်းတို့သားသားမီးမီးတွေ အားလုံး ကျောင်းနေပျော်ပြီး စာတော်ကြပါစေ…

By
Mia (For Her Myanmar)
Reference links: kidspot , health.harvard

Aye Mon Kyaw
Aye Mon Kyaw
ကၽြန္မကေတာ့ Miaပါ။ အမ်ိဳးသမီးေတြအတြက္ စိတ္ပိုင္းဆိုင္ရာနဲ႔ ရုပ္ပိုင္းဆိုင္ရာဖြံ႕ၿဖိဳးတိုးတက္ေရး စာေတြ၊ က်န္းမာေရးေတြ ေရးေပးမယ့္သူပါ။ foodieျဖစ္တာမို႔ ဟင္းခ်က္နည္းေတြလည္း ေရးေပးမွာေနာ္။

Leave a Reply

Your email address will not be published. Required fields are marked *