Love Relationship

မိန္းကေလးေတြဘက္က လက္္ထပ္ဖို႕ထိရည္ရြယ္ခဲ့ေပမဲ့ လမ္းခြဲခ်င္လာရတဲ့အေၾကာင္းမ်ား

ဘယ္သူမဆို သက္ဆုံးတိုင္လက္တြဲသြားခ်င္တာပဲေလ … ဒါေပမဲ့လို႔🥺

အခ်စ္တစ္ခုကို အစျပဳတဲ့အခါမွာေတာ့ သက္ဆုံးတိုင္ တူတူေလ်ွာက္လွမ္းၾကဖို႕ ဆုံးျဖတ္ခ်က္ေတြ ခိုင္မာခဲ့ၾကတာခ်ည္းပါပဲေယာင္းေရ… အခ်ိန္ေတြၾကာလာေတာ့မွ မေမ်ွာ္လင့္ထားတဲ့ အျဖစ္အပ်က္ေတြနဲ႕ လမ္းခြဲခဲ့ၾကတဲ့ ခ်စ္သူေတြမနည္းပါဘူး။ ဒီေတာ့ မင္မင္ကေန လမ္းခြဲဖို႕အစဆြဲထုတ္ေပးေနတဲ့ အေၾကာင္းအရင္းေတြကို ေယာင္းတို႕ဆင္ျခင္နိုင္ဖို႕ ေျပာျပေပးမယ္ေနာ္။

လက္မခံႏိုင္ေလာက္တဲ့ အခ်က္ေတြကို ညိွႏႈိင္းမရတဲ့အခါ

အခ်ိန္ေတြၾကာလာတာနဲ႕အမ်ွ တစ္ေယာက္အေၾကာင္းတစ္ေယာက္ နက္နက္နဲနဲသိလာၿပီး ကိုယ့္အေနနဲ႔ ဘယ္လိုမွ လက္သင့္မခံနိုင္တဲ့ အခ်က္ေတြေပၚလာတတ္ပါတယ္။ အဲ့ဒီအခါမ်ိဳးမွာ ညိွႏႈိင္းတိုင္ပင္ၿပီး ငါေတာ့ ဒါမ်ိဳးလက္မခံနိုင္ဘူးဆိုတာမ်ိဳး ေဆြးေႏြးနိုင္ေပမဲ့ ဗီဇဆိုတာေဖ်ာက္မရဘဲ လက္မခံနိုင္တဲ့အႀကိမ္ေရေတြ မ်ားလာၿပီး လမ္းခြဲဖို႕ကို တစ္စထက္တစ္စ တြန္းအားေပးလာတတ္ပါတယ္။

Related article>>> ခဏေလာက္မေတြ႕ဘဲေနရေအာင္လုိ႔ သူေျပာလာတဲ့အခါ ဘာလုပ္သင့္လဲ

အားကိုးႏိုင္ေလာက္တဲ့ အရည္အခ်င္းေတြ မေတြ႕ရတဲ့အခါ

ဒီအခ်က္ကေတာ့ မိန္းကေလးေတြေတာ္ေတာ္မ်ားမ်ား လမ္းခြဲတတ္ၾကတဲ့ အေၾကာင္းအရင္းတစ္ခုပါ။ ခ်စ္ရသူနဲ႔ ဘဝတစ္ခုတည္ေထာင္ေတာ့မယ္ဆိုရင္ အိမ္ေထာင္ဦးစီးျဖစ္မယ့္သူက ဦးေဆာင္ဦးရြက္ျပဳနိုင္မယ့္ သူတစ္ေယာက္ျဖစ္ဖို႕ကို မိန္းကေလးအားလံုးလို႔ မဆိုသာေပမဲ့ ေတာ္ေတာ္မ်ားမ်ားက လိုလားၾကပါတယ္။ အနည္းဆံုးေတာ့ ေမာင္တစ္ထမ္း မယ္တစ္ရြက္ေတာ့ သြားခ်င္ၾကတဲ့သူ မ်ားပါတယ္။ ဒါေပမဲ့လို႔ ခ်စ္သူဘဝတည္းက မိန္းကေလးဘက္က ဦးေဆာင္ေနရရင္ေတာ့ ေရွ႕ဆက္သြားဖို႕ရာနႈန္းျပည့္တြန္႕ဆုတ္သြားတတ္ပါတယ္။

