သိပၸံနည္းက်က် ေယာင္းအေပၚအခ်စ္ေတြ ၿပိဳဆင္းလာေအာင္္လုပ္ႏိုင္မယ့္အခ်က္(၆)ခ်က္

ဒီလိုနည္းဗ်ဴဟာေတြသိထားတာလည္း အရႈံးမရွိပါဘူးေလ

အခ်စ္ဆိုတာေႏြးေထြးၾကင္နာမႈေတြ ၊ ရင္းနွီးမႈေတြကေန စတင္လာတယ္လို႔ပဲ ဆိုရမလား??  လူေတာ္ေတာ္မ်ားမ်ားက အခ်စ္ကို ေရြးခ်ယ္တဲ႔ေနရာမွာေတာ့ တရင္းတႏွီးနဲ႔ ေႏြးေထြးၾကင္နာတတ္တဲ့သူေတြကို ပိုအေလးေပးၿပီး ေရြးခ်ယ္တတ္ၾကပါတယ္။ ဒီေတာ့ ေယာင္းတို႔ခ်စ္ေနသူေတြအေပၚမွာလည္း  ဒီလိုခံစားမႈေတြ လႊမ္းမိုးခံရၿပီး ေယာင္းတို႔အေပၚစိတ္ယိုင္လဲလာေစဖို႔ ဘယ္လိုလုပ္ေဆာင္ရမလဲဆိုတာကို ျဖဴသန္႔ကေဝမွ်ေပးသြားပါမယ္။ 

(၁)ပထမဆံုးေတြတဲ့အခ်ိန္မွာေႏြးေထြးတဲ့ အစားစာေတြကိုမွာပါ။

ပထမဆံုးခ်ိန္းေတြ႔တဲ့အခ်ိန္မွာ ေကာ္ဖီပူပူေလးမွာေသာက္တာက ေႏြးေထြးတယ္လို႔ ခံစားရေစပါတယ္။ ေႏြးေထြးတဲ့ေနရာ၊ အစားစာ၊ ေႏြးေထြးတဲ့အရာေတြက လူေတြကိုပိုၿပီး သတိတရမွတ္မိေနေစလို႔ပါ။

(၂)မ်က္လံုးခ်င္းစကားေျပာပါ။

မ်က္ဝန္းဆိုတာစိတ္ရဲ႕ တံခါးေပါက္ျဖစ္ပါတယ္။  မ်က္လံုးခ်င္းဆက္သြယ္တာက အခ်စ္ေတြပိုတိုးေစပါတယ္တဲ့။ မ်က္ဝန္းကိုၾကည့္တာနဲ႔ဘာေျပာခ်င္လဲ၊ ဘယ္လိုစိတ္ခံစားေနရလဲ၊ လိမ္ေျပာေနလားဆိုတာ ခန္႔မွန္းလို႔ရပါတယ္။ အရမ္းခ်စ္ၾကတဲ့ ခ်စ္သူစံုတြဲ ၇၅%က မ်က္လံုးၾကည့္လိုက္တာနဲ႔ အခ်င္းခ်င္းနားလည္တယ္လို႔ ေျပာၾကပါတယ္။ ဒါေၾကာင့္ အခ်စ္မွာေပ်ာ္ဝင္ဖို႔ဆိုရင္ မ်က္လံုးခ်င္း ဆက္သြယ္ေပးဖို႔မေမ့ပါနဲ႔ေနာ္။

Related Article >>> အခ်စ္ေရးမွာ ယံုၾကည္မႈခ်ိဳးေဖာက္ခံရတဲ့အခါ ကိုယ့္ကိုယ္ကိုယ္ျပန္ေမးၾကည့္သင့္တဲ့ေမးခြန္းမ်ား

(၃) အရွိအတိုင္း ပြင့္ပြင့္လင္းလင္းေနပါ။

 ခ်ိန္းေတြ႕တဲ့အခ်ိန္မွာ ေၾကာက္ေနတာေတြ၊ ကိုးရိုးကားရားနိုင္တာေတြ၊ အက်င့္ဆိုးေလးေတြကို ဖံုးကြယ္ထားစရာမလိုပါဘူး။ အလြဲေလးေတြကို ဟာသအျဖစ္ေျပာရင္း တစ္ဖက္လူစိတ္ထဲမွာမွတ္မွတ္ရရ ထင္က်န္ေနေစမွာပါေနာ္။

