ေယာင္းရဲ႕ LDRS က အဆင္မေျပဘူးဆိုတာ ဒီ (၄) ခ်က္ကိုၾကည့္ၿပီး သိႏုိင္ပါတယ္

ဒီ LDRS အဆင္ေျပပါ့မလားဆိုတာ ဆန္းစစ္ၾကည့္ႏုိင္ဖုိ႔ …

LDRS အတြဲေတြအေနနဲ႔ ခ်စ္ခရီးပိုခုိင္ၿမဲဖို႔ သာမန္စံုတြဲေတြထက္ပိုၿပီး ႀကိဳးစားၾကရပါတယ္။ ေဝးေနၾကတယ္ဆုိေတာ့လည္း ရင္ခုန္သံေလးေတြ ေအးစက္မသြားေစဖုိ႔ အေရးႀကီးတယ္မလား။ ဘယ္ေလာက္ပဲ ႀကိဳးစားေပမဲ့ ခ်စ္ခရီးလမ္းမွာ အက္ေၾကာင္းေတြ ျဖစ္လာတတ္တာကလည္း သဘာဝပါပဲ။

သူနဲ႔ ကိုယ္ရဲ႕ LDRS က ေ႐ွ႕ဆက္ဖို႔ခက္ေနၿပီဆုိတာ ဘယ္လုိသိႏိုင္လဲ ဆိုေတာ့..

၁။ စကားသံေတြ ေျခာက္ကပ္လာတဲ့အခါ

ေန႔စဥ္မေတြ႕ျဖစ္ၾကဘူးဆိုေတာ့ အဆက္အသြယ္မျပတ္ၾကဖုိ႔ကလည္း အေရးႀကီးပါတယ္။ စတြဲခါစကေလာက္ Message ေတြ ေဝေဝဆာဆာ မပို႔ျဖစ္ၾကေတာ့ဘူးဆိုရင္ေတာင္ ဘာလုပ္ေနတယ္၊ ဘာစားေနတယ္ ဆိုတာေလးေတြ အျပန္အလွန္ပို႔သင့္တယ္မလား။ ဘယ္လိုပဲ အလုပ္႐ႈပ္ေနတယ္ဆုိရင္ေတာင္ ေမာနင္း၊ ဂြတ္ႏုိက္ဆုိတာေလးေလာက္ေတာ့ အဆက္အသြယ္႐ွိသင့္တယ္ေလ။

အဲဒီလုိမဟုတ္ဘဲ အျပန္အလွန္ စကားေျပာျဖစ္တာ နည္းသထက္နည္းလာၿပီ၊ တစ္ေယာက္က စေျပာရင္လည္း reply ေတြက ေျခာက္ကပ္ကပ္ျဖစ္လာၿပီ ဆုိရင္ေတာ့ အခ်စ္ေတြနည္းလာၾကတာ သိသာလာပါၿပီ။

Related Article >>> LDRSေတြ အခ်င္းခ်င္း မယံုၾကည္ၾကေတာ့တဲ့အခါ

ဟယ္လုိ လုိ႔ေတာင္မႏႈတ္ဆက္ျဖစ္ေတာ့ဘူးလား

၂။ ရန္ျဖစ္ရတဲ့အခါ နာက်င္မႈေတြပါလာၿပီ

ေဝးေနတဲ့ ခ်စ္သူေတြပဲျဖစ္ျဖစ္ နီးေနတဲ့ ခ်စ္သူေတြပဲျဖစ္ျဖစ္ ရန္ျဖစ္ၾကတာလည္း ခ်စ္ျခင္းရဲ႕ သေကၤတ တစ္ခုပါပဲေနာ္။ အေၾကာင္းအရာ တစ္ခုတည္းေၾကာင့္ ထပ္ခါ ထပ္ခါ ရန္ျဖစ္ၾကတာ႐ွိမယ္၊ မတူတဲ့ အေၾကာင္းအရာေတြေၾကာင့္ ျဖစ္ၾကတာ႐ွိမယ္၊ ရန္ျဖစ္တဲ့အခါ ေျပာၾကတဲ့စကားေတြက သူ႔ကိုေရာ၊ ကိုယ့္ကိုပါ နာက်င္ေစမိၿပီဆိုရင္ေတာ့ ဒီအခ်စ္ေရး ဆက္႐ွင္သန္ဖုိ႔ မလြယ္ေတာ့ပါဘူး။