မိသားစုေတြနဲ႕အဆင္မေျပတဲ့အခါ

ဒီကိစၥကေတာ့ အခ်စ္ေရးၾကားမွာ အၿမဲလိုလိုအေနွာင့္အယွက္ေပးတတ္တဲ့ကိစၥပါ။ မာမားဂဲလ္ေတြ ၊ မာမားဘိြဳင္းေတြမွာ အျဖစ္အမ်ားဆုံးပါပဲ။ ခ်စ္သူၾကားျပႆနာေတြကို အေမေတြနဲ႕တိုင္ပင္ ၊ စိတ္ေကာက္ေနတုန္းကေတာ့ ခပ္ဘြင္းဘြင္းေတြရင္ဖြင့္ အေမျဖစ္သူေတြကေတာ့ ကိုယ့္သားသမီးဘက္ကပါၿပီး တစ္ဖက္လူကို စိတ္နာမုန္းတီး။ ျပန္အဆင္ေျပသြားေတာ့ လူႀကီးေတြအဆင္မေျပေတာ့ဘဲ ခိုးေတြ႕လိုေတြ႕နဲ႕ နင့္အေမနဲ႕ငါဘယ္သူ႕ပိုခ်စ္လဲဘာညာ စကားနာေတြထိုးရင္း ေနာက္ဆုံးလမ္းခြဲလိုက္ရတဲ့ အေျခအေနေတြမ်ိဳး ဆိုက္ေရာက္သြားေတာ့တာပဲ ေယာင္းေရ။

Related article>>> အသည္းကြဲျခင္းက ေပးႏုိင္တဲ့ သင္ခန္းစာ (၄)ခု

အရမ္းေသြးေအးလြန္းတဲ့အခါ

ဒါကေတာ့ လမ္းမခြဲသင့္ဘဲ ခြဲျဖစ္သြားတဲ့ အႀကီးဆုံးအေၾကာင္းတရားပါ။  ေယာင္းတို႕ႀကဳံဖူးလားေတာ့မသိဘူး။ ကိုယ္တိုင္ကအရမ္းခ်စ္ေပမဲ့ ေပၚလြင္ေအာင္မေဖာ္ျပတတ္ဘဲ ေတမိမင္းသားလို ႏႈတ္ဆိတ္ေနျခင္းကလည္း တကယ့္ကိုေနရခက္ေစတာပါ။ စိတ္ဆိုးတာလည္းမရွိ ၊ စိတ္ေကာက္တာလည္းမရွိနဲ႕ ခံစားခ်က္မဲ့ၿပီးေသြးေအးတဲ့ပုံစံမ်ိဳးက ပမာမခန္႕သလိုလို တြဲေနရတာပဲတာဝန္အရလိုလိုနဲ႕ ေနာက္ဆုံးသည္းမခံနိုင္ဘဲ လမ္းခြဲဖို႕ကို ဦးတည္လာေစတဲ့ အေၾကာင္းအရင္းတစ္ခုပါ။

ကဲ..ဒီေလာက္ဆိုရင္ေတာ့ ခ်စ္ရက္နဲ႕လမ္းခြဲစကားေျပာလိုက္ရတဲ့  ခံစားခ်က္ေတြကို စာနာနားလည္နိုင္ၾကလိမ့္မယ္ ထင္ပါတယ္။ လက္ထပ္ဖို႕ထိရည္ရြယ္ၿပီးမွ လမ္းခြဲလိုက္ရတဲ့အျဖစ္အပ်က္ေတြနဲ႕ ကင္းေဝးႏိုင္ၾကပါေစ ေယာင္းတို႕ေရ…..