(၄) နွစ္ေယာက္ထဲသိတဲ့ဘာသာစကားကိုျပဳလုပ္ပါ။

နွစ္ေယာက္ထဲသိတဲ့ ဘာသာစကားျပဳလုပ္ထားတာက ပိုေႏြးေထြးၿပီး ရင္းနွီးတယ္လို႔ခံစားရေစမွာပါ။ အႀကိဳက္တူျဖစ္နိုင္တဲ့ ရုပ္ရွင္ေတြ၊ ဟာသေတြ ၊ သီခ်င္းေတြ၊ စာအုပ္ေတြကိုေျပာၿပီး ဒီနာမည္ေလးေတြနဲ႔ လွ်ိဳ႕ဝွက္ဘာသာစကားဖန္တီးလိုက္ရင္ေတာ့ ေတြ႔တာမၾကာေသးေပမဲ့လည္းအရမ္းရင္းနွီးေနသလို ခံစားရေစမွာပါေနာ္။

Related Article>>> အခ်စ္က က်န္းမာေရး ေကာင္းေစလား?

(၅) အေကာင္းျမင္ေပးပါ။

အေကာင္းျမင္တာက တစ္ဖက္လူရဲ႕ယံုၾကည္မႈကို ပိုရေစမွာပါ။ ျပႆနာတစ္ခုျဖစ္ရင္ အဆိုးျမင္ၿပီးအျပစ္တင္စကားေျပာမဲ့အစား ေႏြးေထြးတဲ့စကားေတြေျပာရင္းနဲ႔ ဝိုင္းေျဖရွင္းေပးတာက တစ္ဖက္သူရဲ႕စိတ္ထဲကို စြဲၿမဲေနေအာင္မွတ္မိေနေစလို႔ သူ႔ဆီကအခ်စ္ကိုရဖို႔ ပိုလြယ္ကူေစမွာပါ။

(၆)ဖုန္းစေခၚတာကိုေစာင့္ပါ။

အရမ္းမရင္းနွီးေသးတဲ့အခ်ိန္မွာ တစ္ဖက္သူဆီကို ဖုန္းစဆက္တာေတြ၊ စာအရင္ပို႔တာေတြမလုပ္ပါနဲ႔။ ဖုန္းေစာင့္ေနတာနဲ႔လည္း အခ်ိန္ေတြမကုန္ေစပါနဲ႔။ ေစာင့္ေနရတယ္ဆိုတာ စိတ္ကိုပိုထိခိုက္ေစလို႔ တျခားမွာအာရံုစိုက္ၿပီး ေမ့ေမ့ေပ်ာက္ေပ်ာက္ေနသင့္ပါတယ္။ တစ္ဖက္က ဖုန္းစဆက္လာရင္လည္း ခ်က္ခ်င္းဖုန္းကိုင္တာမလုပ္ဘဲ Miss call ၁၀ ခါေလာက္ျဖစ္မွ ဖုန္းကိုင္တာမ်ိဳးလုပ္သင့္ပါတယ္။ဒီလိိုအျပဳမူေတြေၾကာင့္ တစ္ဦးနဲ႔တစ္ဦး နားလည္ဖို႔ပိုႀကိဳးစားမိသလို relationship တစ္ခုမွာ ဘာေတြအေရးႀကီးလဲဆိုတာကို နားလည္လာပါလိမ့္မယ္။

ေယာင္းတို႔ခ်စ္တဲ့သူေတြ စိတ္ကိုလႊမ္းမိုးႏိုင္မယ့္ အခ်က္ေလးေတြေျပာျပၿပီးၿပီဆိုေတာ့ က်န္တာကေယာင္းတို႔တာဝန္ပါပဲလို႔။ အခ်စ္တစ္ခုတည္ၿမဲဖို႔ဆိုရင္ေတာ့ နားလည္မႈေတြ၊ ယံုၾကည္မႈေတြ၊ခ်စ္ျခင္းေမတၱာေတြ၊သစၥာရွိမႈေတြနဲ႔ ေရွ႕ဆက္သြားၾကပါလို႔ အၾကံေပးရင္း……..

