အခ်စ္ေရးမွာ ယံုၾကည္မႈခ်ိဳးေဖာက္ခံရတဲ့အခါ ကိုယ့္ကိုယ္ကိုယ္ျပန္ေမးၾကည့္သင့္တဲ့ေမးခြန္းမ်ား

သူ႔ကို ဆက္မယံုရဲေတာ့တာ ေသခ်ာၿပီလား?

ကိုယ္က ယံုၾကည္လို႔ အခ်စ္ေတြ ပံုအပ္ထားကာမွ မေမွ်ာ္လင့္ထားဘဲ ယံုၾကည္မႈေတြ ႐ိုက္ခ်ိဳးခံလုိက္ရတာ ေသြးပ်က္စရာပဲေနာ္။ ဒီလိုအေျခအေနမ်ိဳးမွာ ေ႐ွာ႔ခ္ရတတ္တာ သဘာဝပါ။ မဆိုဆိုလည္း ၾကံဳလာၿပီိဆိုေတာ့ ရင္ဆိုင္ရေတာ့မွာေပါ့… ဒီလုိ ရင္ဆိုင္ရေတာ့မယ္ဆိုရင္ေတာ့ ကိုယ့္ကိုယ္ကိုယ္ ေမးခြန္းေလးေတြ ျပန္ေမးဖို႔ လိုအပ္လာပါၿပီ… ဘယ္လို ေမးခြန္းေလးေတြလဲ ဆိုေတာ့…

၁။ သူ႔ကို တကယ္ခြင့္လႊတ္ရဲ႕လား?

တခ်ိဳ႕မိန္းကေလးေတြကေတာ့ ကိုယ့္ကိုယ္ကိုယ္ ေသခ်ာသိတယ္ဆုိရမလား… ဒီအေျခအေနမ်ိဳးမွာ သူ႔ကို ကိုယ္ ခြင့္မလႊတ္ႏိုင္ဘူးဆိုတာ ေသခ်ာတာမို႔ ျပတ္သားစြာလမ္းခြဲၾကပါတယ္။ အဲဒီေလာက္မျပတ္သားရဲတဲ့ သူေတြကေတာ့ ေတြေဝရတာေပါ့။

ဒီေတာ့ သူ႔ကို ကိုယ္တကယ္ ခြင့္လႊတ္ႏုိင္တာ ေသခ်ာလား ကိုယ့္ကိုယ္ကိုယ္ ေမးၾကည့္ပါဦး။ ျဖစ္တတ္တာက ကိုယ္က သူ႔လုပ္ရပ္ကို ခြင့္မလႊတ္ႏုိင္ေပမဲ့ မျပတ္ႏုိင္လို႔ ျပန္လက္ခံလုိက္တာမ်ိဳးေပါ့။ ဒါေပမဲ့ အတိတ္က အရိပ္မဲႀကီးက ကိုယ့္ကိုယ္အၿမဲ ေျခာက္လွန္႔ေနမွာပါေနာ္။

Related Article >>> ေ႐ွ႕ဆက္လက္မတြဲသင့္ေသာ မိန္းကေလးအမ်ိဳးအစား (၅) မ်ိဳး

၂။ သူကေရာ တကယ္ ေနာင္တရရဲ႕လား?

ပါးစပ္က ငါ မွားပါတယ္။ ေနာက္မလုပ္ေတာ့ပါဘူး ဆုိတာ လူတိုင္း လြယ္လြယ္ေျပာတတ္ပါတယ္။ တကယ္ပဲ သူ႔အမွားကို ေနာင္တရရဲ႕လား ဆိုတာကေတာ့ သူ႔အျပဳအမူေတြက သက္ေသျပမွာပါ။ တကယ္ပဲ သူေနာင္တ ရေနၿပီဆုိရင္ေတာ့ လူတုိင္းမွားတတ္တာမို႔ ခြင့္မလႊတ္ႏိုင္စရာမ႐ွိဘူးထင္ပါတယ္။

ဒါေပမဲ့ သူက သူ႔စကားကိုသူ လြယ္လြယ္ခ်ိဳးေဖာက္တတ္သူဆိုရင္ေတာ့ ေသေသခ်ာခ်ာစဥ္းစားေစခ်င္ပါတယ္ ေယာင္းေရ။

၃။ သူ႔ကို ဆက္ယံုၾကည္ဦးမွာလား?

