အသည္းကြဲေဝဒနာေတြ ေလ်ာ့ပါးသြားေစမယ့္ အခ်က္ (၆)ခ်က္

ကုသဖို႔ မလြယ္ေပမဲ့ … 

ကိုယ္ သိပ္ခ်စ္ရတဲ့သူနဲ႔ လမ္းခဲြရတဲ့အခါ ဘယ္ေလာက္ထိ စိတ္ကိုထိခိုက္နာက်င္ရလဲဆုိတာ ကိုယ္ကိုယ္တုိင္က လြဲၿပီး ေဘးကလူေတြကလည္း သိပ္နားမလည္ေပးႏုိင္ၾကပါဘူး။ ကိုယ့္ပတ္ဝန္းက်င္က လူေတြက အသည္းကြဲဖူးတဲ့သူေတြ ျဖစ္သည့္တိုင္ တစ္ေယာက္နဲ႔တစ္ေယာက္ မတူတဲ့အတြက္ နားလည္မေပးႏိုင္ၾကတာကလည္း ပံုမွန္ပဲေလေနာ္…

လမ္းခြဲၿပီးေနာက္ပိုင္း အရင္လုိ တစ္ေယာက္နဲ႔တစ္ေယာက္ အဆက္သြယ္ေတြ မရွိၾကေတာ့တဲ့ အခါ … အရင္က အတူတူစားခဲ့ဖူးတဲ့ မုန္႔ေတြ၊ ဖုန္းေျပာခဲ့ဖူးတဲ့အခ်ိန္ေတြ၊ အတူတူသြားခဲ့ဖူးတဲ့ ေနရာေတြ ျပန္ေတြးၾကည့္မိသလို ဒီအခ်ိန္ဆို သူဘာေတြမ်ား လုပ္ေနမလဲ၊ ဘယ္သူေတြနဲ႔လဲ၊ ဘယ္မွာ ရွိေနမွာလဲ က အစခ်ီလို႔ အေတြးေပါင္းစံုနဲ႔ အရူးတစ္ေယာက္လို ပူေလာင္ေနတတ္ၾကတဲ့ အျဖစ္ကိုလည္း ခ်စ္သူနဲ႔ လမ္းခြဲၿပီး အသည္းကြဲဖူးတဲ့ မိန္းကေလးတိုင္း ခံစားဖူးမွာပါ။

ဘယ္ေလာက္ပဲ သတိမရေအာင္ေနေန၊ ဘယ္ေလာက္ပဲ ေမ့ထားတယ္ဆိုဆို တုိက္ဆုိင္တာေတြ ၾကံဳလာတဲ့အခါ … တစ္ေယာက္တည္းအထီးက်န္ေနတဲ့အခါ…ဝမ္းနည္းစရာေတြ ရွိလာတဲ့အခါမ်ိဳးမွာ ဖုန္းေကာက္ဆက္ၿပီး သူ႔ကို ရင္ဖြင့္ခ်င္တဲ့ စိတ္ေတြက က်န္ေနေသးတာ မဟုတ္လား…

ဒါေပမဲ့ … ကိုယ့္စိတ္ကို အလိုလိုက္ၿပီးတဲ့ေနာက္ ဆက္ျဖစ္လာမယ့္ အရာေတြကို ရင္ဆိုင္ႏုိင္ရဲ႕လား? သူ႕ဘက္က ေဖာက္ျပန္လုိ႔ပဲ ျဖစ္ျဖစ္၊ သေဘာထားခ်င္း မတိုက္ဆုိင္လုိ႔ပဲျဖစ္ျဖစ္၊ ဘယ္လိုမွ ညွိမရေတာ့လို႔ပဲျဖစ္ျဖစ္ … ဘယ္လုိအေၾကာင္းမ်ိဳးေၾကာင့္နဲ႔ပဲ လမ္းခြဲ လမ္းခြဲ … ျပန္ပတ္သက္လို႔ အဆင္မေျပတဲ့ relationship မ်ိဳးအတြက္ဆိုရင္ေတာ့ အဓိက ကိုယ့္စိတ္ကိုယ္ ျပင္ဆင္တတ္ဖို႔ အေရးႀကီးပါတယ္။ ဒီလိုျပင္ဆင္ဖို႔အတြက္ ဘာေတြမ်ား လိုအပ္မလဲ??

