Love

စမတ္က်က် ေယာကၡမ အပိုင္ခ်ဳပ္နည္း (၇)မ်ိဳး

ေယာကၡမဆိုတာ….ခ်ဳပ္တတ္ရင္ အလြယ္ေလးပါ 😛

ကိုကိုခ်စ္ရင္ တစ္ေလာကလံုး ဂရုမစိုက္ဘူးေတြလုပ္ရေအာင္ ဒါေပါကားမဟုတ္ေသးဘူးေနာ္ေယာင္းတုိ႔။ ခ်စ္သူႏွစ္ဦးအတူရွိတာကို ပတ္ဝန္းက်င္က ပံ့ပိုးေထာက္ခံေပးမွလည္း အဲ့ဒီ့အခ်စ္ေတြက ေဝဆာလာမွာပါ။ ကိုယ့္အခ်စ္ေရးမွာ ေမေမက အုိေခစိုျပည္ေနရင္ေတာင္ ေယာကၡမနဲ႔ဓာတ္တည့္ဖို႔လည္းလုိေသးတယ္ေလ။ ဒါေၾကာင့္ အေႏွးနဲ႔အျမန္အပိုင္ခ်ဳပ္လို႔ရေအာင္ ေယာကၡမအပိုင္ခ်ဳပ္နည္းေလး မွ်ေဝေပးပါရေစ။

နံပါတ္စဥ္ (၁)

ေယာကၡမနဲ႔ေတြ႔ေတာ့မယ္ဆိုရင္ ပထမဆံုး ရုိးရုိးယဥ္ယဥ္ဝတ္သြားပါ။ အုိဗာေတြလုပ္ၿပီး ထိုင္မသိမ္းေတြပါေတြ ဝတ္မသြားနဲ႔ေနာ္။ ရုိးရုိးယဥ္ယဥ္ဆိုတာ ဒူးဖံုးစကတ္၊ ဂါဝန္ေလာက္ဆိုလည္းအဆင္ေျပပါတယ္။ အျမင္မွာယဥ္ေနရင္ ဘယ္သားရွင္မဆို လက္မေထာင္မွာပါ။

နံပါတ္စဥ္ (၂)

ေတြ႔တဲ့အခါတုိင္း က်န္းမာေရးအေၾကာင္းေတြပါေတြ ဂရုတစိုက္ေမးပါ။ ကိုကို႔အကူအညီနဲ႔  ေယာကၡမနဲ႔ပတ္သက္သမွ် အခ်က္အလက္ေတြကို ဒိုင္ခံစုေဆာင္းထားပါ။

Related article >>> သံုးဆယ္အ႐ြယ္တို႔ အခ်စ္အေၾကာင္း

နံပါတ္စဥ္ (၃)

အိမ္မႈကိစၥေတြမွာ ေတာ္မေနရင္ေတာင္ ဇီးရုိးမျပဖို႔အေရးႀကီးတယ္။ ဟင္းမခ်က္တတ္ဘူးဆိုတာမ်ိဳးကို သြားၿဖဲဂုဏ္ယူၿပီးမေျပာဖို႔က အဓိကပါေနာ္။ မခ်က္တတ္ရင္ေတာင္ “အခုသင္ေနပါတယ္”ဆိုတာမ်ိဳးက သူတုိ႔ကို သေဘာက်ေစတာပါ။

နံပါတ္စဥ္ (၄)

ေယာကၡမက တစ္ခုခုကိုအႀကံေပးတဲ့အခါျဖစ္ျဖစ္၊ ဆံုးမတဲ့အခါျဖစ္ျဖစ္ မႀကိဳက္ရင္ေတာင္ တေလးတစား နားေထာင္ေပးပါ။ ကိုယ့္စကားကို အေလးထားတဲ့မိန္းကေလးတစ္ေယာက္ကို ဘယ္ေယာကၡမမွ မျငင္းႏုိင္ပါဘူးေနာ္။

Related article >>> ရန္ျဖစ္ေနရင္းေတာင္ အခ်စ္ေတြတိုးေနေစႏိုင္မယ့္ အျပဳအမူ (၅)မ်ိဳး

နံပါတ္စဥ္ (၅)

