FUN Love

ျပန္ဆံုျဖစ္ခဲ့ရင္…. (အပိုင္း -၁၁)

ဂါဝန္ျဖစ္ေစ၊ ေဘာင္းဘီျဖစ္ေစ၊ စကတ္ျဖစ္ေစ အရမ္းတိုေနတာမ်ိဳးကို ထား ဝတ္လွ်င္ သူမႀကိဳက္။

ထားနွင့္ ဖုန္းေျပာၿပီးေတာ့ ခြင့္တင္ဖုိ႔ စဥ္းစားမိသည္။ ဝန္ထမ္းဘဝမွာေတာ့ ခြင့္သည္ ပ်က္မည့္ေန႔မွ ခ်က္ခ်င္း ယူလို႔မရ။ အနည္းဆံုး တစ္ရက္ေတာ့ ႀကိဳတင္မွ ရသည္။ ထုိ႔ေၾကာင့္ မနက္ျဖန္ ခ်က္ခ်င္း ပ်က္ဖို႔ အစီအစဥ္ကိုဖ်က္ၿပီး သန္ဘက္ခါမွ စကာ ႐ံုးမတက္ဖို႔ လုပ္ရသည္။ သန္ဘက္ခါဆိုေတာ့ ဗုဒၶဟူးေန႔မွ စၿပီး ထားနွင့္ အတူ ကုန္ဆံုးဖုိ႔ စိတ္ကူးသည္။

ႏိုင္ငံေတာ္အတြက္ကေတာ့ သူ ပင္စင္မယူမခ်င္း အလုပ္လုပ္ေပးလို႔ရသည္။ ထား အနားမွာရွိေနဖို႔ကေတာ့ ၇ ရက္သာ အခ်ိန္ရတာမဟုတ္ပါလား။ ထား နွင့္ ျပန္ဆံုခဲ့ရၿပီဆိုေတာ့ ထား အနားမွာေနၿပီး ခ်စ္ခင္ယုယ ၾကင္နာမႈကို ထုတ္ေဖာ္ျပသရမည္။ ထား ေနာက္ဆံုးအခ်ိန္ထိ ငါ့ေယာက္်ားသည္ ငါ့ကို ေတာ္ေတာ္ ခ်စ္ပါလားဆိုတဲ့ စိတ္မ်ိဳးရေအာင္ ထား ေနာက္ဆံမတင္းရေလေအာင္၊ ထား မရွိေတာ့မွ  ေနာင္တရရမည့္ အျဖစ္မ်ိဳးကေဝးေအာင္ ထား အနားမွာေနၿပီး အခ်ိန္ေတြကို ကုန္ဆံုးရမည္။

Related Article >>> ျပန္ဆံုျဖစ္ခဲ့ရင္… (အပိုင္း -၁၀)

ခြင့္တင္ၿပီး နာရီကိုၾကည့္လိုက္ေတာ့ ၄ နာရီခြဲအတိပင္ျဖစ္သည္။ သူ ႐ံုးဆင္းဖို႔ လုပ္သည္။ လြယ္အိတ္ေကာက္လြယ္လိုက္ေတာ့ ကိုသူက သူ႕ကိုစသည္။

“ဆရာသမား ဒီေန႔ေတာ့ တယ္ေစာပါလားဗ်။ အိုဗာမတိုင္ေတာ့ဘူးလား။”

“မတိုင္နုိင္ပါဘူးဗ်ာ။ ဒီညေတာ့ မိန္းမကို အခ်ိန္ေပးလိုက္ဦးမယ္။ ဟဲဟဲ…။”

“ဒီလိုလားဗ်။ တကယ္လို႔ အေပၚက အေရးေပၚ ေခၚတယ္ဆို ကၽြန္ေတာ္တို႔ ဘယ္လုိေျပာေပးရမလဲ။”

“ၾကည့္ၿပီးသာ ရႊီးေတာ့ဗ်ာ။ ကၽြန္ေတာ္ေတာ့ လစ္ၿပီဗ်ိဳ႕။”