၁။ ဒဏ္ရာက်က္ဖို႔ အခ်ိန္ေပးပါ။

အခ်ိန္ကာလတခု အထိ တူတူရွိေနတဲ့ အတြက္ ခ်က္ခ်င္းႀကီး ေမ့ပစ္လုိက္ဖုိ႔ ဆိုတာ ဘယ္လြယ္ပါ့မလဲ။ ဒီေတာ့ မျဖစ္ႏုိင္တဲ့ အရာကို အတင္းႀကီး မလုပ္ယူဘဲ သတိရတဲ့ အခ်ိန္မွာ သတိရပါ။ ငိုခ်င္လာရင္ ငိုခ်လုိက္ပါ။ ဒီလို လုပ္ျခင္းက တျမည့္ျမည့္နဲ႔ အၾကာႀကီး မခံစားရေတာ့ဘဲ ၾကာလာတဲ့အခါ ေဝဒနာက တေျဖးေျဖး ေလ်ာ့ပါးလာပါလိမ့္မယ္။ ခံစားရတဲ့ ေဝဒနာေတြ သက္သာလာေလေလ ဒဏ္ရာက်က္ဖုိ႔ နီးလာေလေလပါ။ အမာရြတ္က်န္တာေတာ့ က်န္တာ တစ္ပိုင္းေပါ့ေလ…

Related Article >>> အသည္းကြဲျခင္းက ေပးႏုိင္တဲ့ သင္ခန္းစာ (၄)ခု

၂။ ကိုယ့္ကိုယ္ကိုယ္ ဂရုစိုက္ပါ။

အိပ္ခ်ိန္မွန္မွန္အိပ္၊ အစားပံုမွန္စားၿပီး ကိုယ့္ကိုယ္ကိုယ္ လွေအာင္ေနပါ။ ခ်စ္သူနဲ႔ ကြဲလို႔  ေနခ်င္သလိုေနတယ္ဆုိတာ ကိုယ့္အတြက္ အ႐ံႈးေတြခ်ည္းပါပဲ။ ကိုယ့္ကို မခ်စ္လုိ႔ နီးစပ္ဖုိ႔ မႀကိဳးစားဘဲ အေဝးခံလိုက္တဲ့သူအတြက္ ကိုယ့္ဘဝတစ္ခုလံုး ေရစုန္ေမ်ာပစ္စရာ မလုိပါဘူး။ အရင္ သူမရွိခင္ကလည္း တစ္ေယာက္တည္းပဲ ေနခဲ့တာပဲေလ။  တစ္ေယာက္တည္း အားေနတဲ့အခါမ်ိဳးေတြမွာ မေကာင္းတဲ့အတိတ္က အမွတ္တရေတြကို ေတြးေနမယ့္အစား Youtube ကေန makeup tutorial ေတြ ၾကည့္ၿပီး ကိုယ့္ကိုကိုယ္ လွေအာင္ျပင္ေနလုိက္ပါ။ မိတ္ေဆြသစ္ေတြ ရွာပါ။ ေတာ္သည္ထက္ ေတာ္လာေအာင္ ႀကိဳးစားပါ။

