Love

Ex က ကိုယ္ပံုတင္တိုင္း Like ေပးေနတာဘာေၾကာင့္လဲ

သူဘာေၾကာင့္မ်ား Like ေတြေပးေနလဲ စဥ္းစားရခက္ေနလား

သူနဲ႔ကိုယ္ လမ္းခြဲခဲ့ၾကၿပီးၿပီ။ အခ်ိန္အတိုင္းအတာတစ္ခုကို ျဖတ္သန္းလာၿပီးေနာက္ ကိုယ္လည္း အေတာ္တည္ၿငိမ္လာၿပီ။ အသည္းကြဲ သီခ်င္းေတြ မဆိုေတာ့ဘူး။ အတူသြားခဲ့ဖူးတဲ့ ေနရာေတြေရာက္ရင္ အရင္လို ဝမ္းမနည္းေတာ့ဘူး။

တစ္ေန႔ေတာ့ Facebook ကို ဖြင့္လုိက္တဲ့အခါ… ဝိုး ကိုယ့္ပံုေတြကို သူ Like ေပးထားပါလား။ ေမ့ႏိုင္ၿပီဆုိေပမဲ့ ဒီလိုဆိုေတာ့ ေမးခြန္းေတြ ရင္ထဲမွာ ေပၚလာၿပီ။

Whyyy???? ဘာေၾကာင့္မ်ားပါလိမ့္ ..

ဒီလိုမ်ိဳးေတြ ႀကံဳးဖူးပါသလားေယာင္းေရ။ ဒါမွမဟုတ္ အခု အဲ့လိုျဖစ္ေနလား ? ဒါဆုိ အက္ဒ္မင္က ေယာင္းကို ကူညီေပးမယ္ေနာ္။

ဘာေၾကာင့္ အခ်စ္ေဟာင္းက ကိုယ့္ပံုေတြကို Like ေပး ေနရတာလဲဆိုေတာ့ အေျဖက ႏွစ္ခုျဖစ္ႏိုင္ပါတယ္။ ကိုယ့္အတြက္ ခံစားခ်က္ သူ႔ရင္ထဲမွာ ႐ွိေနေသးလုိ႔ ျဖစ္ႏိုင္သလုိ သူ႔ရင္ထဲမွာ ကိုယ္ လံုးဝ မ႐ွိေတာ့လုိ႔လည္း ျဖစ္ႏိုင္ပါတယ္။ ဘယ္လိုမ်ိဳးလဲဆုိေတာ့ ….

Related Article >>> Exက ကိုယ့္ဆီျပန္လာတဲ့အခါ အရင္ဆံုး စဥ္းစားသင့္တဲ့ အခ်က္ (၅)ခ်က္

သူက ကိုယ့္အတြက္ ခံစားခ်က္႐ွိေနေသးတဲ့အခါ

ဒီလိုအေျခအေနမ်ိဳးမွာ သူက ကိုယ့္ပံုေတြကို Like ေတြေပးၿပီး ေယာင္းဆီက အာရံုစိုက္မႈလုိခ်င္ေနတာပါ။ ဒါေၾကာင့္ သူက ေယာင္းပံုေတြကို မၾကာခဏ Like ေတြ အသည္းေတြ ေပးပါလိမ့္မယ္။

ဘာေၾကာင့္မ်ားလဲ

ဒီအခါ ပံုေတြကို ဆက္တိုက္ အသည္းေတြ အမ်ားႀကီးေပးထားလုိ႔ Noti ေတြ အမ်ားႀကီး တက္လာတာမ်ိဳး၊ ပံုအခုတင္ အခု Like တက္လာတာမ်ိဳးျဖစ္လာပါလိမ့္မယ္။ တစ္စတစ္စ အဆင့္တက္လာရင္ ကြန္မန္႔ေတြ ဝင္မန္႔တာလုပ္လာပါလိမ့္မယ္။ ေနာက္ဆို Messenger မွာပါ သူဆက္သြယ္လာပါလိမ့္မယ္။

ဒီလုိဆိုရင္ေတာ့ ေယာင္းမွာလည္း သူ႔အတြက္ ခံစားခ်က္႐ွိေသးရင္ အိုေက ေပါ့။ မ႐ွိေတာ့ဘူးဆိုရင္ေတာ့ ျပတ္ျပတ္သားသားျငင္းလုိက္တာပဲ ေကာင္းပါတယ္ေနာ္။

Related Article >>> ရည္းစားေဟာင္းနဲ႔ ျပန္တြဲေတာ့မယ္ဆို ဒါေလးေတြေတာ့ အရင္ ျပန္စဥ္းစားသင့္တယ္ေနာ္..