ေယာကၡမေရွ႕မွာ ကိုကို႔ေကာင္းေၾကာင္းေတြပဲ ေျပာပါ။ ျဖစ္ႏုိင္ရင္ ကိုကိုက ေမေမ့ကို ဘယ္လုိခ်စ္တာ၊ ဘာညာသာရကာေတြပါျဖည့္စြက္ၿပီး အားရပါရရႊီးပါ။ အနည္းဆံုးေတာ့ ေယာကၡမကို ပီတိေတြျဖာေစမွာပါ။

နံပါတ္စဥ္ (၆)

ေပါေတာေတာေတြ မေျပာဖို႔သတိထားပါ။ ေမြးရာပါ ေပါေၾကာမျပတ္ေသးတဲ့ အက္ဒမင့္လိုေယာင္းေတြ သတိအထားသင့္ဆံုးပါ။ ေယာကၡမေရွ႕စပ္ၿဖၿဲဖဲနဲ႔ ေပါက္တတ္ကရေလွ်ာက္ေျပာတာက အင္မတန္ အင္ပရက္ရွင္ေဒါင္းေစပါတယ္။

နံပါတ္စဥ္ (၇)

ေယာကၡမႀကိဳက္တတ္တဲ့မုန္႔ေလးေတြ ဝယ္သြားပါ။ မုန္႔ဆိုတာ တန္ဖိုးသိပ္မႀကီးေပမဲ့ ကိုယ္သူ႔ကိုတန္ဖုိးထားေၾကာင္း ေဖာ္ျပေနတာမ်ိဳးျဖစ္ေစတဲ့ ခ်ဳပ္နည္းတစ္မ်ိိဳးပါပဲေနာ္။

ဒီနည္းလမ္းေတြသာသံုးလိုက္မယ္ဆိုရင္ ကိုကိုနဲ႔ေရာ ကိုကို႔ေမေမနဲ႔ပါ ကီးကိုက္သြားၿပီမို႔ အနာဂတ္အတြက္စိတ္ေအးႏုိင္ပါျပီ။ ေနာက္ထပ္ခ်ဳပ္နည္းေလးေတြရွိေသးရင္လည္း ကြန္မန္႔ထဲမွာမွ်ေဝေပးၾကပါေနာ္။

Christina (For Her Myanmar)

>>> Unicode Version >>>

ယောက္ခမဆိုတာ….ချုပ်တတ်ရင် အလွယ်လေးပါ 😛

ကိုကိုချစ်ရင် တစ်လောကလုံး ဂရုမစိုက်ဘူးတွေလုပ်ရအောင် ဒါပေါကားမဟုတ်သေးဘူးနော်ယောင်းတို့။ ချစ်သူနှစ်ဦးအတူရှိတာကို ပတ်ဝန်းကျင်က ပံ့ပိုးထောက်ခံပေးမှလည်း အဲ့ဒီ့အချစ်တွေက ဝေဆာလာမှာပါ။ ကိုယ့်အချစ်ရေးမှာ မေမေက အိုခေစိုပြည်နေရင်တောင် ယောက္ခမနဲ့ဓာတ်တည့်ဖို့လည်းလိုသေးတယ်လေ။ ဒါကြောင့် အနှေးနဲ့အမြန်အပိုင်ချုပ်လို့ရအောင် ယောက္ခမအပိုင်ချုပ်နည်းလေး မျှဝေပေးပါရစေ။

နံပါတ်စဉ် (၁)

ယောက္ခမနဲ့တွေ့တော့မယ်ဆိုရင် ပထမဆုံး ရိုးရိုးယဉ်ယဉ်ဝတ်သွားပါ။ အိုဗာတွေလုပ်ပြီး ထိုင်မသိမ်းတွေပါတွေ ဝတ်မသွားနဲ့နော်။ ရိုးရိုးယဉ်ယဉ်ဆိုတာ ဒူးဖုံးစကတ်၊ ဂါဝန်လောက်ဆိုလည်းအဆင်ပြေပါတယ်။ အမြင်မှာယဉ်နေရင် ဘယ်သားရှင်မဆို လက်မထောင်မှာပါ။

နံပါတ်စဉ် (၂)

တွေ့တဲ့အခါတိုင်း ကျန်းမာရေးအကြောင်းတွေပါတွေ ဂရုတစိုက်မေးပါ။ ကိုကို့အကူအညီနဲ့  ယောက္ခမနဲ့ပတ်သက်သမျှ အချက်အလက်တွေကို ဒိုင်ခံစုဆောင်းထားပါ။