တစ္ခုရွိတာက အသည္းကြဲေနတဲ့အခ်ိန္ေတြမွာ ခ်စ္ၾကည္ႏူး၊ တစ္တီတူးေနၾကတဲ့ အခ်စ္ငွက္ေတြကို ၾကည့္မိရင္ က်က္စျပဳေနတဲ့ ဒဏ္ရာက ျပန္အက္ေၾကာင္းထင္လာတတ္တဲ့ ျပႆနာပါပဲ။ ခ်စ္သူမ်ားေန႔လို ေန႔မ်ိဳးဆို ပိုဆိုးေပါ့… အိမ္တြင္းပုန္းေနျပန္ရင္လည္း အထီးက်န္၊ အျပင္ထြက္ရင္လည္း အတြဲေလးေတြၾကည့္ၿပီး ေၾကကြဲဆိုေတာ့ ဘာလုပ္လုိ႔ လုပ္ရမွန္းမသိေပါ့… ဒီလိုအေျခအေနမ်ိဳးဆို တစ္ခ်က္ခုတ္၊ ႏွစ္ခ်က္ျပတ္ေစမယ့္ အေျဖကေတာ့ ပတ္ဝန္းက်င္သစ္မွာ မိတ္ေဆြသစ္ေတြ ရွာေဖြတာပါပဲ။ ဥပမာ မႏွစ္က For Her Myanmar က စီစဥ္ေပးခဲ့တဲ့ Single Ladies’ Night လိုပြဲမ်ိဳးေပါ့… သူငယ္ခ်င္း အသစ္ေတြနဲ႔လည္း ဆံုႏိုင္သလို ကိုယ္လည္း လွလွပပေလး ျပင္ဆင္လို႔ရတယ္၊ စိတ္သစ္လူသစ္ပံုစံမ်ိဳးလည္း ျဖစ္သြားတယ္၊ အခ်စ္ငွက္ေတြကိုလည္း မ်က္စိေနာက္စရာ မလုိေတာ့ဘူးေလ… ဒီႏွစ္ ခ်စ္သူမ်ားေန႔ (၁၄.၂.၂၀၁၉)မွာလည္း ဒီလို ပြဲမ်ိဳးေလး စီစဥ္ထားေပးဦးမွာပါလို႔… အေသးစိတ္ကေတာ့ မၾကာမီ လာမည္ ေမွ်ာ္ေပါ့ ေယာင္းတို႔ေရ…

၃။ မိသားစု နဲ႔ သူငယ္ခ်င္းေတြကို အခ်ိန္ေပးပါ။

အရင္က ရည္းစားနဲ႔ပဲ ေတြ႕ေနလုိ႔ သူငယ္ခ်င္းေတြကို အခ်ိန္မေပးျဖစ္ခဲ့ဘူးမလား။ ခု ေယာင္းရဲ႕အခ်ိန္ေတြကို ခ်စ္ရတဲ့ သူငယ္ခ်င္းေတြ နဲ႔ ကိုယ့္ရဲ ႔မိသားစုကို ေပးလုိက္ပါဦး။ သူတို႔နဲ႔ တူတူ အျပင္ထြက္ မုန္႔စားတာမ်ိဳး၊ ရုပ္ရွင္တူတူသြားၾကည့္တာမ်ိဳး လုပ္ၿပီး ဝမ္းနည္းစရာေတြကို ေမ့ထားလုိက္ပါ။ လံုးဝေမ့လို႔ မရသည့္တိုင္ ကိုယ့္ကိုခ်စ္တဲ့သူေတြ၊ ကိုယ္က ခ်စ္တဲ့သူေတြနဲ႔ ဆိုရင္ေတာ့ ခံစားရ နည္းနည္း သက္သာတာေပါ့…

၄။ အေဆြးသီခ်င္းေတြ၊ အလြမ္းရုပ္ရွင္ေတြနဲ႔ ေဝးေဝးေနပါ။

ညဘက္ အိပ္ခါနီး တစ္ေယာက္တညး္ရွိေနတဲ့ အခါမ်ိဳးေတြက အေတြးေတြနဲ႔ လြမ္းေဆြးတတ္တဲ့စိတ္ကုိ ပိုျဖစ္ေစတတ္ပါတယ္။ အဲ့လိုအခါမ်ိဳးေတြမွာ သီခ်င္းနားေထာင္တာေတြ၊ ရုပ္ရွင္ၾကည့္တာေတြကလည္း အရင္က အေၾကာင္းေတြကို တရိပ္ရိပ္ျပန္တမ္းတမိေစတာမို႔ ေဝးေဝးေရွာင္ပါ။ ေစာေစာအိပ္လုိ႔ မေပ်ာ္တဲ့အခါ သူငယ္ခ်င္းေတြနဲ႔ Chat တာမ်ိဳး၊ ဖုန္းေျပာတာမ်ိဳး၊ မိသားစုနဲ႔ တူတူ TV ၾကည့္တာမ်ိဳးေတြ နဲ႔ ေလ့လာမွတ္သားစရာ စာအုပ္ဖတ္တာေတြ၊ Game တစ္ခုခု ေဆာ့တာေတြကလည္း အဲ့ဒီအရာေတြကို မေတြးျဖစ္တာမို႔ လုပ္ၾကည့့္ေနာ္။

Related Article >>> အသည္းကြဲေပ်ာက္ေဆးဆိုတာ တကယ္ရွိလား?

