ဘယ္အခ်ိန္မွာသူ႔ကို ေဖေဖ၊ေမေမ တို႔နဲ႔ ေပးေတြ႕သင့္ၿပီလဲ

ေမေမ နဲ႔ လာေတြ႕ပါ အခ်စ္ရယ္လို႔ ေျပာႏုိင္ၿပီလားဆုိေတာ့ …

ခ်စ္ၾကၿပီဆုိမွေတာ့ ႏွစ္ဦးတည္း၊ ႏွစ္ေယာက္တည္း ခ်စ္ၾက႐ံုနဲ႔ မၿပီးေလေသးဘူးေနာ္။ အနာဂတ္အစီအစဥ္ေတြ ေသခ်ာဆြဲၿပီးၾကၿပီဆုိရင္ေတာ့ သူ႔ကို ေဖေဖမေမတို႔နဲ႔ ေပးေတြ႔ဖို႔လိုလာပါၿပီ။ ဒါဆို ဘယ္အခ်ိန္ကမ်ား သူ႔ကို ေဖေဖ ေမေမ တုိ႔နဲ႔ ေပးေတြ႔သင့္တာလဲဆိုေတာ့ …

(၁) သူ က ကိုယ့္ဖူးစာ႐ွင္ဆိုတာ ေသခ်ာၿပီဆိုရင္

ရည္းစားျဖစ္႐ံုနဲ႔ ကိုယ့္မိဘေတြကို မိတ္ဆက္မေပးခ်င္တာေတာ့ လူတုိင္းသိပါတယ္ေနာ္။ ေတာ္ၾကာ ခဏေလးတြဲၿပီး အခန္႔မသင့္လုိ႔ ျပတ္သြားတာမ်ိဳးဆို ဘယ္လုိလုပ္မလဲ။ အဆူခံရတာပဲ အဖတ္တင္ပါတယ္ေနာ္။ ဒီေတာ့ သူ နဲ႔ ကိုယ့္ရဲ႕ ဆက္ဆံေရးက ခုိင္ၿမဲတဲ့ ဆက္ဆံေရးဆိုတာ ေသခ်ာၿပီဆုိမွသာ ေပးေတြ႕လုိက္ပါ။

Related Article >>> ႏွစ္သစ္အတြက္ ခ်စ္သူနဲ႔အတူလုပ္သင့္တဲ့ ႏွစ္ကိုယ္တူ ႏွစ္သစ္ရည္မွန္းခ်က္မ်ား

(၂) သူ႔အေၾကာင္း ကိုယ့္အေၾကာင္း ေသခ်ာသိၿပီဆုိရင္

ကိုယ္လက္ထပ္ရမယ့္သူဆိုတာ သူ နဲ႔ သူ႔မိဘေတြၿပီးရင္ ကိုယ္က ကမာၻေပၚမွာ သူ႔အေၾကာင္းအသိဆံုးသူ ျဖစ္ရေလာက္ေအာင္ကို သူ႔အေၾကာင္းသိထားရမွာေလ။ ဒါက အေရးႀကီးပါတယ္။ (Facebook Password ေတာင္းတာမ်ိဳးကို မဆိုလုိ)

သူက ဘယ္လုိ စိတ္ထား႐ွိသူလဲ၊ သူ႔အားနည္းခ်က္ အားသာခ်က္ေတြက ဘာေတြလဲ၊ သူ႕ရဲ႕ ဘဝ ရည္မွန္းခ်က္ ဘယ္ေလာက္႐ွိလဲ စတာမ်ိဳးေတြေပါ့။ ဒီလုိ သိထားၿပီးသားသူဆိုရင္ ကိုယ့္မိဘေတြကို ယံုၾကည္မႈ႐ွိ႐ွိ မိတ္ဆက္ေပးႏုိင္ၿပီေပါ့ေနာ္။

ေ႐ႊလက္တြဲ ၿမဲၿပီဆိုရင္ …

(၃) သူက လူႀကီးေတြ သေဘာက်ေလာက္တဲ့ ပံုစံမ်ိဳး႐ွိတယ္ဆုိရင္

ကိုယ့္ခ်စ္သူက လူငယ္ဆန္သည္သည္ျဖစ္ေစ၊ လူႀကီးဆန္သည္ျဖစ္ေစ၊ ဘယ္လို ပံုစံဝတ္စားေနထိုင္တတ္သူျဖစ္ေစ အေရးမႀကီးပါဘူး။ အေရးႀကီးတာက လူႀကီးေတြကို တေလးတစားဆက္ဆံတတ္သူ ျဖစ္ဖို႔ပါ။ လူႀကီးေတြကို ေၾကာက္ေနဖို႔ေျပာတာမဟုတ္ဘူးေနာ္…

