အသည္းကြဲျခင္းက ေပးႏုိင္တဲ့ သင္ခန္းစာ (၄)ခု

ယူတတ္ရင္ေတာ့ သင္ခန္းစာေတြခ်ည္းပဲေပါ့ကြယ္… 

အသည္းကြဲတယ္ဆုိတဲ့ စကားကို လူတုိင္းလုိလို ၾကားဖူးၾကသလို လူေတာ္ေတာ္မ်ားမ်ားလည္း ႀကံဳခဲ့ဖူးၾကပါတယ္။ ႀကံဳဖူးသူတုိင္းလည္း အသည္းကြဲတာ ဘယ္ေလာက္ထိ ခံရခက္တယ္ဆိုတာကို နားလည္ၾကမွာပါ။

ဘဝဆိုတာ သင္ခန္းစာေတြနဲ႔ ျပည့္ေနတဲ့ တကၠသိုလ္ႀကီးမုိ႔ အသည္းကြဲတာကေန ေပးႏိုင္တဲ့ သင္ခန္းစာေတြလည္း ႐ွိေနျပန္ပါတယ္။ ဒါေၾကာင့္ အသည္းကြဲတာကေန ေယာင္းတို႔ ဘယ္လုိသင္ခန္းစာေတြရႏုိင္လဲဆိုေတာ့…

Related Article >>> ပထမဆံုးအသည္းကြဲၿပီးေနာက္ သိလာတဲ့ အခ်က္ ၇ ခ်က္

(၁) ကိုယ့္ကို မခ်စ္တဲ့သူကို ခ်စ္လာေအာင္ လုပ္ယူလို႔မရပါဘူး။

ကိုယ္က သူ႔အတြက္ ဘယ္ေလာက္ပဲ သည္းခံခဲ့သည္ျဖစ္ေစ၊ ဘယ္ေလာက္ထိ သူ႔အတြက္ေပးဆပ္ခဲ့သည္ျဖစ္ေစ ကိုယ့္ကို တကယ္မခ်စ္တဲ့သူက ထားသြားမွာပါပဲ။ ဒါေၾကာင့္ ကိုယ့္ကို တကယ္မခ်စ္တဲ့သူနား အခ်ိန္ကုန္ေနမယ့္အစား ကိုယ္တစ္ေယာက္တည္း ႐ွင္သန္ရတာက ပိုေကာင္းတယ္ဆိုတာ နားလည္လာပါလိမ့္မယ္။

(၂) လႊတ္ခ်လိုက္တာဟာ အေကာင္းဆံုးပါ

ကိုယ့္အနားမွာ မေနခ်င္တဲ့သူကို ဘယ္လုိနည္းနဲ႔မွ ကိုယ့္အနားထာဝရ႐ွိေနေအာင္ ဆြဲထားလုိ႔မရသလို ကိုယ့္ရင္ဘတ္ထဲမွာ သူ႔ကိုထည့္ထားသမွ် ကိုယ္တိုင္လည္း ပင္ပန္းေနရဦးမွာပါပဲ။ ဒါေၾကာင့္ သူ႔ကို ကိုယ့္အနားကထြက္သြားခြင့္ေပးလိုက္သလုိ ကိုယ့္ရင္ထဲကေန သူ႔ကိုထုတ္လုိက္တာကလည္း ကိုယ့္အတြက္ အေကာင္းဆံုးပါပဲ။

အိပ္မက္ေတြဟာ ေရေပၚမွာ အ႐ုပ္ေရးသလို

(၃) တျခားသူေတြနဲ႔ ပတ္သက္သမွ်ေတြက ေမွ်ာ္လင့္ထားတုိင္း ျဖစ္လာတာ မဟုတ္ပါဘူး

ကိုယ္ခ်စ္တဲ့သူကို ဆံုး႐ံႈးရတာဟာ သူနဲ႔ပတ္သက္တဲ့ ဘဝအိပ္မက္ေတြကိုပါ ဆံုးရံႈးလုိက္ရတာပါပဲ။ ကိုယ္တစ္ေယာက္တည္းဆုိရင္ ကိုယ့္ဘဝရည္မွန္းခ်က္ေတြကို ကိုယ့္စိတ္ႀကိဳက္ပံုေဖာ္ႏုိင္ၿပီး က်႐ံႈးသြားရင္ေတာင္ ျပန္ႀကိဳးစားခြင့္႐ွိပါတယ္။ ဒါေပမဲ့ အျခားသူတစ္ေယာက္နဲ႔ အတူပံုေဖာ္ဖို႔ရည္႐ြယ္ထားတဲ့ အိမ္မက္ေတြကေတာ့ ႀကိဳးစားတုိင္းျဖစ္မလာဘဲ အခ်ိန္မေ႐ြးၿပိဳလဲသြားႏုိင္ပါတယ္။ ဥပမာ ကိုယ့္ရဲ႕ ကိုယ္ပိုင္မိသားစုေလးမွာ ဘယ္လိုေတြ ေနၾကမယ္ စတာမ်ိဳးေပါ့… ဒါကလည္း သင္ခန္းစာတစ္ခုပါပဲေလ… အေကာင္းဆံုးကို ေမွ်ာ္လင့္ၿပီး အဆိုးဆံုးအတြက္ ျပင္ဆင္ပါ ေယာင္းေရ..

