Love

ကိုယ့္အခ်စ္ေဟာင္းနဲ႔ ပတ္သက္ၿပီး ခံစားရတဲ့ ေနာင္တမ်ား

ေတြးမိတိုင္း ေနာင္တရမိတယ္

လူတစ္ေယာက္ဟာ အ႐ြယ္ေရာက္ရင္ အခ်စ္နဲ႔ေတြ႕မယ္၊ ေနာက္ အဆင္မေျပရင္ ျပတ္စဲမယ္၊ ဒါမွမဟုတ္ ကိုယ္ကထားခဲ့တာ အထားခံရတာ ျဖစ္မယ္။ ေနာက္ အသည္းကြဲမယ္၊ အခ်ိန္က ကုစားမႈနဲ႔ အဆင္ေျပသြားမယ္။ ေနာက္ အခ်စ္သစ္ေတြ႕မယ္။

ဒါေတြက ေခတ္အဆက္ဆက္ျဖစ္လာတာမို႔ မဆန္းေတာ့ပါဘူး။ ဒါေပမဲ့ အခ်စ္ေဟာင္းနဲ႔ ပတ္သက္တဲ့ ေနာင္တေတြကေတာ့ မွတ္မွတ္ရရ ျဖစ္ေနတတ္ပါတယ္။ ဒီ ေနာင္တေတြက ေယာက်္ားေလး မိန္းကေလး အလိုက္ အနည္းငယ္ေတာ့ ကြာျခားမႈ႐ွိမယ္ ထင္ပါတယ္။ ခုေတာ့ အက္ဒ္မင္က အက္ဒ္မင္ၾကံဳခဲ့ရဖူးတဲ့၊ ညီမေလးေတြ၊ အစ္မေတြဆီက နားေထာင္ခဲ့ရဖူးတဲ့ ေနာင္တေတြကို ေျပာျပေပးမယ္ေနာ္။   အဲဒါေတြက …

၁။ ခံစားခ်က္ကို ဦးစားေပးတာ

ငယ္႐ြယ္သူေတြမို႔ ျဖစ္သင့္၊မျဖစ္သင့္ဆိုတာထက္ ခံစားခ်က္ကို မူတည္ၿပီး ေ႐ြးခ်ယ္ေလ့႐ွိၾကပါတယ္။ အခ်စ္ေရးမွာလည္း ဒီလုိပါပဲ။ ကိုယ့္ကို တကယ္ခ်စ္ တကယ္ နားလည္မႈေပးတတ္တဲ့သူမ်ိဳးထက္ ႐ုပ္ေခ်ာ အေျပာေကာင္း တတ္တဲ့ သူမ်ိဳးကို ေ႐ြးခ်ယ္မိၾကတယ္ေလ။ ေနာက္ေတာ့ အဆင္မေျပျဖစ္ၿပီး ကြဲကြာသြားၾကေရာ။ ေနာက္ေတာ့မွသာ ငါ့ကို တကယ္ခ်စ္တဲ့သူကို ေရြးမိရင္အေကာင္းသား လုိ႔ ျဖစ္သြားရတဲ့ ေနာင္တမ်ိဳးေပါ့…

Related Article >>> အသည္းကြဲေဝဒနာေတြ ေလ်ာ့ပါးသြားေစမယ့္ အခ်က္ (၆)ခ်က္

၂။ အရမ္းအ႐ံႈးေပးမိတာ။

ခ်စ္လြန္းေတာ့လည္း အျပစ္မျမင္တတ္တာ သဘာဝပါ။ ဒါေၾကာင့္ သူ႔ရဲ႕ ကိုယ့္အေပၚ အႏိုင္က်င့္မႈေတြ၊ အခြင့္အေရးယူမႈေတြ၊ ဥေပကၡာျပဳမႈေတြ အားလံုးကို အျပစ္မျမင္ဘဲ ခ်စ္ေနမိခဲ့တာပါ။ ျပတ္ၿပီးတဲ့ေနာက္ အခ်စ္ဆိုတာ မ႐ွိေတာ့မွသာ ခံစားခ်က္ေတြပံုမွန္ျဖစ္လို႔ ငါ ဘာလုိ႔႐ူးခဲ့တာလဲ ဆိုၿပီး ေနာင္တရေနမိတာေလ။