လူႀကီးေတြေမးရင္ ေျဖခ်င္သလုိလို မေျဖခ်င္သလိုလို၊ ဂ်စ္ကန္ကန္ နဲ႔ အ႐ြဲ႕တုိက္ခ်င္သလုိလုိ၊ ေျပာစကားေတြက အေလးအနက္မ႐ွိ၊ လူႀကီးေတြ စိတ္ပ်က္ေစမယ့္ အရိုအေသတန္တဲ့ စကားေတြကို တြင္တြင္ေျပာတတ္သူဆုိရင္ေတာ့ ေယာင္းမိဘေတြ သေဘာက်မယ္ မထင္ပါဘူးေယာင္းေရ။ ဒီလုိ လူမ်ိဳးနဲ႔သာ မိတ္ဆက္ေပးမိလုိ႔ကေတာ့ နင္ဘယ္လိုလူနဲ႔ ႀကိဳက္ေနတာလဲ ဆုိၿပီး အဆူခံရပါလိမ့္မယ္ေနာ္။

Related Article >>> အခ်စ္က က်န္းမာေရး ေကာင္းေစလား?

(၄) သူငယ္ခ်င္း၊ ေမာင္ႏွမ ေတြနဲ႔ အရင္ေပးေတြ႕ပါ။

မိဘေတြနဲ႔ ေပးေတြ႔ျခင္း ဆိုတဲ့ ေနာက္ဆံုးအဆင့္ကို မေရာက္ခင္ ကိုယ့္သူငယ္ခ်င္း၊ ေမာင္ႏွမေတြနဲ႔ ေပးေတြ႕ျခင္းဆိုတဲ့ အဆင့္ကို အရင္ျဖတ္ေက်ာ္လုိက္ပါ ေယာင္းေရ။ သူငယ္ခ်င္းေတြ၊ ေမာင္ႏွမေတြနဲ႔ မိတ္ဆက္ေပးၿပီး သူတို႔နဲ႔ အဆင္ေျပမေျပ အရင္ၾကည့္ သူတုိ႔ဘက္က အိုေကတယ္လုိ႔ မီးစိမ္းျပတာနဲ႔ မိဘေတြနဲ႔ ေပးေတြ႕ဖို႔ စီစဥ္လုိက္ပါေတာ့ေနာ္။

ကဲ ဒီေလာက္ဆုိရင္ ကိုယ့္ခ်စ္သူကို မိဘေတြနဲ႔ ေပးေတြ႔ဖို႔ အခ်ိန္တန္မတန္ဆိုတာ သိေလာက္ၿပီေပါ့ေနာ္။ မိဘေတြနဲ႔ ေပးေတြ႕ၿပီး အဆင္ေျပသြားၿပီဆိုရင္ေတာ့ မဂၤလာေဆာင္ရင္ အက္ဒ္မင့္ကို ဖိတ္ဖို႔ မေမ့ပါနဲ႔ေနာ္။

ခ်စ္တဲ့ အက္ဒ္မင္

Sugar Cane (For Her Myanmar)

References : elitedailyhercampus

<<< Unicode >>>

မေမေ နဲ့ လာတွေ့ပါ အချစ်ရယ်လို့ ပြောနိုင်ပြီလားဆိုတော့ …

ချစ်ကြပြီဆိုမှတော့ နှစ်ဦးတည်း၊ နှစ်ယောက်တည်း ချစ်ကြရုံနဲ့ မပြီးလေသေးဘူးနော်။ အနာဂတ်အစီအစဉ်တွေ သေချာဆွဲပြီးကြပြီဆိုရင်တော့ သူ့ကို ဖေဖေမမေတို့နဲ့ ပေးတွေ့ဖို့လိုလာပါပြီ။ ဒါဆို ဘယ်အချိန်ကများ သူ့ကို ဖေဖေ မေမေ တို့နဲ့ ပေးတွေ့သင့်တာလည်းဆိုတော့ …

(၁) သူ က ကိုယ့်ဖူးစာရှင်ဆိုတာ သေချာပြီဆိုရင်

ရည်းစားဖြစ်ရုံနဲ့ ကိုယ့်မိဘတွေကို မိတ်ဆက်မပေးချင်တာတော့ လူတိုင်းသိပါတယ်နော်။ တော်ကြာ ခဏလေးတွဲပြီး အခန့်မသင့်လို့ ပြတ်သွားတာမျိုးဆို ဘယ်လိုလုပ်မလဲ။ အဆူခံရတာပဲ အဖတ်တင်ပါတယ်နော်။ ဒီတော့ သူ နဲ့ ကိုယ့်ရဲ့ ဆက်ဆံရေးက ခိုင်မြဲတဲ့ ဆက်ဆံရေးဆိုတာ သေချာပြီဆိုမှသာ ပေးတွေ့လိုက်ပါ။

Related Article >>> နှစ်သစ်အတွက် ချစ်သူနဲ့အတူလုပ်သင့်တဲ့ နှစ်ကိုယ်တူ နှစ်သစ်ရည်မှန်းချက်များ