Related Article >>> အသည္းကြဲတဲ့အခ်ိန္ကို ဘယ္လိုျဖတ္ေက်ာ္ၾကမလဲ

(၄) မိတ္ေဆြ နဲ႔ မိသားစုသည္သာ ထာဝရ

ကိုယ့္ခ်စ္သူနဲ႔ ဘယ္ေလာက္ပဲရင္းႏွီးခဲ့သည္ျဖစ္ေစ၊ ဘယ္ေလာက္ပဲ ခ်စ္ခင္ျမတ္ႏို္းခဲ့ၾကသည္ျဖစ္ေစ၊ အခ်ိန္မေ႐ြး သူစိမ္းေတြ ျဖစ္သြားႏိုင္ပါတယ္။ ဒါေပမဲ့ မိသားစုနဲ႔ မိတ္ေဆြေတြ ဆုိတာေတာ့ ဘယ္ေတာ့မွ မျပတ္စဲႏုိင္သလို ကိုယ္က်႐ံႈးခ်ိန္မွာ ကိုယ့္အတြက္ ႐ွိေနေပးမယ့္သူေတြပါ။ ဒါေၾကာင့္ သူတုိ႔ကို လ်စ္လ်ဴမ႐ႈသင့္ပါဘူး။

ဒီအခ်က္ေတြက အသည္းကြဲျခင္းကေန ရႏုိင္မယ့္ သင္ခန္းစာေတြဆုိေပမဲ့ အသည္းကြဲစမွာလည္း သိနားလည္ႏို္င္မွာေတာ့ မဟုတ္ပါဘူး။ အဲဒီအခ်ိန္က ၿပိဳလဲေၾကကြဲေနမွာေလ။ တျဖည္းျဖည္းေနသားက်ၿပီး တည္ၿငိမ္လာၿပီဆုိရင္ ဒါေတြကို နားလည္လာႏိုင္ပါလိမ့္မယ္။

အဲဒီအခ်ိန္က်ရင္ ဒီသင္ခန္းစာေတြကို ေယာင္းတုိ႔တန္ဖိုးထားနားလည္ႏို္င္လာပါေစေနာ္ ……

Sugar Cane (For Her Myanmar)

<<< Unicode >>>

ယူတတ်ရင်တော့ သင်ခန်းစာတွေချည်းပဲပေါ့ကွယ်… 

အသည်းကွဲတယ်ဆိုတဲ့ စကားကို လူတိုင်းလိုလို ကြားဖူးကြသလို လူတော်တော်များများလည်း ကြုံခဲ့ဖူးကြပါတယ်။ ကြုံဖူးသူတိုင်းလည်း အသည်းကွဲတာ ဘယ်လောက်ထိ ခံရခက်တယ်ဆိုတာကို နားလည်ကြမှာပါ။

ဘဝဆိုတာ သင်ခန်းစာတွေနဲ့ ပြည့်နေတဲ့ တက္ကသိုလ်ကြီးမို့ အသည်းကွဲတာကနေ ပေးနိုင်တဲ့ သင်ခန်းစာတွေလည်း ရှိနေပြန်ပါတယ်။ ဒါကြောင့် အသည်းကွဲတာကနေ ယောင်းတို့ ဘယ်လိုသင်ခန်းစာတွေရနိုင်လဲဆိုတော့…

Related Article >>> ပထမဆုံးအသည်းကွဲပြီးနောက် သိလာတဲ့ အချက် ၇ ချက်

(၁) ကိုယ့်ကို မချစ်တဲ့သူကို ချစ်လာအောင် လုပ်ယူလို့မရပါဘူး။ 

ကိုယ်က သူ့အတွက် ဘယ်လောက်ပဲ သည်းခံခဲ့သည်ဖြစ်စေ၊ ဘယ်လောက်ထိ သူ့အတွက်ပေးဆပ်ခဲ့သည်ဖြစ်စေ ကိုယ့်ကို တကယ်မချစ်တဲ့သူက ထားသွားမှာပါပဲ။ ဒါကြောင့် ကိုယ့်ကို တကယ်မချစ်တဲ့သူနား အချိန်ကုန်နေမယ့်အစား ကိုယ်တစ်ယောက်တည်း ရှင်သန်ရတာက ပိုကောင်းတယ်ဆိုတာ နားလည်လာပါလိမ့်မယ်။