၅။ အခ်ိန္ခဏေလးအတြင္း ေနာက္တစ္ေယာက္ ထပ္ထားတာမ်ိဳးကို ေရွာင္ပါ။

အရင္လူကို ရြဲ ႔ခ်င္လို႔ျဖစ္ျဖစ္၊ ကိုယ့္ဝမ္းနည္းမႈေတြကို ေျဖေဖ်ာက္ႏုိင္ဖို႔ပဲျဖစ္ျဖစ္ အလြယ္တကူ ေနာက္တစ္ေယာက္ ထပ္မထားမိပါေစနဲ႔ ေယာင္းတို႔ေရ။ ကုိယ္က တကယ္မခ်စ္ဘဲ တြဲမိတာမို႔ ေနာက္လူအတြက္လည္း မေကာင္းသလို ကိုယ့္အတြက္လည္း ေရရွည္မွာ အဆင္ေျပႏုိင္မွာ မဟုတ္ပါဘူးေနာ္။

၆။ တစ္ခုခုအေပၚ စိတ္ႏွစ္ၾကည့္ပါ။

ေကာင္းတဲ့အရာ တစ္ခုခုအေပၚ စိတ္ႏွစ္ၾကည့္ပါ။ ကိုယ္ဝါသနာပါတဲ့ အရာ တစ္ခုခုကို ေသခ်ာေလ့လာတာမ်ိဳး၊ သင္ယူတာမ်ိဳးကလည္း စိတ္ညစ္စရာေတြ မေတြးမိဖို႔ အေကာင္းဆံုးနည္းလမ္းပါ။ ဘဝဆိုတာက ကိုယ့္ကိုကိုယ္ ထူၿပီး ကိုယ့္ဟာကိုယ္ထမွပဲ ရမွာမို႔ ခ်စ္သူနဲ႔ ေဝးရရံုနဲ႔ မၿပိဳလဲပါေစနဲ႔ ေနာ္။

ဒီ နည္းလမ္းေလးေတြက ခ်စ္သူနဲ႔ လမ္းခြဲၿပီးစ ပူေဆြးၿပီး စိတ္ဓာတ္က်ေနတဲ့ ေယာင္းတို႔အတြက္ အသံုးဝင္မယ္လို႔ ေမ်ွာ္လင့္ပါတယ္။

With Love,

Megan (For Her Myanmar)

<<< Unicode >>>

ကုသဖို့ မလွယ်ပေမဲ့ …

ကိုယ် သိပ်ချစ်ရတဲ့သူနဲ့ လမ်းခွဲရတဲ့အခါ ဘယ်လောက်ထိ စိတ်ကိုထိခိုက်နာကျင်ရလဲဆိုတာ ကိုယ်ကိုယ်တိုင်က လွဲပြီး ဘေးကလူတွေကလည်း သိပ်နားမလည်ပေးနိုင်ကြပါဘူး။ ကိုယ့်ပတ်ဝန်းကျင်က လူတွေက အသည်းကွဲဖူးတဲ့သူတွေ ဖြစ်သည့်တိုင် တစ်ယောက်နဲ့တစ်ယောက် မတူတဲ့အတွက် နားလည်မပေးနိုင်ကြတာကလည်း ပုံမှန်ပဲလေနော်…