သူ ႏႈတ္ဆက္ကာ ကားရပ္ထားသည့္ ပါကင္သို႔ အေျပးတစ္ပိုင္း သြားလုိက္သည္။ ကားေပၚေရာက္ေတာ့ စက္ႏႈိးကာ ကားကို အရွိန္ျမႇင့္ မိုင္ကုန္နင္းရင္း အိမ္သို႔ဦးတည္လိုက္သည္။ သူ႕႐ံုးမွ အိမ္သို႔ ၅ မိနစ္ခန္႔သာ ၾကာျမင့္ပါသည္။ တိုက္ေအာက္ေရာက္ေတာ့ ထား ကို အဆင္သင့္ ေတြ႕လိုက္ရ သည္။ ထား သည္ ဂါဝန္တို နီညိဳေရာင္ေလးနဲ႔ အရမ္းကို လွပေနပါသည္။

“ထား ဂါဝန္အရမ္းမ်ား တိုေနလား။”

ထား က သူ႕ဂါဝန္အနားစကို ၾကည့္ရင္း ေမးျခင္းျဖစ္သည္။ ထား ေမးေတာ့ သူလည္း ေသခ်ာ ၾကည့္ျဖစ္သည္။ ဂါဝန္သည္ ဒူးေခါင္းအေပၚေလာက္ထိသာ ရွိေသာေၾကာင့္ တိုသည္ဟု ေျပာလို႔ရပါသည္။

“ကို႔အတြက္ အဆင္မေျပဘူးဆို ထား ျပန္လဲလိုက္မယ္ေလ။”

ထားေျပာမွ သူ သတိျပန္ရသည္။ ဂါဝန္ျဖစ္ေစ၊ ေဘာင္းဘီျဖစ္ေစ၊ စကတ္ျဖစ္ေစ အရမ္းတိုေနတာမ်ိဳးကို ထား ဝတ္လွ်င္ သူမႀကိဳက္။ ျပႆနာ ရွာကာ ျပန္လဲခိုင္းတတ္သည္။ အခုတစ္ေခါက္ေတာ့ ထား ကို သူ အျပစ္မေျပာေတာ့။ ၁၀ နွစ္ေလာက္ ထားကို သူ ဆူပူေအာ္ဟစ္ခဲ့ၿပီးၿပီပဲေလ။

“အဆင္ေျပပါတယ္။ ဒီဂါဝန္ေလးနဲ႔ ထား အရမ္းလွတယ္။”

“အခုမွသိတာလား။”

“ထားကို စခ်စ္မိတဲ့ေန႔တည္းက သိတာ။ ဒါေပမဲ့ မေျပာျဖစ္ဘဲ အခုမွ ထုတ္ေျပာမိတာပါ။”

“ေတာ္ေတာ္… အပိုေတြ မေျပာနဲ႔ေတာ့။ ထား ဗိုက္ဆာၿပီ။”

ထား ဗိုက္ဆာၿပီဆိုေတာ့ စားရတာ ႀကိဳက္တယ္လို႔ ထား ေျပာခဲ့ဖူးေသာ ဟိုတယ္သို႔သာ ဦးတည္လိုက္သည္။

“ကိုတို႔ ဒီလို အျပင္ထြက္မစားရတာ ေတာ္ေတာ္ၾကာၿပီထင္တယ္ေနာ္။”

Related Article >>> ျပန္ဆံုျဖစ္ခဲ့ရင္… (အပိုင္း – ၉)