Reference Link>>>Brightside,cosmopolitan

Phyu Thant(For Her Myanmar)

<<<Unicode>>>

 

ဒီလိုနည်းဗျူဟာတွေသိထားတာလည်း အရှုံးမရှိပါဘူးလေ

အချစ်ဆိုတာနွေးထွေးကြင်နာမှုတွေ ၊ ရင်းနှီးမှုတွေကနေ စတင်လာတယ်လို့ပဲ ဆိုရမလား??  လူတော်တော်များများက အချစ်ကို ရွေးချယ်တဲ့နေရာမှာတော့ တရင်းတနှီးနဲ့ နွေးထွေးကြင်နာတတ်တဲ့သူတွေကို ပိုအလေးပေးပြီး ရွေးချယ်တတ်ကြပါတယ်။ ဒီတော့ ယောင်းတို့ချစ်နေသူတွေအပေါ်မှာလည်း  ဒီလိုခံစားမှုတွေ လွှမ်းမိုးခံရပြီး ယောင်းတို့အပေါ်စိတ်ယိုင်လဲလာစေဖို့ ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာကို ဖြူသန့်ကဝေမျှပေးသွားပါမယ်။ 

(၁)ပထမဆုံးတွေတဲ့အချိန်မှာနွေးထွေးတဲ့ အစားစာတွေကိုမှာပါ။

ပထမဆုံးချိန်းတွေ့တဲ့အချိန်မှာ ကော်ဖီပူပူလေးမှာသောက်တာက နွေးထွေးတယ်လို့ ခံစားရစေပါတယ်။ နွေးထွေးတဲ့နေရာ၊ အစားစာ၊ နွေးထွေးတဲ့အရာတွေက လူတွေကိုပိုပြီး သတိတရမှတ်မိနေစေလို့ပါ။

(၂)မျက်လုံးချင်းစကားပြောပါ။

မျက်ဝန်းဆိုတာစိတ်ရဲ့ တံခါးပေါက်ဖြစ်ပါတယ်။  မျက်လုံးချင်းဆက်သွယ်တာက အချစ်တွေပိုတိုးစေပါတယ်တဲ့။ မျက်ဝန်းကိုကြည့်တာနဲ့ဘာပြောချင်လဲ၊ ဘယ်လိုစိတ်ခံစားနေရလဲ၊ လိမ်ပြောနေလားဆိုတာ ခန့်မှန်းလို့ရပါတယ်။ အရမ်းချစ်ကြတဲ့ ချစ်သူစုံတွဲ ၇၅%က မျက်လုံးကြည့်လိုက်တာနဲ့ အချင်းချင်းနားလည်တယ်လို့ ပြောကြပါတယ်။ ဒါကြောင့် အချစ်မှာပျော်ဝင်ဖို့ဆိုရင် မျက်လုံးချင်း ဆက်သွယ်ပေးဖို့မမေ့ပါနဲ့နော်။

Related Article >>> အချစ်ရေးမှာ ယုံကြည်မှုချိုးဖောက်ခံရတဲ့အခါ ကိုယ့်ကိုယ်ကိုယ်ပြန်မေးကြည့်သင့်တဲ့မေးခွန်းများ

(၃) အရှိအတိုင်း ပွင့်ပွင့်လင်းလင်းနေပါ။

 ချိန်းတွေ့တဲ့အချိန်မှာ ကြောက်နေတာတွေ၊ ကိုးရိုးကားနိုင်တာတွေ၊ အကျင့်ဆိုးလေးတွေကို ဖုံးကွယ်ထားစရာမလိုပါဘူး။ အလွဲလေးတွေကို ဟာသအဖြစ်ပြောရင်း တစ်ဖက်လူစိတ်ထဲမှာမှတ်မှတ်ရရ ထင်ကျန်နေစေမှာပါနော်။