လမ်းခွဲပြီးနောက်ပိုင်း အရင်လို တစ်ယောက်နဲ့တစ်ယောက် အဆက်သွယ်တွေ မရှိကြတော့တဲ့ အခါ … အရင်က အတူတူစားခဲ့ဖူးတဲ့ မုန့်တွေ၊ ဖုန်းပြောခဲ့ဖူးတဲ့အချိန်တွေ၊ အတူတူသွားခဲ့ဖူးတဲ့ နေရာတွေ ပြန်တွေးကြည့်မိသလို ဒီအချိန်ဆို သူဘာတွေများ လုပ်နေမလဲ၊ ဘယ်သူတွေနဲ့လဲ၊ ဘယ်မှာ ရှိနေမှာလဲ က အစချီလို့ အတွေးပေါင်းစုံနဲ့ အရူးတစ်ယောက်လို ပူလောင်နေတတ်ကြတဲ့ အဖြစ်ကိုလည်း ချစ်သူနဲ့ လမ်းခွဲပြီး အသည်းကွဲဖူးတဲ့ မိန်းကလေးတိုင်း ခံစားဖူးမှာပါ။

ဘယ်လောက်ပဲ သတိမရအောင်နေနေ၊ ဘယ်လောက်ပဲ မေ့ထားတယ်ဆိုဆို တိုက်ဆိုင်တာတွေ ကြုံလာတဲ့အခါ … တယောက်တည်းအထီးကျန်နေတဲ့အခါ…ဝမ်းနည်းစရာတွေ ရှိလာတဲ့အခါမျိုးမှာ ဖုန်းကောက်ဆက်ပြီး သူ့ကို ရင်ဖွင့်ချင်တဲ့ စိတ်တွေက ကျန်နေသေးတာ မဟုတ်လား…

ဒါပေမဲ့ … ကိုယ့်စိတ်ကို အလိုလိုက်ပြီးတဲ့နောက် ဆက်ဖြစ်လာမယ့် အရာတွေကို ရင်ဆိုင်နိုင်ရဲ့လား? သူ့ဘက်က ဖောက်ပြန်လို့ပဲ ဖြစ်ဖြစ်၊ သဘောထားချင်း မတိုက်ဆိုင်လို့ပဲဖြစ်ဖြစ်၊ ဘယ်လိုမှ ညှိမရတော့လို့ပဲဖြစ်ဖြစ် … ဘယ်လိုအကြောင်းမျိုးကြောင့်နဲ့ပဲ လမ်းခွဲ လမ်းခွဲ … ပြန်ပတ်သက်လို့ အဆင်မပြေတဲ့ relationship မျိုးအတွက်ဆိုရင်တော့ အဓိက ကိုယ့်စိတ်ကိုယ် ပြင်ဆင်တတ်ဖို့ အရေးကြီးပါတယ်။ ဒီလိုပြင်ဆင်ဖို့အတွက် ဘာတွေများ လိုအပ်မလဲ??

၁။ ဒဏ်ရာကျက်ဖို့ အချိန်ပေးပါ။

အချိန်ကာလတခု အထိ တူတူရှိနေတဲ့ အတွက် ချက်ချင်းကြီး မေ့ပစ်လိုက်ဖို့ ဆိုတာ ဘယ်လွယ်ပါ့မလဲ။ ဒီတော့ မဖြစ်နိုင်တဲ့ အရာကို အတင်းကြီး မလုပ်ယူဘဲ သတိရတဲ့ အချိန်မှာ သတိရပါ။ ငိုချင်လာရင် ငိုချလိုက်ပါ။ ဒီလို လုပ်ခြင်းက တမြည့်မြည့်နဲ့ အကြာကြီး မခံစားရတော့ဘဲ ကြာလာတဲ့အခါ ဝေဒနာက တဖြေးဖြေး လျော့ပါးလာပါလိမ့်မယ်။ ခံစားရတဲ့ ဝေဒနာတွေ သက်သာလာလေလေ ဒဏ်ရာကျက်ဖို့ နီးလာလေလေပါ။ အမာရွတ်ကျန်တာတော့ ကျန်တာ တစ်ပိုင်းပေါ့လေ…