ခဲမွန္ဖူးတဲ့ စာသူငယ္ဆိုတာကေတာ့ အရာရာကို ထိတ္လန္႔စိုးရိမ္ေနမွာပဲေလ။ ဒီေတာ့ သူ ေနာက္ထပ္ ဒါမ်ိဳးလုပ္ဦးမလားဆုိတဲ့ သံသယႀကီးက ကိုယ့္ကို ႏွိပ္စက္ေနတာမ်ိဳး ျဖစ္တတ္ပါတယ္။

အက္ဒမင္ အၾကံေပးရမယ္ဆုိရင္ သံသယဆုိတာ ပူေလာင္ပါတယ္။ ဒါေပမဲ့ သတိဆုိတာ ပိုတယ္လို႔ မ႐ွိပါဘူး။ ဒါေၾကာင့္ သံသယလည္း မျဖစ္သင့္သလုိ တအားလည္း မယံုစားပါနဲ႔။ သတိေလးေတာ့ ကပ္ထားပါလုိ႔။

Related Article >>> အခ်စ္ေဟာင္းရဲ႕ အေၾကာင္း လက္႐ွိခ်စ္သူကို ဘယ္အထိေျပာျပသင့္လဲ ?

၄။ လမ္းခြဲျခင္းက အေျဖမွန္လား ဆက္တြဲျခင္းက အေျဖမွန္လား?

ဒီအတြက္ အေျဖကေတာ့ တစ္ေယာက္ခ်င္းစီကို လိုက္ၿပီးကြဲျပားပါလိမ့္မယ္။ ဒါေၾကာင့္ ဒီအတြက္ အေျဖကို ေသြးပူေနတုန္းမွာ ဆံုးျဖတ္တာထက္ ေသြးေအးသြားတဲ့အခါမွ ဆံုးျဖတ္ခ်က္ခ်တာ အမွန္ဆံုးပါပဲ။ ေခါင္းေအးေအးထားၿပီး စဥ္းစားၾကည့္ပါ.. ကိုယ့္အေၾကာင္းကိုယ္ အသိဆံုးပဲ မဟုတ္လား..

၅။ သူက ဒါကို ရည္႐ြယ္ခ်က္႐ွိ႐ွိလုပ္ခဲ့တာလား?

တခ်ိဳ႕က မရည္႐ြယ္ဘဲ အမွားလုပ္မိတယ္။ တခ်ိဳ႕က အမွားကို သိသိလ်က္နဲ႔ စနစ္တက် က်ဴးလြန္တယ္။ မရည္႐ြယ္ဘဲ ျဖစ္တဲ့အမွားေတြ၊ မေရွာင္တိမ္းႏိုင္လို႔ မွားမိတာေတြအတြက္ ခြင့္လႊတ္ေပးဖုိ႔ ထုိက္တန္ေပမဲ့ သူကိုယ္တုိင္က ကိုယ့္ကြယ္ရာမွာ ဒီအမွားကို စနစ္တက်က်ဴးလြန္ခဲ့တာဆိုရင္ေတာ့ ခြင့္လႊတ္ေပးဖုိ႔ မထိုက္တန္ေတာ့ပါဘူး။ ဒီလုိလူရဲ႕ ေတာင္းပန္ပါတယ္ ဆိုတဲ့ စကားက ရင္ထဲက လာတာမျဖစ္ႏုိင္ပါဘူး။ ဒါေၾကာင့္ ေသေသခ်ာခ်ာစဥ္းစားသင့္ပါတယ္ေယာင္းတို႔ေရ…