ကားေပၚေရာက္ေနသည့္ တိတ္ဆိတ္မႈကို သူ႕ဘက္က စတင္ၿပီး ၿဖိဳခြင္းလိုက္သည္။ ထားလည္း ႐ုတ္တရက္ႀကီး ေျပာင္းလဲလာသည့္ သူ႕ကို ၾကည့္ၿပီး ဘာျဖစ္ေနတာလဲဆိုသည့္ အေတြးမ်ိဳးေတြးေနမည္ ထင္ပါသည္။ ရည္းစား ဘဝတည္းက ႐ံုးအလုပ္ကိုသာ အေၾကာင္းျပၿပီး ထား အေပၚလ်စ္လွ်ဴ႐ႈခဲ့မိသည္မွာ လက္ထပ္ၿပီး ထား ေသဆံုးသည့္အခ်ိန္ထိပင္ ျဖစ္သည္။ ထို႔ေၾကာင့္ျပန္လည္ ဂ႐ုစိုက္ျခင္းကို ထား တစ္ေယာက္ နားမလည္နိုင္ျခင္းျဖစ္ေပလိမ့္မည္။

“အင္း… ဟုတ္တယ္ ကို။ ႏွစ္ေပါက္ေအာင္ကို ၾကာၿပီထင္တယ္။”

“ေဆာရီး ထား…။ ကို ေတာင္းပန္ပါတယ္။”

“ဘာအတြက္လဲ။”

“ထား ကုိ ပစ္ထားမိတဲ့အတြက္ေပါ့။”

“ကိစၥမရွိပါဘူး ကို ရယ္။ ကို႔ရဲ႕ လ်စ္လွ်ဴ႐ႈမႈေတြေအာက္မွာ ထား ေနသားက်ခဲ့ပါၿပီ။ အခု ျပန္ၿပီး ဂ႐ုစိုက္ေနလို႔သာ ထား နားမလည္နုိင္တာ။ ကို႔မွာ ဘာကိစၥမ်ား ရွိလို႔လဲလို႔။”

“ဟင့္အင္း။ ဘာကိစၥမွမရွိပါဘူး။ ဒီတိုင္းပဲ။ အျမင္မွန္ရသြားၿပီလုိ႔ပဲ ေျပာရမလား။”

သူ႕စကားဆံုးေတာ့ ထား က ေလသံတိုးတိုးျဖင့္ ရယ္သည္။

“ဒီဆိုင္ေလးမွာ စားရတာ ထား သေဘာက်တယ္ဆိုလို႔ ေမာင္ ႀကိဳၿပီး စီစဥ္ထားတာ… ထား ႀကိဳက္တဲ့ ဟင္းေတြကို အဆင္သင့္ စားႏိုင္ေအာင္လို႔ေလ… ”

“ဒီဆိုင္ေလးမွာ ေနာက္ဆံုး စားခဲ့ရတဲ့ အႀကိမ္ကိုေတာင္ ထား မမွတ္မိေတာ့ပါဘူး ကို ရယ္။”

“ထား ကလည္း ကို႔ကို စိတ္မေကာင္းျဖစ္ေအာင္ ေျပာျပန္ၿပီကြာ။ ဒီေန႔ကစၿပီး ကို က ထားနဲ႔ ခ်စ္စအခ်ိန္တုန္းက လြင္မိုးေအာင္ပဲ ျပန္ျဖစ္သြားပါၿပီ ထားရယ္။ ေနာက္ ထပ္ၿပီး ထား ကို မပစ္ထားေတာ့ပါဘူး။”

ထားကုိ ပစ္ထားမိခဲ့လို႔ တစ္ႀကိမ္တစ္ခါ ဆံုး႐ံႈးသြားရၿပီးပါၿပီ ထားရယ္ ဆိုတဲ့ စကားကိုေတာ့ ထား မၾကားေအာင္သာ စိတ္ထဲကသာ ေျပာလိုက္သည္။ သို႔ေသာ္ ထား သည္ သူ႕အေတြးေတြကို သိေနသည့္အလားပင္။ ေခါင္းေလးေမာ့ကာ ေဆြးျမည့္သည့္ မ်က္လံုးမ်ားနွင့္ သူ႕ကို ရီေဝေဝ ေငးၾကည့္ေနသည္။ ထားရိပ္မိသြားသည္ေတာ့ မျဖစ္ႏိုင္ဟု သူထင္ေသာ္လည္း ထားႏႈတ္မွ ထြက္လာမည့္စကားတို႔ကို သူေၾကာက္ရြံ႕ေနမိသည္မွာေတာ့ အမွန္ပင္…