၃။ ကိုယ့္ရဲ႕ အျပစ္ေတြကိုေတြးမိတာ။

ကိုယ္က အရမ္းနားမလည္ေသးေတာ့ သူ႔အေပၚ မရည္႐ြယ္ဘဲ ဆိုးခဲ့မိတာေတြလည္း ႐ွိႏိုင္တာပဲေနာ္။ သူက ကိုယ့္အေပၚ အရမ္း ခြင့္လႊတ္နားလည္ေပးေပမဲ့ ကိုယ္ကသာ ဆိုးမိ၊ အႏိုင္က်င့္မိခဲ့ၿပီး ေနာက္ေတာ့ နားလည္လာေတာ့မွ ကိုယ့္အေပၚအရမ္းေကာင္းတဲ့သူကို ဆံုး႐ံႈးရပါလားဆိုၿပီး ဝမ္းနည္းေနာင္တရေနတာမ်ိဳးေလ။

၄။ တစ္ေယာက္ကို တစ္ေယာက္ နားလည္ေအာင္ မႀကိဳးစားခဲ့တာ

သူက ဘယ္လုိလူလဲ၊ သူနဲ႔အဆင္ေျပေအာင္ ဘယ္လိုညွိႏိႈင္းဆက္ဆံရမလဲဆိုတာ မေတြးမိခဲ့ဘဲ ခံစားခ်က္ေတြ၊ ျဖစ္ခ်င္တာေတြကိုပဲ ေ႐ွ႕တန္းတင္မိတာမ်ိဳးလည္း ျဖစ္ခဲ့မွာပဲေနာ္။ ဒီေတာ့ မေျပလည္ခဲ့ၾကတာ မဆန္းဘူးေလ။ ေနာက္ေတာ့မွသာ သူနဲ႔ ဒီထက္ပို နားလည္ေအာင္ညွိႏိႈင္းႏုိိင္ခဲ့ရင္၊ ကိုယ္ျဖစ္ခ်င္တာထက္ ျဖစ္သင့္တာကို ဦးစားေပးခဲ့မိရင္ ေကာင္းမွာပဲလုိ႔ ေနာင္တရေနတာမ်ိဳးလည္း ျဖစ္တတ္ပါတယ္။

Related Article >>> ကိုယ္မဟုတ္တဲ့တျခားတစ္ေယာက္ကို သူခ်စ္ေနတဲ့အခါ ဒီအခ်က္ေတြကို ခံစားမိပါလိမ့္မယ္။

၅။ သူ႕ကို လက္လႊတ္ခ်ိန္မွာ မလႊတ္ေပးခဲ့မိတာ

တကယ္ေတာ့ ကိုယ့္အနားက ထြက္သြားခ်င္သူေတြကို ဘယ္လုိနည္းနဲ႔မွ တားလုိ႔မရပါဘူး။ ဒါကို မသိခဲ့ေတာ့ ကိုယ့္အနားက သူထြက္မသြားဖုိ႔အေရး သူ႔ကို လက္မလႊတ္ႏိုင္ဘဲ စိတ္ပင္ပန္းဆင္းရဲခဲ့တာ၊ ကိုယ့္အတြက္ေအာက္က်ေနာက္က်ျဖစ္မွာကို မပူႏိုင္ဘဲ သူ႔ကို ခယေတာင္းပန္ခဲ့မိတာေတြက အဆိုးဆံုးေသာ ေနာင္တေတြပါ။ အခုေနမ်ားေတာ့ သူျပန္လာမယ္ဆိုရင္ေတာင္ ကန္ေတာ့ဆြမ္းပါ႐ွင္လို႔ ေျပာမိမွာေလ။

ဒါကေတာ့ အခ်စ္ေဟာင္းနဲ႔ ပတ္သက္ၿပီး ေနာင္တအရမ်ားတဲ့ ကိစၥေတြေပါ့ေလ… ဒါေပမဲ့ ေယာင္းတို႔ေရ… ဘယ္ေလာက္ပဲ ေနာင္တရတယ္ဆိုဆို.. ၿပီးတဲ့ ကိစၥက ၿပီးသြားၿပီဟုတ္??? အတိတ္ကို အတိတ္မွာပဲ ထားခဲ့ၿပီး လက္ရွိ စင္ဂယ္လ္ဘဝမွာပဲ ေပ်ာ္ရႊင္ေအာင္သာ ေနၾကည့္လိုက္ပါ… မေပ်ာ္တတ္ေသးဘူးလား… မပူပါနဲ႔…  အက္ဒ္မင္တို႔ရဲ႕ Singles’ Night ကို လာခဲ့ဖို႔ ဖိတ္ေခၚပါတယ္ေနာ္…(၁၄.၂.၂၀၁၉) ခ်စ္သူမ်ားေန႔က်ရင္ ဆီဒိုးနားမွာ လုပ္မွာေနာ္… ပြဲအေၾကာင္း အေသးစိတ္ကို သိခ်င္ရင္ေတာ့ ဒီလင့္ခ္ မွာ ၾကည့္လို႔ ရၿပီး ပြဲကို လာမယ္ဆိုရင္ေတာ့ ဒီ လင့္ခ္ေလးမွာ Register လုပ္ဖို႔ေတာ့ လိုပါတယ္ ေယာင္းတို႔ေရ…