ဘယ္သူ႕ကိုမွ မ်က္စိမွိတ္မယံုၾကည္ဘဲ ဦးေႏွာက္ေလးကို ပါးပါးလႊာသံုးလို႔ ထိုက္သင့္သေလာက္ ယံုၾကည္မႈထား၊ သာယာတဲ့ ဘဝနဲ႔ အခ်စ္ေရးေလး ပိုင္ဆုိင္ႏုိင္ၾကပါေစကြယ္..

Sugar Cane (For Her Myanmar)

<<< Unicode >>>

သူ့ကို ဆက်မယုံရဲတော့တာ သေချာပြီလား?

ကိုယ်က ယုံကြည်လို့ အချစ်တွေ ပုံအပ်ထားကာမှ မမျှော်လင့်ထားဘဲ ယုံကြည်မှုတွေ ရိုက်ချိုးခံလိုက်ရတာ သွေးပျက်စရာပဲနော်။ ဒီလိုအခြေအနေမျိုးမှာ ရှော့ခ်ရတတ်တာ သဘာဝပါ။ မဆိုဆိုလည်း ကြုံလာပြီဆိုတော့ ရင်ဆိုင်ရတော့မှာပေါ့… ဒီလို ရင်ဆိုင်ရတော့မယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် မေးခွန်းလေးတွေ ပြန်မေးဖို့ လိုအပ်လာပါပြီ… ဘယ်လို မေးခွန်းလေးတွေလဲ ဆိုတော့…

၁။ သူ့ကို တကယ်ခွင့်လွှတ်ရဲ့လား?

တချို့မိန်းကလေးတွေကတော့ ကိုယ့်ကိုယ်ကိုယ် သေချာသိတယ်ဆိုရမလား… ဒီအခြေအနေမျိုးမှာ သူ့ကို ကိုယ် ခွင့်မလွှတ်နိုင်ဘူးဆိုတာ သေချာတာမို့ ပြတ်သားစွာလမ်းခွဲကြပါတယ်။ အဲဒီလောက်မပြတ်သားရဲတဲ့ သူတွေကတော့ တွေဝေရတာပေါ့။ဒီတော့ သူ့ကို ကိုယ်တကယ် ခွင့်လွှတ်နိုင်တာ သေချာလား ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါဦး။ ဖြစ်တတ်တာက ကိုယ်က သူ့လုပ်ရပ်ကို ခွင့်မလွှတ်နိုင်ပေမဲ့ မပြတ်နိုင်လို့ ပြန်လက်ခံလိုက်တာမျိုးပေါ့။ ဒါပေမဲ့ အတိတ်က အရိပ်မဲကြီးက ကိုယ့်ကိုယ်အမြဲ ခြောက်လှန့်နေမှာပါနော်။

Related Article >>> ရှေ့ဆက်လက်မတွဲသင့်သော မိန်းကလေးအမျိုးအစား (၅) မျိုး

၂။ သူကရော တကယ် နောင်တရရဲ့လား?

ပါးစပ်က ငါ မှားပါတယ်။ နောက်မလုပ်တော့ပါဘူး ဆိုတာ လူတိုင်း လွယ်လွယ်ပြောတတ်ပါတယ်။ တကယ်ပဲ သူ့အမှားကို နောင်တရရဲ့လား ဆိုတာကတော့ သူ့အပြုအမူတွေက သက်သေပြမှာပါ။ တကယ်ပဲ သူနောင်တ ရနေပြီဆိုရင်တော့ လူတိုင်းမှားတတ်တာမို့ ခွင့်မလွှတ်နိုင်စရာမရှိဘူးထင်ပါတယ်။ဒါပေမဲ့ သူက သူ့စကားကိုသူ လွယ်လွယ်ချိုးဖောက်တတ်သူဆိုရင်တော့ သေသေချာချာစဉ်းစားစေချင်ပါတယ် ယောင်းရေ။

၃။ သူ့ကို ဆက်ယုံကြည်ဦးမှာလား?