တကယ္ခ်စ္လ်က္နဲ႔ သူကေရာ၊ ကိုယ္ကပါ တစ္ဦးကို တစ္ဦး နာက်င္ေစမိတာလား၊ ဒါမွမဟုတ္ တစ္ေယာက္ကို တစ္ေယာက္ စိတ္ကုန္လာလုိ႔ နာက်င္ေစၾကတာလား ဆုိတာကို ျပန္လွန္သံုးသပ္သင့္ေနပါၿပီေနာ္။

Related Article >>> ဒီီီ(၅)မူနဲ႔ အခိုင္ျမဲဆံုး LDRS အခ်စ္ေရးကို တည္ေဆာက္ပါ

၃။ တစ္ဦး နဲ႔ တစ္ဦး အျပန္အလွန္ စိတ္ဝင္စားမႈ နည္းလာၿပီ။

မေတြ႕ျဖစ္ၾကတဲ့သူေတြဆိုေတာ့ ကိုယ္ဒီေန႔ဘာလုပ္တယ္၊ ကိုယ့္ဝန္းက်င္မွာ ဘာေတြျဖစ္ေနတယ္ (ေခြးေလး ေနမေကာင္းဘူးဆိုတာက အစ၊ ကိုယ္ဖိနပ္အသစ္ ဝယ္လုိက္တာ အဆံုး) ၊ ကိုယ့္ဘဝေရးရာမွာ ဘယ္လုိအေျပာင္းအလဲေတြ ႐ွိလာတယ္ ဆုိတာမ်ိဳး ေန႔စဥ္ေျပာျဖစ္ၾကတယ္ေလ။

အဲဒီလုိ ေျပာျဖစ္ၾကတာေတြ နည္းလာၿပီ၊ ေျပာျဖစ္ရင္လည္း သိပ္စိတ္မဝင္စားေတာ့ဘူး၊ မေကာင္းတတ္လို႔ အင္း အဲ လုပ္တာပဲ႐ွိတယ္ ဆုိရင္ေတာ့ ေရွ႕ဆက္ဖုိ႔ ခက္လာပါၿပီေနာ္။

၄။ ဘာလုပ္လုပ္ စိတ္မပူေတာ့ဘူး။

စိတ္မခ်တာေတြ၊ သဝန္တိုတာေတြကလည္း အခ်စ္ရဲ႕ သေကၤတပါပဲ။ မ်ားလြန္းရင္ မေကာင္းဘူးဆုိေပမဲ့ ထုိက္သင့္သေလာက္ေတာ့ ႐ွိသင့္တာေပါ့ေနာ္။ တခ်ိဳ႕က်ေတာ့လည္း ခ်စ္သူကို ယံုၾကည္လြန္းလုိ႔ ဘာလုပ္လုပ္ စိတ္မပူဘူး၊ ဘယ္သူနဲ႔ေတြ႕ေတြ႕ စိတ္မခ်မျဖစ္ဘူးဆုိတဲ့သူေတြလည္း ရွိတတ္တာပါပဲ။

ဒါေပမဲ့ အရင္ကေတာ့ ကိုယ္ဘယ္သြားတယ္၊ ဘယ္သူနဲ႔ ဘာလုပ္တယ္ဆုိရင္ စိတ္မခ်ျဖစ္တတ္၊ စစ္ေဆးေမးျမန္းတတ္သူက အခု ကိုယ္ဘာလုပ္လုပ္ ေၾသာ္ ဟုတ္လား အင္းအင္း ဆုိတာထက္ မပိုေတာ့ဘူးဆုိရင္ေတာ့ သူ ကိုယ့္အေပၚ ေအးစက္လာတာ သိပ္ကိုေသခ်ာေနပါၿပီ။

အခ်စ္ေရးဆိုတာ နီးေနတိုင္းလည္း စင္းလံုးေခ်ာတာ မဟုတ္သလုိ၊ ေဝးေနတိုင္းလည္း မေကာင္းတာေတာ့ မဟုတ္ပါဘူး။ ေန႔စဥ္ေတြ႕ေနရၿပီး အဆင္မေျပမႈေတြနဲ႔ ရန္သတ္ေနရတယ္ဆိုရင္ ဘယ္ေကာင္းမလဲေနာ္။ အေကာင္းဆံုးကေတာ့ နီးေနသည္ျဖစ္ေစ၊ ေဝးေနသည္ျဖစ္ေစ နားလည္မႈေတြ၊ သစၥာတရား နဲ႔ ယံုၾကည္မႈေတြနဲ႔ လက္တြဲေနၾကဖုိ႔ပါပဲ။