Related article >>> သုံးဆယ်အရွယ်တို့ အချစ်အကြောင်း

နံပါတ်စဉ် (၃)

အိမ်မှုကိစ္စတွေမှာ တော်မနေရင်တောင် ဇီးရိုးမပြဖို့အရေးကြီးတယ်။ ဟင်းမချက်တတ်ဘူးဆိုတာမျိုးကို သွားဖြဲဂုဏ်ယူပြီးမပြောဖို့က အဓိကပါနော်။ မချက်တတ်ရင်တောင် “အခုသင်နေပါတယ်”ဆိုတာမျိုးက သူတို့ကို သဘောကျစေတာပါ။

နံပါတ်စဉ် (၄)

ယောက္ခမက တစ်ခုခုကိုအကြံပေးတဲ့အခါဖြစ်ဖြစ်၊ ဆုံးမတဲ့အခါဖြစ်ဖြစ် မကြိုက်ရင်တောင် တလေးတစား နားထောင်ပေးပါ။ ကိုယ့်စကားကို အလေးထားတဲ့မိန်းကလေးတစ်ယောက်ကို ဘယ်ယောက္ခမမှ မငြင်းနိုင်ပါဘူးနော်။

Related article >>> ရန်ဖြစ်နေရင်းတောင် အချစ်တွေတိုးနေစေနိုင်မယ့် အပြုအမူ (၅)မျိုး

နံပါတ်စဉ် (၅)

ယောက္ခမရှေ့မှာ ကိုကို့ကောင်းကြောင်းတွေပဲ ပြောပါ။ ဖြစ်နိုင်ရင် ကိုကိုက မေမေ့ကို ဘယ်လိုချစ်တာ၊ ဘာညာသာရကာတွေပါဖြည့်စွက်ပြီး အားရပါရရွှီးပါ။ အနည်းဆုံးတော့ ယောက္ခမကို ပီတိတွေဖြာစေမှာပါ။

နံပါတ်စဉ် (၆)

ပေါတောတောတွေ မပြောဖို့သတိထားပါ။ မွေးရာပါ ပေါကြောမပြတ်သေးတဲ့ အက်ဒမင့်လိုယောင်းတွေ သတိအထားသင့်ဆုံးပါ။ ယောက္ခမရှေ့စပ်ဖြြဲဖဲနဲ့ ပေါက်တတ်ကရလျှောက်ပြောတာက အင်မတန် အင်ပရက်ရှင်ဒေါင်းစေပါတယ်။

နံပါတ်စဉ် (၇)

ယောက္ခမကြိုက်တတ်တဲ့မုန့်လေးတွေ ဝယ်သွားပါ။ မုန့်ဆိုတာ တန်ဖိုးသိပ်မကြီးပေမဲ့ ကိုယ်သူ့ကိုတန်ဖိုးထားကြောင်း ဖော်ပြနေတာမျိုးဖြစ်စေတဲ့ ချုပ်နည်းတစ်မျိုးပါပဲနော်။

ဒီနည်းလမ်းတွေသာသုံးလိုက်မယ်ဆိုရင် ကိုကိုနဲ့ရော ကိုကို့မေမေနဲ့ပါ ကီးကိုက်သွားပြီမို့ အနာဂတ်အတွက်စိတ်အေးနိုင်ပါပြီ။ နောက်ထပ်ချုပ်နည်းလေးတွေရှိသေးရင်လည်း ကွန်မန့်ထဲမှာမျှဝေပေးကြပါနော်။

Christina (For Her Myanmar)

Christina Rosy
နာမည္ကေတာ့ ခရစၥတီးနားပါ။ အလြတ္တမ္း လက္ေထာက္အယ္ဒီတာေပမယ့္လည္း အသက္ကေတာ့ မႏုမရင့္ ၂၂ေပါ့။ For Her Myanmarမွာ မိတ္ကပ္ကလြဲျပီး စံုစီနဖာ အေၾကာင္းစံုေရးေနတဲ့ အစားတစ္လိုင္းအက္ဒမင္ပါ။ ဒီ့အျပင္ အခ်စ္ဇာတ္လမ္းတိုေတြ၊ စိတ္ထဲ မေက်နပ္တဲ့အေၾကာင္းေတြလည္း ေဆာင္းပါးအျဖစ္ထုတ္လုပ္တတ္တယ္။

Leave a Reply

Your email address will not be published. Required fields are marked *