Love Relationship

ရင်ခွင်မီ အရပ်ပိုင်ရှင်လေးကို ချစ်တော့မယ်ဆိုရင် သိထားသင့်တဲ့ အချက်များ

ဘာကြည့်နေတာလဲ.. ရင်ခွင်မီယောင်းလေးတွေ… ကိုယ့်ချစ်ချစ်ကို ခုပဲ မန်းရှင်းခေါ်လိုက်တော့လေ.. 

အရပ်ရှည်ရှည် ကောင်လေးနဲ့ ရင်ခွင်မီ အရပ်ပိုင်ရှင် ကောင်မလေး အတွဲလို့ ပြောလိုက်တိုင်း အက်ဒ်မင်တော့ F4 နဲ့ A Love So Beautiful ဇာတ်လမ်းတွဲတွေပဲ မျက်လုံးထဲ ပြေးမြင်တယ်။ ပြီးတော့ အဲဒီအတွဲလေးတွေက ကြည့်ရတာ အရမ်းချစ်ဖို့ကောင်းတယ်လေ.. တကယ်တော့လေ အချစ်ဆိုတဲ့အရာမှာ ပေနဲ့ လက်မ ကွာခြားတာက အဓိကမကျဘဲ ချစ်နေဖို့ပဲ အဓိက ကျတယ်ဟုတ်? တကယ်လို့များသာ ရင်ခွင်မီအရပ်ပိုင်ရှင် ကောင်မလေးတွေကို ချစ်မိပြီဆိုရင် ဒီအချက်လေးတွေတော့ သိထားဖို့ လိုတယ်နော်…

၁။ ရင်ခွင်မီအရပ်ပိုင်ရှင်တွေကို အရပ်ပုတယ်ဆိုပြီး ဘယ်တော့မှ လျှော့မတွက်မိပါစေနဲ့။ သူတို့က ချစ်ဖို့ကောင်းပြီး နူးညံ့တတ်သလို အရွယ်နဲ့မလိုက်အောင်လည်း စိတ်ဓာတ်မာကျောသူတွေပါ။

၂။ အွန်လိုင်းပေါ်မှာ ရင်းနှီးကြတဲ့ ရင်ခွင်မီအရပ်ပိုင်ရှင်လေးကို အပြင်မှာတွေ့တဲ့အခါ Profile ထဲမှာတော့ အရပ်ပိုရှည်တယ် ထင်ရတယ်နော်ဆိုပြီး ဘယ်တော့မှ မပြောပါနဲ့။ ဒါက ပြောတဲ့သူကို သူတို့လေးတွေ နှစ်ခါပြန်မကြည့်ချင်လောက်အောင် မုန်းသွားစေမယ့် စကားမျိုးမို့ပါ။

၃။ ချစ်သူဖြစ်ပြီး လျှောက်လည်တဲ့အခါ အရပ်ပုတယ်ဆိုပြီး တံတောင်တင်ပြီး မမှီပါနဲ့ -_-  လူမြင်ကွင်းမှာ သူတို့ကို သိက္ခာချသလို ဖြစ်လို့ သေသွားမယ် ရှင်သွားမယ် မသေမရှင် ဖြစ်သွားမယ်သာမှတ်ပါ။

၎။ ရင်ခွင်မီ အရပ်ပိုင်ရှင်လေးတွေက ပွေ့ဖက်ခံရတာကို အရမ်းသဘောကျပါတယ်။ သူတို့ကို ပွေ့ဖက်ရတာလည်း သိပ်ကို ကြည်နူးဖို့ ကောင်းပါတယ်..  ဘာမှမလုပ်ရပါဘဲ ဖက်လိုက်တာနဲ့ သူ့ခေါင်းလေးက ရင်ခွင်ထဲ ရောက်နေတဲ့ အချိန် သူ့နဖူးလေးကို ငုံ့ပြီး အနမ်းခြွေလိုက်ရုံပဲလေ။ ဒီထက်လွယ်ပြီး ဒီထက် ချစ်ဖို့ကောင်းတာ ဘာရှိဦးမလဲနော်..