Related Article >>> အသည်းကွဲခြင်းက ပေးနိုင်တဲ့ သင်ခန်းစာ (၄)ခု

၂။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ။

အိပ်ချိန်မှန်မှန်အိပ်၊ အစားပုံမှန်စားပြီး ကိုယ့်ကိုယ်ကိုယ် လှအောင်နေပါ။ ချစ်သူနဲ့ ကွဲလို့  နေချင်သလိုနေတယ်ဆိုတာ ကိုယ့်အတွက် အရှုံးတွေချည်းပါပဲ။ ကိုယ့်ကို မချစ်လို့ နီးစပ်ဖို့ မကြိုးစားဘဲ အဝေးခံလိုက်တဲ့သူအတွက် ကိုယ့်ဘဝတခုလုံး ရေစုန်မျောပစ်စရာ မလိုပါဘူး။ အရင် သူမရှိခင်ကလည်း တစ်ယောက်တည်းပဲ နေခဲ့တာပဲလေ။  တစ်ယောက်တည်း အားနေတဲ့အခါမျိုးတွေမှာ မကောင်းတဲ့အတိတ်က အမှတ်တရတွေကို တွေးနေမယ့်အစား Youtube ကနေ makeup tutorial တွေ ကြည့်ပြီး ကိုယ့်ကိုကိုယ် လှအောင်ပြင်နေလိုက်ပါ။ မိတ်ဆွေသစ်တွေ ရှာပါ။ တော်သည်ထက် တော်လာအောင် ကြိုးစားပါ။

တစ်ခုရှိတာက အသည်းကွဲနေတဲ့အချိန်တွေမှာ ချစ်ကြည်နူး၊ တစ်တီတူးနေကြတဲ့ အချစ်ငှက်တွေကို ကြည့်မိရင် ကျက်စပြုနေတဲ့ ဒဏ်ရာက ပြန်အက်ကြောင်းထင်လာတတ်တဲ့ ပြဿနာပါပဲ။ ချစ်သူများနေ့လို နေ့မျိုးဆို ပိုဆိုးပေါ့… အိမ်တွင်းပုန်းနေပြန်ရင်လည်း အထီးကျန်၊ အပြင်ထွက်ရင်လည်း အတွဲလေးတွေကြည့်ပြီး ကြေကွဲဆိုတော့ ဘာလုပ်လို့ လုပ်ရမှန်းမသိပေါ့… ဒီလိုအခြေအနေမျိုးဆို တစ်ချက်ခုတ်၊ နှစ်ချက်ပြတ်စေမယ့် အဖြေကတော့ ပတ်ဝန်းကျင်သစ်မှာ မိတ်ဆွေသစ်တွေ ရှာဖွေတာပါပဲ။ ဥပမာ မနှစ်က For Her Myanmar က စီစဉ်ပေးခဲ့တဲ့ Single Ladies’ Night လိုပွဲမျိုးပေါ့… သူငယ်ချင်း အသစ်တွေနဲ့လည်း ဆုံနိုင်သလို ကိုယ်လည်း လှလှပပလေး ပြင်ဆင်လို့ရတယ်၊ စိတ်သစ်လူသစ်ပုံစံမျိုးလည်း ဖြစ်သွားတယ်၊ အချစ်ငှက်တွေကိုလည်း မျက်စိနောက်စရာ မလိုတော့ဘူးလေ… ဒီနှစ် ချစ်သူများနေ့ (၁၄.၂.၂၀၁၉)မှာလည်း ဒီလို ပွဲမျိုးလေး စီစဉ်ထားပေးဦးမှာပါလို့… အသေးစိတ်ကတော့ မကြာမီ လာမည် မျှော်ပေါ့ ယောင်းတို့ရေ…

၃။ မိသားစု နဲ့ သူငယ်ချင်းတွေကို အချိန်ပေးပါ။

အရင်က ရည်းစားနဲ့ပဲ တွေ့နေလို့ သူငယ်ချင်းတွေကို အချိန်မပေးဖြစ်ခဲ့ဘူးမလား။ ခု ယောင်းရဲ့အချိန်တွေကို ချစ်ရတဲ့ သူငယ်ချင်းတွေ နဲ့ ကိုယ့်ရဲ့မိသားစုကို ပေးလိုက်ပါဦး။ သူတို့နဲ့ တူတူ အပြင်ထွက် မုန့်စားတာမျိုး၊ ရုပ်ရှင်တူတူသွားကြည့်တာမျိုး လုပ်ပြီး ဝမ်းနည်းစရာတွေကို မေ့ထားလိုက်ပါ။ လုံးဝမေ့လို့ မရသည့်တိုင် ကိုယ့်ကိုချစ်တဲ့သူတွေ၊ ကိုယ်က ချစ်တဲ့သူတွေနဲ့ ဆိုရင်တော့ ခံစားရ နည်းနည်း သက်သာတာပေါ့…