ခဲမှန်ဖူးတဲ့ စာသူငယ်ဆိုတာကတော့ အရာရာကို ထိတ်လန့်စိုးရိမ်နေမှာပဲလေ။ ဒီတော့ သူ နောက်ထပ် ဒါမျိုးလုပ်ဦးမလားဆိုတဲ့ သံသယကြီးက ကိုယ့်ကို နှိပ်စက်နေတာမျိုး ဖြစ်တတ်ပါတယ်။အက်ဒမင် အကြံပေးရမယ်ဆိုရင် သံသယဆိုတာ ပူလောင်ပါတယ်။ ဒါပေမဲ့ သတိဆိုတာ ပိုတယ်လို့ မရှိပါဘူး။ ဒါကြောင့် သံသယလည်း မဖြစ်သင့်သလို တအားလည်း မယုံစားပါနဲ့။ သတိလေးတော့ ကပ်ထားပါလို့။

Related Article >>> အချစ်ဟောင်းရဲ့ အကြောင်း လက်ရှိချစ်သူကို ဘယ်အထိပြောပြသင့်လဲ ?

၄။ လမ်းခွဲခြင်းက အဖြေမှန်လား ဆက်တွဲခြင်းက အဖြေမှန်လား?

ဒီအတွက် အဖြေကတော့ တစ်ယောက်ချင်းစီကို လိုက်ပြီးကွဲပြားပါလိမ့်မယ်။ ဒါကြောင့် ဒီအတွက် အဖြေကို သွေးပူနေတုန်းမှာ ဆုံးဖြတ်တာထက် သွေးအေးသွားတဲ့အခါမှ ဆုံးဖြတ်ချက်ချတာ အမှန်ဆုံးပါပဲ။ ခေါင်းအေးအေးထားပြီး စဉ်းစားကြည့်ပါ.. ကိုယ့်အကြောင်းကိုယ် အသိဆုံးပဲ မဟုတ်လား..

၅။ သူက ဒါကို ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာလား?

တချို့က မရည်ရွယ်ဘဲ အမှားလုပ်မိတယ်။ တချို့က အမှားကို သိသိလျက်နဲ့ စနစ်တကျ ကျူးလွန်တယ်။ မရည်ရွယ်ဘဲ ဖြစ်တဲ့အမှားတွေ၊ မရှောင်တိမ်းနိုင်လို့ မှားမိတာတွေအတွက် ခွင့်လွှတ်ပေးဖို့ ထိုက်တန်ပေမဲ့ သူကိုယ်တိုင်က ကိုယ့်ကွယ်ရာမှာ ဒီအမှားကို စနစ်တကျကျူးလွန်ခဲ့တာဆိုရင်တော့ ခွင့်လွှတ်ပေးဖို့ မထိုက်တန်တော့ပါဘူး။ ဒီလိုလူရဲ့ တောင်းပန်ပါတယ် ဆိုတဲ့ စကားက ရင်ထဲက လာတာမဖြစ်နိုင်ပါဘူး။ ဒါကြောင့် သေသေချာချာစဉ်းစားသင့်ပါတယ်ယောင်းတို့ရေ…

ဘယ်သူ့ကိုမှ မျက်စိမှိတ်မယုံကြည်ဘဲ ဦးနှောက်လေးကို ပါးပါးလွှာသုံးလို့ ထိုက်သင့်သလောက် ယုံကြည်မှုထား၊ သာယာတဲ့ ဘဝနဲ့ အချစ်ရေးလေး ပိုင်ဆိုင်နိုင်ကြပါစေကွယ်..

Sugar Cane (For Her Myanmar)

No Comments Yet

Comments are closed