Moe (YUFL)

<<< Unicode >>>

ဂါဝန်ဖြစ်စေ၊ ဘောင်းဘီဖြစ်စေ၊ စကတ်ဖြစ်စေ အရမ်းတိုနေတာမျိုးကို ထား ဝတ်လျှင် သူမကြိုက်။

ထားနှင့် ဖုန်းပြောပြီးတော့ ခွင့်တင်ဖို့ စဉ်းစားမိသည်။ ဝန်ထမ်းဘဝမှာတော့ ခွင့်သည် ပျက်မည့်နေ့မှ ချက်ချင်း ယူလို့မရ။ အနည်းဆုံး တစ်ရက်တော့ ကြိုတင်မှ ရသည်။ ထို့ကြောင့် မနက်ဖြန် ချက်ချင်း ပျက်ဖို့ အစီအစဉ်ကိုဖျက်ပြီး သန်ဘက်ခါမှ စကာ ရုံးမတက်ဖို့ လုပ်ရသည်။ သန်ဘက်ခါဆိုတော့ ဗုဒ္ဓဟူးနေ့မှ စပြီး ထားနှင့် အတူ ကုန်ဆုံးဖို့ စိတ်ကူးသည်။

နိုင်ငံတော်အတွက်ကတော့ သူ ပင်စင်မယူမချင်း အလုပ်လုပ်ပေးလို့ရသည်။ ထား အနားမှာရှိနေဖို့ကတော့ ၇ ရက်သာ အချိန်ရတာမဟုတ်ပါလား။ ထား နှင့် ပြန်ဆုံခဲ့ရပြီဆိုတော့ ထား အနားမှာနေပြီး ချစ်ခင်ယုယ ကြင်နာမှုကို ထုတ်ဖော်ပြသရမည်။ ထား နောက်ဆုံးအချိန်ထိ ငါ့ယောက်ျားသည် ငါ့ကို တော်တော် ချစ်ပါလားဆိုတဲ့ စိတ်မျိုးရအောင် ထား နောက်ဆံမတင်းရလေအောင်၊ ထား မရှိတော့မှ နောင်တရရမည့် အဖြစ်မျိုးကဝေးအောင် ထား အနားမှာနေပြီး အချိန်တွေကို ကုန်ဆုံးရမည်။

Related Article >>> ပြန်ဆုံဖြစ်ခဲ့ရင်… (အပိုင်း -၁၀)

ခွင့်တင်ပြီး နာရီကိုကြည့်လိုက်တော့ ၄ နာရီခွဲအတိပင်ဖြစ်သည်။ သူ ရုံးဆင်းဖို့ လုပ်သည်။ လွယ်အိတ်ကောက်လွယ်လိုက်တော့ ကိုသူက သူ့ကိုစသည်။

“ဆရာသမား ဒီနေ့တော့ တယ်စောပါလားဗျ။ အိုဗာမတိုင်တော့ဘူးလား။”

“မတိုင်နိုင်ပါဘူးဗျာ။ ဒီညတော့ မိန်းမကို အချိန်ပေးလိုက်ဦးမယ်။ ဟဲဟဲ…။”

“ဒီလိုလားဗျ။ တကယ်လို့ အပေါ်က အရေးပေါ် ခေါ်တယ်ဆို ကျွန်တော်တို့ ဘယ်လိုပြောပေးရမလဲ။”

“ကြည့်ပြီးသာ ရွှီးတော့ဗျာ။ ကျွန်တော်တော့ လစ်ပြီဗျို့။”