ေယာင္းတုိ႔ ေပ်ာ္႐ႊင္ၾကပါေစ။

Sugar Cane (For Her Myanmar)

Related Articles – cosmopolitan, cosmopolitan

<<< Unicode >>>

ဒီ LDRS အဆင်ပြေပါ့မလားဆိုတာ ဆန်းစစ်ကြည့်နိုင်ဖို့ …

LDRS အတွဲတွေအနေနဲ့ ချစ်ခရီးပိုခိုင်မြဲဖို့ သာမန်စုံတွဲတွေထက်ပိုပြီး ကြိုးစားကြရပါတယ်။ ဝေးနေကြတယ်ဆိုတော့လည်း ရင်ခုန်သံလေးတွေ အေးစက်မသွားစေဖို့ အရေးကြီးတယ်မလား။ ဘယ်လောက်ပဲ ကြိုးစားပေမဲ့ ချစ်ခရီးလမ်းမှာ အက်ကြောင်းတွေ ဖြစ်လာတတ်တာကလည်း သဘာဝပါပဲ။

သူနဲ့ ကိုယ်ရဲ့ LDRS က ရှေ့ဆက်ဖို့ခက်နေပြီဆိုတာ ဘယ်လိုသိနိုင်လဲ ဆိုတော့..

၁။ စကားသံတွေ ခြောက်ကပ်လာတဲ့အခါ

နေ့စဉ်မတွေ့ဖြစ်ကြဘူးဆိုတော့ အဆက်အသွယ်မပြတ်ကြဖို့ကလည်း အရေးကြီးပါတယ်။ စတွဲခါစကလောက် Message တွေ ဝေဝေဆာဆာ မပို့ဖြစ်ကြတော့ဘူးဆိုရင်တောင် ဘာလုပ်နေတယ်၊ ဘာစားနေတယ် ဆိုတာလေးတွေ အပြန်အလှန်ပို့သင့်တယ်မလား။ ဘယ်လိုပဲ အလုပ်ရှုပ်နေတယ်ဆိုရင်တောင် မောနင်း၊ ဂွတ်နိုက်ဆိုတာလေးလောက်တော့ အဆက်အသွယ်ရှိသင့်တယ်လေ။

အဲဒီလိုမဟုတ်ဘဲ အပြန်အလှန် စကားပြောဖြစ်တာ နည်းသထက်နည်းလာပြီ၊ တစ်ယောက်က စပြောရင်လည်း reply တွေက ခြောက်ကပ်ကပ်ဖြစ်လာပြီ ဆိုရင်တော့ အချစ်တွေနည်းလာကြတာ သိသာလာပါပြီ။

Related Article >>> LDRSတွေ အချင်းချင်း မယုံကြည်ကြတော့တဲ့အခါ

ဟယ်လို လို့တောင်မနှုတ်ဆက်ဖြစ်တော့ဘူးလား
၂။ ရန်ဖြစ်ရတဲ့အခါ နာကျင်မှုတွေပါလာပြီ

ဝေးနေတဲ့ ချစ်သူတွေပဲဖြစ်ဖြစ် နီးနေတဲ့ ချစ်သူတွေပဲဖြစ်ဖြစ် ရန်ဖြစ်ကြတာလည်း ချစ်ခြင်းရဲ့ သင်္ကေတ တစ်ခုပါပဲနော်။ အကြောင်းအရာ တစ်ခုတည်းကြောင့် ထပ်ခါ ထပ်ခါ ရန်ဖြစ်ကြတာရှိမယ်၊ မတူတဲ့ အကြောင်းအရာတွေကြောင့် ဖြစ်ကြတာရှိမယ်၊ ရန်ဖြစ်တဲ့အခါ ပြောကြတဲ့စကားတွေက သူ့ကိုရော၊ ကိုယ့်ကိုပါ နာကျင်စေမိပြီဆိုရင်တော့ ဒီအချစ်ရေး ဆက်ရှင်သန်ဖို့ မလွယ်တော့ပါဘူး။