တူတူ ခံစားခ်က္ေတြ မွ်ေဝဖို႔ ေစာင့္ေနမယ္ေနာ္…

Sugar Cane (For Her Myanmar)

<<< Unicode >>>

တွေးမိတိုင်း နောင်တရမိတယ်

လူတစ်ယောက်ဟာ အရွယ်ရောက်ရင် အချစ်နဲ့တွေ့မယ်၊ နောက် အဆင်မပြေရင် ပြတ်စဲမယ်၊ ဒါမှမဟုတ် ကိုယ်ကထားခဲ့တာ အထားခံရတာ ဖြစ်မယ်။ နောက် အသည်းကွဲမယ်၊ အချိန်က ကုစားမှုနဲ့ အဆင်ပြေသွားမယ်။ နောက် အချစ်သစ်တွေ့မယ်။

ဒါတွေက ခေတ်အဆက်ဆက်ဖြစ်လာတာမို့ မဆန်းတော့ပါဘူး။ ဒါပေမဲ့ အချစ်ဟောင်းနဲ့ ပတ်သက်တဲ့ နောင်တတွေကတော့ မှတ်မှတ်ရရ ဖြစ်နေတတ်ပါတယ်။ ဒီ နောင်တတွေက ယောကျ်ားလေး မိန်းကလေး အလိုက် အနည်းငယ်တော့ ကွာခြားမှုရှိမယ် ထင်ပါတယ်။ ခုတော့ အက်ဒ်မင်က အက်ဒ်မင်ကြုံခဲ့ရဖူးတဲ့၊ ညီမလေးတွေ၊ အစ်မတွေဆီက နားထောင်ခဲ့ရဖူးတဲ့ နောင်တတွေကို ပြောပြပေးမယ်နော်။   အဲဒါတွေက …

၁။ ခံစားချက်ကို ဦးစားပေးတာ

ငယ်ရွယ်သူတွေမို့ ဖြစ်သင့်၊မဖြစ်သင့်ဆိုတာထက် ခံစားချက်ကို မူတည်ပြီး ရွေးချယ်လေ့ရှိကြပါတယ်။ အချစ်ရေးမှာလည်း ဒီလိုပါပဲ။ ကိုယ့်ကို တကယ်ချစ် တကယ် နားလည်မှုပေးတတ်တဲ့သူမျိုးထက် ရုပ်ချော အပြောကောင်း တတ်တဲ့ သူမျိုးကို ရွေးချယ်မိကြတယ်လေ။ နောက်တော့ အဆင်မပြေဖြစ်ပြီး ကွဲကွာသွားကြရော။ နောက်တော့မှသာ ငါ့ကို တကယ်ချစ်တဲ့သူကို ရွေးမိရင်အကောင်းသား လို့ ဖြစ်သွားရတဲ့ နောင်တမျိုးပေါ့…

Related Article >>> အသည်းကွဲဝေဒနာတွေ လျော့ပါးသွားစေမယ့် အချက် (၆)ချက်

၂။ အရမ်းအရှုံးပေးမိတာ။

ချစ်လွန်းတော့လည်း အပြစ်မမြင်တတ်တာ သဘာဝပါ။ ဒါကြောင့် သူ့ရဲ့ ကိုယ့်အပေါ် အနိုင်ကျင့်မှုတွေ၊ အခွင့်အရေးယူမှုတွေ၊ ဥပေက္ခာပြုမှုတွေ အားလုံးကို အပြစ်မမြင်ဘဲ ချစ်နေမိခဲ့တာပါ။ ပြတ်ပြီးတဲ့နောက် အချစ်ဆိုတာ မရှိတော့မှသာ ခံစားချက်တွေပုံမှန်ဖြစ်လို့ ငါ ဘာလို့ရူးခဲ့တာလဲ ဆိုပြီး နောင်တရနေမိတာလေ။

၃။ ကိုယ့်ရဲ့ အပြစ်တွေကိုတွေးမိတာ။

ကိုယ်က အရမ်းနားမလည်သေးတော့ သူ့အပေါ် မရည်ရွယ်ဘဲ ဆိုးခဲ့မိတာတွေလည်း ရှိနိုင်တာပဲနော်။ သူက ကိုယ့်အပေါ် အရမ်း ခွင့်လွှတ်နားလည်ပေးပေမဲ့ ကိုယ်ကသာ ဆိုးမိ၊ အနိုင်ကျင့်မိခဲ့ပြီး နောက်တော့ နားလည်လာတော့မှ ကိုယ့်အပေါ်အရမ်းကောင်းတဲ့သူကို ဆုံးရှုံးရပါလားဆိုပြီး ဝမ်းနည်းနောင်တရနေတာမျိုးလေ။