သူ နှုတ်ဆက်ကာ ကားရပ်ထားသည့် ပါကင်သို့ အပြေးတစ်ပိုင်း သွားလိုက်သည်။ ကားပေါ်ရောက်တော့ စက်နှိုးကာ ကားကို အရှိန်မြှင့် မိုင်ကုန်နင်းရင်း အိမ်သို့ဦးတည်လိုက်သည်။ သူ့ရုံးမှ အိမ်သို့ ၅ မိနစ်ခန့်သာ ကြာမြင့်ပါသည်။ တိုက်အောက်ရောက်တော့ ထား ကို အဆင်သင့် တွေ့လိုက်ရ သည်။ ထား သည် ဂါဝန်တို နီညိုရောင်လေးနဲ့ အရမ်းကို လှပနေပါသည်။

“ထား ဂါဝန်အရမ်းများ တိုနေလား။”

ထား က သူ့ဂါဝန်အနားစကို ကြည့်ရင်း မေးခြင်းဖြစ်သည်။ ထား မေးတော့ သူလည်း သေချာ ကြည့်ဖြစ်သည်။ ဂါဝန်သည် ဒူးခေါင်းအပေါ်လောက်ထိသာ ရှိသောကြောင့် တိုသည်ဟု ပြောလို့ရပါသည်။

“ကို့အတွက် အဆင်မပြေဘူးဆို ထား ပြန်လဲလိုက်မယ်လေ။”

ထားပြောမှ သူ သတိပြန်ရသည်။ ဂါဝန်ဖြစ်စေ၊ ဘောင်းဘီဖြစ်စေ၊ စကတ်ဖြစ်စေ အရမ်းတိုနေတာမျိုးကို ထား ဝတ်လျှင် သူမကြိုက်။ ပြဿနာ ရှာကာ ပြန်လဲခိုင်းတတ်သည်။ အခုတစ်ခေါက်တော့ ထား ကို သူ အပြစ်မပြောတော့။ ၁၀ နှစ်လောက် ထားကို သူ ဆူပူအော်ဟစ်ခဲ့ပြီးပြီပဲလေ။

“အဆင်ပြေပါတယ်။ ဒီဂါဝန်လေးနဲ့ ထား အရမ်းလှတယ်။”

“အခုမှသိတာလား။”

“ထားကို စချစ်မိတဲ့နေ့တည်းက သိတာ။ ဒါပေမဲ့ မပြောဖြစ်ဘဲ အခုမှ ထုတ်ပြောမိတာပါ။”

“တော်တော်… အပိုတွေ မပြောနဲ့တော့။ ထား ဗိုက်ဆာပြီ။”

ထား ဗိုက်ဆာပြီဆိုတော့ စားရတာ ကြိုက်တယ်လို့ ထား ပြောခဲ့ဖူးသော ဟိုတယ်သို့သာ ဦးတည်လိုက်သည်။

“ကိုတို့ ဒီလို အပြင်ထွက်မစားရတာ တော်တော်ကြာပြီထင်တယ်နော်။”

Related Article >>> ပြန်ဆုံဖြစ်ခဲ့ရင်… (အပိုင်း – ၉)

ကားပေါ်ရောက်နေသည့် တိတ်ဆိတ်မှုကို သူ့ဘက်က စတင်ပြီး ဖြိုခွင်းလိုက်သည်။ ထားလည်း ရုတ်တရက်ကြီး ပြောင်းလဲလာသည့် သူ့ကို ကြည့်ပြီး ဘာဖြစ်နေတာလဲဆိုသည့် အတွေးမျိုးတွေးနေမည် ထင်ပါသည်။ ရည်းစား ဘဝတည်းက ရုံးအလုပ်ကိုသာ အကြောင်းပြပြီး ထား အပေါ်လျစ်လျှူရှုခဲ့မိသည်မှာ လက်ထပ်ပြီး ထား သေဆုံးသည့်အချိန်ထိပင် ဖြစ်သည်။ ထို့ကြောင့်ပြန်လည် ဂရုစိုက်ခြင်းကို ထား တစ်ယောက် နားမလည်နိုင်ခြင်းဖြစ်ပေလိမ့်မည်။