Related Article >>> လူတိုင်းအားကျသွားမယ့် အရပ်ပုတဲ့ မိန်းကလေးတွေရဲ့ အားသာချက်(၉)ချက်

၅။ ရင်ခွင်မီ အရပ်ပိုင်ရှင်လေးကို ချစ်မိပြီဆိုရင်တော့ ချစ်သူပြောချင်တာလေးတွေကို ခါးလေးကိုင်းပြီး အလိုက်တသင့် နားထောင်တတ်ဖို့တော့ လိုပါမယ်နော်။ ခြေဖျားလေးထောက်ပြီး တိုးတိုးပြောရတဲ့အပြင် ချစ်သူကလေး ခါးလေးကိုင်းပြီး ချစ်စနိုး နားထောင်ပေးတော့ သူလေးစိတ်ထဲ ကြည်နူးတာပေါ့.. နော်… အဲဒီအချိန်မျိုးကျရင် ဘာမှ မလုပ်ရပါဘဲ ငါ့ချစ်သူက ငါ့ကို ချစ်သားဟ ဆိုပြီးတော့လည်း ပိုတိုးပြီး ချစ်တတ်ကြပါသတဲ့… အကွက်တွေနော်.. အကွက်တွေ မှတ်ကြ 😛 

၆။ ရင်ခွင်မီအရပ်ပိုင်ရှင်လေးတွေက အရပ်နဲ့လိုက်အောင် နုဖတ်ကြတာ ဖြစ်လို့ ကလေးလေးကို ချစ်သူတော်ထားလားလို့ သူများတွေ မေးရင်တော့ စိတ်မဆိုးလိုက်ပါနဲ့။ ဒီလိုနုတာက သူတို့ရဲ့ အားနည်းချက်ဖြစ်နေလို့ပါ.. အယ်လယ်..   ချစ်သူကောင်လေးကသာ အသက်ကြီးလို့ ရင့်ပုံပေါ်လာပေမဲ့ ရင်ခွင်မီလေးတွေကတော့ မအိုဆေး စားထားသလို နုလို့ပေါ့..

၇။ အရေးကြီးတဲ့ အချက်ကတော့ လူကြားထဲရောက်ရင် ရင်ခွင်မီချစ်သူလေးကို ပွေ့ချီတာမျိုး မလုပ်ပါနဲ့။ စောစောကပြောတော့ ပွေ့တာကြိုက်တယ်ဆိုလို့ မေးတော့မလား.. သိနေတယ်.. ဒါပေမဲ့ ဒီလို မပြောမဆို ပွေ့လိုက်တာမျိုးက သူတို့ရဲ့ အရပ်ကို လူသိအောင် သက်သက်မဲ့ ကြေညာသလိုမျိုး ဖြစ်နေလို့ သူတို့က ပွေ့ချီပါလို့ မပြောဘဲ သွားပြီး အလိုက်မသိ ပွေ့ချီရင်တော့ ကံဆိုးပြီသာ မှတ်ပါနော်…

ကဲ… ရင်ခွင်မီလေးတွေ… ဟုတ်ရဲ့လား? ယောင်းတို့ ကိုကိုတွေ ယောင်းတို့အကြောင်း ပိုသိနိုင်ဖို့ သူတို့ကို မန်းရှင်းခေါ်သွားလိုက်ဦးနော်…

With love,

Ei Mon (For Her Myanmar)

References : www.listsurge.com, www.elcrema.com

Ei Mon
Ei Mon
For Her Myanmar ရဲ့တက်သစ်စ ဆောင်းပါးရှင် အိမွန်ဖြစ်ပါတယ်။ စာရေးရတာ ဝါသနာ ပါပါတယ်။ ဆောင်းပါးတွေကတစ်ဆင့် စိတ်ကူးလေးတွေကို ယောင်းတို့ရဲ့ ရင်ထဲအရောက် ပို့ပေးချင်ပါတယ်။ အထူးအားသာတာကတော့ အနုပညာရှင်သတင်းတွေပဲ ဖြစ်ပါတယ်။ အိမွန်ရဲ့ လက်ရာဆောင်းပါးတွေကို အားပေးမယ်မှတ်လား…….

Leave a Reply

Your email address will not be published. Required fields are marked *