၄။ တစ်ယောက်ကို တစ်ယောက် နားလည်အောင် မကြိုးစားခဲ့တာ

သူက ဘယ်လိုလူလဲ၊ သူနဲ့အဆင်ပြေအောင် ဘယ်လိုညှိနှိုင်းဆက်ဆံရမလဲဆိုတာ မတွေးမိခဲ့ဘဲ ခံစားချက်တွေ၊ ဖြစ်ချင်တာတွေကိုပဲ ရှေ့တန်းတင်မိတာမျိုးလည်း ဖြစ်ခဲ့မှာပဲနော်။ ဒီတော့ မပြေလည်ခဲ့ကြတာ မဆန်းဘူးလေ။ နောက်တော့မှသာ သူနဲ့ ဒီထက်ပို နားလည်အောင်ညှိနှိုင်းနိုင်ခဲ့ရင်၊ ကိုယ်ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးခဲ့မိရင် ကောင်းမှာပဲလို့ နောင်တရနေတာမျိုးလည်း ဖြစ်တတ်ပါတယ်။

Related Article >>> ကိုယ်မဟုတ်တဲ့တခြားတစ်ယောက်ကို သူချစ်နေတဲ့အခါ ဒီအချက်တွေကို ခံစားမိပါလိမ့်မယ်။

၅။ သူ့ကို လက်လွှတ်ချိန်မှာ မလွှတ်ပေးခဲ့မိတာ

တကယ်တော့ ကိုယ့်အနားက ထွက်သွားချင်သူတွေကို ဘယ်လိုနည်းနဲ့မှ တားလို့မရပါဘူး။ ဒါကို မသိခဲ့တော့ ကိုယ့်အနားက သူထွက်မသွားဖို့အရေး သူ့ကို လက်မလွှတ်နိုင်ဘဲ စိတ်ပင်ပန်းဆင်းရဲခဲ့တာ၊ ကိုယ့်အတွက်အောက်ကျနောက်ကျဖြစ်မှာကို မပူနိုင်ဘဲ သူ့ကို ခယတောင်းပန်ခဲ့မိတာတွေက အဆိုးဆုံးသော နောင်တတွေပါ။ အခုနေများတော့ သူပြန်လာမယ်ဆိုရင်တောင် ကန်တော့ဆွမ်းပါရှင်လို့ ပြောမိမှာလေ။

ဒါကတော့ အချစ်ဟောင်းနဲ့ ပတ်သက်ပြီး နောင်တအရများတဲ့ ကိစ္စတွေပေါ့လေ… ဒါပေမဲ့ ယောင်းတို့ရေ… ဘယ်လောက်ပဲ နောင်တရတယ်ဆိုဆို.. ပြီးတဲ့ ကိစ္စက ပြီးသွားပြီဟုတ်??? အတိတ်ကို အတိတ်မှာပဲ ထားခဲ့ပြီး လက်ရှိ စင်ဂယ်လ်ဘဝမှာပဲ ပျော်ရွှင်အောင်သာ နေကြည့်လိုက်ပါ… မပျော်တတ်သေးဘူးလား… မပူပါနဲ့…  အက်ဒ်မင်တို့ရဲ့ Singles’ Night ကို လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်နော်…(၁၄.၂.၂၀၁၉) ချစ်သူများနေ့ကျရင် ဆီဒိုးနားမှာ လုပ်မှာနော်… ပွဲအကြောင်း အသေးစိတ်ကို သိချင်ရင်တော့ ဒီလင့်ခ် မှာ ကြည့်လို့ ရပြီး ပွဲကို လာမယ်ဆိုရင်တော့ ဒီ လင့်ခ်လေးမှာ Register လုပ်ဖို့တော့ လိုပါတယ် ယောင်းတို့ရေ….

Sugar Cane (For Her Myanmar)

Sugar Cane
Sugar Cane
က်ြန္မက Sugar Cane ပါ။ မႀကံပင္ေပါ့။ စာဖတ္ျခင္းကို ရူးသြပ္သလို စာေရးျခင္းကို ခံုမင္လွသူပါ ။ ေယာင္းတို႔ အတြက္ လိုအပ္သမ်ွ သုတ/ ရသ အစံုကို For Her Myanmar ကေန မ်ွေေဝေပးသြားမယ္ေနာ္။

Leave a Reply

Your email address will not be published. Required fields are marked *