ကိုယ့္အတြက္ ခံစားခ်က္သူ႔မွာ မ႐ွိေတာ့တဲ့အခါ

အဲ့လုိဆိုေတာ့ ကိုယ့္ကို သူမုန္းေနတာလုိ႔ မဆိုလုိပါဘူး။ ကိုယ့္ကို ခ်စ္သူတစ္ေယာက္လုိ ခံစားရတာေတြ၊ ကိုယ့္အတြက္ သူနာက်င္ရတာေတြ သူ႔မွာ မ႐ွိေတာ့တာမ်ိဳးပါ။

ဒါေပမဲ့ တစ္ခ်ိန္က ပတ္သက္ခဲ့ဖူးသူမို႔ ေယာင္းကို မိတ္ေဆြတစ္ေယာက္လုိေတာ့ သူခံစားရပါလိမ့္မယ္။ (ဒါေၾကာင့္လည္း အေကာင့္ထဲမွာ သူ႐ွိေနတာေပါ့) ဒီေတာ့ ေယာင္းရဲ႕ ပံုေတြ Post ေတြ တက္လာရင္ ဒီလိုပဲ သူ Like ေပး လုိက္တာပါ။ ဘာရယ္ညာရယ္မဟုတ္ဘဲ ေတြ႕လို႔ Like တယ္ေပါ့။ ဒါမ်ိဳးဆိုရင္ေတာ့ ပထမ တစ္ခုလုိ အူယားဖားယား Like ေပးတာမ်ိဳးမဟုတ္ဘဲ Post ဆယ္ခုတင္မွာ ငါးခုေလာက္ Like တာမ်ိဳးျဖစ္ျဖစ္ ေတြ႕ရမွာပါပဲ။

ဒီေလာက္ဆုိရင္ေတာ့ ဘာေၾကာင့္ ကိုယ့္ Ex က ကိုယ့္ပံုေတြကို Like ေပးေနလဲ ဆိုတာ သိႏုိင္ၿပီထင္ပါတယ္ေနာ္။ ခ်စ္သူတိုင္းဆံုဆည္းႏိုင္ၾကပါေစလုိ႔ အက္ဒ္မင္က ဆုေတာင္းေပးလုိက္ပါတယ္ေယာင္းေရ

Sugar Cane (For Her Myanmar)

References : datingadviceexboyfriendrecovery

<<< Unicode >>>

သူဘာကြောင့်များ Like တွေပေးနေလဲ စဉ်းစားရခက်နေလား

သူနဲ့ကိုယ် လမ်းခွဲခဲ့ကြပြီးပြီ။ အချိန်အတိုင်းအတာတစ်ခုကို ဖြတ်သန်းလာပြီးနောက် ကိုယ်လည်း အတော်တည်ငြိမ်လာပြီ။ အသည်းကွဲ သီချင်းတွေ မဆိုတော့ဘူး။ အတူသွားခဲ့ဖူးတဲ့ နေရာတွေရောက်ရင် အရင်လို ဝမ်းမနည်းတော့ဘူး။

တစ်နေ့တော့ Facebook ကို ဖွင့်လိုက်တဲ့အခါ… ဝိုး ကိုယ့်ပုံတွေကို သူ Like ပေးထားပါလား။ မေ့နိုင်ပြီဆိုပေမဲ့ ဒီလိုဆိုတော့ မေးခွန်းတွေ ရင်ထဲမှာ ပေါ်လာပြီ။

Whyyy???? ဘာကြောင့်များပါလိမ့် ..

ဒီလိုမျိုးတွေ ကြုံးဖူးပါသလားယောင်းရေ။ ဒါမှမဟုတ် အခု အဲ့လိုဖြစ်နေလား ? ဒါဆို အက်ဒ်မင်က ယောင်းကို ကူညီပေးမယ်နော်။

ဘာကြောင့် အချစ်ဟောင်းက ကိုယ့်ပုံတွေကို Like ပေး နေရတာလဲဆိုတော့ အဖြေက နှစ်ခုဖြစ်နိုင်ပါတယ်။ ကိုယ့်အတွက် ခံစားချက် သူ့ရင်ထဲမှာ ရှိနေသေးလို့ ဖြစ်နိုင်သလို သူ့ရင်ထဲမှာ ကိုယ် လုံးဝ မရှိတော့လို့လည်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုမျိုးလဲဆိုတော့ ….

Related Article >>> Exက ကိုယ့်ဆီပြန်လာတဲ့အခါ အရင်ဆုံး စဉ်းစားသင့်တဲ့ အချက် (၅)ချက်

သူက ကိုယ့်အတွက် ခံစားချက်ရှိနေသေးတဲ့အခါ

ဒီလိုအခြေအနေမျိုးမှာ သူက ကိုယ့်ပုံတွေကို Like တွေပေးပြီး ယောင်းဆီက အာရုံစိုက်မှုလိုချင်နေတာပါ။ ဒါကြောင့် သူက ယောင်းပုံတွေကို မကြာခဏ Like တွေ အသည်းတွေ ပေးပါလိမ့်မယ်။

ဘာကြောင့်များလဲ

ဒီအခါ ပုံတွေကို ဆက်တိုက် အသည်းတွေ အများကြီးပေးထားလို့ Noti တွေ အများကြီး တက်လာတာမျိုး၊ ပုံအခုတင် အခု Like တက်လာတာမျိုးဖြစ်လာပါလိမ့်မယ်။ တစ်စတစ်စ အဆင့်တက်လာရင် ကွန်မန့်တွေ ဝင်မန့်တာလုပ်လာပါလိမ့်မယ်။ နောက်ဆို Messenger မှာပါ သူဆက်သွယ်လာပါလိမ့်မယ်။

ဒီလိုဆိုရင်တော့ ယောင်းမှာလည်း သူ့အတွက် ခံစားချက်ရှိသေးရင် အိုကေ ပေါ့။ မရှိတော့ဘူးဆိုရင်တော့ ပြတ်ပြတ်သားသားငြင်းလိုက်တာပဲ ကောင်းပါတယ်နော်။

Related Article >>> ရည်းစားဟောင်းနဲ့ ပြန်တွဲတော့မယ်ဆို ဒါလေးတွေတော့ အရင် ပြန်စဉ်းစားသင့်တယ်နော်..

ကိုယ့်အတွက် ခံစားချက်သူ့မှာ မရှိတော့တဲ့အခါ

အဲ့လိုဆိုတော့ ကိုယ့်ကို သူမုန်းနေတာလို့ မဆိုလိုပါဘူး။ ကိုယ့်ကို ချစ်သူတစ်ယောက်လို ခံစားရတာတွေ၊ ကိုယ့်အတွက် သူနာကျင်ရတာတွေ သူ့မှာ မရှိတော့တာမျိုးပါ။

ဒါပေမဲ့ တစ်ချိန်က ပတ်သက်ခဲ့ဖူးသူမို့ ယောင်းကို မိတ်ဆွေတစ်ယောက်လိုတော့ သူခံစားရပါလိမ့်မယ်။ (ဒါကြောင့်လည်း အကောင့်ထဲမှာ သူရှိနေတာပေါ့) ဒီတော့ ယောင်းရဲ့ ပုံတွေ Post တွေ တက်လာရင် ဒီလိုပဲ သူ Like ပေး လိုက်တာပါ။ ဘာရယ်ညာရယ်မဟုတ်ဘဲ တွေ့လို့ Like တယ်ပေါ့။ ဒါမျိုးဆိုရင်တော့ ပထမ တစ်ခုလို အူယားဖားယား Like ပေးတာမျိုးမဟုတ်ဘဲ Post ဆယ်ခုတင်မှာ ငါးခုလောက် Like တာမျိုးဖြစ်ဖြစ် တွေ့ရမှာပါပဲ။

ဒီလောက်ဆိုရင်တော့ ဘာကြောင့် ကိုယ့် Ex က ကိုယ့်ပုံတွေကို Like ပေးနေလဲ ဆိုတာ သိနိုင်ပြီထင်ပါတယ်နော်။ ချစ်သူတိုင်းဆုံဆည်းနိုင်ကြပါစေလို့ အက်ဒ်မင်က ဆုတောင်းပေးလိုက်ပါတယ်ယောင်းရေ

Sugar Cane (For Her Myanmar)

References : datingadviceexboyfriendrecovery

Sugar Cane
Sugar Cane
က်ြန္မက Sugar Cane ပါ။ မႀကံပင္ေပါ့။ စာဖတ္ျခင္းကို ရူးသြပ္သလို စာေရးျခင္းကို ခံုမင္လွသူပါ ။ ေယာင္းတို႔ အတြက္ လိုအပ္သမ်ွ သုတ/ ရသ အစံုကို For Her Myanmar ကေန မ်ွေေဝေပးသြားမယ္ေနာ္။

Leave a Reply

Your email address will not be published. Required fields are marked *