(၂) သူ့အကြောင်း ကိုယ့်အကြောင်း သေချာသိပြီဆိုရင်

ကိုယ်လက်ထပ်ရမယ့်သူဆိုတာ သူ နဲ့ သူ့မိဘတွေပြီးရင် ကိုယ်က ကမ္ဘာပေါ်မှာ သူ့အကြောင်းအသိဆုံးသူ ဖြစ်ရလောက်အောင်ကို သူ့အကြောင်းသိထားရမှာလေ။ ဒါက အရေးကြီးပါတယ်။ (Facebook Password တောင်းတာမျိုးကို မဆိုလို)

သူက ဘယ်လို စိတ်ထားရှိသူလဲ၊ သူ့အားနည်းချက် အားသာချက်တွေက ဘာတွေလဲ၊ သူ့ရဲ့ ဘဝ ရည်မှန်းချက် ဘယ်လောက်ရှိလဲ စတာမျိုးတွေပေါ့။ ဒီလို သိထားပြီးသားသူဆိုရင် ကိုယ့်မိဘတွေကို ယုံကြည်မှုရှိရှိ မိတ်ဆက်ပေးနိုင်ပြီပေါ့နော်။

ရွှေလက်တွဲ မြဲပြီဆိုရင် …

(၃) သူက လူကြီးတွေ သဘောကျလောက်တဲ့ ပုံစံမျိုးရှိတယ်ဆိုရင်

ကိုယ့်ချစ်သူက လူငယ်ဆန်သည်သည်ဖြစ်စေ၊ လူကြီးဆန်သည်ဖြစ်စေ၊ ဘယ်လို ပုံစံဝတ်စားနေထိုင်တတ်သူဖြစ်စေ အရေးမကြီးပါဘူး။ အရေးကြီးတာက လူကြီးတွေကို တလေးတစားဆက်ဆံတတ်သူ ဖြစ်ဖို့ပါ။ လူကြီးတွေကို ကြောက်နေဖို့ပြောတာမဟုတ်ဘူးနော်…

လူကြီးတွေမေးရင် ဖြေချင်သလိုလို မဖြေချင်သလိုလို၊ ဂျစ်ကန်ကန် နဲ့ အရွဲ့တိုက်ချင်သလိုလို၊ ပြောစကားတွေက အလေးအနက်မရှိ၊ လူကြီးတွေ စိတ်ပျက်စေမယ့် အရိုအသေတန်တဲ့ စကားတွေကို တွင်တွင်ပြောတတ်သူဆိုရင်တော့ ယောင်းမိဘတွေ သဘောကျမယ် မထင်ပါဘူးယောင်းရေ။ ဒီလို လူမျိုးနဲ့သာ မိတ်ဆက်ပေးမိလို့ကတော့ နင်ဘယ်လိုလူနဲ့ ကြိုက်နေတာလဲ ဆိုပြီး အဆူခံရပါလိမ့်မယ်နော်။

Related Article >>> အချစ်က ကျန်းမာရေး ကောင်းစေလား?

(၄) သူငယ်ချင်း၊ မောင်နှမ တွေနဲ့ အရင်ပေးတွေ့ပါ။

မိဘတွေနဲ့ ပေးတွေ့ခြင်း ဆိုတဲ့ နောက်ဆုံးအဆင့်ကို မရောက်ခင် ကိုယ့်သူငယ်ချင်း၊ မောင်နှမတွေနဲ့ ပေးတွေ့ခြင်းဆိုတဲ့ အဆင့်ကို အရင်ဖြတ်ကျော်လိုက်ပါ ယောင်းရေ။ သူငယ်ချင်းတွေ၊ မောင်နှမတွေနဲ့ မိတ်ဆက်ပေးပြီး သူတို့နဲ့ အဆင်ပြေမပြေ အရင်ကြည့် သူတို့ဘက်က အိုကေတယ်လို့ မီးစိမ်းပြတာနဲ့ မိဘတွေနဲ့ ပေးတွေ့ဖို့ စီစဉ်လိုက်ပါတော့နော်။

ကဲ ဒီလောက်ဆိုရင် ကိုယ့်ချစ်သူကို မိဘတွေနဲ့ ပေးတွေ့ဖို့ အချိန်တန်မတန်ဆိုတာ သိလောက်ပြီပေါ့နော်။ မိဘတွေနဲ့ ပေးတွေ့ပြီး အဆင်ပြေသွားပြီဆိုရင်တော့ မင်္ဂလာဆောင်ရင် အက်ဒ်မင့်ကို ဖိတ်ဖို့ မမေ့ပါနဲ့နော်။

ချစ်တဲ့ အက်ဒ်မင်

Sugar Cane (For Her Myanmar)

References : elitedailyhercampus

No Comments Yet

Comments are closed