ခ်စ္ရတဲ့ မင္မင္

DiDi ( For Her Myanmar )

<<<Unicode>>>

ဘယ်သူမဆို သက်ဆုံးတိုင်လက်တွဲသွားချင်တာပဲလေ … ဒါပေမဲ့လို့ 🥺

အချစ်တစ်ခုကို အစပြုတဲ့အခါမှာတော့ သက်ဆုံးတိုင် တူတူလျှောက်လှမ်းကြဖို့ ဆုံးဖြတ်ချက်တွေ ခိုင်မာခဲ့ကြတာချည်းပါပဲယောင်းရေ… အချိန်တွေကြာလာတော့မှ မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တွေနဲ့ လမ်းခွဲခဲ့ကြတဲ့ ချစ်သူတွေမနည်းပါဘူး။ ဒီတော့ မင်မင်ကနေ လမ်းခွဲဖို့အစဆွဲထုတ်ပေးနေတဲ့ အကြောင်းအရင်းတွေကို ယောင်းတို့ဆင်ခြင်နိုင်ဖို့ ပြောပြပေးမယ်နော်။

လက်မခံနိုင်လောက်တဲ့ အချက်တွေကို ညှိနှိုင်းမရတဲ့အခါ

အချိန်တွေကြာလာတာနဲ့အမျှ တစ်ယောက်အကြောင်းတစ်ယောက် နက်နက်နဲနဲသိလာပြီး ကိုယ့်အနေနဲ့ ဘယ်လိုမှ လက်သင့်မခံနိုင်တဲ့ အချက်တွေပေါ်လာတတ်ပါတယ်။ အဲ့ဒီအခါမျိုးမှာ ညှိနှိုင်းတိုင်ပင်ပြီး ငါတော့ ဒါမျိုးလက်မခံနိုင်ဘူးဆိုတာမျိုး ဆွေးနွေးနိုင်ပေမဲ့ ဗီဇဆိုတာဖျောက်မရဘဲ လက်မခံနိုင်တဲ့အကြိမ်ရေတွေ များလာပြီး လမ်းခွဲဖို့ကို တစ်စထက်တစ်စ တွန်းအားပေးလာတတ်ပါတယ်။

Related article>>> ခဏလောက်မတွေ့ဘဲနေရအောင်လို့ သူပြောလာတဲ့အခါ ဘာလုပ်သင့်လဲ

အားကိုးနိုင်လောက်တဲ့ အရည်အချင်းတွေ မတွေ့ရတဲ့အခါ

ဒီအချက်ကတော့ မိန်းကလေးတွေတော်တော်များများ လမ်းခွဲတတ်ကြတဲ့ အကြောင်းအရင်းတစ်ခုပါ။ ချစ်ရသူနဲ့ ဘဝတစ်ခုတည်ထောင်တော့မယ်ဆိုရင် အိမ်ထောင်ဦးစီးဖြစ်မယ့်သူက ဦးဆောင်ဦးရွက်ပြုနိုင်မယ့် သူတစ်ယောက်ဖြစ်ဖို့ကို မိန်းကလေးအားလုံးလို့ မဆိုသာပေမဲ့ တော်တော်များများက လိုလားကြပါတယ်။ အနည်းဆုံးတော့ မောင်တစ်ထမ်း မယ်တစ်ရွက်တော့ သွားချင်ကြတဲ့သူ များပါတယ်။ ဒါပေမဲ့လို့ ချစ်သူဘဝတည်းက မိန်းကလေးဘက်က ဦးဆောင်နေရရင်တော့ ရှေ့ဆက်သွားဖို့ရာနှုန်းပြည့်တွန့်ဆုတ်သွားတတ်ပါတယ်။