“အင်း… ဟုတ်တယ် ကို။ နှစ်ပေါက်အောင်ကို ကြာပြီထင်တယ်။”

“ဆောရီး ထား…။ ကို တောင်းပန်ပါတယ်။”

“ဘာအတွက်လဲ။”

“ထား ကို ပစ်ထားမိတဲ့အတွက်ပေါ့။”

“ကိစ္စမရှိပါဘူး ကို ရယ်။ ကို့ရဲ့ လျစ်လျှူရှုမှုတွေအောက်မှာ ထား နေသားကျခဲ့ပါပြီ။ အခု ပြန်ပြီး ဂရုစိုက်နေလို့သာ ထား နားမလည်နိုင်တာ။ ကို့မှာ ဘာကိစ္စများ ရှိလို့လဲလို့။”

“ဟင့်အင်း။ ဘာကိစ္စမှမရှိပါဘူး။ ဒီတိုင်းပဲ။ အမြင်မှန်ရသွားပြီလို့ပဲ ပြောရမလား။”

သူ့စကားဆုံးတော့ ထား က လေသံတိုးတိုးဖြင့် ရယ်သည်။

“ဒီဆိုင်လေးမှာ စားရတာ ထား သဘောကျတယ်ဆိုလို့ မောင် ကြိုပြီး စီစဉ်ထားတာ… ထား ကြိုက်တဲ့ ဟင်းတွေကို အဆင်သင့် စားနိုင်အောင်လို့လေ… ”

“ဒီဆိုင်လေးမှာ နောက်ဆုံး စားခဲ့ရတဲ့ အကြိမ်ကိုတောင် ထား မမှတ်မိတော့ပါဘူး ကို ရယ်။”

“ထား ကလည်း ကို့ကို စိတ်မကောင်းဖြစ်အောင် ပြောပြန်ပြီကွာ။ ဒီနေ့ကစပြီး ကို က ထားနဲ့ ချစ်စအချိန်တုန်းက လွင်မိုးအောင်ပဲ ပြန်ဖြစ်သွားပါပြီ ထားရယ်။ နောက် ထပ်ပြီး ထား ကို မပစ်ထားတော့ပါဘူး။”

ထားကို ပစ်ထားမိခဲ့လို့ တစ်ကြိမ်တစ်ခါ ဆုံးရှုံးသွားရပြီးပါပြီ ထားရယ် ဆိုတဲ့ စကားကိုတော့ ထား မကြားအောင်သာ စိတ်ထဲကသာ ပြောလိုက်သည်။ သို့သော် ထား သည် သူ့အတွေးတွေကို သိနေသည့်အလားပင်။ ခေါင်းလေးမော့ကာ ဆွေးမြည့်သည့် မျက်လုံးများနှင့် သူ့ကို ရီဝေဝေ ငေးကြည့်နေသည်။ ထားရိပ်မိသွားသည်တော့ မဖြစ်နိုင်ဟု သူထင်သော်လည်း ထားနှုတ်မှ ဖွင့်ပြောလာမည့် စကားကို သူ ကြောက်ရွံ့နေမိသည်တော့ အမှန်ပင်…

Moe (YUFL)

Moe
နာမည္ကေတာ့ ဦးမိုးပါ။ အသက္ကေတာ့ မေန႔တေန႔ကမွ ၂၃ ျပည့္ပါတယ္။ For Her Myanmar မွာ က်ား/မ ခြဲျခားမႈေတြအေၾကာင္း၊ အမ်ိဳးသမီးမ်ားရဲ႕ ဖိႏွိပ္ခံဘဝေတြအေၾကာင္း၊ single mother ေတြအေၾကာင္းႏွင့္ အမ်ိဳးသမီးမ်ား ခြန္အားျဖစ္ႏိုင္ေလာက္တဲ့ ဝတၳဳမ်ား၊ ေဆာင္းပါးမ်ားကို ေရးသားသြားမွာျဖစ္ပါတယ္…။

Leave a Reply

Your email address will not be published. Required fields are marked *