၄။ အဆွေးသီချင်းတွေ၊ အလွမ်းရုပ်ရှင်တွေနဲ့ ဝေးဝေးနေပါ။

ညဘက် အိပ်ခါနီး တယောက်တည်းရှိနေတဲ့ အခါမျိုးတွေက အတွေးတွေနဲ့ လွမ်းဆွေးတတ်တဲ့စိတ်ကို ပိုဖြစ်စေတတ်တယ်။ အဲ့လိုအခါမျိုးတွေမှာ သီချင်းနားထောင်တာတွေ၊ ရုပ်ရှင်ကြည့်တာတွေကလည်း အရင်က အကြောင်းတွေကို တရိပ်ရိပ်ပြန်တမ်းတမိစေတာမို့ ဝေးဝေးရှောင်ပါ။ စောစောအိပ်လို့ မပျော်တဲ့အခါ သူငယ်ချင်းတွေနဲ့ Chat တာမျိုး၊ ဖုန်းပြောတာမျိုး၊ မိသားစုနဲ့ တူတူ TV ကြည့်တာမျိုးတွေ နဲ့ လေ့လာမှတ်သားစရာ စာအုပ်ဖတ်တာတွေ၊ Game တခုခု ဆော့တာတွေကလည်း အဲ့ဒီအရာတွေကို မတွေးဖြစ်တာမို့ လုပ်ကြည့်နော်။

Related Article >>> အသည်းကွဲပျောက်ဆေးဆိုတာ တကယ်ရှိလား?

၅။ အချိန်ခဏလေးအတွင်း နောက်တစ်ယောက် ထပ်ထားတာမျိုးကို ရှောင်ပါ။

အရင်လူကို ရွဲ့ချင်လို့ဖြစ်ဖြစ်၊ ကိုယ့်ဝမ်းနည်းမှုတွေကို ဖြေဖျောက်နိုင်ဖို့ပဲဖြစ်ဖြစ် အလွယ်တကူ နောက်တယောက် ထပ်မထားမိပါစေနဲ့ ယောင်းတို့ရေ။ ကိုယ်က တကယ်မချစ်ဘဲ တွဲမိတာမို့ နောက်လူအတွက်လည်း မကောင်းသလို ကိုယ့်အတွက်လည်း ရေရှည်မှာ အဆင်ပြေနိုင်မှာ မဟုတ်ပါဘူးနော်။

၆။ တစ်ခုခုအပေါ် စိတ်နှစ်ကြည့်ပါ။

ကောင်းတဲ့အရာတခုခုအပေါ် စိတ်နှစ်ကြည့်ပါ။ ကိုယ်ဝါသနာပါတဲ့ အရာ တခုခုကို သေချာလေ့လာတာမျိုး၊ သင်ယူတာမျိုးကလည်း စိတ်ညစ်စရာတွေ မတွေးမိဖို့ အကောင်းဆုံးနည်းလမ်းပါ။ ဘဝဆိုတာက ကိုယ့်ကိုကိုယ် ထူပြီး ကိုယ့်ဟာကိုယ်ထမှပဲ ရမှာမို့ ချစ်သူနဲ့ ဝေးရရုံနဲ့ မပြိုလဲပါစေနဲ့ နော်။

ဒီ နည်းလမ်းလေးတွေက ချစ်သူနဲ့ လမ်းခွဲပြီးစ ပူဆွေးပြီး စိတ်ဓာတ်ကျနေတဲ့ ယောင်းတို့အတွက် အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်။

With Love,

Megan (For Her Myanmar)

No Comments Yet

Comments are closed