တကယ်ချစ်လျက်နဲ့ သူကရော၊ ကိုယ်ကပါ တစ်ဦးကို တစ်ဦး နာကျင်စေမိတာလား၊ ဒါမှမဟုတ် တစ်ယောက်ကို တစ်ယောက် စိတ်ကုန်လာလို့ နာကျင်စေကြတာလား ဆိုတာကို ပြန်လှန်သုံးသပ်သင့်နေပါပြီနော်။

Related Article >>> ဒီ(၅)မူနဲ့ အခိုင်မြဲဆုံး LDRS အချစ်ရေးကို တည်ဆောက်ပါ

၃။ တစ်ဦး နဲ့ တစ်ဦး အပြန်အလှန် စိတ်ဝင်စားမှု နည်းလာပြီ။

မတွေ့ဖြစ်ကြတဲ့သူတွေဆိုတော့ ကိုယ်ဒီနေ့ဘာလုပ်တယ်၊ ကိုယ့်ဝန်းကျင်မှာ ဘာတွေဖြစ်နေတယ် (ခွေးလေး နေမကောင်းဘူးဆိုတာက အစ၊ ကိုယ်ဖိနပ်အသစ် ဝယ်လိုက်တာ အဆုံး) ၊ ကိုယ့်ဘဝရေးရာမှာ ဘယ်လိုအပြောင်းအလဲတွေ ရှိလာတယ် ဆိုတာမျိုး နေ့စဉ်ပြောဖြစ်ကြတယ်လေ။

အဲဒီလို ပြောဖြစ်ကြတာတွေ နည်းလာပြီ၊ ပြောဖြစ်ရင်လည်း သိပ်စိတ်မဝင်စားတော့ဘူး၊ မကောင်းတတ်လို့ အင်း အဲ လုပ်တာပဲရှိတယ် ဆိုရင်တော့ ရှေ့ဆက်ဖို့ ခက်လာပါပြီနော်။

၄။ ဘာလုပ်လုပ် စိတ်မပူတော့ဘူး။

စိတ်မချတာတွေ၊ သဝန်တိုတာတွေကလည်း အချစ်ရဲ့ သင်္ကေတပါပဲ။ များလွန်းရင် မကောင်းဘူးဆိုပေမဲ့ ထိုက်သင့်သလောက်တော့ ရှိသင့်တာပေါ့နော်။ တချို့ကျတော့လည်း ချစ်သူကို ယုံကြည်လွန်းလို့ ဘာလုပ်လုပ် စိတ်မပူဘူး၊ ဘယ်သူနဲ့တွေ့တွေ့ စိတ်မချမဖြစ်ဘူးဆိုတဲ့သူတွေလည်း ရှိတတ်တာပါပဲ။

ဒါပေမဲ့ အရင်ကတော့ ကိုယ်ဘယ်သွားတယ်၊ ဘယ်သူနဲ့ ဘာလုပ်တယ်ဆိုရင် စိတ်မချဖြစ်တတ်၊ စစ်ဆေးမေးမြန်းတတ်သူက အခု ကိုယ်ဘာလုပ်လုပ် သြော် ဟုတ်လား အင်းအင်း ဆိုတာထက် မပိုတော့ဘူးဆိုရင်တော့ သူ ကိုယ့်အပေါ် အေးစက်လာတာ သိပ်ကိုသေချာနေပါပြီ။

အချစ်ရေးဆိုတာ နီးနေတိုင်းလည်း စင်းလုံးချောတာ မဟုတ်သလို၊ ဝေးနေတိုင်းလည်း မကောင်းတာတော့ မဟုတ်ပါဘူး။ နေ့စဉ်တွေ့နေရပြီး အဆင်မပြေမှုတွေနဲ့ ရန်သတ်နေရတယ်ဆိုရင် ဘယ်ကောင်းမလဲနော်။ အကောင်းဆုံးကတော့ နီးနေသည်ဖြစ်စေ၊ ဝေးနေသည်ဖြစ်စေ နားလည်မှုတွေ၊ သစ္စာတရား နဲ့ ယုံကြည်မှုတွေနဲ့ လက်တွဲနေကြဖို့ပါပဲ။

ယောင်းတို့ ပျော်ရွှင်ကြပါစေ။

Sugar Cane (For Her Myanmar)

Related Articles – cosmopolitan, cosmopolitan

No Comments Yet

Comments are closed