(၄) နှစ်ယောက်ထဲသိတဲ့ဘာသာစကားကိုပြုလုပ်ပါ။

နှစ်ယောက်ထဲသိတဲ့ ဘာသာစကားပြုလုပ်ထားတာက ပိုနွေးထွေးပြီး ရင်းနှီးတယ်လို့ခံစားရစေမှာပါ။ အကြိုက်တူဖြစ်နိုင်တဲ့ ရုပ်ရှင်တွေ၊ ဟာသပွဲတွေ၊ သီချင်းတွေ၊ စာအုပ်တွေကိုပြောပြီး ဒီနာမည်လေးတွေနဲ့ လျှို့ဝှက်ဘာသာစကားဖန်တီးလိုက်ရင်တော့ တွေ့တာမကြာသေးပေမဲ့လည်းအရမ်းရင်းနှီးနေသလို ခံစားရစေမှာပါနော်။

Related Article>>> အချစ်က ကျန်းမာရေး ကောင်းစေလား?

(၅) အကောင်းမြင်ပေးပါ။

အကောင်းမြင်တာက တစ်ဖက်လူရဲ့ယုံကြည်မှုကို ပိုရစေမှာပါ။ ပြဿနာတစ်ခုဖြစ်ရင် အဆိုးမြင်ပြီးအပြစ်တင်စကားပြောမဲ့အစား နွေးထွေးတဲ့စကားတွေပြောရင်းနဲ့ ဝိုင်းဖြေရှင်းပေးတာက တစ်ဖက်သူရဲ့စိတ်ထဲကို စွဲမြဲနေအောင်မှတ်မိနေစေလို့ သူ့ဆီကအချစ်ကိုရဖို့ ပိုလွယ်ကူစေမှာပါ။

(၆)ဖုန်းစခေါ်တာကိုစောင့်ပါ။

အရမ်းမရင်းနှီးသေးတဲ့အချိန်မှာ တစ်ဖက်သူဆီကို ဖုန်းစဆက်တာတွေ၊ စာအရင်ပို့တာတွေမလုပ်ပါနဲ့။ ဖုန်းစောင့်နေတာနဲ့လည်း အချိန်တွေမကုန်စေပါနဲ့။ စောင့်နေရတယ်ဆိုတာ စိတ်ကိုပိုထိခိုက်စေလို့ တခြားမှာအာရုံစိုက်ပြီး မေ့မေ့ပျောက်ပျောက်နေသင့်ပါတယ်။ တစ်ဖက်က ဖုန်းစဆက်လာရင်လည်း ချက်ချင်းဖုန်းကိုင်တာမလုပ်ဘဲ Miss call ၁၀ ခါလောက်ဖြစ်မှ ဖုန်းကိုင်တာမျိုးလုပ်သင့်ပါတယ်။ဒီလိုအပြုမူတွေကြောင့် တစ်ဦးနဲ့တစ်ဦး နားလည်ဖို့ပိုကြိုးစားမိသလို relationship တစ်ခုမှာ ဘာတွေအရေးကြီးလဲဆိုတာကို နားလည်လာပါလိမ့်မယ်။

ယောင်းတို့ချစ်တဲ့သူတွေ စိတ်ကိုလွှမ်းမိုးနိုင်မယ့် အချက်လေးတွေပြောပြပြီးပြီဆိုတော့ ကျန်တာကယောင်းတို့တာဝန်ပါပဲလို့။ အချစ်တစ်ခုတည်မြဲဖို့ဆိုရင်တော့ နားလည်မှုတွေ၊ ယုံကြည်မှုတွေ၊ချစ်ခြင်းမေတ္တာတွေ၊သစ္စာရှိမှုတွေနဲ့ ရှေ့ဆက်သွားကြပါလို့ အကြံပေးရင်း……..

Reference Link>>>Brightside,cosmopolitan

Phyu Thant(For Her Myanmar)

No Comments Yet

Comments are closed