မိသားစုတွေနဲ့အဆင်မပြေတဲ့အခါ

ဒီကိစ္စကတော့ အချစ်ရေးကြားမှာ အမြဲလိုလိုအနှောင့်အယှက်ပေးတတ်တဲ့ကိစ္စပါ။ မာမားဂဲလ်တွေ ၊ မာမားဘွိုင်းတွေမှာ အဖြစ်အများဆုံးပါပဲ။ ချစ်သူကြားပြဿနာတွေကို အမေတွေနဲ့တိုင်ပင် ၊ စိတ်ကောက်နေတုန်းကတော့ ခပ်ဘွင်းဘွင်းတွေရင်ဖွင့် အမေဖြစ်သူတွေကတော့ ကိုယ့်သားသမီးဘက်ကပါပြီး တစ်ဖက်လူကို စိတ်နာမုန်းတီး။ ပြန်အဆင်ပြေသွားတော့ လူကြီးတွေအဆင်မပြေတော့ဘဲ ခိုးတွေ့လိုတွေ့နဲ့ နင့်အမေနဲ့ငါဘယ်သူ့ပိုချစ်လဲဘာညာ စကားနာတွေထိုးရင်း နောက်ဆုံးလမ်းခွဲလိုက်ရတဲ့ အခြေအနေတွေမျိုး ဆိုက်ရောက်သွားတော့တာပဲ ယောင်းရေ။

Related article>>> အသည်းကွဲခြင်းက ပေးနိုင်တဲ့ သင်ခန်းစာ (၄)ခု

အရမ်းသွေးအေးလွန်းတဲ့အခါ

ဒါကတော့ လမ်းမခွဲသင့်ဘဲ ခွဲဖြစ်သွားတဲ့ အကြီးဆုံးအကြောင်းတရားပါ။  ယောင်းတို့ကြုံဖူးလားတော့မသိဘူး။ ကိုယ်တိုင်ကအရမ်းချစ်ပေမဲ့ ပေါ်လွင်အောင်မဖော်ပြတတ်ဘဲ တေမိမင်းသားလို နှုတ်ဆိတ်နေခြင်းကလည်း တကယ့်ကိုနေရခက်စေတာပါ။ စိတ်ဆိုးတာလည်းမရှိ ၊ စိတ်ကောက်တာလည်းမရှိနဲ့ ခံစားချက်မဲ့ပြီးသွေးအေးတဲ့ပုံစံမျိုးက ပမာမခန့်သလိုလို တွဲနေရတာပဲတာဝန်အရလိုလိုနဲ့ နောက်ဆုံးသည်းမခံနိုင်ဘဲ လမ်းခွဲဖို့ကို ဦးတည်လာစေတဲ့ အကြောင်းအရင်းတစ်ခုပါ။

ကဲ..ဒီလောက်ဆိုရင်တော့ ချစ်ရက်နဲ့လမ်းခွဲစကားပြောလိုက်ရတဲ့  ခံစားချက်တွေကို စာနာနားလည်နိုင်ကြလိမ့်မယ် ထင်ပါတယ်။ လက်ထပ်ဖို့ထိရည်ရွယ်ပြီးမှ လမ်းခွဲလိုက်ရတဲ့အဖြစ်အပျက်တွေနဲ့ ကင်းဝေးနိုင်ကြပါစေ ယောင်းတို့ရေ…..

ချစ်ရတဲ့ မင်မင်

DiDi ( For Her Myanmar )

 

 

 

Yin Sandi Ko
Yin Sandi Ko
ညီမက‌ေတာ့ ဒီဒီပါ .စာေရးရတာကို ရူးသြပ္သူမို႔ ေယာင္းတို႔ကိုဆြဲေဆာင္နိုင္မယ့္ အေရးအသားေတြနဲ႔ ေယာင္းတို႔ေပ်ာ္ေစဖို႔ အၿမဲႀကိဳးစားေနသူပါ။

Leave a Reply

Your email address will not be published. Required fields are marked *