(၂) လွှတ်ချလိုက်တာဟာ အကောင်းဆုံးပါ

ကိုယ့်အနားမှာ မနေချင်တဲ့သူကို ဘယ်လိုနည်းနဲ့မှ ကိုယ့်အနားထာဝရရှိနေအောင် ဆွဲထားလို့မရသလို ကိုယ့်ရင်ဘတ်ထဲမှာ သူ့ကိုထည့်ထားသမျှ ကိုယ်တိုင်လည်း ပင်ပန်းနေရဦးမှာပါပဲ။ ဒါကြောင့် သူ့ကို ကိုယ့်အနားကထွက်သွားခွင့်ပေးလိုက်သလို ကိုယ့်ရင်ထဲကနေ သူ့ကိုထုတ်လိုက်တာကလည်း ကိုယ့်အတွက် အကောင်းဆုံးပါပဲ။


အိပ်မက်တွေဟာ ရေပေါ်မှာ အရုပ်ရေးသလို

(၃) တခြားသူတွေနဲ့ ပတ်သက်သမျှတွေက မျှော်လင့်ထားတိုင်း ဖြစ်လာတာ မဟုတ်ပါဘူး

ကိုယ်ချစ်တဲ့သူကို ဆုံးရှုံးရတာဟာ သူနဲ့ပတ်သက်တဲ့ ဘဝအိပ်မက်တွေကိုပါ ဆုံးရှုံးလိုက်ရတာပါပဲ။ ကိုယ်တစ်ယောက်တည်းဆိုရင် ကိုယ့်ဘဝရည်မှန်းချက်တွေကို ကိုယ့်စိတ်ကြိုက်ပုံဖော်နိုင်ပြီး ကျရှုံးသွားရင်တောင် ပြန်ကြိုးစားခွင့်ရှိပါတယ်။ ဒါပေမဲ့ အခြားသူတစ်ယောက်နဲ့ အတူပုံဖော်ဖို့ရည်ရွယ်ထားတဲ့ အိမ်မက်တွေကတော့ ကြိုးစားတိုင်းဖြစ်မလာဘဲ အချိန်မရွေးပြိုလဲသွားနိုင်ပါတယ်။ ဥပမာ ကိုယ့်ရဲ့ ကိုယ်ပိုင်မိသားစုလေးမှာ ဘယ်လိုတွေ နေကြမယ် စတာမျိုးပေါ့… ဒါကလည်း သင်ခန်းစာတစ်ခုပါပဲလေ… အကောင်းဆုံးကို မျှော်လင့်ပြီး အဆိုးဆုံးအတွက် ပြင်ဆင်ပါ ယောင်းရေ..

Related Article >>> အသည်းကွဲတဲ့အချိန်ကို ဘယ်လိုဖြတ်ကျော်ကြမလဲ

(၄) မိတ်ဆွေ နဲ့ မိသားစုသည်သာ ထာဝရ

ကိုယ့်ချစ်သူနဲ့ ဘယ်လောက်ပဲရင်းနှီးခဲ့သည်ဖြစ်စေ၊ ဘယ်လောက်ပဲ ချစ်ခင်မြတ်နိုးခဲ့ကြသည်ဖြစ်စေ၊ အချိန်မရွေး သူစိမ်းတွေ ဖြစ်သွားနိုင်ပါတယ်။ ဒါပေမဲ့ မိသားစုနဲ့ မိတ်ဆွေတွေ ဆိုတာတော့ ဘယ်တော့မှ မပြတ်စဲနိုင်သလို ကိုယ်ကျရှုံးချိန်မှာ ကိုယ့်အတွက် ရှိနေပေးမယ့်သူတွေပါ။ ဒါကြောင့် သူတို့ကို လျစ်လျူမရှုသင့်ပါဘူး။

ဒီအချက်တွေက အသည်းကွဲခြင်းကနေ ရနိုင်မယ့် သင်ခန်းစာတွေဆိုပေမဲ့ အသည်းကွဲစမှာလည်း သိနားလည်နိုင်မှာတော့ မဟုတ်ပါဘူး။ အဲဒီအချိန်က ပြိုလဲကြေကွဲနေမှာလေ။ တဖြည်းဖြည်းနေသားကျပြီး တည်ငြိမ်လာပြီဆိုရင် ဒါတွေကို နားလည်လာနိုင်ပါလိမ့်မယ်။

အဲဒီအချိန်ကျရင် ဒီသင်ခန်းစာတွေကို ယောင်းတို့တန်ဖိုးထားနားလည်နိုင်လာပါစေနော် ……

Sugar Cane (For Her Myanmar)

No Comments Yet

Comments are closed